မာရာဒိုနာ၏ ယောက္ခထီးဟောင်းသေနတ်ဖြင့်ပစ်ခတ် ဓားပြတိုက်ခံရ


မာရာဒိုနာအတွက် အငယ်ဆုံးရင်သွေး ဖြစ်သော သားငယ်ဖာနန်ဒိုဂီဒိုင်
တိုကို မွေးဖွားပေးခဲ့သည့် ဇနီးဟောင်းဗာရိုနီကာအိုဂျီဒါ၏ ဖခင်ကားလို့စ် အိုဂျီ
ဒါမှာ သြဂုတ် ၂၃ရက်က အာဂျင်တီးနားနိုင်ငံ ဘရူနိုအေးရီးစ်မြို့တော်တောင်ပိုင်း
ရှိ ပူအန်တီလာနိုရီယာအရပ်၌ ကားမောင်းလာစဉ် အခြားကားတစ်စီးမှ ပိတ်
ဆို့ရပ်တန့်ပြီး အကြမ်းဖက် ဓားပြတိုက်ခြင်း ခံခဲ့ရသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သောကားလို့စ်မှာ ဓားပြသုံးဦးကို ပြန်လည်ခုခံ
ရာတွင် ဓားပြတစ်ဦးက ပါလာသောသေနတ် ဖြင့် ခြေထောက်အား နှစ်ချက်
ပစ်ခတ်၍ ဆေးရုံသို့ တက်ခဲ့ရကာပေါင်တွင်းမှ ကျည်ဆန်များကို ခွဲထုတ်
ကုသခဲ့ရသည်။ အဆိုပါဓားပြများကကားလို့စ်၏ သမီး ဗာရိုနီကာနှင့် သားငယ်
ဖာနန်ဒိုဒီဂိုင်တိုတို့ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment