ပန်းသီးနှင့် တင်းနစ်စ်ဘောလုံး မှားမြိုချမိတဲ့ ရေမြင်းသေဆုံး


ဂျာမနီနိုင်ငံရှိ တရိစ္ဆာန်ရုံအတွင်းသို့ လာရောက်လည်ပတ်သူတစ်ဦး ပစ်ချခဲ့သော တင်းနစ်စ်ဘောလုံးအား ပန်းသီးဟု ထင်မှတ်မှားကာမြိုချမိသော အသက်(၃၉)နှစ်အရွယ် ရေမြင်း Maikel ဟာ နာကျင်စွာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Maikel ဟာ ထိုဝေဒနာကို လေးရက်ကြာ နာကျင်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Tennis Ball in Maikel
သို့ပေမယ့် သူဘာကြောင့် ဘယ်လို ခံစားနေရတယ်ဆိုတာကို ဘယ်သူကမှ မသိရှိခဲ့ကြဘဲ ၎င်းသေဆုံးသွားပြီးမှ ထိုတင်းနစ်စ်ဘောလုံးအား ခွဲစိတ် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
Maikel ဟာ ပြီးခဲ့သည့်နှစ်က ထိုတရိစ္ဆာန်ရုံတွင် အနှစ်သက်ဆုံးသော တရစ္ဆာန်အဖြစ် လာရောက်လည်ပတ်သူများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရသော အလွန်လိမ္မာပြီး ကျန်းမာသည့် ရေမြင်းတစ်ကောင် ဖြစ်ကြောင်း သိရသည်။
ကီလိုဂရမ် နှစ်ထောင်အလေးချိန်ရှိတဲ့ ထိုရေမြင်း Maikel ဟာ ဘာကိုဘယ်လို ခံစားနေခဲ့ရတယ်ဆိုတာကို တတ်ကျွမ်းသူများက နားလည်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြကြောင်း ၊ ထိုကဲ့သို့ တင်းနစ်စ်ဘောလုံး မြိုချခဲ့ခြင်းကို ၎င်းတို့ဘယ်လိုမှ သိမြင်နိုင်ခြင်း မရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရေထဲပြုတ်ကျ သေဆုံးနေခဲ့သော Maikel အပေါ်သို့ သူနဲ့ တသက်လုံး အဖော်အဖြစ်နေလာခဲ့သည့် ရေမြင်း Petra က ၎င်းကိုယ်ပေါ်က အဖန်ဖန်အခါခါ ကျော်လွှားရေကူးရင်း Maikel ပြန်ရပ်လာဖို့ ကြိုးစားခဲ့ကြောင်း သိရသည်။
တရိစ္ဆာန်ရုံရှိ တာဝန်ရှိသူများက အခြား ကျန်ရှိသောရေမြင်းများ၏ ကျန်းမာရေးအတွက် Maikel အား ရင်ခွဲစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြရင်းမှ Maikel ဘာကြောင့် နာကျင်စွာ ခံစားသေဆုံးသွားသည်ဆိုတာ နားလည်ခဲ့ရကြောင်း သိရသည်။
Source : Dailymail

0 comments:

Post a Comment