တောင်ကိုရီးယား၌ မိုးသည်းထန်မှု ငါးဦးသေဆုံး ဘူဆန်မြို့ မီးရထားပြေးဆွဲမှု အနှောင့်အယှက်ဖြစ်


တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အရာရှိ များကပြောသည်။ တောင်ပိုင်းရှိ ချန်ဝမ်မြို့အနီး၌ ရေကြီးမှုကြောင့် ဘတ်စ်ကားတစ်စီးရေထဲ မျောပါသွားခဲ့ရာ လေးဦးပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ယွန်ဟတ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၎င်းရေကြီးမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘူဆန်၌ လေးဦးသေဆုံးခဲ့သည်။ နှစ်ဦးမှာရေမြုပ်နေသော မြို့တွင်းမြေအောက် လမ်းပေါ်ကားမောင်းနှင်သွားစဉ် ရေနောက်မျောကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ အင်ဂျင်နီယာတစ်ဦးမှာ ရေမြုပ်နေသော အဆောက်အအုံအတွင်း မြေအောက်လျှပ်စစ်ဓာတ်အားလိုင်းများကို စစ်ဆေးမှုပြုလုပ်နေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟုယူဆရသည်။

၎င်းမိုးရွာသွန်းမှုကြောင့် ဘူဆန်ရှိ မီးရထားပြေးဆွဲမှုများကို အနှောင့်အယှက်ဖြစ်ရုံသာမက နျူကလီးယားစက်ရုံ တစ်ရုံလည်း လုပ်ငန်းများရပ်ဆိုင်းခဲ့ရသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနအနေဖြင့် မိုးဆက်လက်ပိုလာနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

(ဘီဘီစီ)

0 comments:

Post a Comment