အရက်မူးပြီး ဆည်ထဲရေဆင်းချိုးသူ ရေနစ်သေဆုံး


မလှိုင်မြို့နယ်၊ နောကန်ရဲစခန်း အရှေ့ တောင်ဘက် (၁၆) မိုင်အကွာ၊ ညောင်ပင်သာ ကျေးရွာအနီး၊ ချောင်းဆုံ ရေလှောင်တမံအတွင်းတွင် သြဂုတ်လ (၂၃) ရက်နေ့ ညနေက အမျိုး သားတစ်ဦးရေနစ်သေဆုံးနေကြောင်း မလှိုင် မြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမှ နောကန် ရဲစခန်းသို့ ဖုန်းဖြင့် သတင်းပေး ပို့ချက်အရ နောကန် ရဲစခန်းမှူး ရဲအုပ် ကျော်ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများက သွားရောက်ဆယ်ယူ စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ညောင်ပင်သာကျေးရွာ နေ ဦးပေါ်ဦး (၃၅) နှစ်ဖြစ်ပြီး အရက်မူးပြီး ချောင်းဆုံ ရေလှောင်တမံ အတွင်း ရေဆင်းချိုးရာမှ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဦးပေါ်ဦး သေဆုံးမှုကို နောကန်ရဲ စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ ဖြင့် ရေးဖွင့်ထားသည်။
Messenger 

0 comments:

Post a Comment