ကျောက်မဲမြို့နယ်တွင် ဘိန်းဖြူ ၁ ဒဿမ ၂ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆ ပြား ဖမ်းဆီးရမိ

သြဂုတ် ၂၄ ရက်က ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်ပေါင်းရွာရှိ အောင်သန်း ဆိုသူ၏ နေအိမ်အား ရှာဖွေရာ ၎င်းနှင့် အတူ ဇနီးဖြစ်သူ မအေးဦး အား တွေ့ရှိရပြီး ဘိန်းဖြူ ၁ ဒဿမ ၂ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆ ပြား ဖမ်းဆီးရမိသဖြင့် အောင်သန်း (၃၃ နှစ်) နှင့် မအေးဦး ( ၃ဝ နှစ်) တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်

0 comments:

Post a Comment