အင်္ဂလန် လက်ရွေးစင် ကစားသမားအဖြစ်မှ ဖရန့်ခ်လမ်းပတ် အနားယူ


အင်္ဂလန် ကွင်းလယ် ကစားသမား ဖရန့်ခ်လမ်းပတ်က နိုင်ငံအသင်း ကစားသမားအဖြစ်မှ အနားယူပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။


ဇူလိုင်လက ချယ်ဆီးမှ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကစားသမားသည် ခရိုအေးရှားနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အင်္ဂလန်အသင်း ခေါင်းဆောင်ဖြင့် ကစားခဲ့သူ ဖြစ်သည်။

လမ်းပတ်သည် အင်္ဂလန်အသင်း၌ ၁၉၉၉ ခုနှစ်တွင် ဒေးဗစ်ပလတ် တာဝန်ယူချိန်မှ စတင်ကစားခဲ့ပြီး နိုင်ငံအသင်း အတွက် ၁၀၆ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားသူ ဖြစ်သည်။

“နိုင်ငံအသင်းကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က အင်္ဂလန်အသင်း အတွက် ကိုယ်စားပြုပြီး ကစားရတာကို အမြဲတမ်း ဂုဏ်ယူခဲ့သူပါ။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ အချိန်အတိုင်း အမြဲဂုဏ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့် မိသားစုကို ဦးစားပေး စဉ်းစားရမယ့်အချိန် ရောက်လာပါပြီ။ နောက်ပြီး ကျွန်တော့်အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလပ်အသင်း အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။ လက်ရှိမှာ နိုင်ငံအသင်းကို တာဝန်ယူနေတဲ့ ရွိုင်းဟော့ဂ်ဆန် အပေါ်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ လူငယ် ကစားသမားတွေနဲ့အတူ အောင်မြင်မှု ရရှိပါလိမ့်မယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

0 comments:

Post a Comment