အီရတ်အခြေအနေဘယ်လိုလဲ



အစ္စလမ္မစ်နိုင်ငံတော် IS ၏ အီရတ်နိုင်ငံတွင်း အခြေအနေ နှင့် ပတ်သက်၍ နိုင်ငံ ၃၀ မှ ကိုယ်စားလှယ်များ ပါရီတွင် ဆွေးနွေးသည်။ ကာ့ဒ်ပြည်နယ်အစိုးရမှလည်း နိုင်ငံ ၇ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် သပ်သပ် ဆွေးနွေးသည်။ စက်တင်ဘာ ၁၅ ရက်နေ့ အီရတ်နိုင်ငံတဝန်း တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ၈၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရသည်။ 

ဘဂ္ဂဒက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွများကို အာရုံစိုက်နေစဉ်တွင် ရာဇဝတ်မှုများ၊ ပြန်ပေးဆွဲမှုများ မြင့်တက်လာသည်။ လုံခြုံရေးတပ်ဖွဲ့နေရာ အစားဝင်ယူထားသော ရှီးဟိုက်ပြည်သူ့စစ်များကလည်း ပြသနာလျှော့ပါးအောင် ဆောင်ရွက်ရမည့်အစား ၎င်းတို့ကပင် ပြသနာများကို ဖန်တီးနေကြသည်။ လူဆိုးဂိုဏ်းများမှာ IS နှင့် အချိတ်အဆက်ရှိသည်ဟု ယုံကြည်ရသည်။ 

အဘူဒါရှီယာတွင် 

- ကားဗုံးတစ်လုံးပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသည်။

- မီနီဘတ်စ်တစ်စီး၌လည်း ကားဗုံးပေါက်ကွဲပြီး ၇ ဦး ဒဏ်ရာရသည်။ 

- ဘယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။ 

မိုဆူးလ်တွင် 

- စစ်သွေးကြွများက လူငယ် ၃ ဦးကို ကွပ်မျက်လိုက်သည်။ 

- သေနတ်သမားများက စစ်သွေးကြွများကို ပစ်သတ်လိုက်သည်။ 

- ယူဆူဖီယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။ 

- အမေရိကန်လေကြောင်းတိုက်ခိုက်မှုများ ဘဂ္ဂဒက် အနီးသို့ ရွေ့လျားနီးကပ်လာသည်။ 

- ဘဂ္ဂဒက် အနောက်တောင်ဘက်ရှိ စစ်သွေးကြွစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်သည်။ 

- ဒူလူအီယာတွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ 

- တိကရစ် တက္ကသိုလ်အနီးတွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ 

-ဂျာ့ဖ် အယ်လ် ဆက်ကာတွင် စစ်သွေးကြွ ၁၈ ယောက် သေဆုံးသည်။ 

- ၎င်းနှင့် ကပ်လျက်တွင် အာဖဂန်ဝတ်စုံဝတ်ထားသော စစ်သွေးကြွ ၂၂ ဦး သေဆုံးသည်။ 

- ဟာမင် ဘာဆင် တွင် စစ်ဆင်ရေးစတင်သည်မှာ ၁၀ ရက်မြောက်ဖြစ်ပြီး ခေါင်းဆောင်များအပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံးသည်။ 

- တယ်လ်အဖာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၀ ဦး သေဆုံးသည်။ 

- အယ်လ်ဆဂါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၈ ဦး သေဆုံးသည်။ 

- ဂျာလူလာ စစ်ဆေးရေးဂိတ်တွင် စစ်သွေးကြွ ၂ ဦးကို ပစ်သတ်လိုက်သည်။
From:မျိုးမင်းသန့်

0 comments:

Post a Comment