ကွယ်လွန်သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူက တစ်လကြာ သီလရှင်ဝတ်


ကွယ်လွန် သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ် သူ အေးချမ်းမြတ်ဖြိုးက စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းရှိ သီလရှင် စာသင်ကျောင်းတိုက် မှာ တစ်လ ကြာ သီလရှင် ဝတ်နေကြောင်း သိရပါ တယ်။ ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုး သီလရှင် ဝတ်ဖြစ် ခဲ့ပုံကို ဖခင်ဖြစ် သူ ဦးဝဏ္ဏက “သူ့ ညီမလေးရတဲ့ အလှူတွေနဲ့ ညီမလေး အတွက် ဝတ်လိုက်တာပါ။ သူ့ ညီမ လေး ဒကာမဖြစ်အောင် လုပ်ပေးလိုက် တဲ့ သဘောပါ။ သီလရှင် တစ်လဝတ် မှာပါ။ ကျောင်းမှာတော့ တစ်လလုံး နေမှာ မဟုတ်ဘူး။ ကျောင်းကတော့ စာသင်တိုက် ဖြစ်တဲ့အတွက် ကျောင်း မှာ တရား သွားထိုင်ပြီး ညနေကျတော့ သွားပြန်ခေါ်ဖြစ်တယ်”လို့ ပြောပါ တယ်။

ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အလှူအတန်း များ ဆက်တိုက် လုပ်ပေးဖြစ်ကြောင်း ကိုလည်း ဖခင်ဖြစ်သူ ဦးဝဏ္ဏက “စက် တင်ဘာ၂၆ ရက်နေ့ဆို တစ်လ ပြည့်ပြီ။ အိမ်မှာ ဆွမ်းကပ်မှာပါ။ ၂၅ ရက်နေ့ မနက် သီလရှင်ကျောင်း တိုက်မှာ အရုဏ် ဆွမ်းကပ်မယ်။ သီလရှင်အပါး ၂၆ဝ ရှိတယ်။ ပြီး တော့ အရင်တုန်းက ကျိုက်ကလဲ့ စေတီဘေးက ဘုန်းကြီးကျောင်းမှာ ကျောင်းဆောက် လှူဒါန်းထားတာ ရှိတယ်။ အဲဒီမှာလည်း စက်တင်ဘာ ၁၃ ရက်နေ့က သင်္ကန်းတွေ သွားလှူ ဖြစ် ပါတယ်။ ဒီကြားထဲမှာလည်း ရထားတဲ့ သင်္ကန်းတွေကို တောက် လျှောက် လှူ ဖြစ်မှာပါ”လို့ပြောပါ တယ်။

From: Popular

0 comments:

Post a Comment