စတိဗ်ဂျော့၏ ရုံးခန်းကို ခြေရာလက်ရာမပျက်ထားရှိကြောင်း Apple ဆို


နှစ်စဉ်နှစ်တိုင်းပင် ကမ္ဘာလှည့်ခရီးသည်များ Independence Hall နှင့် Graceland သို့ အလည်အပတ် သွားရောက်လေ့ရှိသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ၄င်းတို့အနေဖြင့် Apple ဖန်တီးရှင် စတိဗ်ဂျော့၏ ရုံးခန်းကိုလည်း လာရောက်လည်ပတ်ကြဖွယ်ရှိကြောင်း Elite Daily သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Businessweek နှင့် လည်းကောင်း ချာလီရော့စ်နှင့်လည်းကောင်း အင်တာဗျူးတစ်ခုတွင် လက်ရှိ Apple CEO တင်မ်ကွတ်က ၂၀၁၁ အတွင်း စတိဗ်ဂျော့ကွယ်လွန်ချိန်မှစ၍ စတိဗ်ဂျော့၏ ရုံးခန်းကို ခြေရာလက်ရာမပျက် ထားရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ကုမဏီအနေဖြင့် စတိဗ်ဂျော့ရှိနေ သကဲ့သို့ ခံစားမိနေရန် အရေးကြီးပါကြောင်း တင်မ်ကွတ်က ဆိုသည်။

"ဂျော့ဟာ တီထွင်မှုအတွက်၊ ရိုးရှင်းမှုအတွက် ရှင်သန်ခဲ့သူပါ။ ရှုပ်ထွေးမှုအတွက် ရှင်သန်ခဲ့တာမဟုတ်ပါဘူး။ အဲဒီအရာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ကုမဏီကြီးမှာ လက်ရှိအချိန်အထိ နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိနေတုန်းပါပဲ" ဟု တင်မ်ကွတ်က ဆိုသည်။

"ဂျော့ရဲ့နာမည်ဟာ တံခါးမှာ ရှိနေတုန်းပါပဲ၊ ၀န်ထမ်းတွေ အားကျအတုယူပြီး အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေကြဖို့ ဂျော့ရဲ့ရုံးခန်းကို လုံးဝ လက်ရာမပျက် ထိန်းသိမ်းထားပါတယ်။ ဂျော့ရဲ့ ရုံးခန်းဟာ ပညာတတ်တွေအတွက်ဆွဲဆောင်တဲ့ နေရာကြီးတစ်ခု ဖြစ်မလာဘူးလို့ ဘယ်သူပြောမှာလဲဗျာ" ဟု တင်မ်ကွတ်က ဆိုခဲ့သည်။

Ref: Elite Daily

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


0 comments:

Post a Comment