MPT နှင့် KDDI ပူးပေါင်း၍ အဓိက လုပ်ဆောင်ချက်လေးခု ဆောင်ရွက်မည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းရွက် မြန်မာနိုင်ငံဆက်သွယ်ရေး ဝန်ဆောင်မှုများပေးရာတွင် အဓိကအားဖြင့် အဓိကလုပ်ဆောင်ချက်လေးခု ဆောင်ရွက်မည်ဟု MPT, KDDI, Sumitomo ပူးပေါင်းဆောင် ရွက်ရေးမှ Chief Commercial Officer ဖြစ်သူ Mr Koichi Kawase ကပြောသည်။ ကွန်ရက်တည်ဆောက်ခြင်း၊ ဝယ်ယူသူများအားအလေးထားခြင်း( Customer Care)၊ ဆင်းမ်ကတ်များ ဖြန့်ဖြူးရောင်းချခြင်း၊ အာမခံပေးနိုင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆင်းမ်ကတ်များ အလုံအလောက်ရရှိရေး အလေးပေး ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။“Telecommunication နဲ့ ICT ကဏ္ဍကို ဝန်ကြီးဌာန အနေ နဲ့စောင့်ကြည့်နေပါတယ်၊ အဲဒီဆောင်ရွက်ချက်တွေကို အော်ပရေတာ အနေနဲ့မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်ကပြောသည်။ ICT Eco System ကိုလည်း ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

Internet Journal

0 comments:

Post a Comment