Virginity (2) အပျို တကယ်စစ်ပါတယ် (၂) အသက်(၁၈)နှစ်ပြည့်မှ ဖတ်ပါ

ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက် ၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။“Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။


1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။ နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်းအရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊ အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။


2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။ 


3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)


4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။) 


5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေးဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။ 


6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးက တိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက်ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။) 


7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ (တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ်ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့ ကြုံဘူးထားရင် စပြီး ဆက်ဆံတဲ့အခါ နဲနဲသာနာမယ်၊ နဲနဲသာ သွေးထွက်မယ်၊ သွေးမထွက်တာလဲ ဖြစ်နိုင်တယ်။)


8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။) 

အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူးလို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။

မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရသလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတယောက်ရဲ့ တကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿနာ ဖြစ်လာနိုင်တယ်။ 

Definitions of virginity loss အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ

"Virginity (ဗာဂျင်နတီ) အပျိုစစ်" ဆိုတာ Sexual intercourse လိင်ဆက်ဆံမှု တခါမှမရှိသေးတာကို ခေါ်တယ်။ လိင်ဆက်ဆံမှုဆိုတာ အစဉ်အလာ လက်ခံထားတဲ့ အချက်ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲကို ကျား-လိင်အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလိုမတူဖြစ်ဖြစ် အနည်းဆုံးတကြိမ် ရှိဘူးတာကို ခေါ်တယ်။ “Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။


မေးဘို့ လိုသေးတာက ပါးစပ် သုံးနည်း တခုထဲသာ ရှိဘူးတာလား၊ စအိုနည်းတခုတည်းဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျားနဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ ဒီအမျိုးအစားတွေသာ ရှိတာကို “Physiological virginity ဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။ 


(မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။ 


အမေရိကားမှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။ သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါလောက်သာ လုပ်တာမို့ ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ (ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့ Hannah Brueckner တို့က အဲလို အပျိုစာရင်း ဝင်ပါတယ်လို့ ပြောထားသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့အခါ (STDs) လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲရှိကြတာ တွေ့ရတယ်။ 


လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တချို့ ပျက်ယွင်း နေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံး အကြိမ်မှာ သွေးထွက်ချင်မှ ထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။ 


ထင်မြင်ချက်တခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ ဒီထောက်ပြချက်ဟာ မမှန်ပါ၊ မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင်တဲ့ အကျန်အကြွင်းတခု ဖြစ်ပါတယ်။ Imperforate hymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေသူတိုင်းကိုတော့ Hymenotomy လုပ်ပေးရမယ်။ တချို့ အမျိုးသမီးတွေက ဘယ်နည်းနဲ့ ပေါက်သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ်နည်းနဲ့ ပြုပြင်ကြပြီးသကာလ "Born again virginity ပြန်လည်ရှင်လာသော အပျိုဖြစ်ခြင်း" လို့ ခေါ်ကြတယ်။ 


မိန်းကလေးတယောက်မှာ ယောက်ျားနဲ့ ပဌမဆုံး လိင်ဆက်ဆံမှုရှိသွားပြီဆိုတဲ့ အချက်ကို ယဉ်ကျေးမှု အများစုမှာ "ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင်တရပ်" လို့ အလေးအနက် သဘောထားကြတယ်။ ဘာအဓိပ္ပါယ် ဆောင်ပါသလဲ။ Saving oneself ကိုယ့်အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ Losing one's virginity ကိုယ့်အပျိုဘဝကို ပေးအပ်လိုက်သူ။ Taking someone's virginity အပျိုရည်ဘဝတခုကို ရယူလိုက်သူ။ Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့် သုံးစွဲကြတယ်။ ဒီလိုဖြစ်သွားသူတယောက်ဟာ “ဖြူစင်မှု၊ တည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တချို့က ဆိုကြတယ်။ ဘာသာရေးတချို့ကလဲ အဲလိုယူတာဘဲ။ 


တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို "ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင်တန်ဘိုးတရပ်" လို့ ယူဆကြတယ်။ မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီလာတဲ့အခါ သုံးတဲ့ပစ္စည်း ထည့်သွင်းတာအပြင် Medical examinations မျိုးပွါးလမ်းကြောင်းထဲ လက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။ 


၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက်မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေကသိလို့ လာပြတယ်။ ထုံဆေးလေးနဲ့ အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သူများမပြောပါ။ မိဘတွေကလဲ သူတို့သမီးလေးတွေ ဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါမယ်။ ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒီမိန်းကလေးမျိုး မင်္ဂလာဦးမှာ နာတာ၊ သွေးထွက်တာ မဖြစ်နိုင်ပါ။ အချိန်တန်ပေမဲ့ ရာသီမလာနိုင်လို့ အပျိုမှေး အပေါက်ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။ 

အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။

အပျိုမဟုတ်သူ တယောက်ရဲ့ တညတာ သတ်မှတ်ချက်ထက် အပျိုတယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တကယ်တော့ တညဟာ တဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။ ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝကို Mizuage ခေါ်တဲ့ ပွဲလမ်းသဘင်မှာ (လော့ဒ်) တွေက ရယူခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲ ဒီသဘော လုပ်ခဲ့ကြတယ်။ စေတနာနဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘုရင်အနော်ရထာ ကျေးဇူးနဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။ 


Proof of virginity အပျိုစစ် သက်သေခံချက်
တချို့အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။ Intact hymen အပျိုမှေးရှိနေတယ်ဆိုတဲ့ Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ ထွက်တဲ့သွေး Nuptial blood-spotted bed sheet အိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။ 

Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။

၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ်တော်လှန်ရေးကာလမှာ စစ်တပ်ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ဆိုသူ အမျိုးသမီးတွေကို ထိန်းသိမ်း ထားတုံးမှာ Virginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလိုလုပ်တာကို အစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။ Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလထဲမှာ မင်္ဂလာဆောင်ဘို့ ဝင်လာသူ အမျိုးသမီးတယောက်ကို Virginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။ အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။

အပျိုမှေးစစ်တာအပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှုအခြေအနေကို လက် ၂ ချောင်းစမ်းသပ်နည်းနဲ့ လုပ်တယ်။ ရုပ်ရှင်တကားမှာ ပါတယ်။

ဒီနည်းက တိကျမှုမရှိတာကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံတချို့မှာ ငယ်ငယ်ကလေးကတည်းက မ-အင်္ဂါ နှုတ်ခမ်းသား အကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာမဆောင်ခင် ချုပ်ကြိုး အစစ်ခံကြရတယ်။ ဒီအလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ ဒါပေမဲ့ ၂ဝဝ၄ မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလိုလုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။ 


အမျိုးသမီး အများစုဟာ ယောက်ျားနဲ့ ပဌမဆုံး လိင်ဆက်ဆံရင်
- အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက်အထိ နည်းနည်းထွက်မယ်။
- မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။
- ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ်ဆိုရင် ဆရာဝန်ပြပါ။ 

"Romantic love စိတ်လှုတ်ရှားမှုက ရတဲ့အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှုဟာ Universal features of human relationships နေရာတကာမှာ မှန်ကန်တဲ့ လူမှုဆက်ဆံရေး ဖြစ်တယ်" လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။

Dr. တင့်ဆွေ

ဗိုလ်ချုပ် ရုပ်ရှင် အတွက် တပ်မတော် မော်ကွန်းတိုက်တွင် သိမ်းထားသည့် ပုံစံတူ ကားကို တောင်းခြင်းဟုဆို


ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ဝင်ခန်း အတွက် ဗိုလ်ချုပ် စီးခဲ့သော ကားနှင့်အိမ်ကို ထည့် သွင်း ရိုက်ကူးနိုင်ရန် သမ္မတထံ တောင်း ဆိုထားကြောင်း ဇာဂနာက ပြောသည်။

”ဗိုလ်ချုပ် စီးတဲ့ ကား ဆိုတာနဲ့ ဗိုလ် ချုပ်အိမ် ပြတိုက်က ကား မဟုတ်ဘူး။ ပုံစံတူ တပ်မတော် မော်ကွန်း တိုက်မှာ သိမ်းထားတဲ့ ကားကို တောင်းတာ ဖြစ် တယ်” ဟု ဇာဂနာ က ဆိုသည်။
အဆိုပါ ကားအား ရိုက်ကူးရေး တွင် သုံးစွဲ ခွင့်ပေးပါက ဘော်ဒီ တစ်ခုသာ ယူပြီး အထဲမှ အင်ဂျင် များကို ပြန်လည် ပြုပြင်၍ ဇာတ်ကား ရိုက်ကူး ပြီးစီးပါက တပ် မတော် မော်ကွန်းတိုက် သို့ ပြန်လည် လှူဒါန်း သွားမည်ဟု သိရသည်။
”ဗိုလ်ချုပ်ကားနဲ့ အိမ်က မပါမဖြစ် တာမို့ တောင်းတာပါ။ လောလောဆယ် သမ္မတက ပြန်မရောက်သေးလို့ အဖြေ မရသေးတာပါ။ ရကိုရမှာပါ” ဟု ဇာဂနာ က ပြောသည်။

ယခု ရိုက်ကူးမည့် ဇာတ်ဝင်ခန်း အခန်း တို့သည် ၁၉၄၆ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကို ဘုရင်ခံ က ခေါ်ပြီး အစိုးရအဖွဲ့ ကို ခေါင်းဆောင်ပေး ပါရန် ဝန်ကြီးချုပ် ရာထူး ခန့်လိုက်သည့် သမိုင်းဝင် မှတ် တမ်းအား ဇာတ်ဝင်ခန်း တစ်ခုအဖြစ် ရိုက်ကူး သွားမည်ဟု သိရသည်။
”ပြည်သူတွေ နားလည်မှု လွဲသွား မှာစိုးရိမ်တယ်။ ဗိုလ်ချုပ်ကားကို မတောင်း ပါဘူး။ အိမ်ဆိုလည်း အထဲမှာ လုံးဝမရိုက် ပါဘူး။ မီးထိုးမှန်ထိုး နဲ့ဆိုတော့ ပစ္စည်း တွေ ပျက်သွား မှာ စိုးရိမ်လို့ ကျွန်တော် ကိုယ်တိုင်က ခွင့်မပြုဘူး” ဟု ဇာဂနာက ပြောသည်။

”ဒီဇာတ်ဝင်ခန်း အတွက် သရုပ် ဆောင်တွေကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က သင်တန်း ပေးတာ နှစ် ပတ် သုံးပတ် ရှိပြီ။ အရန် သရုပ်ဆောင် ကလည်း အနုပညာ ဝါသနာပါတဲ့ ပြည်သူ ထဲကပါ။ နာမည်ကြီး အနုပညာရှင် မပါ ဘူး” ဟု ဇာဂနာ က ဆက်ပြောသည်။
အဆိုပါ ဇာတ်ဝင်ခန်း တို့ကို သမ္မတ ထံမှ ခွင့်ပြုချက် တောင်းထားသည့် ကိစ္စ ပြေလည်ပါက စတင် ရိုက်ကူးတော့မည် ဟု သိရသည်။

ထူးထူး
Popular Myanmar

ကိုထင်ကျော်ကို ရွှေပြည်သာတရားရုံးက ဥပဒေပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်နှစ်နှစ်ချမှတ်


ရန်ကုန်၊ စက်တင်ဘာ ၁၂- နိုင်ငံတော် အကြည်ညိုပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရ သည့် ၂ဝဝ၇ ကုန်ဈေးနှုန်းကျဆင်းရေး အ ဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ရွှေပြည် သာမြို့နယ်တရားရုံးက စက်တင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီတွင် ထောင်ဒဏ် နှစ် နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက်က ပြည်ထောင်စုအစိုးရအား အယုံအကြည် မရှိကြောင်း လက်ကမ်းစာများ ဖြန့်ဝေမှု၊ ဟောပြောမှုတို့ကြောင့် ကိုထင်ကျော်အား ရွှေပြည်သာမြို့နယ် တရားရုံးက အထက်ပါ အတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ကို ထောင်ချခြင်းဟာ ကျွန်တော့်ခန္ဓာကိုယ်ပဲ ထိန်းချုပ်လို့ ရပါ မယ်။ ကျွန်တော်တို့ ပြည်သူတွေနဲ့ တိုင်း ပြည်နောက်မျိုးဆက်ကို ကောင်းအောင်လုပ် မယ့်သူတွေရဲ့ ယုံကြည်ချက်ကိုတော့ ထောင် ချဖမ်းဆီးလို့မရဘူး''ဟု အမိန့်ချအပြီးတွင် ကိုထင်ကျော်က ပြောသည်။
ကိုထင်ကျော်အား အစိုးရအပေါ် အကြည်ညိုပျက်စေမှုဖြင့် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ တရားစွဲဆိုထားပြီး တရားရင်ဆိုင် ရန် ကျောက်တံတားမြို့နယ်သာ ကျန်ရှိတော့ ကြောင်း သိရသည်။
''အခုက ၁ဝ မြို့နယ် အမိန့်ချပြီး ပြီပေါ့နော်။ ကျောက်တံတားမြို့နယ် တစ်ခု ပဲ ကျန်တော့တယ်။ အခု ရွှေပြည်သာမြို့ နယ်က နှစ်နှစ် အမိန့်ချလိုက်ပါတယ်''ဟု ကိုထင်ကျော်၏ဇနီးဖြစ်သူ ဒေါ်သန်းသန်း မော်က ပြောသည်။
င်ငံတော် အကြည်ညိုပျက်စေ မှုဖြင့် ကိုထင်ကျော်အား တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံအရှေ့၊ ဒဂုံမြောက်၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင် သာယာ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်းနှင့် ကျောက် တံတားမြို့နယ်တို့မှ တရားစွဲဆိုခဲ့ခြင်း ဖြစ် ပြီး မြို့နယ် ၁ဝ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ် လေးလချမှတ်ခံ ထားရပြီးဖြစ် သည်။

TheFlowerNews

မိုးယုစံနဲ့တွဲနေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူးလို့ ဖြေရှင်းလိုက်တဲ့ ကောင်းပြည့် ကိုယ့်အပေါ် မလိမ်မညာပဲ ယုံကြည်လို့ရမယ့် ချစ်သူမျိုးကိုသာ လိုချင်တယ်လို့ ဖွင့်ဟ


ခင်ဆွေသက်

သရုပ်ဆောင် မော်ဒယ်လ်မင်းသားလေး ကောင်းပြည့် နဲ့နာမည်ရပြီးသား သရုပ်ဆောင် မင်းသမီးလေး မိုးယုစံ တို့ တရုတ်တန်းမှာ ညဖက်ကြီး လက်တွဲလမ်းလျှောက်သွားတယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပလူပျံနေတာမို့ ကာယကံရှင်ဖြစ်သူ မင်းသား ကောင်းပြည့်ကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ “ ခု ကျွန်တော့်မှာ ဘာအချစ်ရေးမှ မရှိပါဘူး။ မိုးယုစံနဲ့ လမ်းလျှောက်တာကလည်း ဘာမှမဟုတ်ပါဘူး။ အဲ့ဒါကလဲ အမှန်တော့ ဆိုင်ကယ် ကြော်ငြာတွက် တရုတ်တန်းမှာ ဓာတ်ပုံရိုက်ပီး ပြန်တဲ့အချိန်မှာ မုန့်သွားစားကြတာပါ။ ပရိသတ်တွေနဲ့တောင် ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါသေးတယ်။ အမှန်တော့ လူကြားထဲမှာ သွားထိုင်ပြီး မုန့်စားလိုက်တာက ဘ၀တစ်ခုဖြစ်သွားတယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။” လို့ သူက ပြောပါတယ်။

နာမည်သုံးလုံး မော်ဒယ်အဆိုတော်နဲ့ နာမည်တွေ ထွက်ခဲ့တဲ့ ကောင်းပြည့်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “အချစ်သစ်ကမရှာချင်တော့ဘူး။ တွေ့ဖို့လဲ တော်တော်လေးလိုဦးမယ်။ မတွေ့လဲ မတွေ့ဘူး။ တွေ့ဖို့လဲ မဖြစ်နိုင်သေးဘူး။ တော်တော်လေးတော့ လိုဦးမယ်။ ကိုယ့်ကို တကယ်ချစ်၊ တကယ်မြတ်နိုးတဲ့သူတစ်ယောက်ရဖို့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ အချစ်နဲ့ပတ်သတ်ပြီး ပျော်ရွှင်နေရတဲ့ချိန်၊ အဆင်ပြေနေတဲ့ချိန်ဆို အလုပ်နဲ့ပတ်သတ်ပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိတယ်။ သူနဲ့အဆင်မပြေဘူး။ ရန်ဖြစ်နေကြတယ်ဆိုရင် တော့ ဘာပဲလုပ်လုပ် အဆင်မပြေတော့သလို ခံစားနေရပါတယ်။ ရရှိခဲ့ဖူးတဲ့ အချစ်က အေးမြတဲ့ အရာတွေကို ခံစားခွင့်ရသလို တခါမှမကြုံဖူး၊ မခံစားဖူးတဲ့အရာတွေကိုလဲ ခံစားရတယ်။ တခါမှမဖြစ်ဖူးတဲ့ စိတ်ညစ်မှု၊ စိတ်ပင်ပန်းမှုတွေနဲ့ရှင်သန်ရသလို တော်တော်လေးလဲပင်ပန်းရတယ်။ အချစ်က ခုချိန်မှာတော့ ဘာမှပြောစရာမရှိသေးတော့ ရာခိုင်နှုန်း ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး။ နောက်တွေ့ခဲ့မယ်ဆိုရင်တော့ ကိုယ့်အပေါ်သစ္စာရှိမယ်။ ကိုယ့်ကိုလဲ ချစ်မယ်၊ ကိုယ့်အပေါ်ကိုလဲ ယုံကြည်မှုရှိပြီး သူ့အပေါ်ကိုလဲ ယုံကြည်ရမဲ့အချစ်မျိုး၊ မလိမ်မညာပဲနဲ့ ယုံကြည်လို့ရမဲ့ လူတစ်ယောက်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပါ။” လို့ သူက ဖွင့်ဟသွားပါတယ်။

ဒါ့အပြင်သူက “နောက်ချစ်သူဆိုတာဖြစ်လာရင် နားလည်မှုကလဲ လိုအပ်တယ်။ ကျွန်တော်လုပ်တဲ့ အလုပ်ကို သူသိမှာပဲ။ သိသိကြီးနဲ့လက်ခံပေးခဲ့ပြီးမှ ဒီအလုပ်နဲ့ ပတ်သတ်ပြီး ယုံကြည်မှု ကင်းမဲ့တဲ့ စွပ်စွဲမှုတွေ ကျွန်တ်ာမလိုချင်ပါဘူး။ လုပ်လို့ပြောခံရတာ အကြောင်းမဟုတ်ဘူး။ မလုပ်ပဲနဲ့ အလုပ်လုပ်နေတာကို စွတ်စွဲတာတို့အပြစ်ပြောတာတို့ဆိုရင်တော့ အဆင်မပြေဘူးပေါ့”တဲ့။

လတ်တလောမှာ ကောင်းပြည့်ဟာ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားလေးမှာ မိုးဟေကို ၊ အောင်မင်းခန့်တို့နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး နောက်လထဲမှာ နယ်ဖက်ကို သီချင်းသွားဆိုဖို့ရှိတယ်လို့ပြောပြခဲ့ပါတယ်။

Trend

သြစတြေးလျတွင် အကြမ်းဖက်ဝါဒ အန္တရာယ်ကို အဆင့်တိုးမြှင့် သတ်မှတ်

သြစတြေးလျနိုင်ငံသည် အကြမ်းဖက်ဝါဒ
အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ
၍ အန္တရယ် ရှိသောအဆင့်သို့ ပြောင်းလဲသတ်
မှတ်လိုက်ကြောင်း သြစတြေးလျဝန်ကြီးချုပ်
တိုနီအက်ဘက်ထ်က ကြေညာခဲ့သည်။
အီရတ် နှင့် ဆီးရီးယားရှိ စစ်ပဋိပက္ခများတွင် သြစတြေးလျနိုင်ငံသားအချို့ စစ်သွေးကြွများနှင့် ပူးပေါင်းပါဝင်လျက်ရှိနေရာ သြစတြေးလျနိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်လာမည့်အရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာသဖြင့် ထိုကဲ့သို့ အဆင့် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။ 

အစ္စလာမ်မစ် အဖွဲ့များနှင့် အတူတူ အလုပ်လုပ်နေကြသည့် သို့မဟုတ် အစ္စလာမ်မစ်အဖွဲ့များ၏ စည်းရုံးမှုနောက်သို့ ပါ သွားကြသည့် သြစတြေးလျနိုင်ငံသား အရေအတွက် ပိုများလာခြင်းကြောင့် လုံခြုံရေးအရာရှိများအနေဖြင့် စိုးရိမ်လျက် ရှိကြကြောင်း ၀န်ကြီးချုပ် အက်ဘက်ထ် က ဆိုခဲ့သည်။


သို့ရာတွင် ထိုကဲ့သို့ အန္တရာယ်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခု ပြု လုပ်ကြတော့မည်ဟု သတင်းရထားခြင်းကြောင့် မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။


“အဲဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်လာတော့မယ်လို့ ဆိုလိုတာ မဟုတ်ကြောင်းတော့ ကျွန်တော် အလေး အနက် ပြောကြား ချင်ပါတယ်။ အကြမ်းဖက်မှု အစီအစဉ်တစ်ခုခု လုပ်ကြတော့မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းမျိုး ကျွန်တော်တို့မှာ မရှိပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ တကယ်ရှိနေတဲ့ ထောက်လှမ်းရေးသတင်းကတော့၊ သြစတြေးလျမှာ အကြမ်းဖက်မှုတွေ လုပ်နိုင်တဲ့ စွမ်း ရည် နဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ လူတချို့ ရှိနေတယ်ဆိုတဲ့ အချက်ပါ” ဟု ၎င်းက ဆိုခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသရှိ IS အဖွဲ့ နှင့် Jabhat al-Nusra အဖွဲ့ခေါ် al-Nusra တပ်ဦးအဖွဲ့ ကဲ့သို့သော ဂျီဟတ်ဝါဒီ အဖွဲ့များ အတွက် တိုက်ခိုက်ရန် သြစတြေးလျနိုင်ငံသား ဒါဇင်ပေါင်းများစွာ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့ကြကြောင်း သြစတြေးလျ အာဏာပိုင်များက ဆိုကြသည်။

ထိုတိုက်ခိုက်ရေး သမားများ နှင့် ထိုအဖွဲ့များအား ထောက်ခံသူများ သြစတြေးလျ နိုင်ငံသို့ ပြန်လာကြ မည်ဆို ပါက ပြည်တွင်းလုံခြုံရေးကို ထိခိုက်ဖွယ်ရှိကြောင်း သြစတြေးလျ အာဏာပိုင်များက စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

Mizzima

ပထမကောင်းမလေးကို FACEBOOK မှာတွေ့ ပြီး ဒုတိယကောင်းမလေးကို KTV မှာ တွေ့လို့ ယူလိုက် တဲ့ကုလားဇာက်လမ်း

8.9.2014 ည အမရပုရမြို့၊ ဆုတောင်းပြည့်တရားပွဲမှ ကျောင်းကိုပြန်ရောက်တော့ ကျောင်းရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်ထားသည်ကို တွေ့ရ၏။ တပည့်တွေ မတ္တရာမှပန်လာမှန်း သိလိုက်ရ၏။
ရွတ်လက်စ ပဋ္ဌာန်းတရားအပြီးမသတ်သေး၍ ကျောင်းပေါ် မတက်ဖြစ်သေး။

ကျောင်းပေါ်ရောက်တော့ ကုလားရယ်၊ မယားရယ်၊ ကုလားယောက္ခမ အတော်မခံချင်သူရယ်၊ လူတွေရယ်၊ ဦးဇင်းတွေရယ် စုံလင်နေပြီဖြစ်၏။

ကုလားက မတ္တရာမှာနေသည်။ နွားမှောင်ခိုကူးသည်။ အမဲလိုင်စင်ဆွဲသည်။ ကားမောင်းသည်။ လုပ်ငန်းစုံ လုပ်၏။

မတ္တရာမှာ မယားကြီးနှင့်အတူနေသည်။ မယားကြီးက ဗမာ/ဗုဒ္ဓ။ ကုလားနှင့်ညားမှ ဗမာ/အစ္စလာမ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

မယားလတ်ကို မန္တလေးအောင်ပင်လယ်မှာ အိမ်ငှားနှင့်ထားသည်။ တစ်ပတ်တစ်ခါမှ ကုလားက မယားလတ်ထံ ပြန်လာသည်။ မယားလတ်က ဗမာ/ဗုဒ္ဓ။ မယားလတ်ကိုတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ပေးထားသည်။

နောက်ဆုံးမယားက နောင်ချိုသူ။ ရှမ်း ဗမာ-ကပြား။ ပထမအကြိမ် ခိုးပြေးပြီး ပေါင်းသင်းတာ ခြောက်လကြာမှ ရှာတွေ့သွား၍ ကုလားနှင့်သွေးသားမတော်စပ်လိုသော မိဘများက ပြန်ခေါ်သွားခဲ့သောကြောင့် ကောင်မလေး နောင်ချိုပြန်လိုက်သွားခဲ့ရ။

နောင်ချိုသူလေးကိုလည်း ကုလားက မန္တလေးမှာ တိုက်ခန်းငှားပေးထား၏။ ကောင်မလေးကို မိဘတွေက ပြန်ခေါ်သွားသည့်အခါ ရေခဲသေတ္တာအပါအဝင် ပရိဘောဂများကို မယားလတ်အိမ်မှာ ယူထားရ။ မယားလတ်သိအောင် သူငယ်ချင်းပစ္စည်းတွေဟု လိမ်ညာထားခဲ့ခြင်းဖြစ်သည်။

နောင်ချိုသူလေးကလည်း တစ်လင်ကွာ တစ်ခုလပ် ကလေးတစ်ယောက်မိခင်။ နောင်ချိုမှာ ဗြူတီပါလာလုပ်သည်။ တစ်လဝင်ငွေ သိန်း(၂၀)ကျပ် ရှိသည်ဆို၏။

ကုလားနှင့် FB မှာ စတင်တွေ့ရှိသည်ဟု ကောင်မလေးက ဆို၏။ သူမမိခင်ကမူ နောင်ချိုသို့ နွားမှောင်ခို လာကူးရာမှ တွေ့ကြသည်ဟုဆို၏။

ဤသို့ဖြင့် နောင်ချိုသူလေးက အဖမ်းကြမ်းကြမ်း၊ အနမ်းစုတ်စုတ် ကုလားယုတ်ကို မခွဲနိုင်သောကြောင့် ဒုတိယ အကြိမ်ထွက်ပြေးပြန်၏။

ကုလားက ပြင်ဦးလွင်သို့ သွားကြိုသည်။ အောင်ပင်လယ်မှာ အိမ်ငှားပေးထားသည်။ ကောင်မလေးနှင့် တစ်ညသာအတူနေပြီး မတ္တရာမှာ မူဟန်မပျက် ပြန်နေပြသည်။

မိဘများလိုက်လာ၍ မေးသော်လည်း မဖြေ။ မသိ၊ မရှိ၊ မဟုတ်၊ မလုပ်ဟုသာ ငြင်းဆန်တင်းခံနေတော့၏။ ကုလားက ဘူးခါနေသော်လည်း ကောင်မလေးမှတ်ပုံတင် ကုလားဆီမှာရှိမှန်း မိဘတွေက သတင်းရသွား၏။ ထုံးစံအတိုင်း အိပ်စိုက်လူမိုက်အဖွဲ့ထံရောက်လာသည်။

နယ်မြေခံ အာဏာပိုင်များ၊ သံဃာတော်များနှင့် ပူးပေါင်းလုပ်ဖို့ မှာကြားလိုက်သည်။ ကုလားက တစ်နေကုန် ဘူးခါနေသည်။ မတ္တရာ-တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လူတွေက ရုန်းရုန်း။

ကုလားက ဗုဒ္ဓဘာသာ ယောင်ဆောင်ထား၍ အချဉ်ဖြစ်နေသော ဆရာတော် တစ်ပါးက ကုလားဘက်က။ အခြေအတင်း ဖြစ်ကြသော် အဖြေမှန်မထွက်၍ ဘုန်းကြီးရော ကုလားပါ ကျောင်းခေါ်လာခြင်းဖြစ်၏။

ကျောင်းရောက်မှ ကုလားက အမှန်အတိုင်း ဖွင့်ပြောသဖြင့် မယားလတ်ရှိမှန်းသိကြရ။ မယားလတ်ရောက် လာတော့ ငိုပါလေရော။ လေးနှစ်သမီးလေးကို ရင်ခွင်ပိုက်လျက် ကလေးတစ်ယောက်လို ရှိုက်ဖိုငိုကြွေး နေသည်မှာ သနားစရာ။

(သြော်……ကုလားမယားဘဝ)
နောင်ချိုသူလေးကို အိမ်ငှားထားသော်လည်း နေရပ်လိပ်စာပြောမပြတတ်၍ ရှာရခက်နေ။ ရဲတပ်ဖွဲ့က ရှာမတွေ့၍ ကုလားကို ဖုန်းဖြင့် လှမ်းဆူနေ၏။ ၁၂း၀၀ နာရီထိုးမှ ရှာတွေ့သည်။

နောင်ချိုသူလေးရောက်လာသည်။ ဆဲပင်နီနီနှင့် နီနီခင်ဇော်မှ တကယ့် နီနီခင်ဇော်အတိုင်းပင်။ မယားလတ်ကလည်း နောင်ချိုသူလေးကို တွေ့ချင်သည်ဆို၍ စောင့်နေရာ မိန်းမသားချင်း စကားပြော ကြသည်။ ၄င်းနောက် နီနီခင်ဇော်က ကုလားနှင့် နှစ်ယောက်တည်း ပြောပါရစေ ခွင့်တောင်းပြီး နှစ်ကိုယ်ကြား အပိုစကားဆိုကြသည်။

ထိုစဉ် မိခင်ကြီး သတိလစ်မေ့မျောသွားသည်။ လူတွေ သံဃာတွေက ဝိုင်းဝန်း နှူးနှပ်လေခတ်ပေးကြသော် လည်း နီနီခင်ဇော်က ကုလားနှင့် စကားပြောမပြတ်။

နောက်ဆုံးတော့ ကုလားကိုယ်တိုင်က လုံးဝလက်မခံတော့ကြောင်း လုံးဝ မဖြစ်နိုင်တော့ကြောင်း ပြောလိုက်မှ သတိလစ်နေသော မိခင်ကို ရပ်ကြည့်ဖော်ရ သွားတော့၏။ သို့သော် ကူးခြင်း၊ ထူခြင်း၊ ပြုစုခြင်း လုံးဝမရှိပေ။

နီနီခင်ဇော်တို့မိသားစုကို နောင်ချိုပြန်လွှတ်လိုက်သည်။ ကုလားနှင့် ကုလားဆရာ ဘုန်းကြီးကို မတ္တရာ ပြန်လွှတ်လိုက်သည်။ မယားလတ်နှင့် သမီးငယ်လေးကို အောင်ပင်လယ်လိုက်ပို့ခိုင်းလိုက်သည်။
ည ၁၂း၃၀ နာရီမှ အိပ်ရာဝင်ရ၏။ မနက် ၅း၀၀ နာရီ လေဆိပ် သွားရမည်ဖြစ်သောကြောင့် အမြန်လူစုခွဲလိုက် ရခြင်းဖြစ်၏။ ဆရာတော် ဦးဥတ္တမအခမ်းအနားအတွက် ဘာတစ်ခုမျှ မပြင်ဆင်ရသေးပေ။


နီနီခင်ဇော်ကလည်း သံဃာတွေကို ရှိခိုးတောင်းပန်၏။ ကုလားကလည်း ရှိခိုးတောင်းပန်၏။
ကုလားက ဘုန်းကြီးနှင့်ပေါင်းသင်းတတ်ပုံရ၏။ ဗုဒ္ဓဘာသာ စိတ်ဝင်စားကြောင်း မက်လုံးပေးထား၍ အခွင့်အရေးတော်တော်ရနေ၏။ သိမ်တောင်ဘုန်းကြီးက ဖုန်းတစ်လုံး ဝယ်ပေးထားသည်။ အကာအကွယ် လည်း ပေးထားသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်က တံငါရွာမှာ ကုလားတစ်ယောက်က ကောင်မလေး တစ်ယောက်ကို မုဒိမ်းကျင့်ရာမှ လူစိမ်းကုလားတွေအားလုံး နှင်ထုတ်ခံရ၏။ သို့သော် ကုလားကျော်ဇောမပါ။ ဗုဒ္ဓဘာသာယောင်ဆောင်ထား သောကြောင့်ဖြစ်၏။ အခုတော့ ကုလားမှန်း ဘူးပေါ်သလို ပေါ်သွားသဖြင့် ရွာသူ/ရွာသားတွေ ဘယ်လို ဆုံးဖြတ်ကြမည်မသိပေ။

ကုလားကျော်ဇောပြောသည့် စကားက စိတ်ဝင်စားစရာကောင်းသည်။
ဒုတိယမယားကို KTV မှာ တွေ့တာပါတဲ့။ သနားလို့ ယူလိုက်တာပါတဲ့။

နောင်ချိုသူလေးကျတော့ကောမေးတော့။ နောင်ချိုသူလေးကို မိဘတွေက အမြဲနှိပ်စက်တယ်။ ဒါကြောင့် သနားလို့ ယူလိုက်တာပါတဲ့။ ဒီလိုနဲ့ သနားလို့ သနားလို့ ဆိုပြီး ယူလိုက်တာနဲ့ မိန်းမ သုံးယောက် ဖြစ်သွားတာ ပါတဲ့။

ကောင်မလေးပြောသလို မိဘကနှိပ်စပ်သည် မနှိပ်စက်သည်တော့ မပြောတတ်။ မိခင်က သမီးဇောနှင့် မအိပ်နိုင် မစားနိုင်ဖြစ်ကာ သတိလစ်မေ့မျောသွားသည်မှာတော့ လက်တွေ့ပင်ဖြစ်၏။
နိုင်ဂရု(ပ်)မှ ကုလားကျော်နိုင်ဦး ပြောသည့် စကားတစ်ခွန်းရှိသည်။

“အမျိုးဖျက်ချင်ရင် ငွေနှင့်ဖျက်ရတယ်ကွ။ အဲဒါကို -ီး စစ်ဆင်ရေးလို့ခေါ်တယ်။”
ကုလားတွေက မိန်းမကြောသိသည်။ အညှာကိုင်တတ်သည်။ အထာပိုင်တတ်သည်။ ကုလားဦးရေ တိုးပွားရေး အတွက် မိန်းကလေးတွေက ကုလားတွေရဲ့ ပစ်မှတ်ဖြစ်နေတာဟာ အမျိုးဘာသာ သာသနာအတွက်တော့ အန္တရာယ်အချက်ပါပဲ။

ဝီရသူ(မစိုးရိမ်)
WEB စာမျက်နှာကူးယူဖော်ပြသည်။






ဖေ့စ်ဘုတ်၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်အထိရှိလာ

ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာဘီလီယံ ၂၀၀ ကျော်ထိ မြင့် တက် ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီစာရင်းဝင်ဖြစ်လာခဲ့သည်။ ဖေ့စ်ဘုတ်က ကုမ္ပဏီ၏ ၃ လပတ် ၀င်ငွေအားကြေညာပြီးနောက် ရှယ်ယာဈေးမှာ ဇူလိုင် လနှင့် ယှဉ်လျှင် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဘလွန်းဘက်သတင်းဌာန၏ အစီရင်ခံစာအရ ဖေ့စ်ဘုတ်၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂၀၀.၆ ဘီလီယံ ရှိပြီး ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီစာရင်းတွင် အဆင့် ၂၂ ရှိကာ တိုယိုတာ ထက် ပိုများသည်ဟု ဆိုသည်။

ယခုနှစ် ဒုတိယ ၃ လပတ်တွင် ဖေ့စ်ဘုတ်၏၀င်ငွေမှာ ၆၁ ရာခိုင်နှုန်း တိုး လာပြီး ဒေါ်လာ ၂.၉၁ ဘီလီယံရှိကြောင်း ဇူလိုင်လကုန်ပိုင်း က ကြေညာ ခဲ့သည်။ မိုဘိုင်းကဏ္ဍမှဝင်ငွေမှာ ယခင် ၃ လပတ်က ၅၉ ရာခိုင် နှုန်းရှိရာမှ ၆၂ ရာခိုင်နှုန်းထိ မြင့် တက်လာခဲ့သည်။ ဖေ့စ်ဘုတ် အမှုဆောင်ချုပ် မက်ဇူကာဘက် မှာ ကမ္ဘာပေါ်တွင် ၁၃ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇူကာဘက်က မိုဘိုင်းကြော်ငြာလုပ်ငန်းအား ကုမ္ပဏီ ၏ အဓိက စီးပွားရေး အဖြစ် ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့သည်။

ကုမ္ပဏီ ဘုတ်အဖွဲ့တွင် မဲပေးခွင့် ၆၁.၆ ရာ ခိုင်နှုန်းအထိ ရရှိထားသည့် ဇက်ကာဘက်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၃၄.၅ ဘီလီယံရှိသည်။ ဖေ့စ်ဘုတ် ရှယ်ယာဈေးမှာ ၁ နှစ်အတွင်း ၈၀ ရာ ခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သဖြင့် ဇက်ကာဘက်၏ ကြွယ်ဝမှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘုတ်တွင် ပျမ်းမျှကြော်ငြာခနှုန်းများမှာ ၂ ဆ ကျော်တက် လာခဲ့ပြီး ၂၀၁၃ ခုနှစ်၏ ကမ္ဘာ တစ်ဝန်း ဒီဂျစ်တယ်ကြော်ငြာဝင်ငွေ၏ ၅.၈ ရာခိုင်နှုန်းအား ဖေ့စ်ဘုတ် က ရရှိ ခဲ့သည်။

KHTun

The Ladies News Journal

နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး

နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာ
မျိုးဖြစ်နေတာနဲ့ ဖတ်မိတာလေးများကို အရေးရှိရင် ပြန်ကြည့်ရအောင် တင်ဖြစ်သွားတာ
မနည်းဘူး။ ကောင်းမယ်ထင်တာများ ထပ်တွေ့ရင်လဲ ထပ်စုထားဦးမှာပါ။ တချို့ဖတ်မိတဲ့
နည်းလမ်းလေးများလည်း မနည်းဘူး။ ဒါပေမယ့် များတာနဲ့ မတင်ဖြစ်သေးဘူး။ ဂျာမန် ဆ
ရာဝန်များကလည်း သေညှိုး ဖြစ်လာခဲ့ရင် နှလုံးသွေးကြောပိတ်ဖို့ သိပ်မဝေးတော့ဘူး လို့
ပြောဆိုထားတာလည်း တွေ့မိပါရဲ့။ အဲဒါမျိုး ဖြစ်ရင်တော့ သတိထားကြရမှာပေါ့။


ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေ
ဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များ
လာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့
အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။
၂၀၀၈.ခုတုန်းက အထူးကုဆရာဝန်ကြီးနဲ့ တကိုယ်လုံးကို ဘာရောဂါများ ရှိလဲလို့ ဓာတ်
မှန် ငါးမျိုးလောက် ရိုက်ပြီး ဆေးစစ်ခဲ့တာ ဘာရောဂါမှ မရှိဘူးတဲ့၊ နှလုံးကတော့ အားနည်း
နေတယ် ပြောတယ်။ ကျနော်က ညဘက် အအိပ်နည်းတယ်လို့ အရင်ထဲက ညဥ့်နက်မှ
အိပ်ပြီး အခု လေးငါးနှစ်မှာဆို မနက် ၄ နာရီ ၅ နာရီလောက်မှ အိပ်တာများတယ်၊ အစော
အစောဆုံး အိပ်တဲ့ နေ့ဟာ ၄ နာရီလောက် ဖြစ်နေတယ်လို့ ပြောတော့ ဆရာဝန်က ဘာ
မှ မပြောတော့ဘူး။ ဆေးယူဦးမလားတောင် မေးတယ်။ မယူချင်ရင်တောင် ရသလို ပုံစံ
ပြောတယ်လေ။ အဓိက အအိပ်မမှန်လို့ နှလုံးအားနည်းတဲ့ သဘောပေါ့။
အဲဒီမှာ နှလုံးအားဆေး တလစာ ဝယ်ခဲ့ပါတယ်။ သောက်တာ အတော်လေး လန်းတယ်။
ပြတ်သွားတော့ ဆက်မစားဖြစ်တော့ဘူး။

ကျနော့်မှာ လက်ကိုင် စွဲထားတဲ့ ဆေးနည်း တခုရှိတယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ သံပုရာသီးပဲ။ အဲဒီနည်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက ပြည်က အမေကြီး တယောက်က သူကိုယ်တိုင် ပျောက်ခဲ့လို့ ပေးခဲ့တာပါ။ ကျနော် မေ့လဲကျချိန်ထဲကသုံးဖူးတယ်။ ကောင်းတယ်။ ကောင်းသွားရင် ပစ်
ထားလိုက်တာပဲ။ ဖြစ်လာရင် ပြန်သောက်လိုက် လုပ်နေတာ အခုထိဆိုပါတော့။
နည်းက မခက်ပါဘူး။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တ
လုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်တယ်။ အဲ
ဒါကို ရေနွေး အေးခါနီးနီးရင် သောက်လို့ ရပြီ။ အေးသွားလဲ ကျန်တာများကို တနေကုန်
ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်း
တယ်။ ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး)တလုံးပဲ သောက်တယ်။ နှစ်
ရက် သုံးရက်လောက် သောက်လိုက်ရင် သိသာသွားတယ်။ နောက်ရက်ဆို ကောင်း
သွားတာပါပဲ။ ကျနော် စဖြစ်လို့ သောက်တုန်းကတော့ တပတ်လောက် သောက်ခဲ့
တာပါ။ တပတ်နဲ့ ကောင်းသွားလို့ ပစ်ထားလိုက်တာ။ ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလို
နေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့ အတော်လေးကို ကောင်းတယ်။
သောက်ချင်တဲ့ မိတ်ဆွေများနဲ့ နီးစပ်ရာများကို ဆင့်ကမ်းချင်ရင် အလွယ်တကူ
အသုံးပြုနိုင်ဖို့ပါ။ သွေးတို့ လေငန်းတို့ ကာကွယ်တဲ့ အနေနဲ့ အခွံနဲ့ အစေ့များကိုပါ
ဝါးစားနိုင်ရင် ကောင်းတယ်။ သွေကျနေရင်တော့ အစေ့ကို မစားပါနဲ့။ အခွံက
တော့ လေကောင်းတယ်လေ။ သံပုရာအချဉ်ဓာတ်ကတော့ နှလုံးသွေးကြောမှ အဆီများကို ဖယ်ရှားပေးလိုက်တာပါပဲ။
သံပုရာသီး အသုံးဝင်တဲ့ အစွမ်းတွေကတော့ အများကြီးပါ။ နှလုံးနဲ့ ပတ်သက်တာ
လေးကို သုံးချင်သူများအတွက် မျှလိုက်တာပါ။

Myawaddy Health

မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဆိုတာကြီး မလုပ်ကြပါနဲ.တော့

ဆောင်းပါးရှင်-ကျော်စွာမြင့်


မြန်မာနိုင်ငံမှာ အတိုင်းအတာတစ်ခုအရ ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပြီဆိုရပြီဆိုရင်ပဲ ပြည်တွင်းကအနုပညာဆိုင်ရာ မော်ဒယ်အေဂျင်စီ အသီးသီးတွေ၊ ပြည်ပက CountryDirector လို.ခန်.ထားတယ်ဆိုတဲ့ လစာဘယ်လောက်ရလို.၊အခွန်ဘယ်လောက်ဆောင်ထားမှန်းမသိတဲ့ ကိုယ်စားလှယ်ဆိုသူတွေက ပြည်ပနိုင်ငံအသီးသီးမှာနေ.စဉ်လောက်နီးပါး မရိုးနိုင်အောင် ကျင်းပနေကြတဲ့ အမည်ပေါင်းစုံနဲ. Miss-အလှမယ် ပြိုင်ပွဲတွေကို သွားကြယှဉ်ပြိုင်ကြပေါ့။ ဒါ့အပြင် လူမှုကွန်ယက်တွေမှတဆင့်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်နေတဲ့ဘယ်အလှမယ် ဘယ်သူ.အတွက် Online ကမဲပေးကြပါဆိုတာတွေလည်း မနည်းပါ။ ကိုယ်တွေတောင် ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို.Onlineကမဲတွေပေးခဲ့ဘူးသေးတယ်။မြန်မာနိုင်ငံကိုယ်စားပြုဆိုတော့မြန်မာနိုင်ငံ
သားတစ်ယောက်အနေနဲ. သမိုင်းပေးတာဝန်ဖြစ်လာတယ်လေ။

နိုင်ငံသားတွေက ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို. ဘာမှန်းညာမှန်းမသိ Online ကမဲတွေပေးလိုက်ကြ၊ သူတို.ဆုတွေရလို.ပြန်လာရင်လည်း သတင်းမီဒီယာတွေမှာ၊ လူမှုကွန်ယက်တွေမှာဝိုင်းပြီးချီးမွန်းလိုက်ကြနဲ. ကိုယ်အရပ်နဲ.ကိုယ့်ဇာတ် ဖြစ်နေခဲ့တာ သုံးနှစ်လောက်ရှိနေခဲ့ကြပါပြီ။

ယခုနောက်ဆုံး ကိုရီးယားနိုင်ငံက Miss Asia Pacific World Organization ဆိုတဲ့ အဖွဲ.အစည်းကကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုဆိုပြီးမေမြတ်နိုးကအဲဒီ့အဖွဲ.အစည်းရဲ. Country Director ဆိုသူ မလှနုထွန်း တို.ရဲ.ရွေးချယ်မှုအရ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအားလုံးထဲမှာ Miss Asia Pacific World ဆုရခဲ့တယ်လို.သိရပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ.တော့ မြန်မာနိုင်ငံ
ကိုယ်စားပြုပထမဆုကြီးရတယ်ဆိုတော့ ၀မ်းသာဂုဏ်ယူမိတာပေါ့။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူမှုကွန်ယက်တွေမှာ မြန်မာနိုင်ငံကိုယ်စားပြု MissAsian Pacific World ရရှိခဲ့သူ မေမြတ်နိုးဟာ County Director မလှနုထွန်းရဲ.စကားကိုနားမထောင်လို.၊ အဖွဲ.အစည်းရဲ.စကားကိုနားမထောင်လို.သရဖူပြန်သိမ်းမယ်ဆိုတာတွေ တွေ.လာခဲ့ရပြန်ပါတယ်။ဒါ့အပြင် မေမြတ်နိုးက သရဖူကို ခိုးယူသွားပြီးတိမ်းရှောင်နေတယ်ဆိုတာ၊မေမြတ်နိုးမိခင်က Visa သက်တမ်းလိမ်တိုးထားတယ်
ဆိုတာ၊ ၊အသက်မပြည့်ပဲ အသက်လိမ်တယ်ဆိုတာ၊ ရင်သားခွဲစိတ်ပြီး အတွင်းခံဘိုးငွေချေးတယ်ဆိုတာ စသည် စသည်ဖြင့် လူမှုကွန်ယက်တွေမှာ ကြားသိမြင်တွေ.နေရပေမယ့် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာလည်း ကိုယ့်အလုပ်မဟုတ်လို. စိတ်မ၀င်စားခဲ့ပါဘူး။နောက်ပြီး Miss ရတဲ့ မေမြတ်နိုးဆိုတာလည်းမသိသလို၊ Country Director ဆိုတဲ့ မလှနုထွန်းဆိုတာလည်း မသိဘူးလေ။

ဒါပေမယ့် ကိုရီးယားနိုင်ငံက အဲဒီအဖွဲ.အစည်းက မြန်မာနိုင်ငံကိုယ်စားပြုခဲ့သူ Miss
Asia Pacific World ဆုရှင် မေမြတ်နိုးအား ဆိုပြီး သတင်းထုတ်ပြန်ချက်တစောင်
ကိုအင်္ဂလိပ်ဘာသာနဲ. ထုတ်ပြန်လိုက်ချိန်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြုသူ ဆိုတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော်တို. ပါဝင်လေ့လာမှုတွေပြုခဲ့ကြရပါတော့တယ်။

အဲဒီလိုလေ့လာလိုက်တယ်ဆိုရင်ပဲ အဲဒီ Asia Pacific Worldဆုပေးတဲ့ကိုရီးယားက သက်တမ်း(၄)နှစ်လောက်သာရှိသေးတဲ့ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တချို.ငွေကြေးထောက်ပံမှုနဲ. လုပ်ကိုင်နေကြတဲ့ သာမန် အဖွဲ.အစည်းတစ်ခုဆိုတာသိခဲ့ရပါတယ်။ အဲဒီအဖွဲ.က ရွေးချယ်တဲ့ Miss ရွေးချယ်ပွဲတွေမှာ ပြိုင်ပွဲဝင် Miss တွေနဲ.ပြသာနာတွေ မကြာခဏဖြစ်ခဲ့ဘူးတာတွေ၊ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ( ၀ီကီလိဒ် ) စာမျက်နှာမှာဖော်ပြထားတာ တွေ.ရပြန်ပါတယ်။ ပထမဆုံးနှစ်မှာပဲ ကိုရီးယားအလှမယ် ဂျန်အန်းအာ ထိပ်ဆုံးအဆင့်ဝင်နိုင်ဖို့ ကာမကို အလှူတော်ပေးခဲ့ရတယ်စွပ်စွဲခံရပြီး ပြိုင်ပွဲကနေနုတ်ထွက်၊ဗြိတိန်အလှမယ် အေမီဝီလာ
တန်ကလည်း ပြိုင်ပွဲစီစဉ်သူတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားဖို့ကြံစည်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးသိအောင်ပြောထားတာတွေ တွေ.ရပြန်ပါတယ်။

APW organization Korea က ပွဲလုပ်တာ သုံးနှစ်ဘဲရှိပေမယ့် မေမြတ်နိုးနဲ့ပါဆိုရင် သရဖူသိမ်းတဲ့ အဖြစ်မျိုးက ၃ ကြိမ်ရှိပြီလို. သတင်းမီဒီယာတွေမှာ ဖတ်မှတ်လေ့လာမိပြန်ပါတယ်။

ယခုလို မြန်မာနိုင်ငံကိုယ်စားပြု Miss မေမြတ်နိုးကို သူရဖူပြန်သိမ်းရခြင်းရဲ.အဓိကအကြောင်းရင်းက “သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ်” လို.APW organization ရဲ. ဥက္ကဋ္ဌ Lawrence Choi ကပြောကြားပါတယ်လို. TheNation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်ကို ဧရာဝတီသတင်းဌာနကဖော်ပြ
ထားတာကိုလည်းဖတ်လိုက်ရပါတယ်။

အသက်လိမ်ထားပါတယ်ဆိုတဲ့အချက်ကို မေမြတ်နိုးကပြန်လည်ရှင်းလင်းရာမှာလည်း“သူ၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ သူ.အသက်(၁၆)နှစ်သာဖောင်ဖြည့်ခဲ့ပေမယ့် ကိုရီးယားရောက်ပြီး ပြိုင်ပွဲဝင်ကာနီးမှ National Director က (၁၈) နှစ်ဖြည့်ထားတာသိရတယ် “ လို.ရှင်းလင်းထားသလို၊ မလှနုထွန်းကလည်း ကိုရီးယားအဖွဲ.အစည်းကို မေမြတ်နိုး(၁၆)နှစ်ဖြစ်ကြောင်း ကြိုတင်ပြောပြထားပြီး ကိုရီးယားဘက်က မိဘသဘောတူရင် ရတယ်ဆိုလို. ပြိုင်ခိုင်းတာပါလို. ရှင်းထားပြန်
ပါတယ်။

ဒါဆိုရင် ကိုရီးယားအဖွဲ.အစည်းက အရင်ကတည်းက National Director ရဲ.ကြိုတင် အကြောင်းကြားထားချက်အရ သိပြီးသားကိစတစ်ခုကို အခုမှ အသက်လိမ်ထားလို.
ဆိုတာသူတို.ဘက်ကမရိုးသားဘူးလို.မြင်သာလာပါတယ်။ နောက်ပြီး မေမြတ်နိုးရဲ.
နိုင်ငံကူးလက်မှတ်- Passport မှာ မွေးသကရာဇ် ပါရှိပြီးသားဖြစ်ပါလျက် အသက်လိမ်
ပါတယ်ဆိုပြန်တာကလည်း စဉ်းစားစရာပါပဲ။

ဧရာဝတီသတင်းဌာနရဲ.ဖော်ပြချက်မှာလည်း မေမြတ်နိုးနဲ့ပတ်သက်တဲ့ အသက်ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း (၁၆) နှစ် အဖြစ် ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောရှိတဲ့ ဓာတ်ပုံတပုံကို တွေ့ရပါတယ်။ ဒါဆိုရင် အစောကြီးကတည်းက အသက်(၁၆)နှစ်မှန်းသိလျက်နဲ. လက်ခံခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊ မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့ မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။

သူတို.ဘက်က ကိုရီးယားဘာသာနဲ.မှတ်တမ်းစာအုပ်မှာတောင် ရိုက်နိုပ်လက်ခံသိထား
ခဲ့ပြီး အခုမှ အသက်လိမ်ထားလို. သရဖူပြန်တောင်းရတယ်ဆိုတာ သူတို.ဘက်က စာအုပ်ထဲမှာတောင် (၁၆)နှစ်လို. ရိုက်နိုပ်ဖော်ပြခဲ့ပြီး အခုမှ အသက်လိမ်လို.ပါဆိုတာဥပဒေအရ ကိုရီးယားအဖွဲ.အစည်းဟာ လိမ်ညာမှုမြောက်နေပါတယ်။

နောက်တစ်ခုက ခေတ်သစ်လူကုန်ကူးမှုလို.ခေါင်းစဉ်တပ်လို.ရတဲ့လုပ်ငန်းရှင်သူဌေးကြီးတွေနဲ.ပျော်ပါးပေးရမယ် စပွန်ဆာရှာရမယ်ဆိုတဲ့ ကိစကို မေမြတ်နိုးက သူ.ရဲ.သတင်းစာရှင်းလင်းပွဲမှာ ချပြလိုက်တယ်။ ကိုရီးယားနိုင်ငံမှာတင်မက ဂျပန်နိုင်ငံကသူဌေးကြီးတွေဆီပါ ပျော်ပါးပေးရမယ့်အကြောင်း ဖွင့်ပြလိုက်တယ်။ ဒါကို CountryDirector မလှနုထွန်းက ပြန်ရှင်းတာတော့ တလွဲကြီးဖြစ်နေတယ်။ လှနုထွန်းက အနုပညာရှင်တွေအနေနဲ.ထုတ်လုပ်ပေးမယ့် တေးထုတ်လုပ်သည့်ကုမဏီကို စပွန်ဆာရှာရမှာပေါ့လို. မြန်မာနိုင်ငံက တေးစီရီးထုတ်လုပ်ပုံတွေနဲ.နှိုင်းယှဉ်ပြီး ရီရီမောမော ပြန်ရှင်းသွားပေးမယ့် မေမြတ်နိုးပြောတဲ့ စပွန်ဆာဆိုတာ ခနာကိုယ်နဲ.ရင်းနှီးပေးရမယ့်စပွန်ဆာလုပ်ပေးရမယ်လို. တိုက်ရိုက်ရည်ညွှန်းပြောတာပါ။ လှနုထွန်းကတော့ ထုတ်လုပ်သူလုပ်ငန်းကုမဏီစပွန်ဆာ ရှာရမှပေါ့လို. လူစပွန်ဆာကို လိင်နဲ.ရှာပေးရမှာ
ကို လုပ်ငန်းစပွန်ဆာရှာရမှာပါလို. မိုးကြိုးပစ်တာကို ထန်းလက်နဲ. ကာကွယ်ဖြေရှင်းလိုက်တယ်လို. သုံးသပ်မိပါတယ်။

နောက်ဆုံးတချက်ကတော့ မေမြတ်နိုးရဲ. ခနာကိုယ် ရင်သားခွဲစိတ်မှုကိစကို ပြောဆို
လာခဲ့ပါတယ်။ ဒီကိစဟာ အလှမယ်အဖြစ် လက်ခံ၇ရှိခဲ့တဲ့အတွက် သူရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးကို သူ.စိတ်တိုင်းကျအသုံးချမှုတစ်ခုလို.ထင်မြင်မိတဲ့အပြင်လူ.အခွင့်အရေးရှူထောင့်ကကြည့်ရင်လည်း မေမြတ်နိုးရဲ. ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကိစပါ။ ဒါကို ကိုရီးယားဘက်က မြန်မာမိန်းခလေးတစ်ယောက် ရင်သားပြုပြင်သည်ဖြစ်စေ၊ မပြုပြင်သည်ဖြစ်စေ သူ Miss Asia Pacific World ရထားသူတစ်ယောက် လုပ်ခွင့်ရှိတဲ့အခွင့်အရေးကို ရယူတာကို အရှက်ခွဲသိက္ခာကျစေတဲ့ ထုတ်ပြန်ချက်လို.တွေ.ရပါတယ်။
ကိုရီးယားဘက်က အခုလို ငါနဲ.မတည့်ရင် ငါ့အိုးဗုတ်ပြန်ပေး ဆိုသလို အရှက်ခွဲသိက္ခာ
ကျအောင် ထုတ်ပြန်ခဲ့တာလို. သုံးသပ်နိုင်ပါတယ်။ နောက်ဆုံး မေမြတ်နိုးရဲ.ဓါတ်ပုံလို. ယူဆရတဲ့ ဆေးခန်းတစ်ခုကပုံတွေ လူမှုကွန်ယက်ကတဆင့် ဖြန်.လာပါတယ်။ ဒါဟာလည်း နိုင်ငံတကာ Cyber Crimeအရအရေးယူနိုင်တဲ့ဖြစ်ရပ်ပါ။ ယနေ.ပြည်တွင်းမှာတောင်မဖွယ်မရာပုံတွေ အွန်လိုင်းတင်လို.ထောင်ချအပြစ်ပေးတာတွေလုပ်နေချိန်မှာမြန်မာအမျိုးသမီးလေးတစ်ဦးရဲ. ယခုလိုဓါတ်ပုံကိုတင်ခြင်းအတွက်လည်း ကိုရီးယားအဖွဲ.အစည်းကို နိုင်ငံတကာ Cyber Crime နဲ. အရေးယူလို.မရဘူးလို. သိချင်လာပါတယ်။

မေမြတ်နိုးက သရဖူပြန်ပေးရေးဆိုတာ ပတ်သက်ပြီး “‘‘ကိုရီးယားအဖွဲ့က ဒီလို အသရေ
ဖျက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီးတော့
မီဒီယာမှ သရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတဲ့ဥစ္စာကို ရေးထားတာ မေမြတ်နိုး
လို့ ရေးထားတာမဟုတ်ဘဲနဲ့ မြန်မာအလှမယ်ကလို့ ရေးထားတာက မြန်မာနိုင်ငံကို
စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေပြီးတော့ သူတို့ အမှားက သမီးအမှားပါ
လို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချစေတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ သမီးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တောင်းပန်စာပေးမှ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောကြားချင်ပါတယ်ရှင်’’ ဟု စက်တင်ဘာ ၂ ရက်
နံနက် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ ကိုရီးယားအဖွဲ.အစည်းက သူတို.ဘက်က
မတောင်းပန်နိုင်တဲ့အပြင် ဘောင်ကျော်လာပြီး မြန်မာနိုင်ငံမှာတောင် အမှုဖွင့်အရေးယူဖို.
တိုင်ကြားတော့မယ်ဆိုတာပါပဲ။

မကြာသေးခင်က လှိုင်သာယာမှာ ကိုရီးယားလူမျိုးပိုင်တဲ့ စက်ရုံတစ်ခုကို အကြောင်းမဲ့
ပိတ်ပစ်ပြီး ထွက်ပြေးသွားလို. မြန်မာနိုင်ငံသားအလုပ်သမား(၈၀၀) လောက် လျော်ကြေး
မရ၊ လစာမရ ဒုကဖြစ်ခဲ့တာတောင် ကျွန်တော်တို.အစိုးရက ကိုရီးယားသံရုံးကတဆင့် ကန်.ကွက်နေတာလောက်သာ သံတမန်အရေးအရ ဆောင်ရွက်နိုင်နေခဲရပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World ထိုက်ထိုက်တန်တန်ရခဲ့တဲ့ မြန်မာနိုင်ငံသူတစ်ယောက်ကို မြန်မာနိုင်ငံလာပြီး သရဖူမရလို. အမှုဖွင့်မယ်ဆိုတာကတော့ သိပ်လွန်လာပြီလို. ထင်ပါတယ်။

တင်ပြချင်တာကတော့ နိုင်ငံတော်အစိုးရသည် နိုင်ငံသားများရဲ.အသက်အိုးအိမ်စည်းစိမ်
နဲ. နိုင်ငံသားများရဲ. ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် တာဝန်အပြည့်အ၀ရှိပါတယ်။ ယခုဖြစ်ရပ်အပေါ်မှာသုံးသပ်ကြည့်ပါက ပြည်တွင်းက Country Director ဆိုတာလည်း ဘယ်လိုဥပဒေနဲ.မှတ်ပုံတင်ပြီး ဘယ်လိုတရားဝင်ဆောင်ရွက်ခွင့်ပြုသလဲဆိုတာ
တာဝန်ရှိသူများ စိစစ်ဖို.လိုအပ်ပါတယ်။

ဥပမာအားဖြင့် နိုင်ငံခြားကုမဏီတစ်ခုမှ မြန်မာနိုင်ငံသားတစ်ဦးကို ပြည်ပကုမဏီရဲ.Business Director ခန်.အပ်မယ်ဆိုရင်သက်ဆိုင်ရာသံရုံးခွင့်ပြုချက်တွေ၊ကုမဏီမှတ်ပုံတင်အထောက်အထားတွေနဲ.ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနသို.ဖြစ်စေ၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို.ဖြစ်စေaလျှာက်ထားရပါတယ်။ လျှောက်ထားချိန်မှာလည်း သူတို.ဘက်က ပြည်တွင်းကိုယ်စားလှယ်ကို လစာဘယ်လောက်ပေးပါ့မယ်ဆိုတာမျိုး တိတိကျကျ ပါဝင်ရသလို၊ ပြည်တွင်းက Country Director (or) Country Manager တွေကလည်း ရရှိတဲ့ နိုင်ငံခြားငွေလစာအပေါ် အခွန်ဆောင်ကြရပါတယ်။

ဒါကြောင့် ယနေ. နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေအတွက် စီစဉ်နေကြတဲ့ Country
Director ဆိုတာတွေကို မည်သည့်ဝန်ကြီးဌာနက မည်ကဲ့သို. ဥပဒေနဲ.အညီ စိစစ်ပြီး တရားဝင်ခွင့်ပြုပေးခဲ့သလဲဆိုတာ ပွင့်လင်းမြင်သာစွာသိရှိလိုလာပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးဆိုတာ မြန်မာ့အလှမယ်လေးတွေ သွားရောက်
ယှဉ်ပြိုင်ကြတဲ့အခါမှာလည်း မြန်မာနိုင်ငံကိုကိုယ်စားပြုခြင်းအတွက် နိုင်ငံတော်အစိုးရ
တာဝန်ရှိသူများအပိုင်းမှ ဘယ်လိုခွင့်ပြုချက်ပေးသလဲဆိုတာ သိချင်လာပါတယ်။ ဆိုလိုချင်တာက နိုင်ငံတကာ Miss ပြိုင်ပွဲတိုင်းမှာ နိုင်ငံကို ကိုယ်စားပြုပြီးသာဝင်ပြိုင်ကြရတာမို. သူ.ကိုယ်စားပြုမှုရဲ.နောက်မှာ သူ.ရဲ.နိုင်ငံ . ဂုဏ်သိက္ခာဟာတွဲဖက်ပါဝင်မှာပါ။

ဘာမှန်းညာမှန်းမသိ ဘယ်သူကခွင့်ပြုမှန်းမသိပဲမြန်မာနိုင်ငံကိုယ်စားပြုလို.ရကြေးသာ
ဆိုရင် Tomorrowဂျာနယ်က ဇော်သက်ထွေး၊ဇာဂနာ၊မာဂျေ၊ကျော်စွာမြင့်တို.လူစုပြီး
ဘောလုံးတစ်သင်းဖွဲ.ကာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု
ဆိုပြီး သွားကန်နေကြရင် ဘယ်လိုလုပ်မလဲ။ ခွင့်ပြုမှာလား။ အားကစားဝန်ကြီးဌာနနဲ. မြန်မာနိုင်ငံဘောလုံးအဖွဲ.ချုပ်ကို ခွင့်ပြုချက်တောင်းစရာမလိုပဲ လုပ်နိုင်မလား။ ဒါမျိုးသာဆိုရင် လူတိုင်းနိုင်ငံတကာက နေ.စဉ်လုပ်နေကြတဲ့ ပြိုင်ပွဲအမျိုးမျိုးမှာ မြန်မာနိုင်ငကိုယ်စားပြုဆိုပြီး သွားပြိုင်နေကြ၊ အငြင်းပွားပြသာနာဖြစ်ကြ၊ အမှုတွေဖွင့်လိုက်ကြဖြစ်နေမှာပေါ့။

နိဂုံးချုပ်အနေနဲ. ယခု မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World မေမြတ်နိုးနဲ. ကိုရီးယားနိုင်ငံက APW organization တို.ဖြစ်ပွားနေတဲ့ အငြင်းပွားမှုပြသာနာအပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် တာဝန်ရှိသူများမှ လှစ်လျူရှူမနေပဲ ပါဝင်စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်သင့်ပါတယ်။

ဒါမှသာ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်မှုများပြုလုပ်နိုင်မာည့်အပြင် တခြားသော
နိုင်ငံခြားတိုင်းပြည်များမှလည်းမြန်မာနိုင်ငံရဲ.တရားဥပဒေစိုးမိုးရေးနဲ. နိုင်ငံသားများ
အခွင့်အရေးကိုကာကွယ်ပေးမှုများ အပေါ် လေးစားမှုများ ရှိလာမည်ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံသားတွေကို နိုင်ငံခြားသားတွေက တိုင်ချင်သလိုတိုင်၊ စွပ်စွဲချင်သလိုစွပ်စွဲ ဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

နောက်နောင်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး မည်သည့်ပြိုင်ပွဲမဆို စေလွှတ်ယှဉ်ပြိုင်
မည်ဆိုပါက သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအပါအ၀င် ၀န်ကြီးဌာနထောက်ခွံခင့်ပြုချက်
များ၊ သက်ဆိုင်ရာ နိုင်ငံများရဲ.သံရုံးထောက်ခံချက်ချက်များ၊ ပြိုင်ပွဲကျင်းပသည့်အဖွဲ.
အစည်းရဲ. အထောက်အထားအချက်အလက်များကို စိစစ်ပြီးမှသာ ခွင့်ပြုပေးသင့်ကြောင်း
( မြန်မာနိုင်ငံကိုယ်စားပြုဆိုတာကြီးတွေ မလုပ်ကြပါနဲ.တော့ ) လို. နိုင်ငံသားတစ်ယောက်
အနေနဲ. အကြံပြုတင်ပြလိုက်ရပါသည်။

ကျော်စွာမြင့်
( ၁၉၈၈-၁၉၉၂ ဗ.က.သ )
( Tomorrow သတင်းဂျာနယ်အမှတ်(၂၈)ပါဆောင်းပါး )

မြေပုံမြို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမူ ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်

ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဘင်္ဂါလီများtm; ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့် စစ်ဆေးခြင်း လုပ်ငန်းအား ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌဦးလှသိန်းက ထုတ်ဖော်ပြောသည်။

“ဒီလ ၂ဝ ရက်မှာ အပြီးသတ်ပြီးတော့ ဒီကစစ်ဆေးပြီးတာတွေကို ဗဟိုကိုတင်ပြမယ်”ဟု ဦးလှသိန်းက ပြောသည်။

မြေပုံမြို့ရှိဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစိစစ်ခြင်းပြီးစီးသွားပါက ရခိုင်ပြည်နယ်အတွင်းရှိ မည် သည့်မြို့နယ်များကို ဆက်လက်စိစစ်သွားမည်ဆိုသည်ကို သတ်မှတ်မထားဘဲ ပြည်နယ်အတွင်းရှိ မည်သည့် မြို့နယ်ကမဆို ဘင်္ဂါလီလူမျိုးအမည်ခံ၍ နိုင်ငံသားဖြစ်ခွင့်စိစစ်ပေးရန်တောင်းဆိုလာပါက တောင်းဆိုလာသည့် မြို့နယ်များကို ဆက်လက်စိစစ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကဆိုသည်။

မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစစ်ဆေးခြင်းရန် လျှောက် လွှာလက်ခံခြင်းကိစ္စကို ယခုနှစ်၊ ဇွန်လ ၁၅ ရက်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီ ၁ဝ၉၄ ဦး၏ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်း လျှောက်လွှာကို စိစစ် ရေးအဖွဲ့က လက်ခံရရှိခဲ့ကြောင်း သိရသည်။

လျှောက်လွှာလာတင်သည့်ဘင်္ဂါလီ တစ်ထောင်ကျော်ကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိ အောက်ခြေအဆင့် စစ်ဆေးခဲ့ရာ ယင်းတစ်ထောင်ကျော်အနက် ၄ဝဝ ကျော်ကိုသာ နိုင်ငံသားဖြစ်ခွင့် အချက်များနှင့် ကိုက်ညီမှုရှိ သည်ကိုတွေ့ရှိရကြောင်း စိစစ်ရေးအဖွဲ့ဝင်များ၏ပြောပြချက်အရ သိရသည်။

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာသည့်ဘင်္ဂါလီများကို မြို့နယ်အဆင့်စိစစ်ရေးအဖွဲ့၊ ခရိုင်အဆင့်စိစစ် ရေးအဖွဲ့၊ ပြည်နယ်အဆင့်စိစစ်ရေးအဖွဲ့နှင့် ဗဟိုအဆင့်စိစစ်ရေးအဖွဲ့ဟူ၍ အဆင့်ဆင့်စစ်နေခြင်းဖြစ်ပြီး ယခုလျှောက်ထားလာသူများအနက် နိုင်ငံသားဖြစ်ခွင့်ရှိသူ မည်မျှ ရှိမည်ဆိုသည်ကိုမှာ ဗဟိုစိစစ်ရေးအဖွဲ့၏ စစ်ဆေးမှုအပေါ်တွင်မူတည်ကြောင်း ဦးလှသိန်းက ဆိုသည်။

“ဗဟိုကဆုံးဖြတ်ပြီးမှ သက်သေခံလက်မှတ်တို့ ဘာတို့ထုတ်ပေးမယ်”ဟု ယင်းက ဆက်ပြောသည်။

ဘင်္ဂါလီများကိုနိုင်ငံသားဖြစ်ခွင့်စိစစ်ရာတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ၏ မျိုးဆက်ဟုတ်/မဟုတ်၊ ရူးသွပ်သူ၊ အသက် ၁၈ နှစ်ပြည်ပြီးသူ၊ ဘိုးဘွားများ နေထိုင်ခဲ့မှု အထောက်အထား များကို စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့စစ်ဆေးပြီးနောက် ဥပဒေနှင့်ညီပါက အဆိုပါဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးနိုင်သော် လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း ယခုလ ၈ ရက်က နယ်သာလန်နိုင်ငံသို့ ရောက်ရှိခဲ့ သော နိုင်ငံတော်သမ္မတဦးသိန်းစိန်က နယ်သာလန်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပါလီမန် အမတ်များနှင့်တွေ့ ဆုံစဉ် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ထုတ်ပြန်ထားချက်အရ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော်ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဘင်္ဂါလီလူမျိုးအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်တောင်းလာမည့်သူများကို နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အချိန်ကြန့်ကြာမှုမဖြစ်ပေါ်စေရန် ယခုအခါ မြေပုံမြို့တွင် နိုင်ငံသားဖြစ် ခွင့်စိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို လက်တွေ့ သင်တန်းများ ပို့ချက်လျက် ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။
နိရဉ္စရာ

ကမ္ဘာမြေကိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတဲ့ နေမုန်တိုင်း

နေပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် ကမ္ဘာမြေပေါ်မှာအခုရက်ပိုင်းအတွင်း မှာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့ အထိ သံလိုက်မုန်တိုင်းဖြစ်ပွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေခန့်မှန်းလိုက်ပါတယ်။ ဖြစ်ပွားလာ နိုင်တဲ့ သံလိုက်မုန်တိုင်းကြောင့် ရေဒီယိုနဲ့ဂြိုလ်တုဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်ပွားလာနိုင် တယ်လို့သိပ္ပံပညာရှင် တွေကပြောပါတယ်။

နေပေါ်မှာဖြစ်ပွားနေတဲ့ မုန်တိုင်းပေါက်ကွဲမှုကြောင့် တစ်ကိုယ်ရေသုံး အီလက်ထရောနစ်ပစ္စည်းတွေမှာ စနစ်ချို့ယွင်းမှုတွေဖြစ်ပေါ်လာဖို့တော့ သိပ်မရှိနိုင်ပေမယ့် ဒီကနေ့နှောင်းပိုင်းနဲ့ စနေနေ့အစောပိုင်းတွေမှာ လှပတဲ့ရောင်စဉ်တန်းတွေကို ကမ္ဘာမြေပေါ်ကနေ တွေ့မြင်နိုင်တယ်လို့လည်း သိရပါတယ်။

အဲဒီနေဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ်မှာမထင်မှတ်ထားတဲ့ ထိခိုက်မှုတွေရှိ နိုင်တာကြောင့် ဒီဖြစ်စဉ်ကို သေသေချာချာစောင့်ကြည့်နေတယ်လို့ သမုဒ္ဒရာနဲ့လေထုဆိုင်ရာ အမျိုးသားအုပ်ချုပ်ရေးအဖွဲ့ လက်အောက် ရှိ အာကာသ မိုးလေ၀သ အခြေအနေခန့်မှန်းရေးဆိုင် ရာ ညွှန်ကြားရေး မှူးချုပ် "သောမတ်စ်ဘာဂါ"က ပြောပါတယ်။ဆိုလာမုန်တိုင်းဟာ တနင်္လာနေ့မှာအသေးစား ပေါက်ကွဲမှုလေးတစ်ခုနဲ့စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အကြီးစားပေါက်ကွဲမှုတစ်ခုပါ ဆက်လက်ဖြစ်ပွားခဲ့ တယ်လို့ဆိုပါတယ်။


MRTV-4

မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း)


မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်က တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်မည့် ထိုင်းကုန်တင်ယာဉ် ၃ဝ စင်းအားKNU၊ KNLA မှ ဗိုလ်မှူးကြီး တိုင်းဂါးဦးဆောင်သည့်အဖွဲ့မှ တားဆီးစစ်ဆေးရခြင်းမှာ မြန်မာနိုင်ငံမှ ကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်သော်လည်း နည်းမျိုးစုံဖြင့် ဖမ်းဆီးစစ်ဆေး ငွေညှစ်ခံနေရခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ခရိုင်ကသွားရင် သူတို့မစစ်ဘူး။ ရဲသွားရင် မစစ်ဘူး။ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေသွားရင် အမြဲစစ်တယ်။ ပြီးရင် အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တယ်။ ဒါကိုဖြေရှင်းချင်လို့ ခုလိုလုပ်တာပါ” ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံကကားသမားတွေဟာ ထိုင်းရဲတွေ ငွေညှစ်တာ အမြဲခံရတယ်။ ဒီမနက်သွားတာ လေယာဉ်ကွင်း အလွန်မှာ တစ်ယောက် ဘတ် ၁ဝဝ ပေးခဲ့ရပါတယ်။ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပါပေမယ့် နယ်လွန်တယ်ဆိုပြီး ရဲစခန်းခေါ် ငွေညှစ်တာထိရှိတယ်” ဟု မဲဆောက်သို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်လမ်းကြောင်းမှ နယ်စပ်စခန်းသို့ လာရောက်သည့် ထိုင်းကုန်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးနေသည့် နေရာသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌတို့ ရောက်ရှိလာပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်သို့ တရားဝင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးကာ ထိုင်းကုန်ကားများအား ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။
EMG