တစ်ပတ် ပေါင် ၃သိန်းလစာနှင့်မတန်ဟု ရူနီ ဝေဖန်ခံရ

မန်ယူနောက်ခံလူဟောင်းပေါလ်ပါကာက ဘန်လေနှင့်သရေကျခဲ့သောပွဲမှ တိုက်စစ်မှူးရူနီ၏ ခြေစွမ်းမှာ အံ့အားသင့်ဖွယ်ကောင်းကြောင်း၊အသင်းတွင် ရူနီအား ချန်လှပ်ပြီး တိုက်စစ်မှူးသစ်ဖယ်ကာအိုအား နေရာပေးသင့်ကြောင်း အံ့အားသင့်ဖွယ် ဝေဖန်လိုက်သည်။ဘန်လေနှင့်ပွဲမှ ခြေစွမ်းကြောင့် ရူနီအနေဖြင့် အဘယ့်ကြောင့် မန်ယူတွင် တစ်ပတ်လစာပေါင် ၃ သိန်းအထိ ရရှိနေသလဲဟု မိမိမေးခွန်းထုတ်မိကြောင်း နောက်ခံလူဟောင်းပါကာက ဆိုသည်။”ရူနီကို ကြည့်ရတာ တကယ့်ကိုအံ့သြစရာပါပဲ။ဘန်လေနှင့်ပွဲမှာ မန်ယူ ကို သူဦးဆောင်ကစားခဲ့တယ်လို့ ဆိုချင်စရာရှိပါတယ်။ဒါပေမယ့် သူဟာ သူ့ကိုယ်သူပဲ စိတ်ဝင်စားခဲ့ပြီး အသင်းကို နိုင်ပွဲရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။တစ်ပတ်ကို ပေါင် ၃သိန်းလောက်ရနေတဲ့ ကစားသမား ရဲ့ခြေစွမ်းက ဒီလိုဖြစ်နေတာ အံ့သြစရာပါပဲ”ဟု ပါကာက ဝေဖန်လိုက်သည်။ပါကာက နည်းပြဗန်ဂါးလ်၏ ၃-၅-၂ ကစားကွက်တွင် နောက်ချန်တိုက်စစ်မှူးအဖြစ် ရူနီထက် မာတာနှင့် ဒီမာရီယာတို့က ပိုမိုခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုခဲ့သည်။


7day sport


စီအမ်အေဆုပေးပွဲမှ ဆန်ခါတင်ကိုးဆုရှင် မိုင်ရန်ဒါလမ်းဘတ်



အမေရိကန်ကန်းထရီးဂီတကြယ်ပွင့် မိုင်ရန်ဒါလမ်းဘတ်အား တစ်နှစ်တာအေ ကာင်းဆုံး အနုပညာရှင်ဆုအပါအဝင် စီအမ်အေဆုကိုးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံ ထားရကြောင်းသိရသည်။


ကန်းထရီးဂီတအစည်းအရုံးမှ အဖွဲ့ဝင်များ၏ မဲပေးရွေးချယ်မှုဖြင့် ကန်းထရီးတေးသံ ရှင်များနှင့် ထုတ်လွှင့်သူများကို နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် အဆိုပါဆုပေးပွဲကို အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ တန်နက်စီပြည်နယ်၏ မြို့တော်နက်ရှ်ဗီလီ၌ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

တေးသံရှင်မိုင်ရန်ဒါလမ်းဘတ်သည် ၂ဝ၁၃ ခုနှစ်က စီအမ်အေ၏ အကောင်းဆုံးအ မျိုးသမီးအသံပိုင်းဆိုင်ရာဆု ရရှိဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းဆုအပါအဝင် ယခုနှစ်ဆန်းပိုင်းထွက်ရှိခဲ့သည့် Platinum အယ်လ်ဘမ်ဖြင့် Album of the Year ဆု အပါအဝင် ဆုကိုးဆု ဆန်ခါတင်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့်


 အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက် အကူပြုကြောင်း သိရှိ ရသည်။နောက်ဆုံးတွေ့ရှိသော သုတေသန ရလဒ်များ အရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည် အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။

NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။

အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားမှုအရ အဆုတ်တွင်း ညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင် ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။

သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည်မျှော် လင့်နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။

၎င်းက အစိမ်းရောင် ပန်းဂေါ်ဖီတွင် လူသားတို့၏ ကျန်းမာရေးအား အထောက်အကူ ပြုစေနိုင်သော သဘာဝ ဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ်ရောဂါများ အတွက် အလွန် အစွမ်းထက် သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘောမပေါက်ခဲ့ကြောင်း ပြောကြားသွားသည်။

ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တားနိုင်

ပန်းဂေါ်ဖီစိမ်း (Broccoli) မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုဖြစ်စေတဲ့ အဓိက ဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကင်ဆာစတမ်းဆဲလ်တွေ (Cancer Stemcells) ဟာ အရေအတွက်နည်းပေမယ့် ကင်ဆာပြန်ဖြစ်တာနဲ့ ပျံ့နှံ့တာ အတွက် အဓိကသော့ ချက် ဖြစ်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကင်ဆာကျိတ် အသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးထားပြီး ကင်ဆာ စတမ်း ဆဲလ်တွေကို သတ်ပစ်တာ တွေ့ရှိခဲ့တယ်။ Sulforaphane ဟာ ကင်ဆာရောဂါအပေါ်မှာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို အရင်ကတည်းက သိပြီးသားပါ။

ဒါပေမယ့် အခုသုတေသနက Sulforaphaneရဲ့ ရင်သားကင်ဆာ စတမ်း ဆဲလ်တွေကို ဆန့်ကျင်နိုင်တဲ့ အာနိသင်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Sulforaphane တွေဟာ အဓိကကျတဲ့ ကင်ဆာ စတမ်းဆဲလ်တွေကို ဦးတည် တိုက်ခိုက်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်မယ် ဒါမှမဟုတ် ကုသနိုင်မယ်လို့ သုတေသီ ခေါင်းဆောင် Duxin Sun က ဆိုပါတယ်။

သုတေသီတွေက ရင်သား ကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းမှ ထုတ်ထားတဲ့ Sulforaphane ဒြပ်ပေါင်းတွေ ထိုးသွင်းခဲ့ရာ သာမန်ဆဲလ်တွေ အပေါ်မှာ အာနိသင် နည်းနည်းလေးသာရှိပြီး ကင်ဆာဆဲလ် တွေကိုသာ သိသိ သာသာ လျော့ကျ သွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ် အသစ် တွေလည်း ထပ်မံမဖြစ်ပေါ်နိုင်တော့ တာကို တွေ့ရှိခဲ့ကြပါတယ်။

Credit - Myawady

ပညာရေးဥပဒေကို တောင်ငူကျောင်းသားများ ဆန္ဒပြ




ဗ.က.သများအဖွဲ့ချုပ် တောင်ငူတက္ကသိုလ်နှင့် တောင်ငူနည်းပညာတက္ကသိုလ်မှ 
ကျောင်းသားကျောင်းသူများသည် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် 
အနေဖြင့် ယနေ့မနက်ပိုင်းက တောင်ငူမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့သည်။


ပြည်ထောင်စုလွတ်တော်၌ အတည်ပြုပြဌာန်းခဲ့သည့် အမျိုးသားပညာရေး 
ဥပဒေကို ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်တွင် ပြည်ထောင်စုလွတ်တော်က 
အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေ ပြဌာန်းပြီး နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ 
ထားဝယ် စသည့်မြို့ကြီးများတွင် ကျောင်းသားများမှ ကန့်ကွက်ဆန္ဒပြမှုများ 
ပေါ်ပေါက်ခဲ့သည်။
The Myanma Age

ယူကရိန်းမှာ အပစ်ရပ်ရေး သဘောတူချက် ရတော့မလား

ယူကရိန်း-ရုရှနယ်စပ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ နှစ်ဦး သဘောတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး သောကြာနေ့မှာ လက်မှတ်ထိုးနိုင်ရင် ယူကရိန်း - ရုရှားနယ်စပ်မှာ ၅ လကြာလောက် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အဆင်သင့်ပဲလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောကြားလိုက်ပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဗြိတိန်မှာ ကျင်းပနေတဲ့ နေတိုး ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ အမေရိကန်သမ္မတ Barack Obama အပါအဝင် အနောက်အုပ်စု ထိပ်တန်း ခေါင်းဆောင်တွေကို သမ္မတ Poroshenko က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဦးတည်သွားစေမယ့် သဘောတူညီချက်ကို Belarus နိုင်ငံမြို့တော် Minsk မှာ သောကြာနေ့မှာ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ပိုရိုရှန်းကိုးက ပြောပါတယ်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖြစ်ရင် သူတို့ဖက်ကလည်း အပစ်အခတ် ရပ်စဲဖို့ အဆင်သင့်ရှိကြောင်း ခွဲထွက်ရေးသမားတွေက အစောပိုင်း မှာ ပြောထားပြီး ဖြစ်ပါတယ်။ ယူကရိန်းသမ္မတက သတိနဲ့ အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည် ပြောဆိုနေပေမယ့်လည်း ကြာသပတေးနေ့ နှောင်းပိုင်းက ယူကရိန်း နယ်စပ်မြို့ဖြစ်တဲ့ Mariupol မြို့အပြင်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ်။

အသေးစိတ် အခြေအနေတွေကို မသိရသေးပေမယ့်လည်း အစိုးရတပ်ဖွဲ့တွေအနေနဲ့ သူတို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှာကို စိုင်းပြင်းနေကြတယ်လို့ အစိုးရတပ်ဖွဲ့တွေ ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းနဲ့ ခွဲထွက်ရေး သမားတွေ အကြား ဒီကနေ့မှာ အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ရှိ

ယူကရိန်း ​အရှေ့ဘက်ခြမ်းမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကို ​အဆုံးသတ်နိုင်ဖို့အတွက် ​ခွဲထွက်ရေး ​လက်နက်ကိုင် ​အဖွဲ့နဲ့ ​အစိုးရအကြား ​ဒီကနေ့မှာ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူညီမှု ​လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ​ယူကရိန်း ​သမ္မတ ​Petro ​Poroshenko ​က ​ပြောကြားလိုက်ပါတယ်။

ငါးလနီးပါး ​ရှိနေပြီဖြစ်တဲ့ ​ပဋိပက္ခကို ​အဆုံးသတ်နိုင်ဖို့ ​အခြေအနေ ​တရပ်အပေါ် ​မူတည်တဲ့ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူညီမှု ​စာချုပ် ​လက်မှတ်ရေးထိုးသွားမယ် ​ဆိုတဲ့အကြောင်းကို ​ဝေလ ​နိုင်ငံမှာ ​ကျင်း ​ပ ​ပြု ​လုပ် ​တဲ့ ​နေတိုး ​မြောက်အတ္တလန္တိတ် ​စာချုပ်အဖွဲ့ ​အစည်း ​အဝေး ​တက်ရောက်နေစဉ် ​အတွင်း ​ယူကရိန်း ​သမ္မတ ​က ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

ယူကရိန်း ​သမ္မတ ​က ​Belarus ​နိုင်ငံ ​မြို့တော် ​Minsk ​မှာ ​ပြုလုပ်မယ့် ​အစည်းအဝေးအတွင်း ​ရုရှားနဲ့ ​ခွဲထွက်ရေးသမားတွေရဲ့ ​ပြောဆိုချက်အပေါ် ​မူတည်ပြီး ​နှစ်ဦးနှစ်ဖက် ​ပါဝင်တဲ့ ​အပစ်အခတ်ရပ်စဲရေး ​လုပ်ဖို့အတွက် ​သူ့ရဲ့ ​စစ်သားတွေကို ​အမိန့်ပေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒါကတော့ ​ရုရှား ​စစ်ပစ္စည်းတွေအားလုံးနဲ့ ​ရုရှားစစ်ကြောင်းတွေအားလုံး ​ယူကရိန်းနယ်မြေထဲကနေ ​ဆုတ်ခွာရမယ်ဆိုတဲ့ ​အချက် ​ပါဝင်ရမယ်လို့ ​ယူကရိန်း ​သမ္မတ ​က ​ပြောပါတယ်။

ဒါပေမဲ့ ​ရုရှား ​သမ္မတ ​Valdimir ​Putin ​ကတော့ ​ယူကရိန်းမှာ ​ငြိမ်းချမ်းရေး ​ပြန်လည် ​တည်ဆောက်ဖို့ ​အတွက် ​သူကိုယ်တိုင် ​ရေးဆွဲထားတဲ့ ​ငြိမ်းချမ်းရေး ​လုပ်ငန်း ​အစီအစဉ် ​ခုနှစ်ချက်ရှိတယ်လို့ ​သိရပါတယ်။

ရုရှားလိုလားတဲ့ ​ခွဲထွက်ရေး ​သမားတွေဘက်ကတော့ ​အပစ်အခတ် ​ရပ်စဲရေး ​စာချုပ်ကို ​ထင်မှတ်ထားသလိုပဲ ​သဘောတူ ​နိုင်ခဲ့မယ် ​ဆိုရင် ​သူတို့ ​အများစုရှိတဲ့ ​Luhansk ​နဲ့ ​Donetsk ​ဒေသတွေမှာ ​အပစ်အခတ် ​ရပ်စဲရေး ​စတင်လုပ်ဆောင်ဖို့ ​အဆင်သင့် ​ရှိနေပြီလို့ ​ဆိုပါတယ်။

ABC Radio Australia


ယူကရိန်း စစ်သားတွေ (Credit: AFP) 


တင်ပါးလေးလှအောင် လေ့ကျင့်နည်း ၄ ချက်


အလုပ်၊ ကျောင်းနဲ့ သွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝမှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုတာလည်း အရေးကြီးတဲ့အပိုင်းပါ။

မိန်းကလေးတွေ အနေဖြင့် ခန္ဓာကိုယ်မှာလည်း တင်ပါးလေးလှအောင်ဆိုပြီး Gym မှာသွားကစားရအောင်လည်း အချိန်နဲ့ ပိုက်ဆံက စကားပြောလာမှာပါ။ အဲဒီတော့ လွယ်လွယ်နဲ့မြန်မြန်လှအောင်တော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့အချိန်မှာပဲ လေ့ကျင့်ခန်းလေးကို လုပ်လိုက်ကြရအောင်နော်။


၀၁. ရပ်နေတဲ့အချိန်မှာ

ကားကိုစောင့်နေတဲ့အချိန်၊ တယောက်ယောက်ကိုစောင့်နေတဲ့အချိန်၊ မတ်တတ်ရပ်နေတဲ့အချိန်ကို အသုံးချကြရအောင်နော်။ အဲဒီအချိန်မှာ တင်ပါးကိုအားထည့်ပြီး ကြုံ့ကြည့်ပါ။ ၅စက္ကန့်ကြုံ့ပြီး ၅ စက္ကန့်နားပါ။ဒီလေ့ကျင့်ခန်းလေးကို အကြိမ်ကြိမ်လုပ်နိုင်ပါတယ်။ တခုပဲ သတိထားရမှာကတော့ ခါးကိုမတ်မတ်ထားဖို့လိုပါတယ်။

၀၂. ထိုင်နေတဲ့အချိန်မှာ

ထိုင်နေတဲ့အချိန်မှာ ကိုယ်အနေအထားကမမှန်တတ်ပါ။ထိုင်နေတဲ့အချိန်ကို အသုံးချပြီး တင်ပါးအတွက်ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲဆိုတော့ ခြေထောက်နှစ်ချောင်းညီညီညာညာ ဒူးကနေစပြီးကပ်ထားပါ။အချိန်နည်းနည်းကြာလာလျှင်ပေါင်အတွင်း ကြွက်သားက တဖြေးဖြေးနာလာပါလိမ့်မယ်။တင်ပါးနဲ့ဘာမှမဆိုင်ဘူးမဟုတ်လားလို့ မထင်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ အလေးချိန်က ခြေထောက်ရဲ့အပြင်ပိုင်းမှာ များတာကြောင့် ခြေထောက်ရဲ့အတွင်းပိုင်းရဲ့ ကြွက်သားတွေက ပုံမှန်အခြေအနေမှာ သိပ်အလုပ်မလုပ်သောကြောင့် တင်ပါးကလည်း ဘေးသို့ကားသွားစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တင်ပါးမှ ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေမှာပါ။

၀၃. လမ်းလျှောက်တဲ့အချိန်မှာ

လမ်းလျှောက်ပုံဆိုတာလည်း အမျိုးမျိုးရှိပါတယ်။လမ်းလျှောက်တဲ့ပုံကို ကြည့်ပြီးတော့ အဲဒီသူက ဘယ်သူလဲဆိုတာကို မှန်းလို့ရတဲ့အခါမျိုးကို ကြုံဖူးမှာပါ။အနှစ်နှစ်အလလ ဒီပုံအတိုင်းပဲလျှောက်နေမယ်ဆိုရင်တော့ အရိုးနှင့်ကြွက်သားတွေကို ဒဏ်ပေးသလိုဖြစ်နေမှာပါ။ဥပမာ အပေါ်အောက် ခုံသလိုလမ်းလျှောက်နေတဲ့သူဟာ ခြေဖျားထောက်ပြီး လမ်းလျှောက် နေလို့ပါ။ တင်ပါးလေးလှအောင် ဘယ်လိုလုပ်ရမှာဆိုတော့ ဖနောင့်ကို စနစ်တကျ အသုံးချဖို့လိုအပ်ပါတယ်။ခြေထောက်ကို မြေကြီးနဲ့စပြီးထိတဲ့အချိန်မှာ ဖနောင့်ကနေစ၍ ထိစေဖို့လိုပါတယ်။ဒါကြောင့် ပေါင်အနောက်ပိုင်းက ကြွက်သားတွေကို လှုပ်ရှားစေပြီး တင်ပါးမှာရှိသော ကြွက်သားတွေကိုလည်း အလုပ်လုပ်စေမှာဖြစ်ပါတယ်။

၀၄. လှေကားအတတ်အဆင်းလုပ်တဲ့အချိန်မှာ

လှေကားတတ်တဲ့အချိန်မှာ လေ့ကျင့်ခန်းကိုလုပ်ရမယ် ဟုတ်လား။စိတ်ညစ်စရာကောင်းလိမ့်မယ်လို့ထင်ပါတယ်။
ဒါပင်မဲ့ ခက်တဲ့လေ့ကျင့်ခန်းမဟုတ်ပါ။လှေကားကို မြန်မြန်မတတ်ပဲ ခြေဖျားကနေ ခြေဖနောင့်အထိ ထိထိမိမိ နင်းပြီး ဖြေးဖြေးတတ်ဖို့ပဲလိုပါတယ်။တင်ပါးမှ ပေါင်ရင်း၊ ကိုယ်ခန္ဓာအောက်ပိုင်းကို အသုံးချပြီး တတ်သွားရုံပါပဲ။ဆင်းရင်လည်း တူတူပါပဲ။ ကိုယ်ခန္ဓာကို အရှေ့ကို ငိုက်မကျစေဖို့သတိထားပါနော်။

အပေါ်ကလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်ဖို့ဆိုတာ ခက်ပင်မဲ့ သတိရရင် လုပ်စေချင်ပါတယ်။

Happiness Is To You
Chelmo Team

ဝဲလ်ဘက်ကို ရောင်းထုတ်ခဲ့သည့် ယူနိုက်တက်ကို လက်ထောက်မန်နေဂျာဟောင်း ဝေဖန်


ဒန်နီဝဲလ်ဘက်ကို အာဆင်နယ်ထံ ရောင်းထုတ်လိုက်ခြင်းသည် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မိမိတို့၏ ပုံရိပ်တစ်ခုကို ဖျက်ဆီးလိုက်ခြင်းဟု အသင်း၏ လက်ထောက် မန်နေဂျာဟောင်း မစ်ခ်ဖီလန်က ဝေဖန် ပြောကြားလိုက်သည်။

ဖီလန်သည် ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ယူနိုက်တက်တွင် လက်ထောက်မန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ၎င်းက ဝဲလ်ဘက်ကဲ့သို့ ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမားကောင်း တစ်ဦးကို ဆက်ထိန်းမထားဘဲ ပြိုင်ဘက်အသင်းထံ ရောင်းထုတ်လိုက်မှုနှင့် အသင်းမှ လူငယ် ကစားသမား အများအပြား ထွက်ခွာသွားမှုတို့အပေါ် ဝေဖန် ပြစ်တင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက်သည် အိန်ဂျယ်လ် ဒီမာရီယာ၊ အန်ဒါဟာရဲရာ၊ လုခ်ရှော၊ မားကို့စ်ရိုဂျို၊ ဒါလေဘလင်းနှင့် ရာဒါမယ် ဖယ်လ်ကာအိုတို့ကို ခေါ်ယူခဲ့ပြီး အသင်းမှ လူဟောင်း အများအပြားကို ရှင်းထုတ်ပစ်ခဲ့သည်။


အသက်(၂၃)နှစ်ရှိ ဝဲလ်ဘက်သည် အာဆင်နယ်သို့ ပေါင်စတာလင် (၁၆)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သလို တွမ်လောရင့်စ်၊ နစ်ခ်ပါဝဲလ်နှင့် မိုက်ကယ်ကိန်းတို့သည်လည်း အိုးလ်ထရက်ဖို့ဒ်ကို အငှားဖြင့်ဖြစ်စေ၊ အပြီးသတ် ပြောင်းရွှေ့မှုဖြင့်ဖြစ်စေ စွန့်ခွာသွားခဲ့သည်။ ယူနိုက်တက် လူငယ်စီမံကိန်းမှ ထွက်ပေါ်လာသည့် ကွင်းလယ်လူ တွမ်ကလီဗာလေသည်လည်း အက်စ်တန်ဗီလာ အသင်းထံသို့ အငှားပြောင်းရွှေ့သွားပြီ ဖြစ်သည်။ ဖီလန်က အဆိုပါ အခြေအနေများအပေါ် စိတ်ပျက်မိကြောင်း ဆိုသည်။


“အခုဆို အသင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပုံမှန်လမ်းကြောင်းကနေ နည်းနည်း သွေဖယ်လာပါပြီ။ အခုလက်ရှိ အသင်းဟာ လူငယ်တွေ မွေးထုတ်ပေးနေတဲ့ အခြေအနေကနေ လူသစ်တွေ ခေါ်ယူတဲ့ ပုံစံမျိုး ပိုပေါ်လွင်လာပြီ။ ဝဲလ်ဘက်လို ကစားသမားမျိုးဟာ ယူနိုက်တက်ရဲ့ ပုံရိပ်မှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသင့်တာပါ။ အခုတော့ ဒီပုံရိပ်ဟာ ကျိုးပျက်သွားပါပြီ။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ။ ဘယ်သူမှ ဒါကို မသိဘူး။ ကိစ္စတစ်ခု အစပြုရင် မေးခွန်းတွေကတော့ ရှိလာမှာပါပဲ။ အခု ယူနိုက်တက်ဟာ လမ်းကြောင်းသစ် တစ်ခုကို သွားနေတာလား။ ဒါမှမဟုတ် အနာဂတ်ထက်စာရင် လက်ရှိ အခြေအနေကိုပဲ ကြည့်တော့တာလား။ လူငယ်တွေဆိုတာ အမြဲတမ်း အနာဂတ်ကို ကိုယ်စားပြုတယ်လေ။ နောက်ထပ် လူငယ်တွေကို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြလာနိုင်အောင် ယူနိုက်တက်က မြှင့်တင်ပေးနိုင်ဖို့ပဲ မျှော်လင့်ရပါတော့မယ်”ဟု ဖီလန်က ပြောကြားခဲ့သည်။


၎င်းက ဝဲလ်ဘက် အနေဖြင့် အာဆင်နယ်တွင် အောင်မြင်လိမ့်မည်ဟုလည်း သုံးသပ်ခဲ့သည်။ “သူ့အသက်က ငယ်ပါသေးတယ်။ လူငယ် ကစားသမားတွေ အနေနဲ့ အမြင့်ဆုံး ခြေစွမ်းကို ရလာဖို့ဆိုတာ အချိန်တွေ ကျန်နေသေးတယ်။ ဒါပေမဲ့ ဝဲလ်ဘက်ဟာ ပြီးခဲ့တဲ့ (၁၂)လတာ ကာလအတွင်းမှာ ရှိခဲ့တဲ့ အခြေအနေထက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တင် ခံစားဖို့ လိုပါတယ်။ အခုဆိုရင် သူဟာ ကိုယ်ကစားချင်တဲ့ နေရာမှာ ကစားခွင့် ရလာပြီ။ ဒါကြောင့်လည်း အာဆင်နယ်ကို သူရွေးလိုက်တာလို့ ကျွန်တော် ယူဆတယ်။ အာဆင်နယ်ဟာ သူကစားချင်တဲ့ နေရာမှာ ကစားဖို့ အခွင့်အရေး ပေးခဲ့တယ်။ တိုက်စစ်မှူး နေရာလေ။ အာဆင်နယ်ဆိုတာ ကောင်းကောင်း တည်ဆောက် လည်ပတ်နေတဲ့ အသင်းမျိုးပါ။ ဘောလုံးအမြင်အရ ကြည့်ရင်တော့ တိုးတက်မှု ရှာဖွေနေချိန်မှာ အာဆင်နယ်လို အသင်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ”ဟု ဖီလန်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

တစ်နှစ်အတွင်းမိမိကိုယ်ကို သေကြောင်း ကြံစည်သူ ဦးရေ ရှစ်သိန်း ရှိကြောင်း WHO ပြော

ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့ ​WHO ​ကနေ ​လာမယ့် ​၂၀၂၀ ​ပြည့်နှစ် ​မတိုင်ခင် ​မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်သူ ​ဦးရေ ​၁၀ ​ရာခိုင်နှုန်း ​လျော့ကျအောင် ​လုပ်ဆောင်မှာ ​ဖြစ်ပါတယ်။

WHO ​အဖွဲ့ကနေ ​မိမိကိုယ်ကို ​သေကြောင်းကြံစည်မှု ​ကြိုတင် ​ကာကွယ်ခြင်း ​ဆိုင်ရာအတွက် ​ပထမဆုံး ​အစီရင်ခံစာ ​တစ်စောင် ​ထုတ်ပြန်ခဲ့ပြီး ​တွေ့ရှိ ​ချက်တွေ ​ကတော့ ​ကြောက်ခမန်း ​လိလိ ​အခြေ ​အနေမှာ ​ရှိနေပါတယ်။

အဲဒီအစီရင် ​ခံစာအရ ​ကမ္ဘာပေါ်က ​လူတွေဟာ ​မိနစ် ​၄၀ ​မှာ ​တစ်ယောက် ​နှုန်းနဲ့ ​ကိုယ့်ကိုကိုယ် ​သေကြောင်း ​ကြံစည်နေ ​တယ်ဆို ​တာကို ​တွေ့ခဲ့ရပြီး ​တစ်နှစ်မှာ ​လူ ​အယောက်ပေါင်း ​ရှစ်သိန်း ​လောက်က ​ကိုယ့်ကိုကိုယ် ​ကြံစည်ပြီး ​သေဆုံးကြ ​တဲ့နှုန်း ​ဖြစ်နေ ​ပါတယ်။

အသက် ​၁၅ ​နှစ်ကနေ ​၂၉ ​နှစ်ရှိ ​လူငယ်တွေ ​အကြား ​ဒုတိယ ​အများဆုံး ​သေစေတဲ့ ​ပြဿနာ ​တစ်ခု ​ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ​၁၀ ​နှစ်ကြာ ​သုတေသန ​ပြုလုပ် ​ပြီးနောက် ​ဒီအစီရင် ​ခံစာကို ​ထုတ်ပြန် ​ခဲ့တာပါ။

မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်သူ ​ဦးရေ ​များပြား ​ရတာဟာ ​မီဒီယာတွေမှာ ​ရေးသား ​ချက်တွေကြောင့် ​ဖြစ်တယ်လို့ ​လည်း ​စွပ်စွဲထားပါတယ်။

ဥပမာအားဖြင့် ​မကြာသေး ​ခင်တုန်းကပဲ ​မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်ခဲ့တဲ့ ​ဟောလိဝုဒ်ရုပ်ရှင် ​ဟာသ ​သရုပ်ဆောင် ​မင်းသား ​Robin ​William ​သေဆုံးမှုမှာ ​မီဒီယာတွေ ​အများအပြား ​ဖော်ပြခဲ့တာကို ​ထောက်ပြခဲ့ကြပါတယ်။

မိမိကိုယ်ကို ​သေကြောင်း ​ကြံစည် ​မှုကနေ ​ကာကွယ်ပေးနိုင်မယ့် ​နည်းဗျူဟာတွေ ​ရှိတဲ့နိုင်ငံမှာ ​သေကြောင်း ​ကြံစည် ​သူဦးရေ ​ပိုနည်းပါး ​တာကို ​တွေ့ခဲ့ရပေမယ့် ​အဲဒီ ​နည်းဗျူဟာကို ​နိုင်ငံပေါင်း ​၂၈ ​နိုင်ငံကသာ ​ကျင့်သုံးနေတယ်လို့လည်း ​WHO ​အဖွဲ့က ​ပြောပါတယ်။

ABC Radio Australia


ဓါတ်ပုံ - အင်တာနက် 


မြန်မာကို တိုက်ခိုက်မည်ဟု အယ်လ်ခိုင်ဒါ ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၄။ အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက် အယ်လ်ခိုင်ဒါအဖွဲ့က မြန်မာနိုင် ငံကိုတိုက်ခိုက်မည်ဟု အယ်ခိုင်ဒါမီဒီယာကထုတ်ပြန်ထားသည့် ဗီဒီယိုတစ်ခုတွင် စက်တင်ဘာ ၃ ရက်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။



၅၅ မိနစ်ကြာဗီဒီယိုဖိုင်ကို အကြမ်းဖက်မူဝါဒ စောင့်ကြည့်လေ့လာရေး အဖွဲ့ (SITE) က အွန်လိုင်းဂျီဟတ်ဝါဒီ ဆွေးနွေးမှုများထဲ၌ တွေ့ရှိ ခဲ့ခြင်းဖြစ် ပြီး ခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟရီက မြန်မာနိုင်ငံ အပါအ၀င် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ များတွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

အယ်လ်ခိုင်ဒါသည် လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် အားကောင်းနေဆဲဖြစ်ပြီး ဗီဒီယိုဖိုင်အတွင်း အဓိကပြောဆိုချက်မှာ အိန္ဒိယနိုင်ငံတွင် အယ်လ်ခိုင်ဒါ ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်လိုက်သည့် အချက်ဖြစ်သည်။

“ဂိုဏ်းခွဲကို ဒီနေ့တည်ထောင်လိုက် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိန္ဒိယ တိုက်ငယ်ထဲက မူဂျာဟစ်ဒင် တွေတစ်စုတည်း ဖြစ်လာအောင် စုစည်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက အားထုတ်မှုရဲ့ အသီးအပွင့် တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဇ၀ါဟရီက ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ တုံ့ပြန်မှု

အဆိုပါ ဗီဒီယိုဖိုင်သတင်းများ ပြန့်နှံ့သည့် စက်တင်ဘာ ၄ ရက်က နာရီပိုင်းအတွင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေး (မှူးဇော်)က “အယ်လ်ခိုင်ဒါဂျီဟတ် စိုးရိမ်စရာမရှိသေး” ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားသည်။

ထို့ပြင် မြန်မာအစိုးရအနေနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ပစ်မှတ်ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က ကြိုတင်သိရှိသည်ဟု ၎င်းကဆိုသည်။“ပြင်ဆင်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အ စည်းတွေအားလုံး အလေးထားလုပ်ဆောင်ခဲ့ပါတယ်။ အယ်လ်ခိုင်ဒါ ကွန်ရက်ပျံ့နှံ့စီးဆင်း လည်ပတ်မှုတွေ ကိုလေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦး ဇော်ဌေးက ဆိုသည်။
ထို့ပြင် အယ်လ်ခိုင်ဒါသတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ရခိုင်ပြည်နယ်မှာ လုံခြုံရေး အပြည့်အ၀ ယူထားပါတယ်။ ပြည်သူလူထု စိုးရိမ် မှုကင်းအောင် ရုပ်မြင်သံကြားကတစ်ဆင့် သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မဇ္ဈိမကို ပြောသည်။ 

အယ်လ်ခိုင်ဒါနှင့် ပတ်သက်သည့် အခြားအမြင်များ

အစ္စလာမ်သာသနာရေးကောင်စီအဖွဲ့ဝင် ဦးလှဝင်းက “ဒါမျိုးကို လက်ခံလို့မရဘူးလေ။ သတင်းရရင်တော့ ကျွန်တော်တို့ အစ္စလာမ်ကောင်စီ အနေနဲ့ ဆွေးနွေးပွဲ လုပ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့အကြောင်း ထုတ်ပြန် ရမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က “နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို အ လေးအနက်ထား ကာကွယ်ပေးဖို့လိုပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်သွယ်နေတဲ့ ကုန်စည် စခန်း တွေကိုတောင် ပိတ်သင့်ရင် ပိတ်တာမျိုး ဖြစ်သင့်တယ်။ ရခိုင်နယ်စပ်မှာ တိုက်ခိုက်မှုတွေဖြစ်တဲ့ RSO အဖွဲ့နဲ့ ဆက်စပ်မှု မရှိဘူးလို့ မပြောနိုင်ဘူးလေ”ဟု ဆိုသည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိလက်နက်ကိုင်အ ဖွဲ့တစ်ခုနှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သားခုနစ် ဦးကျဆုံးခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့များကို မြို့နယ်အချို့တွင် ဖွဲ့စည်းထားပြီး ကင်းလှည့် ရေယာဉ်များဖြင့် ကြပ်မတ်လျက် ရှိသည် ဟု ပြည်နယ်အစိုးရက ပြောကြားထားသည်။ရခိုင်ပြည်နယ် နယ် စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာနချုပ် အပါအ၀င် နယ်နိမိတ်မျဉ်း တစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဗိုလ် ချုပ်ကျော်ကျော်ထွန်း က အမျိုးသားလွှတ်တော်တွင် ဇူလိုင်လအတွင်းက ပြောကြားထားသည်။

အယ်ခိုင်ဒါအကြောင်း အကျဉ်း

အယ်လ်ခိုင်ဒါအဖွဲ့သည် ဆွန်နီစစ်သွေးကြွများဖြစ်ပြီး ၎င်းတို့အဓိက အသုံးပြုသည့် တိုက်ခိုက်နည်းများမှာ အသေခံ ဗုံးခွဲခြင်းပြုလုပ်လေ့ ရှိသည်။ အယ်လ်ခိုင်ဒါ အဖွဲ့၏ နာမည်ကြီး တိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (WTC) ကို လေယာဉ်ပြန်ပေး ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ အမေရိကန် သံရုံးဗုံးခွဲခြင်းနှင့် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံဘာလီ မြို့ ဗုံးဖောက်ခွဲမှုတို့ဖြစ်သည်။

နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် CNN နှင့် နယူးယောက်တိုင်း(မ်) သတင်းဌာနများ၏ ရေးသားချက် များအရ အယ်လ်ခိုင်းဒါ၏ ယခုဗီဒီယိုဖိုင်အ တွင်း ပြောဆိုချက်သည့် ၏ အင်အားတိုးပွားလာမှုကို တိုက် ဖျက်နိုင်ရေးအတွက် အင်အားသစ်များ၊ နောက်လိုက်အသစ်များ စုဆောင်းရန် ၀ါဒဖြန့်ခြင်းဟု ဆိုသည်။
Mizzima

အွန်လိုင်းထဲရောက်လာတဲ့ မေမြတ်နိုးဓာတ်ပုံတချို့

အငြင်းပွားမှုတွေဖြစ်နေတဲ့ မေမြတ်နိုး၊ တောင်ကိုရီးယားအခြေစိုက် Miss Asia Pacific World အဖွဲ့အစည်းတို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဓာတ်ပုံတချို့ အွန်လိုင်းထဲ ရောက်လာပါတယ်။ 





ဒီပုံတွေကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ တင်တာလဲ၊ ပုံတွေအားလုံးက အစစ်အမှန်လား၊ ဘယ်တုန်းက ဘယ်မှာ ရိုက်ကူးထားတာလဲ ဆိုတာကတော့ ဘာမှ မသိရပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ... Miss Asia Pacific World အဖွဲ့အစည်းက သူ့ကို သူခိုး၊ လိမ်ညာသူ လို့ ပြောဆိုခဲ့မှုတွေကို ပြန်တောင်းပန်မှ သရဖူကို ပြန်အပ်မယ်လို့လည်း မေမြတ်နိုးက ပြောထားပါတယ်။ 

နာက်ပြီး ရင်သားခွဲစိတ်မှုကိုလည်း မပြုလုပ်ခဲ့ဘူးလို့ မေမြတ်နိုးက ငြင်းဆိုထားတာပါ။ 

မမြတ်နိုးနဲ့ပတ်သက်တဲ့ အသက် ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း ၁၆ နှစ် အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောကို ဓာတ်ပုံတပုံမှာ တွေ့ရပါတယ်။ 

နာက်တချက်က ရင်သားအစားထိုး ဖို့ အတင်းဖိအားပေးခံခဲ့ရတယ်လို့ မေမြတ်နိုးဘက်က ပြောဆိုခဲ့ပြီး ရင်သားခွဲစိတ်မှု မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားမှုတွေကို စဉ်းစားစရာဖြစ်သွားနိုင်မယ့် ဓာတ်ပုံလည်း ပါပါတယ်။ 

အဲဒီ ခွဲစိတ်ခန်းလိုလို၊ ကျန်းမာရေးဝန်ဆောင်မှုတခုခုပေးတဲ့အခန်းလိုလိုမှာ တွေ့ရတဲ့ အမျိုးသမီးက မေမြတ်နိုးနဲ့ ဆင်တူပါတယ်။ သူလည်း ဖြစ်နိုင်သလို တခြားတယောက်လည်း ဖြစ်နိုင်ပါတယ်။

ကိုရီးယားမယ်ပြိုင်ပွဲအဖွဲ့ကတော့ မေမြတ်နိုးရဲ့အလှအပအတွက် ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးကို အပ်ထားခဲ့တယ်လို့ ပြောထားတာကို http://blog.irrawaddy.org/2014/09/blog-post_62.html မှာ ရေးထားပါတယ်။ ကျွမ်းကျင်သူ ၁ဝ ဦး စီစဉ်ထားတယ် ဆိုတော့လည်း ဒီအခန်းဟာ ခွဲစိတ်ခန်း ဟုတ်ပါ့မလားလို့လည်း သံသယ၀င်စရာ ဖြစ်ပါလိမ့်မယ်။





ဒီစာအုပ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊ မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့ မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။






စားပွဲပုံစံအရ ဆိုရင် ဒါဟာ ဝန်ဆောင်မှုတခုခုပေးတဲ့ဌာနတခုခုရဲ့ ဧည့်ခန်းဖြစ်ပါလိမ့်မယ်

ဒါက မေမြတ်နိုး နဲ့ သူ့မိခင် ဖြစ်ပါလိမ့်မယ်

အလှမယ် မေမြတ်နိုးနဲ့ ကိုရီးယားအဖွဲ့ကြား ပဋိပက္ခက အင်မတန် ရှုပ်ထွေးပါတယ်။ နှစ်ဘက်စလုံးက ငါ့ဘက်က မမှား၊ သူ့ဘက်ကသာ မှားတယ်လို့ ပြောနေကြတာပါ။
ဒီပဋိပက္ခအကြောင်း နောက်ဆက်တွဲတွေ ထပ်လာဦးမယ်လို့ ယူဆရပါတယ်။

အိမ့်သံစဉ် ~

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ တပ်သားတွေ
IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာက အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့တဖွဲ့ ဖြစ်ပြီး ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတလျှောက် နယ်မြေအတော်များများကို သိမ်းယူထိန်းချုပ်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လူအများအမြောက် သတ်ဖြတ်မှုတွေ၊ သာသာရေးလူနည်းစု၊ တိုင်းရင်းသား လူနည်းစုတွေကို အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာတွေ နဲ့ စစ်သားတွေ သတင်းသမားတွေကို ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အပါအဝင် သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကြောင့် ကမ္ဘာတဝန်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကြောင့်လည်း အမေရိကန်တို့ရဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာခဲ့ရပါတယ်။

အိုင်အက်စ်တို့ ဘာကိုလိုချင်တာလဲ


အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘက်ဒါဒီ
အိုင်အက်စ် အဖွဲ့ရဲ့ ရည်ရွယ်ချက်က တဦးတည်းသော နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်တဲ့ သူတို့အခေါ် caliphate လို့ ခေါ်တဲ့ အစ္စလာမ္မစ် နိုင်ငံကို ထူထောင်ဖို့ ဖြစ်ပါတယ်။

လောလောဆယ် သူတို့ရဲ့ အင်အားဟာ အီရတ်နဲ့ ဆီရီးယားမှာပဲ ရှိနေပေမယ့် အိုင်အက်စ်တို့က နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဂျော်ဒန်နဲ့ လက်ဘနွန်တွေအထိ သူတို့အင်အားကို ဖြန့်ကျက်ကာ ပါလက်စတိုင်းကို လွတ်မြောက်အောင် လုပ်မယ်လို့ ဂတိပြုထားပါတယ်။

ဒီလို ဂတိစကားဟာ ကမ္ဘာတဝန်းမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နောက်ပြီး သူတို့ရဲ့ ခေါင်းဆောင် Abu Bakr al - Baghdadi .အဘူ ဘာကာ အဲ ဘက်ဒါဒီ ကို သစ္စာခံကြဖို့ အိုင်အက်စ်တို့က တောင်းဆိုနေကြပါတယ်။

အိုင်အက်စ် အစ ဘယ်ကလဲ


ဇာကာဝီ စထူထောင်စဉ်ကတည်းက သူတို့ရဲ့ နည်းလမ်းတွေကို အယ်လ်ကိုင်ဒါးက ဝေဖန်ခဲ့
အိုင်အက်စ်ရဲ့ ဇစ်မြစ်ကို ခြေရာခံမယ်ဆိုရင် ကွယ်လွန်သူ ဂျော်ဒန်နိုင်ငံသား အဘူ မူဆာဘ် အဲ ဇာကာဝီ ၂၀ဝ၂ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တော်ဟစ် ဝါအဲ ဂျီဟတ်အဖွဲ့ဟာ အိုင်အက်စ်ရဲ့ အစလို့ ပြောနိုင်ပါတယ်။

အီရတ်ကို အမေရိကန်တို့ ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး တနှစ်အကြာမှာ မစ္စတာ ဇာကာဝီဟာ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သစ္စာခံပြီး အီရတ်မှာ AQI လို့ ခေါ်တဲ့ အီရတ်အယ်လ်ကိုင်ဒါး အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့က အဲဒီအချိန်ကစလို့ အီရတ်မှာ နိုင်ငံတကာတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဓိကကျတဲ့ အင်အားစု ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ဇာကာဝီ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ၂၀ဝ၆ ခုနှစ်မှာ AQI အဖွဲ့ဟာ တခြားအဖွဲ့တွေကို စုစည်းပြီး အိုင်အက်စ်အိုင် လို့ ခေါ်တဲ့ Islamic State in Iraq ( ISI ) အီရတ် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ကို ထူထောင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ အိုင်အက်စ်အိုင်ရဲ့ ရက်စက်မှုတွေကို မကြိုက်ကြတဲ့ ဆွန်နီ အာရပ်မျိုးနွယ်စုတွေက Sahwa ရှဝါကောင်စီဆိုတာကို သီခြားဖွဲ့စည်းခဲ့ကြတာတွေကြောင့် အိုင်အက်စ်အိုင်ရဲ့ အင်အားဟာ တဖြေးဖြေးလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ အဘူ ဘာကာ အဲ ဘက်ဒါဒီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် သူဟာ အိုင်အက်စ်အိုင်ရဲ့ အင်အားကို ပြန်တည်ဆောက်ယူခဲ့ပါတယ်။

၂၀၁၃ နှစ်ကစလို့ အိုင်အက်စ်အိုင်ဟာ အီရတ်မှာ တလကို တိုက်ခိုက်မှုတွေ အတော်များများ ပြန်လုပ်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အိုင်အက်စ်အိုင်ဟာ ဆီရီးယားက သမ္မတ ဘာရှာ အဲ အာဆတ်ကို ဆန်ကျင်တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်လာခဲ့ပြီး al - Nusra အဲ နုဆရာ တပ်ဦးကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ ဘာဂါဒီဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ သူ့ရဲ့ တပ်တွေကို ပေါင်းပြီး ISIS အိုင်စစ်လို့ ခေါ်တဲ့ အီရတ်နဲ့ လဲဗန့်ဒေသဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လဲဗန့်ဒေသဆိုတာကတော့ ဆီရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ် နိုင်ငံတွေပါတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို အိုင်စစ်ဖွဲ့စည်းတာကို al - Nusra အဲ နုဆရာ တပ်ဦးနဲ့ အယ်လ်ကိုင်ဒါး ခေါင်းဆောင်တွေ လက်မခံကြပါဘူး။

ဒါပေမယ့် ဘက်ဒါဒီကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေက အဲ နုဆရာ ကခွဲထွက်ပြီး အိုင်စစ် ဆီရီးယားနိုင်ငံထဲမှာ ဆက်လက်ရှင်သန်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။

၂၀၁၃ ဒီဇင်ဘာလအကုန်မှာ အိုင်စစ်ဟာ အီရတ်ကို ပြန်အာရုံစိုက်ပြီး ရှီအိုက်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆွန်နီအာရပ် လူနည်းစုတွေကြား နိုင်ငံရေးတင်းမာမှုကို ကောင်းကောင်း အသုံးချပါတော့တယ်။

ဒီနောက်မှာ အိုင်စစ်အဖွဲ့ဟာ မျိုးနွယ်စုတွေရဲ့ အထောက်အကူနဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ဖါလူဂျာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ အိုင်စစ်တို့ဟာ အီရတ်မြောက်ပိုင်းက မိုဆူးလ် မြို့ကို ဝင်သိမ်းလိုက်ပြီး အဲဒီကနေ တောင်ဘက်မှာရှိတဲ့ ဘဂ္ဂဒက်မြို့တော်ဆီ ရှေ့တိုးချီတက်လာခဲ့ကြပါတယ်။

ဇွန်လအကုန်မှာ မြို့ကြီး မြို့ငယ်အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အင်အားတွေကိုစုစည်းကာ အစ္စလာမ္မစ်နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး သူတို့ အိုင်စစ်အဖွဲ့ကိုလည်း အိုင် အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့လို့ အမည်ပြောင်းခဲ့ပါတယ်။

နယ်မြေဘယ်လောက်များများ အိုင်အက်စ်တို့ ထိန်းချုပ်ထားသလဲ


အထူးသဖြင့် အီရတ်က ယာဇီဒီဘာသာရေး လူနည်းစုတွေကို အိုင်အက်စ် ပစ်မှတ်ထားခဲ့
အိုင်အက်စ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ အီရတ်နဲ့ ဆီရီးယားနိုင်ငံပေါင်း စတုရန်းမိုင်ပေါင်း ၁၅၀ဝ၀ လောက်ရှိတယ်လို့ တချို့က ခန့်မှန်းကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံ အရွယ်အစားလောက်ရှိပါတယ်။

တချို့ကလည်း ဂျော်ဒန်နိုင်ငံ အရွယ် စတုရန်းမိုင် ၃၅၀ဝ၀ လောက်လို့ ပြောကြပါတယ်။

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အီရတ်က မိုဆူးလ်၊တီကရစ်၊ဖါလူဂျာနဲ့ တယ်လ်အာဖါ မြို့တွေ နဲ့ ဆီရီးယားက ရေနံတွင်းတွေ၊ ဆည်ကြီးတွေ၊ အဓိက လမ်းမကြီးတွေနဲ့ နယ်စပ်ဖြတ်စခန်းတွေရှိတဲ့ Raqqa ရက္ကာမြို့တို့ပါဝင်ပါတယ်။

အိုင်အက်စ်တို့ရဲ့ အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ လူဉီးရေက ၈ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။

အဲဒီနယ်မြေတွေမှာ အိုင်အက်စ်တို့ဟာ တင်းကြပ်တဲ့ ရှရီယာဥပဒေကိုပြဌာန်းအုပ်ချုပ်နေပြီး အမျိုးသမီးတွေကို အတင်းအကျပ် ခေါင်းမီးခြုံခိုင်းတာတွေ၊ မွတ်ဆလင်မဟုတ်သူတွေကို အထူးအခွန်ဆိုပြီးဆောင်ခိုင်းတာတွေ ဒါမှမဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းတာတွေ နဲ့ ကြိမ်ဒဏ် သေဒဏ်တွေနဲ့ အပစ်ပေးတာတွေ လုပ်နေကြပါတယ်။

လူအင်အားဘယ်လောက်ရှိလဲ


ဆီရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီရှိ
အိုင်အက်စ်မှာ တကယ်တန်း တိုက်ခိုက်နေသူ ၁၅၀ဝ၀ လောက်ရှိမယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြပါတယ်။

ဒါပေမယ့် သြဂုတ်လအစောပိုင်းမှာ အီရတ်ကျွမ်းကျင်သူ ဟီရှမ် အဲ ဟာရှီမီ Hisham al - Hashimi က ၃၀ဝ၀ဝ ကနေ ၅၀ဝ၀ဝ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက လောက်ကပဲ အိုင်အက်စ်ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူတွေဖြစ်ပြီး တခြားလူတွေကတော့ အတင်းအဓ္ဓမ ဝင်ခိုင်းလို့ ကြောက်လို့ ဝင်ကြရသူတွေလို့ ဆိုပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားအတော်များများဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ကြပါဘူး။ နိုင်ငံပေါင်း ၈၁ နိုင်ငံထက်မနည်းက နိုင်ငံခြားသား ၁၂၀ဝ၀ ကျော် အိုင်အက်စ်မှာ ပါဝင်တိုက်ခိုက်နေကြပြီး အဲဒီထဲက ၂၅၀ဝ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆီရီးယားကို လာပြီးတိုက်ခိုက်နေကြတဲ့ အနောက်နိုင်ငံတွေက လူ တွေ ဖြစ်တယ်လို့ လေ့လာပြုစုတဲ့ Soufan Group က လောလောဆယ်ခန့်မှန်းပါတယ်။

သူတို့မှာ ဘယ်လို လက်နက်မျိုးတွေ ရှိသလဲ


အိုင်အက်စ်ဟာ အင်အားအတောင့်ဆုံး ဂျီဟတ်ဒစ်အဖွဲ့တခု ဖြစ်လာ
အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားပေါ် တင်ပစ်လို့ရတဲ့ စက်သေနတ်တွေ ၊ ရော့ကက်လောင်ချာတွေ၊ လေယာဉ်ပစ်သေနတ်တွေ၊ အလွယ်တကူ သယ်ယူပစ်ခတ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို ရရှိနေကြပြီး ပစ်ခတ်နိုင်စွမ်းလည်း ရှိကြပါတယ်။

သူတို့ဟာ အီရတ်နဲ့ ဆီရီးယားစစ်တပ်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကိုလည်း သိမ်းဆည်း ရမိထား ကြပါတယ်။

သူတို့ကို လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အဆက်မပြတ်အောင် ပို့ပေးနေတဲ့ အဖွဲ့တခုရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ဒီလိုလက်နက်စွမ်းရည်တွေကြောင့် သြဂုတ်လမှာ အီရတ်တောင်ပိုင်းက ကာဒ်လူမျိုးပြည်သူ့စစ်စခန်း အတော်များများကို ဝင်စီးခဲ့နိုင်ခဲ့ပါတယ်။

သူတို့ကို ဘယ်သူတွေက ငွေကြေးထောက်ပံ့နေလဲ


သိမ်းထားတဲ့ နယ်မြေက ရေနံနဲ့ ဓါတ်ငွေ့ ရောင်းတာ၊ အခွန်အကောက်တွေနဲ့ ဝင်ငွေသန်းချီ
သတင်းတွေအရ အိုင်အက်စ်မှာ ငွေသားနဲ့ တခြားပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀ဝ၀ လောက်ရှိတယ်ဆိုတော့ ကမ္ဘာမှာ အချမ်းသာဆုံး စစ်သွေးကြွအဖွဲ့လို့ ပြောနိုင်ပါတယ်။

အစပိုင်းမှာ ငွေကြေးထောက်ပံ့မှု အများစုကို အာရပ် ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပုဂ္ဂိုလ် တဉီးချင်း တယောက်ချင်းဆီက ရတာ ဖြစ်ပေမယ့် ဒီနေ့အခါမှာတော့ အိုင်အက်စ်ဟာ ကိုယ်ဖါသာ ကိုယ် ငွေကြေးရှာဖွေ ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာနေပါပြီ။

သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ရေနံနဲ့ ဓါတ်ငွေ့တွင်းတွေကနေ တလ တလကို ဒေါ်လာ သန်းချီ ဝင်နေသလို အခွန်အကောက်တွေ၊ မှောင်ခို အရောင်းအဝယ်တွေ၊ ငွေညှစ်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေကလည်း ဝင်ငွေတွေ ရနေပါတယ်။

အီရတ်က တိုက်ခိုက်မှုတွေအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ကြီးမြို့ငယ်တွေမှာရှိတဲ့ ဘဏ်တွေကနေလည်း ငွေကြေး အမြောက်အများ ရထားခဲ့ပါတယ်။

သူတို့ဘာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို သုံးကြတာလဲ


ရက်စက်မှုတွေနဲ့ လူတွေကို ထိတ်လန့်အောင်လုပ်
အိုင်အက်စ်တွေဟာ ဆွန်နီ အစ္စလမ်ဘာသာကို အစွန်းရောက်အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို လက်ခံ ကျင့်သုံးကြတဲ့ ဂျီဟတ်ဒစ်တွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ကမှ တကယ်တန်း အစ္စလမ်ဘာသာကို အစစ်အမှန် သက်ဝင်ယုံကြည်သူတွေလို့ ကိုယ့်ကိုကိုယ် မှတ်ယူကြပါတယ်။

သူတို့လွဲပြီး ကျန်တကမ္ဘာလုံးဟာ အစ္စလမ်ဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေကြတဲ့ အစ္စလမ်ဘာသာကို မယုံကြည်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီလို အကြောင်းပြချက်တွေနဲ့ တခြားမွတ်ဆလင်တွေရော မွတ်ဆလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်တာတွေ ၊ လက်ဝါးကပ်တိုင်မှာ သုတ်သင်တာတွေ နဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုတွေဟာ ရန်သူကို ကြောက်လန့်တုန်လှုပ်အောင် လုပ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာပါ ဖေါ်ပြရေးသားချက်အရ မယုံကြည်သူတွေအပေါ် ဒီလို လုပ်တာဖြစ်တယ်လို့ အိုင်အကိစ် အဖွဲ့ဝင်တွေ အကြောင်းပြပေမယ့် မွတ်ဆလင်တွေကတော့ သူတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြပါတယ်။

အယ်လ်ကိုင်ဒါးခေါင်းဆောင် Ayman al - Zawahiri အေမန် အဲ ဇာဝါဟီရီကတောင် ဖေဖေါ်ဝါရီလက ဆီရီးယားမှာ လုပ်ခဲ့ အိုင်အက်စ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူတာဝန်မယူဘူးလို့ ပြောခဲ့သလို ၂၀ဝ၅ ခုနှစ်ကလည်း ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မွတ်ဆလင်တွေရဲ့ လေးစားချစ်ခင်မှုကို ဆုံးရှုံးနိုင်တယ် လို့ အဲဒီအချိန်က ခေါင်းဆောင် ဖြစ်တဲ့ ဇာကာဝီကို သတိပေးခဲ့ဘူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မိန်းကလေးတဦး မကောင်းဆိုးဝါး ဖမ်းစားမှုမှ ကာကွယ်ရန် လေလွင့်ခွေးနှင့် မင်္ဂလာဆောင်


မကာင်းဆိုးဝါဖမ်းစားခြင်းမှ ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်းပြည်နယ်မှ မန်ဂလီမန်ဂါ အမည်ရှိ ၁၈နှစ်အရွယ် မိန်းကလေးသည် လေလွင့်ခွေးတကောင်နှင့် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။
မန်ဂလီမန်ဂါသည် ပြဿဒါးကံ ပူးကပ်နေကြောင်း၊ အမျိုးသားတဦးနှင့် လက်ထပ်ပါက မိသားစုသာမက ရွာကိုပါ ကံဆိုးမိုးမှောင်ကျရောက်နိုင်ကြောင်း ၎င်းတို့ရွာမှ ဂုရု၏ စကားကို မိဘဖြစ်သူများက ယုံကြည်သဖြင့် အဆိုပါမင်္ဂလာပွဲအား အလျင်အမြန် ကျင်းပခဲ့ကြသည်။
သူမ၏ဖခင်က ကြောင်တောင်တောင်ဖြစ်နေသော ရှာရူးအမည်ရ ခွေးလေခွေးလွင့်အား မင်္ဂလာပွဲသို့ ကားဖြင့် တင်ဆောင်လာရာ တတ်ရောက်လာသော ဧည့်သည်များက ကြိုဆိုခဲ့ကြသည်။
“ဒီပွဲပြီးရင် မကောင်းဆိုဝါးဖမ်းစားခံထားရတာ ခွေးဆီကို ရောက်သွားမယ်လို့ ရွာလူကြီးတွေပြောလို့ ခွေးနဲ့ မင်္ဂလာဆောင်တာပါ၊ ပြီးရင် ကျမလက်ထပ်မဲ့ အမျိုးသားက အသက်ရှည်ရှည်နေရလိမ့်မယ်” လို့ မန်ဂလီ က ပြောသည်။
သူမ၏ ဖခင်က “မင်္ဂလာပွဲကို အမြန်းဆုံးစီစဉ်ဖို့ ရွာလူကြီးတွေက ပြောတယ်၊ မကောင်းဆိုးဝါး ဖမ်းစားမှုက လွတ်မြောက်ဖို့ ခွေနဲ့မင်္ဂလာဆောင်တာကလွဲလို့ အခြားနည်းလမ်း မရှိဘူး” ဟု ပြောသည်။
၎င်းရွာတွင် ယင်းသို့သောမင်္ဂလာပွဲများ ပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။
ရွာထုံးစံအရ ယခုမင်္ဂလာပွဲသည် မန်ဂလီ၏ ဘ၀အား မည်သို့မျှ ထိခိုက်မည်မဟုတ်သည့်အပြင် ခွေးနှင့် ကွာရှင်းပြတ်စဲခြင်းပြုစရာလည်း မလိုဘဲ လွတ်လပ်စွာ လက်ထပ်နိုင်မည်ဖြစ်သည်။
အယောက် ၇၀ ၀န်းကျင်ခန့်ရှိသော ဆွေမျိုးများနှင့် ရွာသားများက ရိုးရာဗုံများ တီးခတ် ကခုန်ခြင်းဖြင့် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။
“တနေ့တော့ ကျမ အမျိုးသားတယောက်နဲ့ လက်ထပ်မှာပါ၊ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် မင်းသားလေးနဲ့ လက်ထပ်ဖို့ဆိုတာ မိန်းကလေးတိုင်ရဲ့ အိမ်မက်ပါ၊ အဲဒီတော့ ကျမလည်း ကျမဘ၀ရဲ့ မင်းသားလေးကို မျှော်နေပါတယ်” ဟု မန်ဂလီမန်ဂါ က ပြောလေသည်။

IS ပါးကွက်သားများ လက်မှ သေကံမရောက် သက်မပျောက်ခဲ့သူ

ဆွန်နီ အစွန်းရောက် စစ်သွေးကြွများ ဖြစ်သည့် IS (Islamic State) စစ်သွေးကြွများသည် တိုက်ပွဲများ အတွင်း ဖမ်းဆီး ရမိခဲ့သည့် သုံ့ပန်းများကို ရှင်းလင်း ပစ်ရာ၌ နာမည်ကြီးလှပြီး အားလုံးသော သုံ့ပန်းများမှာ IS တို့၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။



သုတ်သင် ခံရသူများ အနက်မှ လွတ်မြောက်လာသူ ဟူစိန် (ကွင်းအနီဖြင့် ၀ိုင်းထားသည်)။

သို့သော် အဆိုပါ သုတ်သင်မှုများ အတွင်းမှ အီရတ် ရှီအိုက် စစ်သား တစ်ဦးမှာ ကံကောင်းထောက်မ စွာဖြင့် လွတ်မြောက်လာ ခဲ့သည်။ အလီဟူစိန်ကာဒ်ဟင်မ် အမည်ရှိ ယင်းစစ်သားသည် IS တပ်ဖွဲ့များ တီကရစ်မြို့ကို သိမ်းပိုက်စဉ်က ဖမ်းဆီးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ယခုတစ်ပတ် အတွင်း ပြုလုပ်ခဲ့သည့် IS တို့၏ သုတ်သင်မှု အတွင်းမှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

ယခု ကွက်မျက် မှုတွင် IS ပါးကွက်သားများသည် အလီဟူစိန် ကာဒ်ဟင်မ် အပါအ၀င် သုံ့ပန်း တစ်ရာခန့်ကို လက်နောက်ပြန် ကြိုးတုပ်ကာ မြေပေါ်တွင် ဒူးထောက် ထိုင်စေပြီး ခေါင်းကို အနောက်မှ ပစ်ခတ်ကာ သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ပါးကွက်သားသည် ဟူစိန်၏ ဘေးမှ သုံးဦးကို ခေါင်းများသို့ ထိမှန်အောင် ပစ်နိုင်ခဲ့သော်လည်း ဟူစိန်ကို ပစ်ရာတွင် လွဲချော် သွားခဲ့သည်။ သို့သော် ဟူစိန်က သေဆုံးဟန် ဆောင်ကာ ရှေ့သို့ လှဲချခဲ့ပြီး သူ့ရဲဘော်များ၏ အလောင်းကောင်များ အကြားတွင် ပါးကွက်သားများ ပြန်ထွက် သွားသည် အထိ မလှုပ်မယှက် လှဲနေခဲ့ရသည်။ ယင်းသုတ်သင်မှု တွင် ဟူစိန်တစ်ဦးတည်းမှ လွဲ၍ မည်သူမျှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။

ယင်းနောက်တွင်မူ သူ၏ အိမ်အပြန် ခရီးကို စတင်ခဲ့ပြီး သုံးရက် အကြာတွင်မှ အီရတ်ပြည် တောင်ပိုင်းရှိ နေအိမ်သို့ အရောက်ပြန်လာ နိုင်ခဲ့သည်။ လက်ရှိအချိန် တွင် သမီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့နေပြီ ဖြစ်သည့် ဟူစိန်က IS တို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများ အတွင်းမှ သူ၏ ပုံကို ပြန် လည် ရွေးချယ်ပေး ခဲ့သည်။ ဟူစိန်က "အသတ်ခံရဖို့ စောင့်နေချိန်မှာ ကျွန်တော့် သမီးလေးရဲ့ 'ဖေဖေ' ဆိုတဲ့ ခေါ်သံလေးကိုပဲ ကြားနေမိတယ်။ ကျွန်တော့် ခေါင်းကို ကျည်ဆံ လွဲသွားချိန်မှာ ကျွန်တော် အမြန်ပဲ သေချင်ယောင် ဆောင်ခဲ့ရပါတယ်"ဟု ဆိုခဲ့သည်။
Mizzima

မေမြတ်နိုး ရင်သား ခွဲစိတ်မှု မပြုခဲ့သလို မိမိမှာလည်း ဗီဇာအတု ပြုလုပ်ခဲ့ ခြင်းမရှိဟု ၎င်း၏ မိခင် ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၄။ အလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ရင်သား ခွဲစိတ်မှု မပြုလုပ်ခဲ့သည့် အပြင် မိမိအနေဖြင့်လည်း ဗီဇာအတုလုပ်ခဲ့ ခြင်း မရှိဟု မေမြတ်နိုး၏ မိခင်ဖြစ်သူက မဇ္စျိမကို ပြောကြားသည်။



"အခုလို ခွဲစိတ်တဲ့ ပုံတွေ တက်လာတာက ပြဿနာ မရှိပါဘူး။ သူတို့ဘက်က သရဖူကို ပြန်လိုချင်တယ်။ အဲဒီကိစ္စကို အရင်ရှင်း ပါမယ်။ မေမြတ်နိုးက ငယ်သေးတယ်။ မတရား စွပ်စွဲမှုတွေ၊ ဗီဇာ လိမ်လည်မှုတွေကို ဥပဒေ လမ်းကြောင်း ဒါမှမဟုတ် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကနေပြီး ဖြေရှင်းသွားမယ်။ အခုက ကိုရီးယား နိုင်ငံနဲ့လည်း မသက်ဆိုင်ပါဘူ။ လှနုထွန်းနဲ့ မစ္စတာ ရောဘတ်ချန်း တို့နဲ့သာ သက်ဆိုင်တာပါ။ ကိုရီးယား နိုင်ငံနဲ့ K-pop အဖွဲ့သား တွေကိုလည်း မစော်ကား ပါဘူး။ K-pop အဖွဲ့ လုပ်ပေးမယ် ဆိုလို့ ယုံကြည်ချက် တစ်ခုနဲ့ သွားခဲ့ ကြတာပါ။ ဟိုရောက်တဲ့ အခါမှာ လှနုထွန်း ဖုန်းဆက် ပါတယ်။ K-pop အစီအစဉ်ကို ဖျက်လိုက်တော့။ လှနုကိုယ်တိုင် တက်လာမယ်။ မေမြတ်နိုး အမေကို ပြန်ခိုင်း လိုက်တော့လို့ ပြောတယ်။ အဲဒီ အချိန်မှာ ကိုယ်တွေ ဘက်က ဘယ်ကုမ္ပဏီမှ ဘယ်အေးဂျင့် ကိုမှ မတွေ့ခဲ့ ပါဘူ။ အခုလို မဟုတ်မမှန်တဲ့ ပုံစံကို တွေ့ခဲ့တယ်။ ဒါ့ကြောင့် သမီးကို ကာကွယ်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ တာပါ။ သူတို့က အမျိုးမျိုး စွပ်စွဲချက်တွေ လုပ်ခဲ့တယ်။ အန်တီတို့ကြေငြာထားတဲ့ အတိုင်း မဟုတ်မဟတ် စကားလုံး တွေနဲ့ သရဖူ ပြန်သိမ်းမယ့် ကိစ္စကို ပြောနေမယ် ဆိုရင် ပြန်ပေးမယ်။ သူတို့သိမ်းတာကို မဖြစ်ချင်ဘူး။ ကိုယ်တိုင် ပြန်ပေးမှာပါ။ သက်သေနဲ့ စွပ်စွဲမှုကို ပြန်ဖြေရှင်း သွားမယ်။ မိခင်တစ်ယောက်ရဲ့ ခံစားမှုကို မိခင်တိုင်း နားလည်မှာပါ။ မေမြတ်နိုးက ဘာကို လိမ်ညာတာလဲ ဆိုတာကို မပြောသရွေ့ သရဖူ မပေးပါဘူး။ အဲဒါတွေကို သက်သေ မပြနိုင်ပဲသရဖူသိမ်းမယ် ဆိုရင်တော့ အန်တီတို့က သရဖူကို နိုင်ငံတော်ကို ပေးသွားမှာပါ"ဟု မေမြတ်နိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းထွေး(ခ) ဂျူးဂျူး ကပြောသည်။

၎င်းတို့ ဗီဇာအတု ပြုလုပ်ခြင်း ဟုတ်မဟုတ် ကိုရီးယား သံရုံးက သက်သေရှိသည်ဟု ပြောသည်။ ယခုကဲ့သို့ ရင်သား ခွဲစိတ်ခြင်း ရှိမရှိကို တစ်ဘက်မှ တင်လာမည့် ဓာတ်ပုံများကို ကြည့်ပြီး ရင်ဆိုင် ဖြေရှင်း သွားမည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။ 

ယင်းကိစ္စနှင့် ပတ်သက်ပြီး Miss Asia Pacific World Myanmar မှNational Director မလှနုထွန်းက "အခုရင်သား ခွဲစိတ်တဲ့ အချိန်တုန်း ကလည်း ဒါ ကတော့ ဟိုဘက်ကို မေးကြည့် လိုက်ပါ။ လှနု မပြောတော့ပါဘူးရှင်။ ဖေ့ဘွတ်မှာလည်း ဓာတ်ပုံတွေ တက်နေပါပြီ။ လေးငါးခြောက်ပုံ တက်နေ ပါတယ်။ ဆရာဝန်နဲ့ ပျော်ပျော်ရွှင်ရွှင် ပါပဲ။ လှနုဘက်ကမြန်မာနိုင်ငံကို ငှဲ့ညာပြီးတော့ ဒီဓာတ်ပုံတွေ သိမ်းထား တာပါ။ အစ်မ ဘက်ကတော့ မေမြတ်နိုးပြီးသွားပြီ။ သူ့ဟာသူ သရဖူကို ပိုက်ထားပိုက်ထား သူက Miss Asia Pacific world မဟုတ် တော့ဘူး။ အခုအချိန်မှာ သူအေးအေးဆေးဆေး ပြန်အပ်လိုက်ရင် ရသွားပါပြီ။ သူ့အမေရဲ့ ချုပ်ထိန်းမှု အောက်မှာ သွားတာ ဖြစ်တဲ့ အတွက် အဲဒီနောက်ပိုင်းက ကိစ္စတွေက လှနုနဲ့ မသက်ဆိုင်တော့ပါဘူး။ လှနုက သူ့ကို ခွင့်လွှတ်ဖို့ ကြိုးစားနေ ပါတယ်။ ကိုယ့်မြန်မာ လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ဘာဖြစ်လို့ တရားစွဲဆို ရမှာလဲရှင့်။ ဟိုဘက်က ဆွဲခိုင်းလည်း လှနုမဆွဲပါဘူး။ လှနုကမြန်မာ လူမျိုးပါ။ မြန်မာဘက်က ရပ်တည်ရ မှာပေါ့။ ဗုဒ္ဓဘာသာ တစ်ယောက်က ခွင့်လွှတ်တတ်ရတယ်လေ။ ဒါပေမယ့် မေမြတ်နိုးက ဗမာပြည်ကို တစ်ကယ်ချစ်တယ်ဆိုရင် လှနု စောစောကပြောသလို ပစ္စည်းလေး တွေကိုပြန်အပ်လိုက်ပါ။ ဒီသရဖူကို ဘယ်လောက် တန်ကြောင်း လိုက်ပြ နေမယ့်အစား တစ်ခြား မီဒီယာတွေ တစ်ဆင့်ဆင့် နိုင်ငံခြားမီဒီယာတွေရဲ့ချဲ့ကားမှုကြောင့် ဈေးကြီးသွားတဲ့ သရ ဖူ ပေါ့နော်။ အဲဒီသရဖူကို ဟုတ်မဟုတ် လိုက်စစ်ပြီးတော့ ပြောနေမယ့်အစား တန်ဖိုး မရေတွက် နိုင်အောင်ကြီးမား လွန်းတဲ့ မြန်မာနိုင်ငံရဲ့သိက္ခာကိုငဲ့ကွက်တဲ့ အနေနဲ့ သရဖူလေးကို ပြန်အပ်ပေးပါလို့ ၊ သူအလုပ် မလုပ်ဖြစ်တော့ ဘူးလေ။ အလုပ်မလုပ် ဖြစ်တော့တဲ့ အတွက် ဟိုဘက်ကနေ ၂၈ ရက် နေ့မှာ လက်မှတ်ဝယ်ပေး လိုက်တာလေ။ ကိုရီးယားဘက်က မြန်မာနိုင်ငံကို ဘယ်လိုမျိုး တရားစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စ အစ်မ အနေနဲ့ဘာမှ ပြောပိုင် ခွင့် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သေချာတာကတော့ သရဖူကို အမဆီကို အပ်ပါလို့ ပြောထားတဲ့ ဟာကို အခု မေမြတ်နိုး လိမ်လိမ်မာမာနဲ့ အပ်မယ်ဆိုလို့ရှိရင် သူတို့ဆရာကြီး ရှိနေပါတယ်။ အေးအေးဆေးဆေးလေး အပ်လိုက် လို့ရပါတယ်နော်။ အဲဒီတော့ အစ်မအနေနဲ့ ကြားက လူကြုံဝင်စရာ မလိုတော့ပါဘူး။ တစ်ကယ်လို့ အချိန်ဆွဲ နေမယ်ဆိုရင်တော့ လှနုကိုသူလာ အပ်ရပါလိမ့်မယ်ရှင့်။ အစ်မအနေနဲ့ ဘယ်လို မြင်မိလဲဆိုတော့ အလုပ်မလုပ် တော့ရင်တော့ ၀န်ဆောင် မှု ပေးထားတဲ့ ကုမ္ပဏီကို ကိုယ်ယူထားတဲ့ အရာ အားလုံးပြန် ပေးရမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။

အလှမယ်ဟောင်း မေမြတ်နိုးကို တရားစွဲဆိုရန် အတွက် ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization မှတာဝန်ရှိသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး တရားစွဲဆိုရန် အတွက် ပြင်ဆင် လျက်ရှိသည်ဟု လူမှုကွန်ရက် စာမျက်နှာ များတွင် ပြောဆို ရေးသားလျက် ရှိသည်။

ယင်းMiss Asia Pacific World အလှမယ်ပြိုင်ပွဲ ကျင်းပခြင်းသည် ယခုအခါ လေးကြိမ် မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းပြိုင်ပွဲ၌ဆုချိတ်နိုင်ရန်အတွက် လိင်ကိစ္စဖြင့် အလဲအလှယ်လုပ်ရန် တာဝန်ရှိ သူများ၏တောင်းဆိုမှုများ ရှိခဲ့ကာပါဝင်ယှဉ်ပြိုင်သူ မိန်းကလေးအချို့သည်စွပ်စွဲမှုများ ရှိခဲ့သည်ဟု The Kore Times သတင်းစာ၌ ဖော်ပြထားသည်။

Miss Asia Pacific World ပွဲစီစဉ်သူများသည် သရဖူပြန်လည်သိမ်းဆည်းရေးအတွက် မေမြတ်နိုးကို တောင်းပန် မည်မဟုတ်ဘဲ သရဖူခိုးယူမှုဖြင့် ရဲကိုတိုင်ကြားသွားမည်ဟု စက်တင်ဘာ ၃ ရက် ညနေပိုင်းက The Kore Times သတင်းစာကိုပြောကြားထား သည်။

အလှမယ်ပြိုင်ပွဲစီစဉ်ကျင်းပသူ ယောင်ချိုက “ကျွန်တော့်ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲစခန်းမှာ တိုင်မှာပါ” ဟု ပြောကြားသည်။ မေမြတ်နိုးက မိမိ၏ ရင်သားခွဲစိတ်ပြုပြင်ခဲ့ခြင်းမရှိဟု စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ယောင်ချိုက ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိမိတို့တွင် ဓာတ်ပုံအထောက်အထားများရှိကြောင်း The Kore Times သတင်းစာသို့ ပြောကြားသည်။