ရှင်းကျန်း ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်ဘက် ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဈေးတစ်ခု၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တစ်ခုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ကက်ရှာ စီရင်စုနယ် တွင် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပွားပုံမှာ ဖောက်ခွဲရေး ပစ္စည်းများ၊ ဓားများ နှင့် လက်နက်များကိုင်ဆောင် လာသော အမျိုးသား လေးဦး သည် ရဲအရာရှိများ နှင့် ကုန်သည်များကို တိုက်ခိုက်ရာမှ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေး သမားများသည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲ ခန့်တွင် မော်တော် ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ၄င်းတို့အနက် နှစ်ဦးက လမ်းမပေါ်တွင် ကင်းလှည့် နေသော ရဲအရာရှိ များကို စတင် တိုက်ခိုက် ခဲ့ကြောင်း ၊ အခြားနှစ်ဦးမှာ ဈေးဆိုင်ပိုင်ရှင် ဟန် မျိုးနွယ်စု များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ ဟာရှင်မ်အယ်လီ က ပြောကြား ခဲ့သည်။

အဆိုပါ တိုက်ခိုက်သူ များသည် ယူဂါ မျိုးနွယ်စု များဖြစ်ပြီး တိုက်ခိုက်ခံ ရသူ အများစုမှာ ဟန်မျိုးနွယ်စုများ ဖြစ်ကြောင်း၊ အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment