အမျိုးသားတစ်ဦး အောင်ဇေယျတံတားပေါ်မှ ခုန်ချသေဆုံး


ရောဂါဝေဒနာခံစားနေရသော အမျိုးသားတစ်ဦး လှိုင်သာယာ မြို့နယ် အောင်ဇေယျ တံတားပေါ်မှ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ခုန်ချခဲ့ သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အောင်ဇေယျ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးခဲ့ကြောင်း သတင်း အရ အောက်တိုဘာ ၁၈ရက် ညနေ ၅ နာရီခွဲက သွားရောက်စစ်ဆေးရာ လှိုင်သာ ယာမြို့နယ်နေ ဦးမောင်မောင်လွင် (၆ဝနှစ်)မှာ တံတားအောက်ရှိ ဆိပ်ကမ်းသာ လမ်းဘေးမြက်ခင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အစာအိမ်ရောဂါနှင့် လိပ်ခေါင်း ရောဂါများ ခံစားနေရသူဖြစ်ကြောင်း၊ တူမတော်စပ်သူမိသားစုက အင်းစိန် မြို့နယ် ပေါက်တောဝရှိ ဆေးခန်းသို့ပြသပေးရန်အတွက် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်လာစဉ် တံတား၏ ကမ္ပည်းကျောက်စာတိုင်အနီးအရောက် အပေါ့ သွားမည်ဟုပြောသဖြင့် ယာဉ်ကိုရပ်ပေးခဲ့ကြောင်း၊ ၄င်းမှာ ယာဉ်ပေါ်မှဆင်း သွားပြီး အမြင့်သုံးပေခန့်ရှိ တံတားလက်ရန်းတန်းနှင့် လူသွားစင်္ကြံ လက်ရန်း တို့ကို ကျော်တက်၍ တံတားအောက်သို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment