
အချိုရည်သောက်သုံးခြင်းကြောင့်ရလာတဲ့ ကယ်လိုရီတွေကို ဖယ်ထုတ်ဖို့အတွက် တစ်နေ့ဘယ်နှစ်မိုင် အပြေးလေ့ကျင့်ခန်းလုပ်ရမယ်ဆိုပြီး ဆယ်ကျော်သက်တွေကို ပြောပြတာဟာ သူတို့အတွက် အချိုရည်တွေထက် တစ်ခြား ညီညွတ်တဲ့ ရွေးချယ်မှုပြုလုပ်ဖို့သာ ဖြစ်စေပါလိမ့်မယ်လို့ သုတေသန အသစ်တစ်ရပ်က ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ပမာဏနဲ့ ညီမျှတဲ့ အချိုရည်သောက်ခြင်းဟာ သူတို့ကို အရွယ်အစားသေး သို့မဟုတ် ကယ်လိုရီအနည်းငယ်သာပါဝင်တဲ့ အချိုရည်တွေကို ပြောင်းလဲရွေးချယ်စေကြောင်းလဲ တွေ့ရတယ်။
နောက် American Journal of Public Health စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဟုပ်ကင်းစ် တက္ကသိုလ်က လေ့လာချက်မှာ အမှတ်တံဆိပ်ကို ဖြုတ်ထားပြီးတဲ့အချိန်မှာတောင် ဆယ်ကျော်သက်တွေက ကျန်းမာရေးအကျိုး သိပ်မဖြစ်စေတဲ့ ထုတ်ကုန်တွေကို မဝယ်တော့တာကြောင့် ရေရှည်အကျိုးသက်ရောက်မှု တစ်ခုရှိတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။ ကယ်လိုရီလျော့ကျစေဖို့ ဘယ်နှစ်မိုင်လမ်းလျှောက်ပေးဖို့လိုတယ်စတဲ့ လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်တဲ့ နည်းနဲ့ ရှင်းပြတဲ့အခါ အပြုအမူအနေအထိုင်ပြောင်းလဲမှုဖြစ်အောင် အားပေးနိုင်ပါတယ်။
Source: Express
Trend
Yangon
0 comments:
Post a Comment