အီရတ်နိုင်ငံအတွင်း ဖြန့်ကြက်ချထားမည့် သြစတြေးလျနိုင်ငံ တပ်ဖွဲ့ဝင်များ
သြစတြေးလျ အစိုးရသည် အီရတ်နိုင်ငံ အတွင်း ဖြန့်ကြက် ချထားမည့် တပ်ဖွဲ့ဝင် များနှင့် စပ်လျဉ်း၍ အစိုးရ၏ မူဘောင်များကို အဆုံးသတ် ခဲ့ပြီးနောက် အဆိုပါ နိုင်ငံသို့ တပ်ဖွဲ့ဝင် ဦးရေ ၂၀၀ ကို စေလွှတ် သွားမည် ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေး ၀န်ကြီးက ယမန်နေ့တွင် ပြောကြား ခဲ့သည်။
အဆိုပါ မူဘောင် ချမှတ်ခြင်းကို သြစတြေးလျ ကာကွယ်ရေး ၀န်ကြီး ဂျူလီယာ ဘစ်ရှော့ က အီရန် အစိုးရ ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အီရတ်နိုင်ငံ အတွင်းသို့ လေတပ် တပ်ဖွဲ့ဝင် ၄၀၀ ကိုလည်း ယခုနှစ် စက်တင်ဘာလ အတွင်းက အာရပ် စော်ဘွားများ ပြည်ထောင်စု တွင် ဖြန့်ကြက် ထားပြီး ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဘစ်ရှော့ က ထပ်လောင်း ပြောကြား ခဲ့သည်။
အီရတ်နိုင်ငံ အတွင်းသို့ စေလွှတ်လိုက်သည့် တပ်ဖွဲ့ဝင် များသည် ယင်းနိုင်ငံ ၏ လုံခြုံရေး ကဏ္ဍများတွင် အီရတ်စစ်ဘက် ကို အကြံဉာဏ်များ ပေးအပ်ခြင်း သာ အဓိက လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
သြစတြေးလျ နိုင်ငံသည် အီရန် အစိုးရက နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှု များကို လျော့ကျ သွားစေရန် အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။
PyiChitThar

Yangon
0 comments:
Post a Comment