နိုင်ဂျီးရီးယားတွင် အီဘိုလာ ကင်းစင်ပြီ



နိုင်ဂျီးရီးယား နိုင်ငံတွင် ရက်သတ္တပတ် ခြောက်ပတ် တိတိ အီဘိုလာ အသစ် ဖြစ်ပွားမှု မရှိခဲ့သောကြောင့် နိုင်ဂျီးရီးယား နိုင်ငံသည် အီဘိုလာ ကင်းစင်ပြီ ဖြစ်ကြောင်း ကဗ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က အသိအမှတ်ပြု ထုတ်ပြန် ပြောကြားလိုက်သည်။

နိုင်ဂျီးရီးယား၏ အီဘိုလာ အောင်မြင်မှုသည် “ပြောင်မြောက်သော အောင်မြင်မှု”ဟု WHO ကိုယ်စားလှယ် ရူဂါမာ ဗတ်ဇ်က မြို့တော် အဘူဂျာတွင် ထုတ်ပြန် ပြောကြားသည်။ ဇူလိုင်လက လိုင်ဘေးရီးယား သံတမန် တစ်ဦးတွင် ပါလာသော အီဘိုလာကြောင့် နိုင်ဂျီးရီးယားတွင် အီဘိုလာ ကူးစက်ပျံ့ပွား ခဲ့သည့်တိုင် လျင်မြန် ထိရောက်စွာ ကိုင်တွယ် နိုင်ခဲ့သဖြင့် နိုင်ဂျီးရီးယားသည် အီဘိုလာ တိုက်ပွဲတွင် နာမည်ကောင်း ရရှိခဲ့သည်။

လိုင်ဘေးရီးယား၊ ဂီနီနှင့် ဆီရာရာ လီယွန်တို့တွင် အဓိက ဖြစ်ပွားနေသော အီဘိုလာကြောင့် လက်ရှိ အချိန်ထိ လူပေါင်း (၄၅၀၀) ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။ ကူးစက် ခံရသူ (၇၀) ရာခိုင်နှုန်းထိ သေဆုံး နေရသည်။ ဆီနီဂေါ နိုင်ငံသည်လည်း အီဘိုလာ ကင်းစင်ပြီ ဖြစ်ကြောင်း သောကြာနေ့တွင် WHO က ထုတ်ပြန် ကြေညာခဲ့သည်။ 

Source: BBC

0 comments:

Post a Comment