အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့ Guinea နဲ့ Liberia နိုင်ငံကနေ ပြန်လည် ရောက်ရှိလာတဲ့ မြန်မာ တစ်ဦး ကို မြောက်ဥက္က လာပမြို့နယ် ဝေဘာဂီ ဆေးရုံမှာ စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေပေမယ့် အဲဒီလူဟာ ဌက်ဖျား ရောဂါနှစ်မျိုး ကူးစက်ခံ နေရသူ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အသက် ၂၂ နှစ်အရွယ် ဇင်မင်းဦးဟာ သင်္ဘော သားအနေနဲ့ ဂီးနီ နိုင်ငံမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ် ခဲ့သူဖြစ်ပြီး သြဂုတ်လ ၁၉ ရက်နေ့တုန်းက ဖျားနာ တာတွေ၊ အားအင်ချိနဲ့တာတွေနဲ့ သတိလစ် တာတွေ ဖြစ်ခဲ့တဲ့ အတွက် အီဘိုလာပိုး ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ သံသယ ရှိခဲ့ကြတာဖြစ်ပါတယ်။
ဓာတ်ခွဲ အဖြေ အရေ ဌက်ဖျားပိုး နှစ်မျိုး ကူးစက် ခံရတာဖြစ်ပြီး ဌက်ဖျားဆေးနဲ့ ကုပေးတဲ့အခါ ကျန်းမာရေး အခြေအနေ တိုးတက် လာတယ်လို့ မြန်မာ အစိုးရ သတင်းစာမှာ ဖော်ပြ ထားပါတယ်။
ဒါပေမဲ့ ဘီဘိုလာ ရောဂါနဲ့ ဆက်စပ်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ သတ်မှတ် ချက်အရ အီဘိုလာ ပိုးရှိမရှိ ဆိုတာကို ဆက်လက် စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။ ဇင်မင်းဦးရဲ့ သွေးကိုလည်း အိန္ဒိယနိုင်ငံ ပူနေးမြို့က အီဘိုလာ ဗိုင်းရပ်စ်ပိုး စမ်းသပ်ဖို့ ပို့ဆောင်ပေးပြီး လေး၊ငါးရက် အတွင်း အီဘိုလာ ပိုးရှိမရှိ သိရမယ်လို့လည်း ပါရှိပါတယ်။
ဗီယက်နမ် နိုင်ငံမှာလည်း လေယာဉ်ပေါ် နာမကျန်းဖြစ်ခဲ့သူ နိုင်ဂျီးရီးယား နိုင်ငံသား နှစ်ဦးကို သီးသန့်စောင့်ကြည့်မှုတွေ လုပ်ခဲ့ပေမယ့် အခုအခါမှာ အဖျားတွေမရှိတော့သလို အီဘိုလာ ရောဂါ လက္ခာဏာ မပြတဲ့အတွက် တခြားလူနာတွေနဲ့ အတူထားရှိပြီး သုံးပတ်ကြာ ဆက်လက် စောင့်ကြည့် သွားမယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာတော့ အီဘိုလာ ရောဂါကူးစက်ခံရသူ ဒေါက်တာ Kent Brantly နဲ့ Nancy Writebol ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အာဖရိကတိုက်မှာ သာဿနာပြုလုပ်ငန်းလုပ်ကိုင်ရင်း အီဘိုလာ ဝေဒနာသည်တွေကို ကုသရာက ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
အခုလောလောဆယ် အီဘိုလာ ပိုးကြောင့် သေဆုံးသူ ၁၃၅၀ ရှိသွားပြီ ဖြစ်တဲ့ အတွက် တောင်အာဖရိက နိုင်ငံကလည်း အီဘိုလာ ပြန့်ပွားနေတဲ့ Liberia၊ Guinea၊ နဲ့ Sierra Leone နိုင်ငံက လူတွေကို နိုင်ငံတွင်း ဝင်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ABC Radio Australia
0 comments:
Post a Comment