ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့တွင် မြေပြိုမှု ဖြစ်ပွား


ဂျပန်နိုင်ငံ အနောက်ပိုင်း ဟီရိုရှီးမားမြို့တွင် သြဂုတ် ၁၉ ရက် ညက တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၃၆ ဦးထိ မြင့်တက်လာခဲ့ပြီး အခြား ၁၃ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း
သတင်းဌာန တစ်ခုက သြဂုတ် ၂ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ မြေပြိုမှုကြောင့် အိမ်ခြေအများအပြား ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူ အချို့မှာလည်း မြေကြီးများအောက်တွင် ပိတ်မိနေသည်ဟု ယူဆရကြောင်း ကယ်ဆယ်ရေး အဖွဲ့ဝင်များက သြဂုတ် ၂ဝ ရက်တွင် ပြောကြားခဲ့သည်။
မြေပြိုကျမှုကြောင့် သေဆုံးသူများအနက် အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇၇ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးလည်း ပါဝင်ကြောင်း ကယ် ဆယ်ရေး အမှုထမ်းများက ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment