သြဂုတ်လ အတွင်း ဆူနာမီပါ အင်အားပြင်းငလျင် များလှုပ်နိုင်


မြန်မာနိုင်ငံ တွင်နက္ခတ်သိပ္ပံ ပညာရပ်အရ Super Moon ဖြစ်စဉ်ဖြစ်ပေါ် မည့်သြဂုတ်၁၀ ရက်နှင့်အင်္ဂါ နှင့်စနေဂြိုဟ်စစ် ထိုးမည့်သြဂုတ် ၂၇ရက်၌ အင်အားပြင်း ငလျင် ဖြစ်နိုင်ခြေ နှစ်ကြိမ်ရှိသည်ဟု မြန်မာနိုင်ငံနက္ခတ်သိပ္ပံ အဖွဲ့အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

လာမည့် သြဂုတ်၁၀ရက် ည၁၁နာရီ၅၅မိနစ် တွင် မြန်မာနိုင်ငံ၏ မွန်းတည့်မိုး ကောင်းကင်တွင်လ ပြည့်လ၀န်း ရောက်ရှိပြီးSuper Moon ဖြစ်ပေါ်မည်။လနှင့်ကမ္ဘာ သည်မိုင်ပေါင်း ၂၂၁,၈၁၄ မိုင်အထိနီး ကပ်နေပြီးSuper Moon ဖြစ်စဉ်ဖြစ် မည့်နေရာမှာ အရှေ့လောင်ဂျီ တွဒ်၁၈ ဒီဂရီ၁၅မိနစ် နှင့် တောင်လတ်္တီတွဒ် ၁၁ဒီဂရီ၁၄မိနစ် အိန်္ဒိယသမုဒ္ဒရာ အတွင်း ဖြစ်ပေါ်မည်ဖြစ်သည်။

ယင်းဖြစ် စဉ်ကြောင့်သြဂုတ် ၁၀ရက်မှ၁၅ရက် အတွင်း မြန်မာ၊တရုတ် အိန်္ဒိယနှင့်အရှေ့တောင် အာရှနိုင်ငံများတွင် ဆူနာမီပါဝင် သောအင်အား ကြီးငလျင်များ ဖြစ်ပေါ် နိုင်သည် ဟုလည်းဆိုသည်။

ှ"Super Moon နဲ့ပတ်သက်ပြီး ပညာရှင်တွေ တစ်ဦးနဲ့တစ်ဦး အယူဆမတူ ဘဲကွဲပြားမှုရှိတယ်။ဘူမိပညာရှင် ၊မိုးလေ၀သပညာရှင် တွေကဒါကြောင့် အင်အားပြင်း ငလျင်လှုပ်တာမဟုတ်ဘူး ပြောတယ်။သို့ ပေမယ့်လည်း နက္ခသိပ္ပံအသိုင်းအ၀ိုင်း ကပညာရှင်တွေကလည်း Super Moon ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ခတ်နိုင် တယ်လို့သုံးသပ်မှု တွေရှိတယ်”ဟုဦးဇေယျာကိုကဆိုသည်။

ှSuper Moon ဖြစ်စဉ်ကြောင့်လနှင့် မြေငလျင်လှုပ်ရှား မှုဆူနာမီကဲ့သို့ ရေလှိုင်း ဖြစ်စဉ်များပို တိုးလာသည် ဟုလူအများက ပြောဆိုသော်လည်း ယင်းဆက်စပ်မှု မှာလက်တွေ့ခိုင်မာ သောသိပ္ပံအထောက် အထားမတွေ့ ရှိရသေးသဖြင့် ပညာရှင်များ လက်မခံသေး ကြောင်းမိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ထို့ပြင် သြဂုတ်၂၇ရက် ည၇နာရီ၄၄မိနစ် တွင်အင်္ဂါဂြိုဟ် နှင့်စနေဂြိုဟ် တို့တူရာသီ အတွင်းစစ်ထိုးမည်။အင်္ဂါအလင်း အား၈၇ရာခိုင်နှုန်း ၊ စနေအလင်းအား ၉၉ရာခိုင်နှုန်းဖြစ် ၍စနေဂြိုဟ် စစ် အောင်နိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ အစိုးရပိုင်း ဆိုင်ရာအကြီး အကဲများထပ် မံနှုတ်ထွက် ခြင်း၊ အင်္ဂါသားသမီးများ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ထိခိုက်ဒဏ် ရာရမှုများ ဖြစ်ပေါ် ခြင်း၊

တိုင်းပြည် အတွင်းဘာသာရေး နှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်တိုက် ခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ကြီးမားသည့် မီးဘေးအန္တရာယ်၊
ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း များရှိနိုင်သည် ဟုဦးဇေယျာကိုက ပြောသည်။

ငလျင်လှုပ် ခတ်မှုသည် မြန်မာနိုင်ငံ ကိုဗဟိုပြုလှုပ်ရှား ခြင်းမဖြစ်နိုင်သော် လည်းအိမ်နီးချင်း နိုင်ငံများတွင် ငလျင်လှုပ်မှု ကြောင့်၆၀ရာခိုင်နှုန်း အကျိုးသက် ရောက်မှု ရှိနိုင်သည်။ငလျင်လှုပ် ခတ်မှုများကြောင့် မြန်မာနိုင်ငံ အထက် ပိုင်းတွင်သက် ရောက်မှုရှိနိုင်သည် ဟုလည်းဆိုသည်။

Mizzima

0 comments:

Post a Comment