တရုတ်လေယာဉ်တင်သင်္ဘောမှ တိုက်လေယာဉ်များ အတက်အဆင်း လေ့ကျင့်စဉ် လေယာဉ်မှူးနှစ်ဦး သေဆုံး


တရုတ်နိုင်ငံ၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောမှ ဂျက် တိုက်လေယာဉ် များ အတက်အဆင်း ပျံသန်းလေ့ကျင့်မှု တွင် လေယာဉ်မှူးနှစ် ဦး သေဆုံးသွားကြောင်း သိရသည်။


“ပျံသန်းမှု လေ့ကျင့်နေစဉ် လေယာဉ်မှူးနှစ်ဦး အသက်ဆုံးရှုံးသွားပါတယ်” ဟု တရုတ်နိုင်ငံပိုင်သ တင်းဌာနတွင် ဖော်ပြထားသော်လည်း မည် သည့်အချိန်က မည်ကဲ့သို့ လေ့ကျင့်မှုမျိုးပြုလုပ်စဉ် သေ ဆုံးသွားကြောင်းကို ရေးသားမထားပေ။

မီတာ ၃၀၀ (ပေ ၁၀၀၀) အရှည်ရှိပြီး Liaoning ဟု အမည်ပေးထားသည့် ဆိုဗီယက်ခေတ် အဆိုပါ လေယာဉ်တင်သင်္ဘောသည်ကို တရုတ်နိုင် ငံ ယူကရိန်းထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် စတင်ဘာလအတွင်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာ သတင်းများနှင့်ပတ်သက်၍ တင်းကျပ်စွာထိန်းချုပ်ထားသည့် တရုတ်နိုင်ငံတွင် စစ် တပ်အတွင်း ထိခိုက်မှုများ၊ စက်လက်နက် ပစ္စည်းချို့ယွင်းမှုများကို ယခင်က ဖော်ပြလေ့မရှိခဲ့ပေ။ ဧပြီလအတွင်းကလည်း တရုတ်ရေငုပ်သင်္ဘောတစ်စင်းသည် မီတာထောင်ပေါင်း များစွာနက်သည့် ပင် လယ်ပြင်အတွင်း ကင်းလှည့်နေစဉ် ရေဖိအား ရုတ်တရက်ပြောင်းသွားမှုနှင့် ကြုံခဲ့ရကြောင်း တရုတ်စစ်တပ် သတင်းစာက ဖော်ပြခဲ့သည်။

Ref:AFP
Mizzima

0 comments:

Post a Comment