မာယာချိုနဲ့မတူတဲ့ ဇာတ်ရုပ်ကို ကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ၀င့်ယမုံလှိုင်


မကြာမီ ထုတ်လွှင့်ပြသမည့် The Sign of Love Book 2တွင် ပရိသတ်များ မြင်တွေ့နေကျ မာယာချိုပုံစံနှင့် မတူသည့် ဇာတ်ကောင်စရိုက်ကို တွေ့မြင်ရမည်ဟု ၀င့်ယမုံလှိုင်က ပြောသည်။

‘‘ဒီဇာတ်လမ်းမှာက မာယာချိုဆိုတာ မဖြစ်ခင်ဆိုတော့ ဘာမှ နားမလည်သေးတဲ့ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ တွေ့ရမှာပါ။အရင်က ပုံစံတွေနဲ့လည်းလုံးဝကွဲသွားပါတယ်’’ဟု ၎င်းကပြောသည်။

ဒရာမာဇာတ်လမ်းဖြစ်၍ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရပြီး သရုပ်ဆောင်မှု လိုအပ်ချက်နှင့် ပတ်သက်၍လည်း ပရိသတ်များဘက်မှ ဝေဖန်အကြံပြုစေလိုကြောင်း ၀င့်ယမုံလှိုင်က ပြောသည်။

The Sign of Love Book 2 ကို စက်တင်ဘာ ၁၅ ရက်မှ စတင်၍အပတ်စဉ် တနင်္လာမှ သောကြာအထိ ညစဉ်ထုတ်လွှင့် ပြသပေးမည်ဖြစ်သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ပထမဆုံးဗီဒီယိုဇာတ်ကား Good Luck ဇာတ်ကားမှ ဇာတ်ရုပ်ကို ပရိသတ်များအားပေးခဲ့၍ ၀မ်းသာခဲ့ရသည်ဟု ၀င့်ယမုံလှိုင်ကပြောသည်။
7 day

0 comments:

Post a Comment