လေးလကြာ ကစားခွင့် ပိတ်ခံ ထားရသည့် ဆွာရက်ဇ် ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင်

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား တစ်ဦးကို သွားဖြင့် ကိုက်ခဲ့မှုနှင့် ပတ်သက်၍ FIFA ဘောလုံး အဖွဲ့ချုပ်၏ ကစားခွင့် လေးလကြာ ပိတ်ပင် ခံထားရသည့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်သည် ယခုအခါ ၎င်း၏ အသင်းဖြစ်သော ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။


မိမိ အနှစ်သက်ဆုံး ဖြစ်သည့် အသင်းတွင် ကစားသမား ဘဝဖြင့် ဘောလုံး လောကသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး အသင်းသစ်ဖြစ်သည့် ဘာစီလိုနာ အသင်းအတွက် အကောင်းဆုံး ကြိုးပမ်း ကစားသွားမည် ဖြစ်ကြောင်း ဆွာရက်ဇ်က လူတွေ့မေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် အောက်တိုဘာ လကုန်၌ ရီးယဲလ်မက်ဒရစ် အသင်း၏ အိမ်ကွင်းတွင် ကစားမည့် လာလီဂါ ပွဲစဉ်၌ ၎င်း၏ ပွဲဦးထွက် ပွဲစဉ်အဖြစ် ပါဝင်ကစား သွားနိုင်ဖွယ် ရှိသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် ဘရာဇီး နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်တွင် အီတလီခံစစ် ကစားသမား ဂျော်ဂျီယို ချီယယ်လီနီအား သွားဖြင့် ကိုက်ခဲ့သောကြောင့် ၎င်းအား FIFA ဘောလုံး အဖွဲ့ချုပ်က ကစားခွင့် လေးလ ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment