နမ့်ယွန်းချောင်းထဲ အမှိုက်ပစ်သူတစ်ဦး ချောင်းထဲပြုတ်ကျ


ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး ရေကြီးရေလျှံမှု အရှိန်ကြောင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် နမ့်ယွန်းတံတား၏ လက်ရန်းကျိုးသွားရာ လတ်တလောကာလအတွင်း ယာယီအဖြစ် အဆိုပါနေရာအား ပလပ်စတစ်ကြိုးဖြင့် ဟန့်တား ချည်ထားရာ ချောင်းအတွင်း ညစဉ်အမှိုက်ပစ်သူဟု ယူဆရသူ ဈေးသည်တစ်ဦးသည် ယနေ့ည (၈း၅၃)နာရီအချိန်က အမှိုက်လာပစ်ချိန်တွင် ချောင်းအား ခါတိုင်းကဲ့သို့ ထင်မှတ်ထားဟန်ဖြင့် အမှိုက်ပစ်ရာ ချောင်းအတွင်း ပြုတ်ကျသွားခဲ့သည့် CCTV မှတ်တမ်းကို "သူရိယ"သင်္ကန်းတိုက်မှ ရယူ၍ တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ချောင်းရေမှာ နံနက်ကလို မဟုတ်ပဲ ရေစီးကျသွားသည့်အတွက် အမှိုက်ပစ်သူမှာ အသက်အန္တရာယ်စိုးရိမ်မှုမရှိပဲ တံတားပေါ်သို့ ပြန်တက်လာနိုင်ခဲ့ကြောင်း သိရသည်။ နမ့်ယွန်းချောင်းအတွင်း ရေစီးရေလာ မကောင်းသည့် ကိစ္စသည့် စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကြောင့် အပါအ၀င်ဖြစ်ကြောင်းလည်း သိရသည်။


Tachileik Online News

0 comments:

Post a Comment