တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပနိုကျေးရွာ တွင် ယမန်နေ့ ညနေ ၃ နာရီခွဲက ဖခင်ဖြစ်သူ၏ ပေါ့ဆမှုကြောင့် တူမီးသေနတ် ပေါက်ထွက်၍ ကလေးနှစ်ဦး ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ က ဦးမောင်ထွေးငယ် သည် ပနိုကျေးရွာ ရှိ ၄င်း၏ နေအိမ်တွင် ရှိနေစဉ် တူမီး ယမ်းထောင်း သေနတ် ပေါက်ထွက်သံ နှင့် ကလေးများ၏ အော်ငိုသံ ကြားရ၍ သွားရောက် ကြည့်ရှုရာ ၄င်း၏ သမီးဖြစ်သူ မအိနှင်းခိုင် နှင့် မချစ်ချစ် တို့အား တူမီး ယမ်းထောင်း သေနတ် ဒဏ်ရာ များဖြင့် လဲကျ နေသည်ကို မြင်တွေ့ ခဲ့ရသည်။
ဖြစ်စဉ်မှာ ဦးမောင်ထွေးငယ် သည် အရှည် ၄ ပေ ၅ လက်မခန့် ရှိ လက်လုပ် တူမီး ယမ်းထောင်း သေနတ် တစ်လက်ကို လိုအပ်လျှင် အဆင်သင့် အသုံးပြု နိုင်ရန်အတွက် ယမ်းများ ထောင်းထည့်ကာ ခဲသီးကျည် ထည့်လျက် အနေအထားဖြင့် ထမင်းအိုး တည်သည့် ခေါင်မိုး ကျပ်ခိုးစင် တွင် ထိုးထားရာမှ အပူရှိန်ဖြင့် တူမီး ယမ်းထောင်း သေနတ် ပေါက်ထွက်ပြီး ၄င်း၏ သမီးနှစ်ဦး ဖြစ်သည့် မအိနှင်းခိုင် ရှစ်နှစ် ၏ ကျောကုန်း တွင် ယမ်းထောင်း သေနတ်ခဲသီး ကျည်ဝင် ဒဏ်ရာ ခြောက်ချက်၊ ယာဘက် ပေါင်ရင်း တွင် တူမီး ယမ်းထောင်း သေနတ် ခဲသီးကျည် အထွက် ဒဏ်ရာ တစ်ချက် (စိုးရိမ်ရ) နှင့် မချစ်ချစ် နှစ်နှစ် ၏ ဝဲဘက် လက်မောင်းတွင် ခဲသီးကျည် ပွန်းပဲ့ ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) တို့ အသီးသီး ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ထွေးငယ် ၃၉ နှစ် (ဘ) ဦးဘမိုး မြိတ်မြို့နယ် ပနိုကျေးရွာ နေသူကို သမုတ် နယ်မြေ ရဲစခန်းက (ပ)၁၁/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ အရ အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၆၀၁)
#PyiChitThar

Yangon
0 comments:
Post a Comment