တရုတ်နိုင်ငံက ကျေးရွာတစ်ရွာမှာ ခိုးမှု ကျူးလွန်တဲ့ကလေးငယ်နှစ်ဦးကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးခဲ့
လို့ ဝေဖန် ထောက်ပြစရာ ဖြစ်လာပါတယ်။ အသက် (၁၄) နှစ်သာ ရှိသေးတဲ့ ကလေးငယ်နှစ်ဦးဟာ ဘဲတွေကို ခိုးယူခဲ့ပါတယ်။
ရွာသားတွေဟာ ခိုးယူမှု ကျူးလွန်တဲ့ ကလေးငယ် နှစ်ဦးကို အများရှေ့မှာ ဒူးထောက်မှုပြုလုပ်ခိုင်းပြီး ပါးစပ်က ဘဲသေတွေကို ကိုက်ချီမှုပြုလုပ် စေခဲ့ပါတယ်။ ဒီနောက် ကလေးငယ် နှစ်ဦးကို ပါးစပ်က ဘဲသေတွေကို ကိုက်ချီစေပြီး ရွာထဲမှာ လမ်းလျှောက်မှုပြု လုပ်စေခဲ့ပါတယ်။ ရွာလူကြီးယောင်ကူ က ဆယ်ကျော်သက် အရွယ် ကောင်လေးတွေဟာ ဘ၀ကို တန်ဖိုးထားလေ့ မရှိပါဘူး။ ဒါကြောင့် သူတို့ကို အရှက်ရစေဖို့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ် သွားရမှာ ဖြစ်ပါတယ်။ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေး သွားဖို့ လိုပါတယ်။ သူတို့ဟာ ခိုးမှုတွေ ကျူးလွန်ပြီး ဆေးလိပ်တွေ၊ အရက်တွေ သောက်သုံး နေကြပါတယ်။ နောက်ထပ် မလုပ်အောင် ဘဲသေတွေကို ပါးစပ်မှာ ကိုက်ချီစေခဲ့တာ ဖြစ်ပါတယ် လို့ ပြောသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက တော့ ကလေးငယ်တွေကို ဒီလိုပြုမူခြင်းဟာ ရက်စက်ရာ ကျကြောင်း၊ ကိုယ့်သဘောနဲ့ ကိုယ်တရားစီရင်မှု မပြုလုပ် သင့်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ရွာလူကြီးယောင်ကူက ရဲတွေဟာ ဘာမှ အသုံးမကျကြောင်း မိမိတို့သည် သက်သေ အထောက်အထား အစုံအလင်ဖြင့် ခိုးမှု ကျူးလွန်သူကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း တုံ့ပြန်ခဲ့ ပါသည်။
Messenger
0 comments:
Post a Comment