မန်ယူအသင်းသည် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကိုတစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူမှုအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း နွေရာသီအပြောင်းအရွှေ့နောက် ဆုံးရက်ဖြစ်သည့်တနင်္လာ ညနေပိုင်းတွင်ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
တိုက်စစ်မှူး ဖယ်လ်ကာအိုကိုအငှားခေါ်ယူနိုင်သည့်အတွက် မန်ယူအသင်းအနေဖြင့်ပေါင် ၁၂ သန်းကုန်ကျမည်ဖြစ်ပြီး ဒီမာရီယာ၊ ဒါလေဘလင်း၊ လုခ်ရှော၊ ဟာရဲရား၊ရိုဟိုတို့နှင့်အတူ မန်ယူကစားသမားသစ်ဖြစ်လာခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိကိုလံဘီယာလက်ရွေး စင်တိုက်စစ်မှူးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာအ ကြိုသဘောတူညီမှုရထားကာ အပြီးသတ်ညှိနှိုင်းရန် မန်ချက်စတာမြို့သို့တနင်္လာညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ဖယ်လ်ကာအိုအနေဖြင့်မန်စီးတီးအသင်း သို့ရောက်ရန် နီးစပ်ခဲ့ပြီး အာဆင်နယ်အသင်းကလည်းကြိုးပမ်းခဲ့သေးသည်။ သို့သော် ဗန်ပါစီဒဏ်ရာပြဿနာရှိနေသည့် မန်ယူအသင်း၏ကြိုးပမ်းမှုအောင်မြင် ခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး ဖယ်လ်ကာအိုသည် စနေနေ့က တွစ်တာတွင်'အိပ်မက်အကောင်ထည်ပေါ်လာပြီ၊ ရှေ့ဆက်ပါ မက်ဒရစ်'ဟု ရေးသားခဲ့ သဖြင့်ရီးယဲလ်သို့ရောက် မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖယ်လ်ကာအိုကယင်းစာသားကို ပြန်ဖျက်ခဲ့သည်။ ဖယ်လ်ကာ အိုသည်အသင်းပြောင်းရွှေ့သည့်ကိစ္စပြီးပြတ် ပါက သောကြာနေ့တွင် မီယာမီ၌ဘရာဇီးအသင်းနှင့် ခြေစမ်းပွဲကစားမည့် ကိုလံဘီယာ လက်ရွေးစင်အသင်းနှင့်သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
ယင်းနှစ်သင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားအဆင့်တွင် တွေ့ဆုံခဲ့ပြီး ဖယ်လ်ကာ အို မပါသည့် ကိုလံဘီယာအသင်းကဘရာဇီးကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် တာထွက်မကောင်းသော မန်ယူအသင်းသည် စနေနေ့က ကစားခဲ့သောပွဲစဉ်တွင်လည်း တန်းတက် ဘန်လေ အသင်းနှင့် ဂိုးမရှိသရေ ကျသောကြောင့်ကမ္ဘာ့အဆင့်ကစားသမားခေါ်ယူမှုကို အပြောင်းအရွှေ့မပိတ်မီအရှိန်မြှင့်ခဲ့ခြင်းဖြစ်သည်။
မန်ယူတိုက် စစ်မှာလည်း အဖွင့်ပွဲစဉ်သုံးပွဲတွင် နှစ်ဂိုးသာသွင်းယူနိုင်ခဲ့သည်။ တိုက်စစ်မှူး ဖယ်လ်ကာအိုကိုမန်ယူနှင့်အပြိုင် ကြိုးပမ်းခဲ့သည့် မန်စီးတီး အသင်း သည် လက်ရှိတွင်ယူအီးအက်ဖ်အေ၏ ဘဏ္ဍရေးစည်းမျဉ်းနှင့် ငြိစွန်းနေသောကြောင့်အခက်တွေ့ခဲ့ရခြင်းဖြစ်သည်။ အသင်းရှိ တိုက်စစ်မှူး နီဂရီဒိုကို ဗလင်စီ ယာအသင်းသို့ ရောင်းချခဲ့သည့်တိုင်အောင် ဖယ်လ်ကာအိုကိုအပြီးသတ်ခေါ်လိုပါက နောက်ထပ် ကစားသမား ထပ်ရောင်းရဦးမည်ဖြစ်ပြီးအငှားဖြင့်ခေါ်ယူမှ သာ ဖြစ်နိုင်မည်ဖြစ်သည်။
မန်စီးတီးအားကစားဒါရိုက်တာဘီဂီရီစတိန်းသည် ဖယ်လ်ကာအိုကို ခေါ်ယူရန်ပြီးခဲ့သည့်တစ်ပတ်ကြာသပတေးနေ့က တည်းက ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်ြး ဖစ်သည်။
ဖယ်လ်ကာအို၏အချက်အလက်များ
ရေးဗားပလိတ် (၂၀၀၅-၀၉) ၁၀၅ ပွဲ၊ ၄၅ ဂိုး
ပေါ်တို (၂၀၀၉-၁၂) ၈၇ ပွဲ၊ ၇၂ ဂိုး
အက်သလက်တီကို(၂၀၁၁၊၁၃) ၉၁ ပွဲ၊ ၇၀ ဂိုး
မိုနာကို (၂၀၁၃-၁၄) ၂၂ ပွဲ၊ ၁၃ ဂိုး
ရည်ညွှန်း ဒေးလီးမေးလ်
0 comments:
Post a Comment