၂၀၁၃/၂၀၁၄ UEFA အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်မှ စီရော်နယ်ဒိုရရှိသွားပါတယ်.။



" ကျွန်တော့်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့အထောက်အပံ့တွေကြောင့် အောင်မြင်မှုရတာမျိုးပါ။ ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းနဲ့
ဒီအောင်မြင်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး" ဆိုပြီး ဆုရရှိမှုအပေါ်ပြောကြားခဲ့သည်။
" နောက်ပြီး ကျွန်တော့်မိသားစု၊ ကျွန်တော့်နည်းပြတွေနဲ့ ကျွန်တော့်အပေါ် ထောက်ခံအားပေးခဲ့ကြတဲ့ မီဒီယာဂျာနယ်လစ်များကိုလည်း
ကျေးဇူးတင်ပါတယ်"
" ကျွန်တော့် တကယ့်ကို ပျော်ရွှင်ပါတယ်။ ဒီဆုကို အရင်က မရရှိခဲ့ဘူးသေးပါဘူး ဒါကြောင့်
ကျွန်တော့် ပြတိုက်ထဲကို ထည့်ထားဖို့အတွက် ဒီဆုကို အကို့ထံကို သွားပေးမှာပါ" ဆိုပြီး စီရော်နယ်ဒိုက ထပ်လောင်းပြောကြားထားသည်။

0 comments:

Post a Comment