တရုတ်နိုင်ငံတွင် အွန်လိုင်းမှ အိမ်စာရေးပေးသော လုပ်ငန်းကြောင့် ဆရာနှင့်မိဘများ စိုးရိမ်နေ

အခက်အခဲတစ်ခုခုကြောင့် အိမ်စာမရေးနိုင်တဲ့ ကျောင်းသားတွေအတွက် အွန်လိုင်းကနေ အိမ်စာရေးပေးတဲ့ လုပ်ငန်းဟာ လူကြိုက်များလာနေပြီလို့ တရုတ်နိုင်ငံရဲ့ Chongqing Morning Post က ဖော်ပြခဲ့ပါတယ်။


တရုတ်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဈေးဖြစ်တဲ့ Taobao.com မှာ အိမ်စာ အစားထိုးရေးပေးတဲ့လုပ်ငန်းတွေ ဟာ ရာပေါင်းများစွာ ရှိနေပြီလို့ဆိုပါတယ်။

ဈေးနှုန်းများကတော့ သင်ရိုးစာအုပ် တစ်မျက်နှာကို တရုတ်ယွန်ငွေ ၂ ယွန်(၀.၃ဒေါ်လာ)ဖြစ်ပြီး အက်ဆေး တစ်ပုဒ်ကို ယွန် ၁၀ ဖြစ်ပါတယ်။

မိဘများနဲ့ဆရာများကတော့ Ghostwritten homework လို့ခေါ်တဲ့ ဒီလုပ်ငန်းအပေါ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Phothutaw

0 comments:

Post a Comment