မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို


Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးသည် ရိုင်းပြခြင်း၊ မရိုးသားခြင်းတို့အပြင် ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းက သူမ၏မိခင်အတွက် ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်နေ့အထိသာ နေထိုင်ခွင့်လျောက်ထားနိုင်သည့် ဖိတ်ကြားစာ ပေးပို့ခဲ့သော်လည်း ယင်းဖိတ်ကြားစာဖြင့် ၃ လဗီဇာ တရားမ၀င်ရယူရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ
ကြောင့် Miss Asia Pacific World 2014 မယ်အဖြစ်မှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအင်တာနက်စာမျက်နှာတွင် သရဖူရှင်ဓါတ်ပုံနေရာကို ဖျက်ထားပြီး “မေမြတ်နိုး(ဖြုတ်ချခံ)” ဟု ရေးသားပြုလုပ်ထားသည်။ ထို့အပြင် Miss Asia Pacific World Organization က သရဖူကို မြန်မာနိုင်ငံဒါရိုတ်တာ မလှနုထွန်းထံသို့ မီဒီယာများ ရှေ့မှောက်၌ ပြန်လည်အပ်နှံရန် မေမြတ်နိုးအား တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref ; seatlepi

0 comments:

Post a Comment