အောင်ပန်းဘူတာတွင် ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို ဖမ်းဆီးရမိ


သြဂုတ် ၂၇ ရက်က ရထားရဲတပ်ဖွဲ့၊ အမှတ်(၇)တပ်ခွဲ၊ အောင်ပန်းရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်ပန်းဘူတာတွင် လွိုင်ကော်-ပျဉ်းမနား အမှတ်(၁၄၈)အစုန်ရထား အား ရှာဖွေရာ ရိုးရိုးတန်းတွဲ(၁)၊ ခုံအမှတ်(၂၉)တွင် လိုက်ပါလာသူ မခင်ဌေးဝင်း ဆိုသူနှင့် ခုံအမှတ် (၃ဝ) တွင် လိုက်ပါလာသူ ကျော်ကျော် ဆိုသူတို့ ၂ ဦး ထိုင်သည့် ထိုင်ခုံအောက်ရှိ ဆွဲခြင်းများ အတွင်းမှ ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို သိမ်းဆည်းရမိသဖြင့် မခင်ဌေးဝင်း(၅ဝ နှစ်) နှင့် ကျော်ကျော်(၃၃ နှစ်) တို့ ၂ ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

0 comments:

Post a Comment