TAVR နည်းဖြင့် သက်ကြီးနှလုံးအဆို့ရှင်လဲလှယ်ခြင်းက အန္တရာယ်နည်း


နှလုံးရောဂါဝေဒနာရှင်များအား ကြီးကြီးမားမား ခွဲစိတ်မှုမလုပ်ဘဲ နှလုံးအဆို့ရှင်လဲလှယ်သည့် ခေတ်မီနည်း စနစ်တစ်မျိုးမှာ အလွန်အသက်ကြီး နေသူများအတွက်ပင် ဘေးအန္တရာယ်မရှိဘဲ ဆောင်ရွက်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။ TAVR ဟုခေါ်သည့် ထိုနည်းစနစ်သည် ကုသမှုပြုလုပ်ပြီး ရေတိုနှင့် အလယ်အလတ်အချိန်ကာလအတွင်း အကောင်းဆုံးရလဒ်ရရှိစေသည်ဟု အတ္တလန်တာမြို့ အီမိုရီတက်္ကသိုလ်မှ ဒေါက်တာဗီနော့သူရာနီက ပြောကြားသည်။ ထိုဝေဒနာရှင်များမှာ TAVR နည်းသာမရှိပါက သေဆုံးရဖွယ်ရှိသည်ဟု ဆိုသည်။ ပုံမှန်ခွဲစိတ်မှုပြုလုပ်နိုင်ခြင်းမရှိသော အလွန်အားနည်းနေသည့် နှလုံးအဆို့ရှင်ကျဉ်းသည့် ရောဂါရှိသူများအတွက် TAVR မှာ ကုသနည်းပညာတော်လှန်ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။ TAVR နည်းစနစ်တွင် နှလုံးကိုကုသရန် ရင်ဘတ်နေရာကိုခွဲသည့် ပုံစံအစား လက်မောင်း(သို့) ပေါင်ခြံတွင် အပေါက်ငယ်တစ်ခု ဖောက်ကာ နှလုံးအဆို့ရှင်အသစ်ကို ပြွန်ငယ်တစ်ခုဖြင့် ထည့်သွင်းပေးသည့်နည်းကို အသုံးပြုသည်။ TAVR ကုသမှုတွင် အောင်မြင်မှုနှုန်း ၇၄ ရာ ခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိရှိပြီး အလွန်အသက်ကြီးနေသည့် လူနာများမှာ ပုံမှန်နည်းဖြင့် ခွဲစိတ်ကုသမှုခံယူပါက အန္တရာယ်ကြုံတွေ့နှုန်း အလွန်မြင့်မားသည်။ TAVR နည်းဖြင့် ကုသမှုခံယူသူများ၏ ၃ ပုံ ၁ ပုံမှာ ခွဲစိတ်ပြီး ရက် ၃၀ အတွင်း လေဖြတ်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်ခြင်းနှင့် နှလုံးခုန်စက်တပ်ဆင်ရန် လိုအပ်ခြင်းတို့ ကြုံတွေ့ရပြီး သေဆုံးသူ ၇ ရာခိုင်နှုန်း ရှိသည်။ သို့သော် TAVR နည်းဖြင့် ခွဲစိတ်မှုမှ ပြန်လည်သက်သာလာပြီးသောအခါ သေဆုံးနှုန်းမှာ ရောဂါမရှိသည့် သာမန်လူများနှင့် တူညီသွားသည်ဟု ဆိုသည်။ ကုသမှုခံယူပြီး ၆ လအကြာတွင် လူနာများ၏ ဘ၀နေထိုင်မှုအခြေအနေမှာ ယခင်ထက် သိသာစွာ ကောင်းမွန်လာသည်ဟု ဆိုသည်။

The Ladies News Journal

0 comments:

Post a Comment