စားသောက်ဆိုင်မှာ အ၀တ်အစားတွေချွတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရှုပ်ပွေခဲ့တဲ့ အစိုးရ၀န်ထမ်းကို အရေးယူ

တရုတ်နိုင်ငံမှ အစိုးရ၀န်ထမ်း တစ်ဦးသည် စားသောက်ဆိုင် တစ်ခုတွင် အမျိုးသမီးတစ်ဦးနှင့် ရူပ်ပွေခဲ့သောကြောင့် အရေးယူ အပြစ်ပေးခံရကြောင်း ဆင်ပွာာ သတင်းတွင် ဖော်ပြထားသည်။

ယင်း အစိုးရ၀န်ထမ်းမှာ ကျေးရွာတစ်ရွာ၏ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ဒေသတွင်း စားသောက်ဆိုင် တစ်ခုတွင် စားသောက်ရင်း အမျိုးသမီးတစ်ဦး၏ အ၀တ်အစားတွေ ချွတ်ကာ ပျော်ရွှင်စွာနေထိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၀န်ထမ်းသည် အသက် အလယ်အလတ်တွင်ရှိပြီး မိတ်ဆွေများနှင့် စားသောက်နေစဉ် အမျိုးသမီးတစ်ဦးနှင့် အကြည်ဆိုက်နေခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၀န်ထမ်းကို ထောင်ချောက်ဆင်ပြီး ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းဝန်ထမ်းသည် အမျိုးသမီးတစ်ဦးကို ပေါင်ပေါ်တွင် ထိုင်စေပြီး မဖွယ်မရာများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၀န်ထမ်းနှင့်အတူ ပါလာသော သူငယ်ချင်းမျာရှေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမျိုးသမီး ဖြစ်သူမှာ ကြည်ဖြူစွာ ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ ရွှေရောင်နာရီ၊ ရွှေလက်စွပ် ၀တ်ဆင်ထားသော တာဝန်ရှိသူ၏ အပြုအမူသည် တရုတ်အစိုးရ အကောင်အထည် ဖော်နေသော လမ်းစဉ်နှင့် ဆန့်ကျင်နေသောကြောင့် တာဝန်ရှိ သူများက ယင်းဝန်ထမ်းကို ရာထူးဆိုင်းငံ့ပြီး အရေးယူနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

The Messenger

0 comments:

Post a Comment