ဝင်းသပြေထွန်းက စိန်မဟာ သဘင်မှ စီစဉ်ရိုက်ကူးနေတဲ့ ‘ခေတ် အဆက်ဆက် အစဉ်’ နှစ်ပါးမှာ ဇံဟိန်းနဲ့ အတူ ဦးရဲစိန်၊ ဦးညီဝင်းစိန် တို့ရဲ့ခေတ်က နှစ်ပါးကို ရိုက် ကူးခဲ့ပါ တယ်။ ဒီနှစ်ပါးရိုက်ကူးအပြီး စက် တင်ဘာ ၁၈ရက်နေ့မှာတော့ ကြော်ငြာ ရိုက်ကူးဖို့အတွက် စင်ကာပူကို ထွက် ခွာသွားခဲ့ ပါတယ်။ ဝင်းသပြေထွန်း အနေနဲ့ စင်ကာ ပူမှာ ကြော်ငြာ ၃ခု ရိုက်ကူးရမှာဖြစ်ပြီး ပြည်ပကြော်ငြာ ရိုက်ကူးမှု အတွေ့အကြုံကို တော့ “ဒါ က ညီမရဲ့ ပြည်ပမှာ ရိုက်ကူးရတဲ့ ပထမဆုံးကြော်ငြာပါ။ ကြော်ငြာက ၃ခု ရိုက်ရမှာပါ။
ကြော်ငြာက စပြီး ရိုက်နေ ပါပြီ။ စင်ကာပူမှာ ရိုက်ဖို့က စီစဉ်နေ တာကြာပါပြီ။ အခုမှပဲ တကယ်ရောက် ဖြစ်တာပါ။ ရိုက်ကူးရေးမှာတော့ အား လုံးကဝိုင်းဝန်းကူညီကြပါတယ်။ ဒါရိုက်တာ ကတော့ ကိုအောင်ပြည့်သျှံ ပါ။ ကြော်ငြာ က ပြေးလွှားခုန်ကျော်တာလေးလည်းပါ
တော့ ခြေထောက် နည်းနည်းတော့နာတယ်။ ဒါပေမဲ့ ကောင်းချင်လို့ ခဏခဏခုန်ကြည့် ဖြစ်တယ်” လို့ ပြောပြပါတယ်။
ဝင်းသပြေထွန်းက စင်ကာပူကနေ စက်တင်ဘာ ၂၄ရက်နေ့ပြန်လည်ရောက် ရှိမှာဖြစ်ပါတယ်။ ဒါရိုက်တာညိုမင်း လွင်ရဲ့ ANANDA RISE of Notra ဇာတ်ကားမှာ လည်း ဝင်းသပြေထွန်း က Agent Rose အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
လင်းအက္ခရာ
Popular

Yangon
0 comments:
Post a Comment