မိတ်ကပ်အထူးပြုလုပ်ချက်ပညာရှင် Hanna Yuri


မိတ်ကပ်ပညာရှင် Hanna Yuri အနေနဲ့ မိတ်ကပ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားပို့ချပေးဖို့ အတွက် မိတ်ကပ်စတူဒီယို တစ် ခုကို အမှတ် ၁၂၊ ပန်းခြံလမ်း၊ စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။


” Yuri တို့ အခုလောလောဆယ် မိတ်ကပ် စတူဒီယိုဖွင့်ထားတယ်။ အလှအပမိတ်ကပ်လေးတွေကို မြန်မာမိန်းကလေးတွေအနေနဲ့ ဘယ် လိုပြင်ရမလဲ၊ ပြီးတော့ Professional Make Up Artist အနေနဲ့ သင်တန်းပို့ချနေတာရှိတယ်။ အခု ပထမ Class က ပြီးတော့မယ်။ ဒါက Soft Opening ပဲရှိသေးတယ်ရှင့်။ တကယ်ဖွင့်မှာက နိုဝင်ဘာလမှာပါ” လို့ Hanna Yuri က ပြောပါတယ်။


Hanna Yuri အနေနဲ့ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားကြီးမှာ မိတ်ကပ်အထူးပြုလုပ်ချက်တွေကိုလည်း တာဝန်ယူထားပါတယ်။ ပုပ္ပားမှာ သွား ရောက်ရိုက်ကူးနေတဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ Hanna Yuri အနေနဲ့ ဘယ်လိုတာဝန်ယူ ထားလဲဆိုတာကတော့ ” ညီမတို့ကဇာတ်ကားတစ်လျှောက်လုံးဆိုရင် ဦးကျော်သူရယ်၊ ဦးရန်လေး(ရန်အောင်)ရယ်ကို သရဲဇာတ်ကောင် အနေနဲ့ ပြင်ရမယ်။နောက်ဆုံးအနေနဲ့ဆိုရင် မင်းသားတွေ ဘုန်းကြီးဝတ်တဲ့အခန်းမှာ ဦးရေပြားတွေကအစ ပြင်ရမယ်။ မကြီးစိုး (စိုးမြတ်သူဇာ) ကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံးကို ညီမတို့ ပြင်ပေးရမှာပါ။ ညီမရယ်၊ ညီမရဲ့ သူငယ်ချင်း Artist တစ်ယောက်ရယ် အ လုပ်တွဲလုပ်ဖြစ်တာပါ” လို့ Hanna Yuri က ဆိုပါတယ်။


ဝါရင့်သရုပ်ဆောင်တွေလည်းဖြစ်၊ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တဲ့အပြင် မိတ်ကပ်အထူးပြုလုပ်ချက်ကို အသားပေးထားတဲ့ ဇာတ် ကားဖြစ်တဲ့အတွက် ကြောင့် Hanna Yuri တို့အနေနဲ့ ဘယ်လိုပြင်ဆင်ရလဲလို့ မေးတဲ့အခါ ” ဒီဇာတ်ကားမှာ ဦးရန်လေးအနေနဲ့ ဆို ရင် သေတာမကြာသေးတဲ့သူပေါ့နော်။ ဖြူဖပ်ဖြူရော်နဲ့ ဝိညာဉ် ပြန်ခေါ်လာတဲ့ပုံစံကို ညီမတို့ ပြင်ရတာဆိုတော့ မျက်နှာအဖြူလေးချ လိုက် မယ်။ မျက်တွင်းလေးတွေ ချလိုက်မယ်ပေါ့။ ဒါမျိုးတွေ ပြင်ဆင်ပါတယ်။ ဦးကျော်သူဆိုရင်သေတာ ကြာပြီဆိုတော့ နည်းနည်းပို ဂရုစိုက် ရတယ်။ လူကြီးဖြစ်တဲ့အတွက် ရွှံ့အစား ကျန်တဲ့ပစ္စည်းတွေသုံးရတယ်။ အသေးစိတ်ပြုလုပ်ရပါတယ်” လို့ ပြောပါတယ်။


” ဝိညာဉ်စိမ်း” ဇာတ်ကားပြီးတဲ့အခါနောက်ထပ် ဇာတ်ကားတွေမှာကော မိတ်ကပ်နဲ့ပတ်သက်ပြီး ပါဝင်ဖြစ်ဦးမလား လို့မေးတဲ့အခါ ” အခုဒီဇာတ်ကားလေးကို လူတွေသိသွားတယ်။ ညီမတို့ Creation ကို စိတ်ဝင်စားတယ်။ နောက်ပိုင်းမှာလည်း ညီမတို့ကို ကမ်းလှမ်း တယ်” လို့ Hanna Yuri က ပြောပြခဲ့ပါတယ်။
Popular

0 comments:

Post a Comment