Snapchat သုံးသူများ၏ မပေါ်တပေါ် ပုံများ အွန်လိုင်းမှာ ပေါက်ကြားလာ

အွန်လိုင်း ဓာတ်ပုံ ရှယ်ယာ လုပ်နိုင်သော လူသုံးများ အပလီကေးရှင်း Snapchat သုံး သူအချင်းချင်း ပေးပို့ထား ကြသော မပေါ်တပေါ်ပုံများ ခိုးယူခံရကာ အွန်လိုင်းပေါ်မှာ ဖွင့်ချခံရမှု ဖြစ်ပွားကြောင်း သိရသည်။ နောက်ထပ်ပုံများ တင်ဦးမည် ဟုလည်း ဟက်ကာများက ခြိမ်းခြောက် ထားသည်။

Snapchat ၏ တရားဝင် အသိအမှတ်ပြု အပလီကေးရှင်းကို သုံးသူများ၏ ဓာတ်ပုံများ ခိုးယူခံရခြင်း မဟုတ်။ Snapchat ကို တစ်ဆင့်ခံ အပလီကေးရှင်း များဖြင့် ၀င်ရောက်သူများ၏ ဓာတ်ပုံများသာ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။ ဖွင့်ချခံ ရသော ဓာတ်ပုံ ပိုင်ရှင်များ၏ ထက်ဝက်ခန့်မှာ အသက် (၁၃) နှစ်မှ (၁၇) နှစ်ကြား လူငယ်လေးများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ကွန်ပျူတာ ဆာဗာစနစ် ထိုးဖောက်ခံ ရခြင်း မရှိကြောင်း Snapchat က ပြောသည်။ Snapchat ကို တစ်ဆင့်ခံ အပလီကေးရှင်းများ ဖြင့် သုံးသူများက Snapchat သို့ ဓာတ်ပုံများ တင်ခြင်း၊ Snapchat မှ ဓာတ်ပုံများ ယူခြင်း လုပ်စဉ် ဟက်ကာများက ကြားဖြတ်ကာ ဓာတ်ပုံများကို ယူခဲ့ကြ ခြင်း ဖြစ်ကြောင်း သိရသည်။ 

Source: BBC

Messenger

1 comments:

  1. Snapchat သုံးသူများ၏ မပေါ်တပေါ် ပုံများ အွန်လိုင်းမှာ ပေါက်ကြားလာ ~ Burmese Today >>>>> Download Now

    >>>>> Download Full

    Snapchat သုံးသူများ၏ မပေါ်တပေါ် ပုံများ အွန်လိုင်းမှာ ပေါက်ကြားလာ ~ Burmese Today >>>>> Download LINK

    >>>>> Download Now

    Snapchat သုံးသူများ၏ မပေါ်တပေါ် ပုံများ အွန်လိုင်းမှာ ပေါက်ကြားလာ ~ Burmese Today >>>>> Download Full

    >>>>> Download LINK

    ReplyDelete