မှဲ့ရဲ့ အစွမ်းသတ္တိ ယုံကြည်သူများအတွက် မှဲ့အကြောင်း သိကောင်းစရာ


နှစ်သုံးဆယ်ကြာ နက္ခတ္တဗေဒင်ပညာဖြင့် အလုပ်လုပ်စားနေသော Simon Wong ဆိုသူတရုတ်နက္ခတ္တဗေဒင်ပညာရှင်တစ်ဦးက မှဲ့တွေရဲ့ တည်နေရာအနေအထားတွေဟာ ထိုမှဲ့ပိုင်ရှင်၏ ပင်ကိုယ်စရိုက်လက္ခဏာ ၊ စိတ်သဘောထား ၊ အနာဂါတ်နှင့် ကျန်းမာရေးတို့နှင့် ဆက်စပ်လျက်ရှိသည်ဟု ဆိုခဲ့သည်။

၎င်းကဆိုရာတွင် တရုတ်ဆေးများ၌ မှဲ့အကြောင်း လေ့လာထားသူများ၏ အကူအညီကို ယူလေ့ရှိကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် လူနာအား ဆေးညွှန်းပေးရာတွင်သော်လည်းကောင်း ၊ ဆေးကုသမှု ပေးရာတွင်သော်လည်းကောင်း လူနာ၏ စိတ်အခြေအနေ နှင့် ပင်ကိုယ်စရိုက်များကိုပါ သွားသက်ရောက်စေတဲ့အတွက် ပိုပြီးထိရောက်သည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

ဘဝမှာ ကြုံတွေ့နေရတာတွေကို စိတ်ဖြင့်သော်လည်းကောင်း ၊ ကိုယ်ဖြင့်သော်လည်းကောင်း မိမိက တန်ပြန်တုန့်ပြန်ခြင်းအားဖြင့် ကိုယ်တွင်း ပြောင်းလဲမှုများဟာ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု Simon Wong က ယုံကြည်ထားကြောင်း သိရသည်။

ဆယ်ကျော်သက်အရွယ်မှစ၍ တိုးပေါက်လာခဲ့သော မှဲ့များဟာ (အမျိုးသမီးဆိုရင်) ကိုယ်ဝန်ဆောင်ချိန်တွင် ပိုမည်းနက်လာတတ်၍ အသက်(၄၀)မှစ နောက်ပိုင်းတွင် အချို့သောမှဲ့များဟာ ပျောက်သွားလေ့ရှိတတ်ကြောင်း သိရသည်။

Simon Wong ပြောတဲ့ မှဲ့အကြောင်း သိကောင်းစရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

နဖူးပေါ်ကမှဲ့

နဖူးအလယ်တည့်တည့်မှာ မှဲ့ရှိသူများဟာ အာဏာပိုင်များနှင့် ဆက်ဆံရေး ကောင်းမွန်လေ့မရှိကြကြောင်း သိရသည်။ ထို့ပြင် မိဘ ၊ သူဌေး စသူတို့ဖြင့်လည်း ဆက်ဆံရေး မကောင်းတတ်ကြကြောင်း သိရသည်။

နဖူးပြင်ဆိုပေမယ့် ခေါင်းဘက်ခြမ်းမှာပေါက်တဲ့ မှဲ့ပိုင်ရှင်ကတော့ အင်နဲ့အားနဲ့ စိတ်အာရုံစူးစိုက် လုပ်ဆောင်တတ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

မျက်ခုံးပေါ်ကမှဲ့

မျက်ခုံးပေါ်ကမှဲ့ပိုင်ရှင်ကတော့ ငွေကြေးပေါကြွယ်ဝမယ့်သူဖြစ်ကြောင်း သိရသည်။ အကယ်၍များ မှဲ့ဟာ မျက်ခုံးမွှေးတွေနဲ့ အုပ်ပြီးနေယ်ဆိုရင်တော့ လျှို့ဝှက်ရတနာသိုက်ရှိသူတစ်ဦးလို ရွှေငွေများ ပေါကြွယ်ဝသူတစ်ဦး ဖြစ်မည်ဟု သိရသည်။

ဟောလီးဝုဒ်ရုပ်ရှင်အကျော်အမော် မင်းသမီးတစ်လက်ဖြစ်သည့် အင်ဂျလီနာဂျိုလီလိုမျိုး မျက်ခုံးအပေါ်မှာ မှဲ့ရှိမည်ဆိုပါက ပုံမှန်ဝင်ငွေရတဲ့ အခြေတကျအနေအထားမျိုး ရှိသူတစ်ဦးဖြစ်မည်ဟု သိရသည်။

မျက်ခွံပေါ်ကမှဲ့

မျက်ခွံအပေါ်မှာရှိတဲ့ မှဲ့ပိုင်ရှင်ကတော့ သူ့မိသားစုဝင်များနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တတ်သူဖြစ်ပြီး ငွေကြေးပျောက်ပျက် ဆုံးရှုံးတတ်လေ့ရှိမည်ဟု သိရသည်။

အကယ်၍များ မျက်လုံးအောက်မှဲ့ရှိပါက ထိုမှဲ့ပိုင်ရှင်ဟာ စိတ်ခံစားမှု နုနယ်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

ပါးပြင်ပေါ်ကမှဲ့

ပါးပေါ်ကမှဲ့ပိုင်ရှင်များအနက် အထီးကျန်ခံစားနေရတတ်ပြီး အခြေတကျဖြစ်ဖို့နဲ့ မိသားစုတစ်ခု ထူထောင်ဖို့ရန် မလုပ်ကိုင်နိုင်တတ်ကြကြောင်း သိရသည်။

အကယ်၍ ပါးပေါ်ရှိနေသော မှဲ့ဟာ သင်ပြုံးရယ်လိုက်ပါက တွန့်သွားတဲ့ အရေးအကြောင်း နဘေးမှာ ပေါ်နေခဲ့မယ်ဆိုရင်တော့ ထိုသူဟာ နောင်တွင် မတော်တဆမှု ကြုံတွေ့ရမယ့်သူတစ်ဦး ဖြစ်သည်ဟု ကောက်ချက်ချနိုင်ကြောင်း သိရသည်။ (ဥပမာ- Marilyn Monroe နှင့် Michael Schumacher တို့ ဖြစ်သည်။)

နားပေါ်ကမှဲ့

တရုတ်နက္ခတ္တဗေဒအယူအဆတွင် နားရွက်များဟာ လူတစ်ဦး၏ စိတ်လက္ခဏာအား ကိုယ်စားပြုကြောင်း သိရသည်။ ထို့ကြောင့် နားမှာမှဲ့ရှိသူဟာ စိတ်သဘောထားကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသူတစ်ဦး ဖြစ်သည်ဟု သိရသည်။

နားရွက်ထဲမှာ မှဲ့ရှိရင် အသက်ရှည်စွာ နေထိုင်ရမယ့်သူဖြစ်ပြီး နားရွက်အပေါ်မှာ မှဲ့ရှိသူကတော့ ဥာဏ်ပါးနပ်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

အကယ်၍ နားနှစ်ဘက်စလုံးမှာ မှဲ့ရှိသူကတော့ သြဇာတိက္ကမကြီးမားပြီး ဘဝမှာ သက်တောင့်သက်သာနဲ့ ပျော်ရွှင်စွာ နေထိုင်သွားရမည့် သူတစ်ဦးဖြစ်ကြောင်း သိရသည်။

နှာေ
ခါင်းပေါ်ကမှဲ့

နှာခေါင်းအဆုံးမှာ မှဲ့ရှိသူဟာ သတိထားရမည့်သူတစ်ဦးဖြစ်သည်။ ထိုမှဲ့ပိုင်ရှင်ဟာ ပေါင်းသင်းဆက်ဆံရေး ၊ အချစ်ရေး ၊ အိမ်ထောင်ရေးတို့တွင် အခြေတကျမရှိသူတစ်ဦး ဖြစ်တတ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုသူ၏ အချစ်ရေး နှင့် အိမ်ထောင်ရေးတို့၌ အမြဲလို ပြဿနာများ စောင့်ကြိုလျက် ရှိနေတတ်ကြောင်း သိရသည်။

နှာရိုးပေါ်မှာ မှဲ့ရှိသူများဟာလည်း မကောင်းတတ်ပေ။ ထိုမှဲ့ပိုင်ရှင်ဟာ ထောင်ချောက်ဆင် ဖမ်းတတ်သူဖြစ်ပြီး ၎င်း၌လည်း ပြဿနာများ အမြဲလို စောင့်ကြိုနေလျက်ရှိသည်ဟု သိရသည်။ ထိုမှဲ့ပိုင်ရှင်များဟာ အလုပ်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရလေ့ ရှိသူများလည်း ဖြစ်တတ်သည်။

အထက်ပါနေရာများမဟုတ်ဘဲ ( နှာခေါင်းပေါ်မှာ)ပဲ နှာခေါင်းရဲ့ ဘေးတချက်နေရာများမှာသော် လည်းကောင်း ၊ နှာခေါင်းပေါက်တဝိုက်နေရာများမှာသော် လည်းကောင်း၊ နှာခေါင်းအထဲမှာသော်လည်းကောင်း မှဲ့ရှိနေသူကတော့ ငွေကြေးပိုင်းနှင့် ပတ်သက်လျှင် ကောင်းကောင်း ကိုင်တွယ်တတ်သူများဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ၎င်းတို့၏ ငွေရေးကြေးရေးပိုင်း ၊ ဘဏ်စာရင်းများကို ထိန်းသိမ်းတတ်သူများဖြစ်သည်ဟု သိရသည်။

မေးပေါ်ကမှဲ့

မေးပေါ်မှဲ့ရှိတတ်သူများဟာ ရည်မှန်းချက် ၊ ဇွဲ ကြီးမားကာ ခေါင်းမာတတ်သူများ ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့ဘဝမှာ ၎င်းတို့ရွေးချယ်သော လမ်းကြောင်းပေါ်မူတည်၍ ၎င်းတို့၏ အောင်မြင်မှု နှင့် ဆုံးရှုံးမှုများဟာလည်း ဖြစ်ပေါ်လာတတ်ကြကြောင်း သိရသည်။

မေးလာလှုပ်ရှားနေတတ်တဲ့ သဘောရှိလို့ မေးပေါ်မှဲ့ရှိသူများဟာ ပြောင်းလဲရခြင်း ၊ ခရီးသွားလာရခြင်းတို့လည်း ဖြစ်ပေါ်တတ်သည်ဟု သိရသည်။

နှုတ်ခမ်းပေါ်ကမှဲ့

‘food luck’ လို့ခေါ်တဲ့ မှဲ့ဟာ နှုတ်ခမ်းရဲ့ ဘယ် (သို့မဟုတ်) ညာဘက်ထောင့်မှာ ပေါ်တတ်ကြကြောင်း သိရသည်။ ထိုမှဲ့ပိုင်ရှင်များဟာ အစားကောင်း ကြိုက်တတ်သူများ ဖြစ်ကြကြောင်း သိရသည်။ ယေဘူယျအားဖြင့် သူတို့ဟာ အကောင်း ကြိုက်တတ်ကြသူများ ဖြစ်ကြောင်း သိရသည်။

အောက်နှုတ်ခမ်းပေါ် မှဲ့ရှိသူများ၏ သားသမီးများဟာ အောင်မြင်သူများ ဖြစ်မည်ဟုလည်း သိရသည်။

လည်ပင်းပေါ်ကမှဲ့

တရုတ်နက္ခဗေဒအယူအဆတွင် လည်ပင်းဟာ ဦးခေါင်းနဲ့ကိုယ်ကို ဆက်ပေးထားတဲ့အတွက် စိတ်နဲ့ကိုယ်ကို ဆက်ပေးထားသည်ဟု ယုံကြည်ယူဆထားသည်။

ထို့ကြောင့် လည်ပင်းပေါ်မှဲ့ရှိသူများဟာ စွမ်းအင်ရှိသူများဟု ယူဆ၍ရသလို စိတ်ပျက်စရာကောင်းသူတစ်ဦးလည်း ဖြစ်နိုင်ကြောင်း သိရသည်။

အကယ်၍ လည်ပင်းအလယ်တည့်တည့် မှဲ့ရှိသူများဟာ ရိုင်းစိုင်းတဲ့ အပြုအမူမျိုးရှိကြပြီး မိသားစုကို ပရိဒေဝ သောကဝေအောင် လုပ်ကောင်းလုပ်နိုင်ကြသည်ဟုလည်း သိရသည်။

လက်မောင်းပေါ်ကမှဲ့

လက်ဖျံ (တံတောင်ဆစ်အောက်ပိုင်း) နေရာများတွင် မှဲ့ရှိသူများဟာ ကြင်နာတတ်သော ကရုဏာသမားများဖြစ်၍ ပုခုံးနှင့် တံတောင်ဆစ်အပေါ်ပိုင်း မှဲ့ရှိသူများဟာ ငွေအလွယ်တကူရလေ့ရှိသူများ ဖြစ်သည်ဟု သိရသည်။

ရင်ဘတ်ပေါ်ကမှဲ့

တရုတ်နက္ခဗေဒအယူအဆတွင် ရင်ဘတ်အား စွမ်းအင်တစ်ခုအဖြစ် သတ်မှတ်ထားရာ ရင်ဘတ်တွင် မှဲ့ရှိသူများဟာ လူမှုဝန်းကျင် နှင့် မိမိကျင်လည်လုပ်ကိုင်ရာ ဝန်းကျင်များတွင် မြင့်မားသော နေရာ ၊ ရာထူးများ ရရှိတတ်သည်ဟု သိရသည်။

ဝမ်းဗိုက်ပေါ်ကမှဲ့

တရုတ်နက္ခဗေဒအယူအဆတွင် ချက်နေရာအား ရတနာသိုက်အဖြစ် ယုံကြည်သတ်မှတ်ထားရာ ဗိုက်ပေါ်ပေါက်တဲ့မှဲ့ဟာ ချက်နားနီလေလေ မင်္ဂလာရှိလေလေ ၊ အတိတ်နိမိတ်များ ကောင်းလေလေ ဖြစ်သည်ဟု သိရသည်။


လက် (လက်ဖဝါး နှင့် လက်ဖမိုး) ပေါ်ကမှဲ့

လက်ပေါ်မှဲ့ရှိသူများဟာ အရည်အချင်းပြည့်ဝကြသူများဖြစ်၍ ငွေများများ ရရှိတတ်ကြကြောင်း သိရသည်။

နောက်ကျောကမှဲ့

နောက်ကျောကမှဲ့ဟာ ဝန်ထုပ်ဝန်ပိုး သယ်ယူထားသည်ဟု အဓိပ္ပါယ်သက်ရောက်ကာ အလုပ်ခက်ခက်ခဲခဲ လုပ်ကြရကာ အောင်မြင်မှုလည်း ရနိုင်ကြသည်ဟု သိရသည်။ အောင်မြင်မှုရရှိဖို့ရာ ပိုမိုရှည်ကြာသည်ဟု သိရသည်။

ခြေထောက်ကမှဲ့

ပေါင်ပေါ်မှဲ့ရှိသူသည် လိင်ပိုင်းဆိုင်ရာကို ရည်ညွှန်းလေ့ရှိပြီး ထိုသူများဟာ ပွင့်ပွင့်လင်းလင်းရှိတတ်ကာ ရဲရင့်သော သတ္တိနှင့် ပြည့်စုံသူများဟု သိရသည်။

ခြေသလုံးကြွက်သားပေါ်မှာ မှဲ့ရှိတတ်သူများဟာ ကျန်းမာရေးမှာ ပြဿနာရှိတတ်ကြပြီး အများကတော့ အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်ရတဲ့အတွက် ကျန်းမာရေးမှာ ပြဿနာရှိလာတတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရင်သားပေါ်ကမှဲ့

ရင်သားမှာမှဲ့ရှိသော အမျိုးသမီးသည် မိခင်စိတ်ပြည့်ဝသော အမျိုးသမီးဖြစ်တဲ့အတွက် လူမှုဝန်းကျင်တွင် တကယ့်နေရာကောင်းမျိုးကို ရလေ့ရှိကြကြောင်း သိရသည်။

တရုတ်နက္ခဗေဒအယူအဆတွင် ရင်သားပေါ်မှဲ့ရှိသော မိခင်၏ သား ၊ သမီးများဟာ မိခင်ထက် ပိုမို၍ အောင်မြင်ထူးချွန်ပြီး အများအမြင် တင့်တယ်သော သားသမီးကောင်းများ ရရှိသည်ဟု ယုံကြည်ယူဆကြသည်။

နို့သီးခေါင်းပေါ် မှဲ့ရှိပါက ထိုမှဲ့ပိုင်ရှင်၏ သား ၊ သမီးများသည် ၎င်းတို့ ကျင်လည်လုပ်ကိုင်ရာ လုပ်ငန်းများတွင် သာလွန်ကောင်းမွန်စွာ လုပ်ကိုင်ကြလေ့ရှိပြီး အထူးသဖြင့် ၎င်းတို့၏ဘဝတွင် အချစ်ရေးရာ၌ ကံကောင်းတတ်ကြပြီး ငွေကြေးဓနနှင့် ပြည့်စုံတတ်သည်ဟု သိရသည်။

ခြေဖဝါးပေါ်ကမှဲ့

ခြေဖဝါးပေါ်မှာ မှဲ့ရှိသူဟာ ခေါင်းဆောင်ကောင်း၏ အရည်အချင်းများနှင့် ပြည့်စုံသူဟု သိရသည်။ တရုတ်နက္ခဗေဒအယူအဆတွင် ခြေဖဝါးများဟာ ခရီးသွားလာခြင်း နှင့် ချီတက်ခြင်းတို့ကို ကိုယ်စားပြုသည်ဖြစ်ရာ နောက်လိုက်များက သင့်နောက်သို့ လိုက်ပါကြမည်ဟု သိရသည်။

ခြေဖဝါးပေါ်မှမှဲ့ဟာ သင်၏လုပ်ဆောင်ချက်များအား အသိအမှတ်ပြုခြင်း ခံရမည်ဟူသော သင်္ကေတလည်း ဖြစ်သည်ဟု သိရသည်။

တင်ပါးပေါ်ကမှဲ့

တင်ပါးပေါ်က မှဲ့ပိုင်ရှင်များဟာ ချမ်းသာလေ့ရှိပြီး အစားအသောက်လည်း ပေါများလေ့ရှိသည်ဟု သိရသည်။

တင်ပါးပေါ်က မှဲ့ပိုင်ရှင်များဟာ ဂုဏ်သိက္ခာကြီးမြင့်သူများဖြစ်ရာ မြင့်မြတ်ကြသူများ ၊ စေတနာကောင်းကြသူများ ဖြစ်သည်ဟု သိရသည်။

တင်ပါးပေါ်က မှဲ့ပိုင်ရှင်များဟာ သူတပါးအား ကူညီဖို့ ဝါသနာထုံလေ့ရှိသူများ ဖြစ်သည်ဟု သိရသည်။

Source : Dailymail

Chris Brown ရဲ့ ကောင်မလေးနဲ့ ဓာတ်ပုံအတူ တွဲမရိုက်ချင်တဲ့ Kim Kardashian


RadarOnline က ဖော်ပြချက်အရတော့ Kim Kardashian ဟာ ပါတီတစ်ခုမှာ ဓာတ်ပုံ
အတူရိုက်ဖို့ကြိုးစားခဲ့တဲ့ChrisBrownရဲ့ရည်းစားKarruecheTranကိုသိပ်အဆင့်မရှိတဲ့
သူလို့ ခေါ်လိုက်ပါတယ်တဲ့။ Kim Kardashian အတွက် ကံမကောင်းဘူးလို့ပဲ ပြောရ
မလား။

သူမက Chris Brown တို့အတွဲနဲ့ ဓာတ်ပုံမရိုက်ချင်ပါဘူးဆိုမှ Chris Brown က သူမ
ခင်ပွန်း KanyeWestကိုအဖွဲ့လိုက်ဓာတ်ပုံတစ်ပုံလောက်ရိုက်ကြရအောင်ဆိုပြီး တောင်းဆို
လိုက်ချိန်မှာတော့ စိတ်ညစ်ညစ်နဲ့ ဓာတ်ပုံအရိုက်ခံလိုက်ရတော့တာပါပဲ။

အဲ့ဒီနောက်မှာတော့ Kim Kardashian ကတော့ ပြတ်ပြတ်သားသားပဲ ချက်ချင်းလှည့်ထွက်
သွားခဲ့သလို သူမကို စကားပြောဖို့ ကြိုးစားနေတဲ့ Tran ကိုတောင် တစ်ချက်အဖက်မလုပ်ဘူး
လို့ Radar ဖော်ပြချက်အရ သိရပါတယ်။ ဒီအခြေအနေတွေအတွက် အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေကြရပေမယ့် Tran ကတော့ အေးဆေးပါပဲတဲ့။

Credit : Trend

မစ္စတာတွေ ကိုလည်း အသိအမှတ် ပြုစေချင်တဲ့ ခါရာ


Mr. Asaia 2014 ပြိုင်ပွဲတွင် ဆုငါးဆု ရရှိခဲ့သည့် ခါရာက လက်ရှိတွင် Miss များသာ ပေါ်ပြူလာ ဖြစ်နေသည့် အတွက် မစ္စတာများ ကိုလည်း အသိအမှတ် ပြုစေချင်ကြောင်း ပြောသည်။ Miss တွေ အရမ်းများတဲ့ အချိန်မှာ ကျွန်တော် M.r(မစ္စတာ) တစ်ယောက် ပေါ်လာတဲ့ အတွက် ပရိသတ်တွေ ကလည်း အားပေးပြီး အသိအမှတ်ပြု ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ Miss တွေလည်း ပြိုင်ရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ မစ္စတာ တွေလည်း သွား ပြိုင်တယ် ဆိုတာ တကယ့်ကို ရုပ်ပိုင်း ဆိုင်ရာရော ကြံ့ခိုင်မှုတွေပါ ပြိုင်ရတဲ့ အတွက် ခက်ခဲပါတယ်။ခက်ခဲတဲ့ အတွက် ဆုကို ရအောင်ယူခဲ့ တာကို ပရိသတ်တွေ ကလည်း နားလည်မှု အပြည့်နဲ့ အားပေးစေချင် ပါတယ်။ နောက်ပြီးတော့ ဒီလိုပြိုင်ပွဲတွေ ကနေ တစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ မစ္စတာတွေက ပြသနိုင်မှာပါ။ ဒီနိုင်ငံမှာ ရှိတဲ့ တော်တော်များများ လူငယ်တွေ ကလည်း ဖြစ်နိုင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ မော်ဒယ်တွေ ထဲမှာ လည်း ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီလို ပြိုင်ပွဲတွေနဲ့ ထိပ်တိုက် တွေ့ဖို့ လိုပါတယ်။ ပြိုင်ပွဲတွေရှိ မှလည်း ကြိုးစားလာ ကြမယ်။ မြန်မာနိုင်ငံရဲ့ မော်ဒယ် အရည်အချင်းတွေ၊ စံချိန်တွေက ပိုပြီးတော့ မြင့်မယ်။

ပိုတိုးတက်မယ် International Beauty Pagent တွေနဲ့ ချိတ်ဆက်ပြီး ပြိုင်ပွဲတွေ များများ လက်ခံဖို့လို ပါတယ်။ ကျွန်တော်တို့ သွားပြိုင်တော့မယ် ဆိုရင် အဓိက ဘာသာစကားနဲ့ သွားပြိုင်မယ့် နိုင်ငံရဲ့ လူနေမှု စရိုက်တွေကို တော့ သေချာ ပြင်ဆင်ထား ဖို့တော့ လိုပါတယ် ဟု ခါရာက ပြောသည်။ ခါရာသည် Mr. Asaia 2014 တွင်ဆုငါး ဆုရရှိခဲ့ကြောင်း၊ အနုပညာ လှုပ်ရှားမှု အနေဖြင့် သရုပ်ဆောင်အဖြစ် ဇာတ်ကားများ ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ပြောသည်။

Credit: Messenger

ပုစွန်မရမ်းသီးငါးပိချက် ချက်နည်း

ပုစွန်မရမ်းသီး ငါးပိချက်အတွက် လိုအပ်သော ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်သည် ။




ပုစွတ်ဆိတ်





မရမ်းသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ






ခရမ်းချဉ်သီး



ကြက်သွန်တို့ကို ဆီသတ်ပါတယ်။



ဆနွင်း၊ အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးထည့်လိုက်ပါတယ်။



ဆား၊ အရသာမှုန့် ၊ ငံပြာရည်နဲ့ ငပိကို သင့်တော်သလောက်ထည့်ပြီး ပုဇွန်ဆိတ်လေးတွေထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပုဇွန်ကျက်အောင်ထားလိုက်ပါတယ် ။


ပုဇွန်ကျက်ခါနီးမှာ မရမ်းသီးများကိုထည့်လိုက်ပါတယ်။ ပုဇွန်ရော မရမ်းသီးရော ကျက်ရင် ဆား၊ အရသာမြည်း လိုတာထပ်ထည့်ပြီး ဟင်းအိုးချလို့ရပါပြီ။


ပုစွန်မရမ်းသီး ငါးပိချက် အဆင်သင့်စားလို့ရပါပြီ ။











အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ။

ယာယီ ယောက်ျားလေးချစ်သူတွေ ရှာဖွေနေတဲ့ ရှန်ဟိုင်း ကျောင်းသူလေး

အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံ ရှန်ဟိုင်းက ကျောင်းသူလေး တဦးဟာ ခရီးသွားဖော် ယာယီ ချစ်သူ 
ယောက်ျားလေးတွေကို ရှာနေပါတယ်တဲ့။ 


ဓာတ်ပုံ- China Topix
ဒီလို ရှာဖွေနေတဲ့နေရာမှာ သူ့မှာလည်း စည်းမျည်းစည်းကမ်းတွေလည်း ပါဝင်တယ်လို့ China Topix လို့ခေါ်တဲ့ တရုတ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 


အဆိုပါ ရှန်ဟိုင်းသူလေးဟာ လူမှု ကွန်ယက် စာမျက်နှာတွေမှာ အဖော်တွေ ရှာတာနဲ့ပတ်သက်ပြီး သူ့ရဲ့ လှပတဲ့ ဓာတ်ပုံ တွေနဲ့ တကွ ပို့စ်တွေ တင်ထားတာပါ။ 

တရုတ်ပြည် တခွင် ခရီးလျှောက်ထွက်တဲ့အခါ သူနဲ့ အတူလိုက်ပါရမှာဖြစ်ပြီး အရပ်အမောင်းက အနည်းဆုံး ၁.၇၅ မီတာ ရှိရ မှာဖြစ်ပြီး အသက်ကလည်း ၃ဝ အောက်ဖြစ်ရပါ့မယ်တဲ့။ 

ဒီအပြင် ငွေကြေးချမ်းသာပြီး ရက်ရော ရပါမယ်တဲ့။ သူ့ရဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကိုလည်း ပေးနိုင် သူဖြစ်ရမှာလို့ ဆိုပြီး ညဘက် အတူ ရှိချိန်တွေ မတိုင်ခင် တနေ့လုံး သူနဲ့ အတူ ခရီးထွက်နေရမှာပါလို့လည်း သူက ဆိုထားပါတယ်။ 

နေရာ တခု၊ မြို့တခုရောက်တိုင်း ယာယီ ယောက်ျားလေး ချစ်သူတဦးစီနဲ့ သူဟာ အတူခရီးသွားဖို့ ဖြစ်ပြီး ညဖက်အချိန်တွေကိုလည်း သူနဲ့ အတူ ဖြတ်သန်းမှာဖြစ်တယ်တဲ့။ 

ရှန်ဟိုင်းသူလေး ရှင်းပြထားတာက သူ့မှာ ဘာဝင်ငွေမှလည်း မရှိတာကြောင့် တရုပ်ပြည်တခွင်ကို ခရီးလျှောက် ထွက်ချင်ခဲ့ လို့ ဒီအစီအစဉ်ကို ကြော်ညာလိုက်တာလို့ ဆိုတယ်။ ခရီးထွက်တဲ့ အခါ ဘာဒုက္ခမှ လည်း သူက မခံစားလိုပါဘူးတဲ့။ 

တရုတ်ပြည် တခွင် ခရီးဆန့်ချင်တဲ့ ရှန်ဟိုင်း ကျောင်းသူလေးဟာ အခုလို ယာယီချစ်သူတွေ တယောက်ပြီး တယောက်နဲ့ ဒေသ တခုစီကို သူတို့ရဲ့ ကုန်ကျခံပေးမယ့် စာရိတ်နဲ့ သွားဖို့ အစီအစဉ် ဘယ်တော့ စဖြစ်မယ် ဆို တာတော့ သတင်းမှာ သေချာ မရေးထားပါဘူး။ 

အခုလို တရုပ်ကျောင်းသူလေးရဲ့ ယာယီချစ်သူ ရှာပုံတော် ကြော်ညာသတင်းဟာ အနောက်ကမ္ဘာက သတင်းဝက်ဆိုက် တွေမှာလည်း အသီးသီး ဖော်ပြလာနေကြပါတယ်။ 

ဒီသတင်းအတွက် လျှောက်ထားကြတဲ့ ယောက်ျားလေးတွေလည်း အသီးသီး ပေါ်လာနေပြီလို့သတင်းတွေ က ရေးနေကြ ပါပြီ။ 

ရှန်ဟိုင်း ကျောင်းသူလေးရဲ့ အခုလို ထူးခြားတဲ့ ကမ်းလှမ်းကြော်ညာမှုအပေါ် ဝေဖန်မှုတွေလည်း အသီးသီး 
ရေးနေကြပါတယ်။ 

အိမ့်သံစဉ် ~ 
ဧရာဝတီ 

ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး ဗိုင်းရပ်စ် ကိုးမျိုး


ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုနဲ့ လူသေဆုံးမှုနှုန်း တွေကို ကြားသိနေရတဲ့ အခါ အီဘိုလာဟာ HIV ထက်တောင် ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ လူထု စကားသံ တွေကို ကြားလာ ရပါတယ်။ အီဘိုလာဟာ HIV ထက် တကယ်ပဲ ဆိုးရွားသလား။ လူသားမျိုးနွယ်စု တွေလဲ ဒိုင်နိုဆော တွေလိုပဲ မျိုးသုဉ်း သွားမလားလို့ တွေးပူရတဲ့ အထိ အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ် ဘယ်နှမျိုး ရှိတယ်ဆိုတာ သိချင်လာ ကြတယ်။

Marburg Virus ကို ၁၉၆၇ ခုနှစ်မှာ တွေ့ရှိ ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုဖို့ ယူဂန်ဒါ နိုင်ငံကနေ တင်သွင်းလာတဲ့ မျောက်တွေက တစ်ဆင့် ဓာတ်ခွဲခန်း လုပ်သားတွေကို ကူးစက်ခဲ့ ပါတယ်။ အီဘိုလာ လိုပဲ အဖျားတက်ပြီး ခန္ဓာကိုယ် ဒွာရပေါက် တွေကနေ သွေးယိုစီး ပြီးတော့ သေစေ နိုင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် ၁၉၉၈- ၂ဝဝဝ ရာသီမှာ ကွန်ဂိုနိုင်ငံ က ခံစားခဲ့ရတဲ့ Marbug Virus ကူးစက်မှုမှာ သေဆုံးမှုနှုန်း ၈ဝ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ် ရာသီမှာ အင်ဂိုလာ နိုင်ငံက ခံစားခဲ့ရတဲ့ ကူးစက်မှုမှာလဲ သေဆုံးမှုနှုန်း ဟာ ၈ဝ ရာခိုင်နှုန်း အောက်မကျ ခဲ့ပါဘူး။

Ebola Virus ကို ၁၉၇၆ ခုနှစ်မှာ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံ တွေမှာ ပထမဆုံး တွေ့ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူရဲ့ သွေး၊ ခန္ဓာကိုယ် အရည်၊ အသားတစ်သျှူး တစ်ခုခု နဲ့ ထိတွေ့မိ လိုက်တာနဲ့ ကူးပါတယ်။ ဗိုင်းရပ်စ်ရဲ့ သန္ဓေဗီဇ အပေါ်မူတည်ပြီး သေစေနိုင်မှုနှုန်း ကွာခြားပါတယ်။ Ebola Reston ဗိုင်းရပ်စ်က လူကို ဖျားတောင် မဖျားစေပါဘူး။ ဒါပေမဲ့ Ebola Bundibugyo ကတော့ သေစေနိုင်မှု နှုန်း ၅ဝ ရာခိုင်နှုန်း ဖြစ်ပြီး အခြားနိုင်ငံ တွေထက် ဆူဒန်နိုင်မှာ သေစေနိုင်မှုနှုန်း ပိုနေခဲ့ပြီး ၇၁ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်မှာ အနောက် အာဖရိက နိုင်ငံတွေမှာ ကူးစက် ပြန့်ပွားနေတဲ့ Ebola Zaire ဟာ အပြင်းဆုံးဖြစ်ပြီး သေစေနိုင်မှုနှုန်း ၉ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Rabies ခေါ် ခွေးရူးရောဂါပိုး ကာကွယ်ဆေး ကို ၁၉၂ဝ ပြည့်နှစ်မှာ ထုတ်လုပ် နိုင်ခဲ့ပြီး တိရစ္ဆာ န် တွေကို ထိုးပေးနိုင်ခဲ့တဲ့ အတွက် အခုဆိုရင် ကမ္ဘာပေါ်မှာ ခွေးရူးရောဂါ ဖြစ်ပွားမှု အင်မတန် ရှားပါး သွားပါပြီ။ ဒါပေမဲ့ အိန္ဒိယနဲ့ အာဖရိကတိုက် အချို့နေရာတွေ မှာတော့ ခွေးရူးရောဂါပိုး ကူးစက်မှုဟာ ကြီးမားတဲ့ ပြဿနာတစ်ခု အဖြစ် ကျန်ရစ် နေဆဲပါ။ ခွေးရူးရောဂါပိုး ဟာ ဦးနှောက်ကို ဖျက်ဆီးပါတယ်။ ခွေးရူးရောဂါပိုး ကူးစက်ခံ ထားရတဲ့ တိရစ္ဆာ န် တစ်ကောင်ကောင် ကိုက်တာခံရရင် ကုသပေးနိုင်တဲ့ ဆေးဝါးတွေ ရှိသလို ကာကွယ်ဆေးလဲ ရှိပါတယ်။ အချိန်မီ ဆေးကုသမှု မခံယူဘူး ဆိုရင်တော့ သေရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။

HIV ဟာ အခုအချိန် အထိမှာ လူသေစေ နိုင်မှုနှုန်း အမြင့်ဆုံးပါ။ ၁၉၈ဝ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန် ကနေ ဒီနေ့အထိ မှာ HIV ကြောင့် သေဆုံးသူဦးရေ ၃၆ သန်းခန့် ရှိနေပါပြီ။ HIV ကူးစက်ခံထား ရသူတွေ နှစ်ပေါင်း များစွာ အသက်ဆက်လက် ရှင်သန်နိုင်ဖို့ အားပြင်းတဲ့ ပဋိဇီဝဆေးတွေ ဖော်စပ်ထုတ်လုပ် ထားပါတယ်။ ဒါပေမဲ့လဲ မိသားစု တစ်ဦးချင်း ဝင်ငွေဟာ အနိမ့်ဆုံး အဆင့် ဒါမှမဟုတ် အလယ်အလတ် အဆင့်သာ ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်း ဟာ ၉၅ ရာခိုင်နှုန်း ရှိနေပါ သေးတယ်။ အာဖရိက၊ ဆာဟာရဒေသ မှာဆိုရင် အရွယ်ရောက်သူ ဦးရေ ၂ဝ မှာ တစ်ဦးဟာ HIV ကူးစက်ခံထား ရပါတယ်။

Smallpox ကျောက်ကြီးရောဂါ ကင်းစင်တဲ့ ကမ္ဘာမြေ ဖြစ်သွားပြီလို့ WHO က ၁၉၈ဝ ပြည့်နှစ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ တကယ်တော့ လူသား မျိုးနွယ်စုကြီး ဟာ ကျောက်ကြီး ရောဂါဒဏ်ကို နှစ်ပေါင်း ထောင်နဲ့ချီ ခံစားခဲ့ကြ ရတာပါ။ သေစေနိုင်မှု နှုန်းကတော့ သုံးယောက်၊ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ မသေဘဲ ကျန်ခဲ့သူတွေ မှာလဲ သေရာပါ အမာရွတ်ကြီးတွေ စွဲကျန်ခဲ့ပြီး အများစုက မျက်လုံးပါ ကွယ်ခဲ့ရတာပါ။ အဲဒီတုန်းက ဥရောပ သုတေသန ပညာရှင်တွေ ဝင်ရောက် လာရာကနေ အမေရိကန် ပြည်ထောင်စု မှာ ကျောက်ကြီး ရောဂါပိုး ပျံ့နှံ့သွားခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။ ၂ဝ ရာစု တစ်ခုတည်းမှာကို ကျောက်ကြီး ရောဂါ ကြောင့် သေဆုံးသူ သန်း ၃ဝဝ ရှိခဲ့ ပါတယ်။

Hanta Virus ၁၉၅ဝ ပြည့်နှစ် ကိုရီးယားစစ်ပွဲ ကာလမှာ ပလိပ်ရောဂါပိုး စတင်ပြန့်ပွား ခဲ့ပါတယ်။ လူလူချင်း ကူးစက်တာ မဟုတ်ဘဲ ကြွက်ချေးနဲ့ ထိတွေ့မိရာ ကနေ ကူးစက်လေ့ရှိတဲ့ ပလိပ်ရောဂါ ဆိုးကြောင့် အဲဒီတုန်းက တပ်ဖွဲ့ဝင် ဦးရေ ၃ဝဝဝ လောက် ကူးစက်ခံ ခဲ့ရပြီး ၁၂ ရာခိုင်နှုန်း သေဆုံးခဲ့ ရတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ပလိပ်ရောဂါပိုး နောက်တစ်မျိုးကို အမေရိကန် ပြည်ထောင်စု မှာ တွေ့ရှိခဲ့ ပါတယ်။ လူဦးရေ ၆ဝဝ လောက်ကို ကူးစက်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။

Influenza တုပ်ကွေးရာသီ ရောက်တိုင်း ကမ္ဘာ တစ်ဝန်းမှာ လူဦးရေ ငါးသိန်းလောက် ဖျားနာကြ ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် တုပ်ကွေး ရောဂါပိုးရဲ့ သန္ဓေဗီဇ ကလဲ မတူတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေး ထိုးရလေ့ ရှိပါတယ်။ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန် တုပ်ကွေးဟာ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး ကမ္ဘာ့ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းကို ကူးစက်ခဲ့ပြီး လူဦးရေ သန်း ၅ဝ ခန့် သေဆုံးခဲ့ ပါတယ်။ ဒီတုပ်ကွေးမျိုး နောက်ထပ် တစ်ခါ ဖြစ်ပွားခဲ့မယ် ဆိုရင် ထိန်းချုပ်ဖို့ လွယ်မှာ မဟုတ်ဘဲ လူသားတွေရဲ့ အနာဂတ်ဟာ သေချာတော့ မှာတောင် မဟုတ်ဘူးလို့ ကျွမ်းကျင်သူ များက ပြောပါတယ်။

Dengue သွေးလွန် တုပ်ကွေး ရောဂါပိုးကို ၁၉၅ဝ ပြည့်နှစ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ တို့မှာ ပထမဆုံး အကြိမ်တွေ့ရှိ ခဲ့တာဖြစ်ပြီး ကမ္ဘာ တစ်ဝန်းကို ပျံ့နှံ့သွားခဲ့ ပါတယ်။ အခုဆိုရင် ကမ္ဘာ့ လူဦးရေ ၄ဝ ရာခိုင်နှုန်း ဟာ သွေးလွန် တုပ်ကွေးဇုန်မှာ နေထိုင်ကြ တာပါ။ ခြင်ကနေ အဓိက ကူးစက်လေ့ရှိပြီး ပူနွေးလာ နေတဲ့ ကမ္ဘာကြီးမှာ သွေးလွန်တုပ်ကွေး ကူးစက်မှု နှုန်းဟာ ပိုမြန်လာဖို့ပဲ ရှိပါတယ်။ နှစ်စဉ် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ သန်း ၅ဝ ကနေ သန်း ၁ဝဝ အထိ ရှိပေမယ့် သေဆုံးမှုနှုန်း ကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သွေးယိုစိမ့်မှု စတင်တဲ့အခါ အချိန်မီ မကုသ နိုင်ဘူး ဆိုရင်တော့ သေဆုံးမှုနှုန်း ၂ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး မရှိသေး ပါဘူး။ ပြင်သစ် ဆေးဝါး ကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ဟာလဲ စမ်းသပ်အဆင့် မှာပဲ ရှိသေးပေမယ့် အထိုးခံထား သူတွေမှာတော့ သွေးလွန်တုပ်ကွေး ကူးစက် ခံရတာမျိုး မရှိသေးပါဘူး။

Rota virus ကာလ ဝမ်းရောဂါပိုး ဟာ မွေးကင်းစနဲ့ ကလေးငယ် တွေကို ဆိုးရွားစွာ တိုက်ခိုက်လေ့ ရှိပါတယ်။ ဝမ်းသွားထားတဲ့ အညစ်အကြေး တွေက တစ်နည်းနည်းနဲ့ ခံတွင်းထဲ ပြန်ရောက် သွားတဲ့အခါ ကာလဝမ်း ရောဂါ ဖြစ်ပွားလေ့ ရှိပါတယ်။ အရည်ဓာတ် ခန်းခြောက်မှုကို ချက်ချင်း မဖြည့်နိုင်ဘူး ဆိုရင် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ကာလဝမ်း ရောဂါ ကြောင့် အသက် ငါးနှစ်အောက် ကလေးငယ် ဦးရေ ၄၅၃ဝဝဝ သေဆုံးခဲ့ပါတယ်။ အခု နောက်ပိုင်းတော့ ကာကွယ်ဆေးတွေ ထွက်လာပြီမို့ ကာလဝမ်း ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူရတဲ့နှုန်း သိသိသာသာ ကျဆင်းသွားပြီး သေဆုံးမှုနှုန်း လဲ ခေါက်ချိုး ကျသွား ပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဗိုင်းရပ်စ် ကိုးမျိုးမှာ ဘယ် ဗိုင်းရပ်စ်က လူကို သေစေနိုင်မှု အမြင့်ဆုံးလဲ ဆိုတာ စာဖတ်သူ ကိုယ်တိုင်ပဲ ချိန်ဆကြည့်ပါ။ သေချာတာ ကတော့ ဘယ်ဗိုင်းရပ်စ် ကြောင့်ပဲဖြစ်စေ လူသေဆုံးမှု ရှိလာ နိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှုကနေ ကင်းဝေးနိုင်ဖို့ ကျန်းမာရေး အသိနဲ့ သတိရှိစေဖို့ အခုလို လေ့လာ ရေးသား တင်ပြလိုက် ရပါတယ်။

PyiChitThar

သူချစ်လာအောင် ဘယ်လိုလုပ်ရမလဲ



၀၁. သူနဲ့ကိုယ်ရဲ့ တူညီချက် ၃ ချက်ကိုရှာပါ။
၀၂. ချက်ချင်းလိုက် ချက်ချင်းကြိုက်ပြီး ချက်ချင်းအဖြေတောင်းတာမျိုးကို မလုပ်ပါနဲ့။
၀၃. သူနဲ့ မတွေ့ရတဲ့အချိန်မှာ အောင်မြင်မူတခုခုရအောင် ကြိုးစားထားပါ။
၀၄. သူအရှေ့မှာ ဟန်မဆောင်ပဲ ပုံမှန်အတိုင်းနေပါ။
၀၅. တခါတလေကျရင်လည်း သက်သက်ကို ဂျီကျကြည့်ပါ။
၀၆. သူကို ဝေးဝေးကနေလှမ်းပြီး ခေါ်ကြည့်ပါ။
၀၇. ဘာပြသာနာမဆို အဆင်ပြေသွားမယ်လို့ အားပေးစကားပြောပါ။
၀၈. သူအိပ်ခါနီးကျရင် ဖုန်းနဲ့ Message လေးပို့ပေးပါ။
၀၉. ဘာကိစ္စပဲရှိရှိ သူကိစ္စကို ရှေ့တန်းတင်ပေးထားပါ။
၁၀. သူနဲ့စကားပြောတဲ့အခါ သူ့နာမည်ကို ခေါ်ပြီးမှ ပြောဖို့မမေ့ပါနဲ့။
၁၁. သူစိတ်ဝင်စားနိုင်တဲ့စကားလေးတွေ ပုံပြင်လေးတွေကို ရှာဖွေထားပြီး တွေ့တဲ့အခါ သူပျော်အောင်ပြောကြည့်ပါ။
၁၂. ဖုန်းပြောရင် ကိုယ်ကိစ္စရှိလို့ဆိုပြီး မချလိုက်ပဲ သူပြီးမှချပါ။
၁၃. ခရီးသွားနေရင်လည်း သူ့ဆီကို ဖုန်းဆက် Message ပို့ဖို့မမေ့ပါနဲ့။
၁၄. ဟုတ်ကဲ့ ဆိုတဲ့သာမန်အမေးအဖြေ စကားလုံးလေးတွေကို မသုံးပဲ စကားလုံးအထူးအဆန်းလေးတွေကိုသုံးပါ။
၁၅. ကျေးဇူးပါ လို့ကျေးဇူးတင်စကားကိုပြောပြီးရင် အရမ်းဝမ်းသာကြောင်းကိုလည်း ပြောဖို့မမေ့နဲ့နော်။
၁၆. သူ့ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်ကရှိတာကိုသူ့သိနိုင်ပါစေ။
၁၇. ပုံစံအမျိုးမျိုးနဲ့ပြုံးတတ်အောင် ကြိုးစားပါ။
၁၈. သူကအကြိုက်ဆုံးဖြစ်မဲ့ ပြုံးနေတဲ့မျက်နှာလေးကိုရအောင် လေ့ကျင့်ထားပါ။
၁၉. သူ့ကို ကိုယ့်ရဲ့ဓါတ်ပုံ ရိုက်ခိုင်းပါ။
၂၀. သူပျော်ဖို့အတွက်ပဲမစဉ်းစာပဲ ကိုယ်လည်းပြုံးပျော်တတ်အောင် ကြိုးစားပါ။

Happiness Is To You
Chelmo Team
Ref. Iine Iine

၁၆လက်မသာရှိတဲ့ ခါးဆိုက်ဒ်ရရှိဖို့အတွက် ကျပ်လွန်းတဲ့ ကိုယ်လုံးလှ အတွင်းခံဘောင်းဘီကို ၇နှစ်ဝတ်ဆင်ခဲ့တဲ့ မော်ဒယ်



အသက် (၂၇)နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သလို ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တဲ့ Kelly Lee Dekay ဟာ သူမလိုချင်တဲ့ ခါးဆိုက်ဒ်အရွယ်ရရှိဖို့အတွက် သေးလွန်းတဲ့အပြင်၊ ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၀တ်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ ကာတွန်းကာရိုက်တာ Jessica Rabbit နဲ့ အမျိုးသမီးစွမ်းအားရှင်တွေလို ခါးသေးရင်ချီပုံစံမျိုး လိုချင်နေခဲ့တာပါ။

"အရွယ်ရောက်လာတဲ့အခါ သူများနဲ့မတူတဲ့ စတိုင်လ်၊ လှပတဲ့ ၀တ်စုံတွေကို ၀တ်ချင်လာတယ်။ ဒါတွေအားလုံးကို ကာတွန်းတွေထဲမှာ တွေ့ရတယ်။ အဲ့ဒါနဲ့ပဲ တော်တော်လေးကျပ်တဲ့ အားကစားလုပ်တဲ့အခါဝတ်ဆင်နိုင်တဲ့ အတွင်းခံ အကျပ်တွေကို စ၀တ်ဖြစ်တာပဲ။ ဒါပေမယ့် အတွင်းခံတွေ စ၀တ်ကတည်းက ဘယ်လို အစမျိုးကို ဘယ်လိုချုပ်ရင် ကိုယ်လိုချင်တဲ့အရွယ်အစားကို ရနိုင်မယ်ဆိုပြီး သေချာကို တွက်ဆချုပ်ခဲ့တာပါ။ ကာတွန်းကာရိုက်တာတွေလို ဖြစ်ချင်ပေမယ့် ကိုယ့်ကိုယ်ပိုင်ပုံစံဒီဇိုင်းလည်း ဖြစ်ချင်ပါသေးတယ်။ စူပါဟီးရိုဆိုပေမယ့် လူဆိုးနေရာက ပါဝင်ရတဲံ စူပါဟီးရိုးမျိုးကို ပိုကြိုက်လို့ပါ"လို့ သူမက Daily Mail Uk ကို ပြောခဲ့ပါတယ်။

သူမအတွက်ကတော့ ခါးသေးဖို့တစ်ခုတည်းတင် ခုလိုဝတ်ဆင်တာမဟုတ်ပဲ ဒါဟာ လိင်ပိုင်းဆိုင်ရာသာမက အနုပညာတစ်ရပ်လည်း ဖြစ်တယ်လို့ ခံယူထားပါတယ်။

ဒါ့အပြင် Kelly က သူမခုလိုလုပ်ခြင်းဟာ သူမအတွက် သူမလုပ်ဆောင်ခဲ့တာ သာဖြစ်ပြီး အမျိုးသားတွေ ငေးသွားရအောင် လုပ်ရခြင်းမျိုးမဟုတ်ပါဘူးတဲ့။ သူမကိုယ်သူမ မိန်းမ၀ါဒီသမားအဖြစ်သာမက လိင်တူချင်း ချစ်ခင်တာမျိုးကို အားပေးသလို ဖိုက်တာတစ်ယောက်ဆိုရင်လည်း မမှားပါဘူးလို့ ဆိုထားပါတယ်။ Kellyဟာ သူမခါးဆိုက်ဒ်သေးအောင် မလုပ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်တာ မျိုးတွေ ဘာတွေမလုပ်ခဲ့ပေမယ့် ခုနောက်ပိုင်း ဆေးစစ်တဲ့အခါမှာတော့ သူမရဲ့ကျန်းမာရေးဟာ ဘာချို့ယွင်းချက်မှ မရှိဘူးလို့ သူမက ဖြေကြားသွားပါ တယ်။

သူမခုလို ခါးစည်း အတွင်းခံကို တောက်လျှောက်ဝတ်ဆင်ခဲ့ပေမယ့် အခက်အခဲတွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်း "ခါးက ကျပ်စည်းထားသလို ဖြစ်နေတဲ့အတွက် လှေကားတက်တဲ့အခါ၊ လေးတဲ့အရာတစ်ခုခုကို မတဲ့အခါတွေမှာတော့ နည်းနည်းခက်ခဲတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ခါးစည်းအတွင်းခံကို တောင်တက်တဲ့အခါလည်း ၀တ်တက်တာပဲ။ အားကစားလုပ်တဲ့အခါတွေမှာတောင် မချွတ်ခဲ့ပါဘူး"လို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ ခုလို လုပ်ဆောင်တဲ့နေတဲ့သူမကို facebook နဲ့ instagram စာမျက်နှာတွေမှာ ၀ိုင်းဝန်းပြောဆိုနေကြပေမယ့် သူမကတော့ နည်းနည်းမှ ဂရုမစိုက်ခဲ့ပါဘူးတဲ့။

"ဒါကိုစလုပ်ကတည်းက ငါ့ကို ၀ိုင်းပြီးပြောကြဦးမယ်။ စိတ်အနှောင့် အယှက်ဖြစ်ရဦးမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ဒါကိုဝတ်ဆင်တဲ့အတွက် ကိုယ့်ဘာသာကိုယ်ကျေနပ်တယ်။ ဖြစ်လာတဲ့အကျိုးရလာဒ်ကို ကျေနပ်တယ်။ လူတိုင်းဟာ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ။ ကိုယ့်ခန္ဓာကိုယ်အတွက် ကိုယ့်ဆုံးဖြတ်ချက် က အရေးကြီးပါတယ်။ လူတွေပြောသမျှ လိုက်နေပေးရမယ်ဆိုရင် ကိုယ့်စိတ်ကူး၊ ကိုယ့်အိပ်မက်တွေကို ဘယ်သုံးစားလို့ရတော့မှာလဲ။ ဒါ့ကြောင့် သူများတွေရဲ့ အဆိုပြုချက်တွေကို ပယ်ချလိုက်ပြီး ကိုယ့်စိတ်ကြိုက် ပျော်ရွှင်အောင်နေတယ်။ ဒါဟာ မိန်းမ၀ါဒီပဲ။ ကိုယ့်ရဲ့ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ရွေး ချယ်မှု။"လို့ သူမက Cosmopolitan.com ကို ဖွင့်ဟသွားပါတယ်။

Ref:cosmopolitan.com
Trend

အလုပ်အတွင်း ထိထိရောက်ရောက် အချိန်စီမံခန့်ခွဲနည်း


အချိန်ကို စီမံခန့်ခွဲရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နေ့စဉ်ဘ၀မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ အများကြီးပါ။ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ သိသွားပြီးရင်တော့ သင့်အတွက် အထောက်အကူ အများကြီးဖြစ်မှာပါ။ အထူးသဖြင့် ကျွန်တော်တို့ဟာ အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန် အများစုကို အလုပ်မှာ ကုန်ဆုံးရတဲ့အတွက် အလုပ်မှာ အချိန်စီမံ ခန့်ခွဲတတ်ဖို့ ပိုလိုအပ်ပါတယ်။

ဦးစားပေးရမှာတွေကို သတ်မှတ်ပါ

အလုပ်တွေ မြန်မြန်ဆန်ဆန်ပြီးမြောက်ဖို့ ဘယ်အလုပ်တွေကို အရင်ဆုံးလုပ်သင့်တယ် ဆိုတာကို လေ့လာ သင့်ပါတယ်။ တစ်နေ့တာလုပ်ရမယ့် အလုပ်တွေအကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပြီး ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အကြံဥာဏ်ရှိထားပြီးရင် အလုပ်တွေတစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် ပြီးသွားတာကို တွေ့ရမှာပါ။

အခက်ခဲဆုံးအလုပ်ကို အပြီးသတ်ပါ

တစ်နေ့တာအတွင်းမှာ အခက်ခဲဆုံးအလုပ်ကို အရင်ဆုံးအပြီးသတ်လုပ်ဆောင်ဖို့ အတော့်ကို အရေးကြီး ပါတယ်။ အခက်ခဲဆုံးအလုပ်ကို အီးရောအီးရော လုပ်နေရင် အဆုံးသတ်ခါနီးလေ ပိုပျင်းလေ ဖြစ်တော့မှာပါ။

အစီအစဉ်ဆွဲပါ

ဦးစားပေးသတ်မှတ်တာ၊ အခက်အခဲဆုံးအလုပ်ကို အရင်ဆုံးအဆုံးသတ်တာတွေဟာ တော်တော်လေး အထောက်အကူ ဖြစ်ပေမယ့် တစ်နေ့တာအတွင်း ကျန်ရှိသေးတဲ့ အလုပ်တွေအတွက် အစီအစဉ် ရေးဆွဲဖို့ လိုပါသေးတယ်။ နေ့လယ်စာမစားခင် ဘာတွေလုပ်မယ်။ နေ့လယ်စာစားပြီးရင် ဘာတွေလုပ်မယ်ဆိုတာတွေကို ဖြစ်နိုင်တဲ့ဘက်ကတွေးပြီး ရတဲ့အချိန်နဲ့ ပြီးအောင်လုပ်နိုင်တဲ့ အလုပ်နဲ့ကိုက်ညီမှုရှိအောင် အစီအစဉ်ဆွဲဖို့ လိုပါတယ်။

အလုပ်စားပွဲကို ရှင်းထားပါ

ရှင်းလင်းနေတဲ့ အလုပ်စားပွဲဟာ ကြည့်ကောင်းရုံသာမက မလိုအပ်တာတွေအပေါ် အာရုံမစိုက်မိစေအောင် လုပ်ပေးနိုင်ပါတယ်။ စာရွက်ထုတ်တွေ၊ ဖိုင်တွဲတွေဟာ အလုပ်စားပွဲပေါ်မှာ ရှုပ်ပွနေရင် စိတ်အနှောင့်အယှက် ဖြစ်ရသလို အလုပ်ပြီးဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။ စာရွက်စာတမ်းတွေ၊ အလုပ်စားပွဲပေါ်က ပစ္စည်းတွေကို တနင်္လာနေ့တိုင်းဖြစ်ဖြစ်၊ သောကြာနေ့တိုင်းဖြစ်ဖြစ် အစီအစဉ်တကျဖြစ်အောင် ရှင်းလင်း တတ်တဲ့ အကျင့်မျိုးကို မွေးမြူပါ။

လူမှုရေးမီဒီယာကို ပိတ်ထားပါ

ကမ္ဘာအနှံ့က လူ့အရင်းအမြစ်အဖွဲ့အစည်းတွေရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ လူမှုရေးမီဒီယာဟာ အကြီးမားဆုံး ဖျောက်ဖျက်ပစ်လို့မရတဲ့ အလုပ်ယဉ်ကျေးမှုတစ်ခု ဖြစ်နေပါတယ်။ Facebook, Twitter, Whats App စတဲ့ လူမှုရေးမီဒီယာတွေ အားလုံးကို စမတ်ဖုန်းပေါ်မှာ လက်တစ်ချက်ထောက်လိုက်တာနဲ့ သုံးလို့ရနေပါတယ်။ ဒါကတော့ အလုပ်ကို အချိန်မီပြီးဖို့နဲ့ ပညာရှင်ဆန်ဖို့အတွက် သင့်ကိုယ်သင် ထိန်းချုပ်ရမယ့် ကိစ္စပါပဲ။

ငြင်းပယ်ပါ

ဖြစ်လေ့ဖြစ်ထရှိတဲ့နောက် အမှားတစ်ချက်ကတော့ အလုပ်အားလုံးကို တစ်ပြိုင်တည်းလုပ်ပြီး သူများတွေ အိမ်ပြန်မှ အလုပ်ပြီးသွားတာမျိုးဖြစ်ပါတယ်။ ဒီနေ့ခေတ်လို ဆရာကြီးတွေများတဲ့ခေတ်၊ ရာထူးတွေများတဲ့ ခေတ်မှာ သင့်အလုပ်နေရာက ဘာဆိုတာသိအောင် လုပ်ထားပါ။ အလုပ်အကြောင်းနဲ့ နှစ်စဉ်မျှော်မှန်းချက်တွေ အကြောင်းကို ပြန်လေ့လာပြီး သင်လုပ်ရမယ့် အလုပ်တွေပြီးရဲ့လားဆိုတာကို သိအောင်လုပ်ပါ။ အလုပ်တွေ ကျန်သေးတယ် ဆိုရင်တော့ အပိုတွေကို ငြင်းပယ်ပြီး သင်တာဝန်ယူထားရတဲ့ အလုပ်တွေကိုသာ ပြီးအောင် လုပ်ပါတော့။

ကိုယ့်ကိုကိုယ်ဆုချ

အထက်ပါ အချက်တွေအတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့ အလုပ်စောစောပြန်ပြီး ပျော်ပျော်နေလို့ရပါပြီ။ တစ်နေ့တာ အလုပ်ပြီးမြောက်တဲ့အတွက် ကိုယ့်ကိုကိုယ် စိတ်ဓာတ်အားပေးတဲ့အနေနဲ့ လက်ဆောင်လေး တစ်ခုခု ကိုယ့်ကိုကိုယ် ချီးမြှင့်လိုက်ပါ။

(မှတ်ချက်။ ၂၀၁၃ခုနှစ် နိုဝင်ဘာလထုတ်Trend Myanmar မဂ္ဂဇင်းမှ သီဟနိုင် ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)

၁ လပိုင်းမှာ One Lady Show လုပ်ဖို့ စီစဉ်နေတဲ့ ၀ိုင်းစုခိုင်သိန်း


ပရိတ်သတ်တွေ မျှော်လင့်စောင့်စား ရင်ခုန်နေကြတဲ့ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့
အာဘွား အမ်တီဗီရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ၂၅ .၁၀. ၂၀၁၄ ရက်နေ့၊ နေ့လည် ၃ နာရီမှ
၅ နာရီထိ sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အမ်တီဗီကိုတော့ နိုဝင်ဘာ
လ ၁ရက်နေ့၊ နေ့လည် ၃ နာရီမှာ Dagon Centre 2 မှာ အနုပညာမောင်နှမများစုံလင်စွာနဲ့
လက်မှတ် ထိုးရောင်းချမယ်လို့ သိရပါတယ်။ သူမရင်ဖွင့်လာတဲ့ အာဘွားအမ်တီဗီနဲ့ပတ်
သတ်ပြီး “အာဘွား အမ်တီဗီက ၁ ရက်နေ့ထွက်မယ်။ ၀ိုင်းစု အတတ်နိုင်ဆုံးကြိုးစားထား
ပါတယ်။

ပရိသတ်ကြိုက်မယ်လို့ထင်တဲ့ ပုံစံလေးတွေကြီးပဲ ၀ိုင်းစု ဖန်တီးထားပါတယ်။ ဒါရိုက်တာနဲ့
တိုင်ပင်ပြီး ၀ိုင်းစု လိုချင်တဲ့ပုံစံ နဲ့ပရိသတ်ကြိုက်မဲ့ ပုံစံလေးတွေကို မျှပြီး လုပ်ထားတယ်။ အမ်
တီဗီမှာတော့ မိန်းကလေးအနေနဲ့ ခင်ဝင့်ဝါပါတယ်။ bobby soxer ပါတယ်။ ၀ိုင်းစုညီမလေး ကြည်နူးနိုင်ပါတယ်။ ကျန်တာကတော့ ၀ိုင်းစု သရုပ်ဆောင်တာများတယ်။ ဘာလို့လဲဆိုတော့ မျက်လှည့်မှာတုန်းက ၀ိုင်းစု သရုပ်ဆောင်တာ နည်းတယ်ဆိုပြီး ဒီအခွေမှာသရုပ်ဆောင်ပေးပါ
ဆိုလို့ များများလေး သရုပ်ဆောင်ထားပါတယ်။ ယောင်္ကျားလေးထဲမှာဆိုရင် လွှမ်းပိုင်၊ မြင့်မြတ်၊ ဇေရဲထက်၊ အလင်းရောင်၊ ဆန်းတိုးနိုင်၊ ထူးပါတယ်။ ကိုဇေယျပါတယ်။

အမ်တီဗီကအရမ်းအဆန်းကြီးရိုက်ထားတာတော့မဟုတ်ပါဘူး။အာဘွားမှာအရမ်းအထူးအဆန်း
ရိုက်လို့ရတာမျိုး မပါဘူးလေ။ အဲ့ဒါကြောင့် သီချင်းနဲ့ လိုက်တဲ့ ပုံစံလေးတွေကိုပဲ ဦးစားပေး ရိုက်ထားပါတယ်။ အာဘွားပြီးရင်တော့ ယောကျာ်းလေး ၁၄ ယောက်နဲ့ဖန်တီးထားတဲ့ အတွဲခွေ
ထွက်မယ်။ သီချင်းက အသစ်တွေကြီးပဲ။ ထူးထူးခြားခြားကတော့ Ar t နဲ့ဆိုမဲ့သီချင်းက ၀ိုင်းစု
ဆိုနေကျမဟုတ်ဘူး။

Artပုံစံပေါ့။”လို့သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အာဘွားအမ်တီဗီအခွေအကြောင်း ပြောပြပေး
သွားပါတယ်။ဒါ့အပြင် ဇန်န၀ါရီလမှာ ကျင်းပမယ့် One Lady Show အကြောင်းကိုလည်း သူမက
“One Lady Show က တစ်လပိုင်းထဲမှာ လုပ်ဖြစ်မယ်။ အဲ့တွက်လဲ ခုကတည်းက ပြင်ဆင်နေ
ရတယ် ။ ၀တ်မဲ့ဖက်ရှင်တို့၊Dancer တို့ နောက်စတိတ်စင်ပိုင်းပေါ့။

စီစဉ်နေပါတယ်။ နေရာကတော့ အားလုံးအဆင်ပြေမဲ့ နေရာကို ရှာနေတုန်းပဲ။ အပုဒ်ကတော့ ၃၀ ကျော်လောက်ဆိုဖြစ်မယ်။ တစ်ကိုယ်တော် single တွက်ကတော့ သီချင်းတစ်ပုဒ်လောက်ပဲ ရသေးပါတယ်”တဲ့။

Credit : Trend

မွေးမွေးချင်း (၂၆)မိနစ်ကြာ နှလုံးမခုန်ခဲ့သောကလေး ကျန်းမာစွာ အိမ်ပြန်ခွင့်ရ

ဗြိတိန်နိုင်ငံရှိ Burnley အထွေထွေဆေးရုံကြီးတွင် စက်တင်ဘာ(၂၁)ရက်နေ့က မွေးဖွားခဲ့သော Isla Simpson ဆိုသည့် မိန်းကလေးဟာ အငိုအရယ်ကင်းပြီး မွေးမွေးချင်း လှုပ်ရှားမှုမဲ့နေကာ နှလုံးမခုန်ခဲ့ကြောင်း သိရသည်။

အသက်(၂၀)နှစ်အရွယ် သူမ၏မိခင် Becky Simpson ဟာ ၎င်းကိုယ်ဝန်ဆောင်စဉ်က ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ခြင်းဖြစ်၍ ကိုယ်ဝန်(၃၉)ပတ်တွင် ကလေးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် မွေးခန်းထဲတွင် မွေးဖွားလာသည့် Isla မှာ နှလုံးမခုန်ဘဲ တကိုယ်လုံး ပြာနှမ်းနေခဲ့တာပါ။

တမဟုတ်ချင်း ဆေးဝန်ထမ်း အယောက်(၂၀)မှ (၃၀)ခန့်ဟာ မွေးခန်းထဲ အမြန်ရောက်လာ၍ Isla လေးအား ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

နှလုံးမခုန်သောကြောင့် အောက်ဆီဂျင်မရရှိသော သူမ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဟာ သေသွားတော့မလို အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ပုံမှန်တွင် လက်လျှော့လိုက်မည့် အခြေအနေဖြစ်ပေမယ့် Isla လေး၏ သေကံမရောက်သေးသော ကံတရား နှင့် ဆေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု ပေါင်းလိုက်သောအခါ မွေးဖွားပြီး (၂၆)မိနစ်ခန့်တွင် Isla ၏ နှလုံးဟာ CPR ပေးပြီးနောက် ပြန်လည် ခုန်လာကြောင်း သိရသည်။


မွေးကင်းစားကလေးများ အထူးကြပ်မတ်ဆောင်ထဲတွင် အကူကိရိယာ ပိုက်အထွေထွေဖြင့် တစ်ပတ်ခန့်နေခဲ့ရသော Isla လေးရဲ့အခြေအနေဟာ အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းသည့်အတွက် ခင်ပွန်းမရှိသော Isla လေး၏မိခင် Becky နှင့်မိသားစုအား အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ ဆရာဝန်များက ဆိုထားခဲ့သည်။

ထို့ပြင် Isla လေးဟာ ဦးနှောက်အတွင်း အောက်ဆီဂျင်လုံလောက်စွာ မရရှိခဲ့သဖြင့် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုလည်း ခံစားခဲ့ရသည်။


သို့ပေမယ့် Isla လေးဟာ မွေးဖွားပြီး ငါးပတ်အကြာတွင်တော့ ဆေးရုံမှဆင်းခွင့်ရခဲ့ကာ ယခုအခါ မိခင်နှင့်အတူ ကျန်းမာစွာ ရှိနေကြောင်း သိရသည်။

မွေးပြီးပြီးချင်း Isla လေးရဲ့နှလုံး ဘာကြောင့် မခုန်ခဲ့တာလဲဆိုသည့်အဖြစ်ကိုမူ ဆရာဝန်များက ရှင်းလင်းပြနိုင်ခြင်း မရှိကြောင်း သိရသည်။

Source : Dailymail

၂၀၁၃-၁၄ လာလီဂါအကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူး ဆုနှင့် အကောင်းဆုံး သွင်းဂိုး ဆုများကို စီရော်နယ်ဒို သိမ်းပိုက်


၂၀၁၃-၁၄ လာလီဂါအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ရာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဆုအများအပြားကို သိမ်းပိုက်သွားခဲ့သည်။

ပြီးခဲ့သည့်ရာသီက လာလီဂါတွင် ပွဲ ၃၀ ကစားပြီး ၃၁ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့သည့် စီရော်နယ်ဒိုသည် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူးဆုနှင့် အကောင်းဆုံးသွင်းဂိုး ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခြင်းမ ရှိသော်လည်း အသင်းအတွက် အကောင်ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်ဆုဖလားနှင့် ကိုပါဒယ်ရေး ဆုဖလားများကို ရယူပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုများကို စတင်ပေးအပ်ခဲ့သည့် ၂၀၀၉-၁၀ ခုနှစ်မှ စတင်ပြီး မက်ဆီသာ တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကို ဆက်တိုက်သိမ်းပိုက် ထားခဲ့ရာ ရော်နယ်ဒိုက ယခုနှစ်တွင် ချိုးဖျက် ရယူနိုင်ခြင်းဖြစ်သည်။

လာလီဂါပွဲစဉ် ၃၆ တွင် ရီးယဲလ်အသင်းက ဗလင်စီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းယူခဲ့သော ဂိုးဖြင့် အကောင်းဆုံးဂိုးဆုကို စီရော်နယ်ဒိုကပင် သိမ်းပိုက်ခဲ့သည်။ ဘယ်တောင်ပံက ဒီမာရီယာဖြတ်တင်ပေး သည့် ဘောလုံး ကို ရော်နယ်ဒိုက လေထဲတွင် ခြေဖနောင့်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကို အသင်းကို လာလီဂါချန်ပီယံ ဆုဖလားရ ရှိအောင်ဦးဆောင်ပေးခဲ့သည့်နည်းပြ ဆီမြွန်နီမှာအကောင်း ဆုံး နည်းပြဆုကို ရရှိခဲ့သည်။ ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်း အက်သလက်တီကိုအသင်းကို လာလီဂါ ချန်ပီယံ ဆုဖလားရ ရှိ စေရန် ဆီမြွန်နီက ဦးဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးဂိုးသမားဆုကို လီဗန်တေးဂိုးသမား ကေလာနာဗက်စ်က ရရှိခဲ့ပြီး အကောင်းဆုံး နောက်ခံကစားသမားဆုကို ရီးယဲလ်နောက်ခံလူ ရာမို့စ်က လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်က လည်းကောင်း၊ အကောင်းဆုံးကွင်းလယ်တိုက်စစ် ကစားသမား ဆုကို ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက လည်းကောင်းအသီးသီး ရရှိခဲ့ကြသည်။

အတိုးတက်ဆုံးလူငယ်ကစားသမားဆုကိုမူ ဆယ်လ်တာဗီဂိုအသင်းမှ ရာဖင်ဟာအယ်လ်ကန်တာရာက ရရှိခဲ့သည်။ ရာဖင်ဟာအယ်လ်ကန်တာရာသည်ဆယ်လ် တာဗီဂိုအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘာစီလိုနာမှ ဆယ်လ်တာဗီဂိုသို့ အငှားသွားရောက်ကစားခဲ့သော ရာဖင်ဟာသည် ယခုနှစ်တွင် နည်းပြ အင်းနရစ်နှင့်အတူ ဘာစီလိုနာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုပေးပွဲတွင် ထည့်သွင်းပေးအပ်လေ့ရှိသည့် အာဖရိကအကောင်းဆုံးကစားသမားဆုကို ဂရန်နာဒါကွင်းလယ်တိုက်စစ်ကစားသမားယာ စီနီဘရာဟီမီက ရရှိခဲ့ပြီး အကောင်းဆုံး တောင်အမေရိက ကစားသမားဆုကိုမူ ဆီဗီလာ တိုက်စစ်မှူး ဘက်ကာက ရရှိသွားခဲ့သည်။

အသန့်ရှင်းဆုံးအသင်းဆုကို အီဘာအသင်းက ရရှိခဲ့ပြီး အသန့်ရှင်းဆုံးကစားသမားဆုကို ဆီဗီလာအသင်းခေါင်းဆောင် ရာကီတစ်က ရရှိခဲ့သည်။

၂၀၁၃-၁၄ လာလီဂါတစ်နှစ်တာအကောင်းဆုံးဆု ရရှိသူများ

တစ်နှစ်တာအကောင်းဆုံးကစားသမားဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးအလယ်တန်းဆု မိုဒရစ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးကွင်းလယ်တိုက်စစ်ဆု အင်နီယေစတာ(ဘာစီလိုနာ)

တစ်နှစ်တာအကောင်းဆုံးနောက်တန်းဆု ရာမို့စ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု ကေလာနာဗက်စ်(လီဗန်တေး)

တစ်နှစ်တာအကောင်းဆုံးအာဖရိက ကစားသမားဆု ဘရာဟီမီ(ဂရန်နာဒါ)

တစ်နှစ်တာအကောင်းဆုံးတောင်အမေရိက ကစားသမားဆု ဘက်ကာ(ဆီဗီလာ)

အတိုးတက်ဆုံးလူငယ်ကစားသမားဆု ရာဖင်ဟာအယ်လ်ကန်တာရာ(ဆယ်လ်တာဗီဂို)

ရည်ညွှန်း အယ်လ်အက်ဖ်ပီ
Mizzima

Samsung စမတ်ဖုန်းများတွင် ကမ္ဘာ့အမြန်ဆုံး Wi Fi များ ရရှိမည်


Samsung ဟာ ၎င်းတို့ ထုတ်လုပ်တဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ Laptop တို့မှာ ကမ္ဘာ့စွဲအား
အကောင်းဆုံး Wi-Fi ပစ္စည်းကို တပ်ဆင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို gizmosလို့
အမည်ပေးထားပြီး1GBပမာဏကို၃စက္ကန့်အတွင်း ပြီးအောင်Downloadဆွဲနိုင်လောက်အောင်
မြန်ဆန်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Compress မလုပ်ထားတဲ့ အရည်အသွေးမြင့် ဗီဒိယိုနဲ့ ပမာဏများ အချက်အ
လက်များကို ခွဲစရမလိုပဲ တိုက်ရိုက်ပို့လွတ်ခြင်း ရယူခြင်းတို့ကို စမတ်ဖုန်း၊ ကွန်ပြူတာတို့မှာ လွယ်တကူ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။ ယင်း နည်းပညာ သုံး gizmos ကို စတင်တပ်ဆင်
မှာကတော့ ၂၀၁၅ ခုနှစ်ကနေ ဖြစ်ပြီး ဘယ် ပစ္စည်းတွေမှာ ပါဝင်လာမယ်လို့တော့ မပြော
ထားသေး ပါဘူး။ ဒါပေမယ့် ယင်း သတင်းကြောင့်မို့ အခြား နည်းပညာ ကုမ္ပဏီများကို တုန်လှုပ်သွားစေတာ အမှန်ပါပဲ။ အထူးသဖြင့် Apple အတွက် ရင်ခုန် စရာ သတင်း
တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒီတော့ Apple အပြင် အခြားသော နည်းပညာ ပစ္စည်းထုတ် ကုမ္ပဏီ များ အနေနဲ့ ဘယ်လို
နည်းပညာ အသစ်များနဲ့ လိုက်မယ်ဆိုတာ လေ့လာ စောင့်ကြည့်ဆဲ ဖြစ် ပါတယ်။

Credit : ရိုးရာလေး

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက်ခံမှု စနစ် ပြောင်းလဲလုပ်ဆောင်သွားမည်

ရန်ကုန်-မန္တလေး အမြန်လမ်းမ တွင် လက်ရှိအသုံးပြုလျက်ရှိသည့် ငွေကြေးကောက်ခံမှု စနစ် အစား အီလက်ထရွန်နစ် ငွေကြေးကောက်ခံ မှုစနစ် (Electronic Toll Collection)အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် နိုဝင်ဘာလမှ စတင်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အီလက်ထရွန်နစ် ငွေကြေးကောက်ခံမှု စနစ်ကို အသုံးပြုနိုင်ရန်အတွက် အဆိုပါစနစ်ဖြင့် ချိတ်ဆက်ထားသော ဘဏ်များတွင် ကြိုတင် ငွေပေးထားရမည် ဖြစ်ပြီး လမ်းကြေးကောက်ခံမည့် ငွေကြေးများကိုလည်း ဘဏ်မှတစ်ဆင့် ပေးသွင်းသွားရမည် ဖြစ်သောကြောင့် Credit ကတ်စနစ်ကို အသုံးပြုကာ လုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေ ကြေးကောက်ခံမှုစနစ်ကို လုပ်ဆောင်ရန် စိတ်ဝင်စားနေသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ အများအပြားရှိနေပြီး အဆိုပါ အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှု လုပ်ဆောင်မည့် ကုမ္ပဏီများအနေဖြင့် ယခုနှစ်အောက်တိုဘာလကုန်အထိ လုပ်ငန်းဆောင်ရွက်မည့် အချိန်ကာလ၊ လုပ်ငန်းဆောင်ရွက်မည့် နည်းပညာများ၊ လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများ၊ ကုမ္ပဏီ မှတ်ပုံတင်နှင့် အတွေ့အကြုံများအား အဆိုပြု တင်သွင်းခြင်းများကို လက်ခံသွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမရှိ တိုးဂိတ်များ၌ ငွေကြေးပေး ဆောင်မှုများတွင် အချိန်နှင့် ခရီးကြန့်ကြာမှုများ မရှိစေရန်နှင့် ငွေကြေးကွာဟမှု ပြဿနာများ မရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှုစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြောင်းလဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

ငယ်ငယ်ရွယ်ရွယ်နဲ့ အလှမယ်ကလေးဖြစ်လာတဲ့ (၁၉)လသမီးလေး Bobbi

ပြီးခဲ့သည့် ငါးလကမှ လမ်းလျှောက်သင်ခါစ (၁၉)လအရွယ် သမီးကလေးဟာ အခုတော့ အလှမယ်ကလေးဖြစ်လို့ နေချေပြီ။


ဗြိတိန်နိုင်ငံ Essex မှ Colchester တွင် နေထိုင်သော (၁၉)လသမီးကလေး Bobbi Boyden ဟာ ပြိုင်ပွဲဝင်တဲ့စင်ပေါ်မှ တင်ကလေးလှုပ်ကာ လက်ကလေးပြကာဖြင့် ဒိုင်များ၏အချစ်စုပုံ၍ သူမပါရမီဖြင့် အနိုင်ဆုရယူနိုင်ခဲ့တာပါ။


Beyonce ငယ်စဉ်တုန်းကလို ငယ်ငယ်ကလေးဖြင့် အကဝါသနာပါခဲ့သော Bobbi ကလေးက စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့ကြောင်းလည်း သိရသည်။ သူမဟာ Beyonce ၏ သီချင်းများကို ကြည့်ရှုခဲ့ပြီး ထိုထဲမှ အကများကို ကူးယူခဲ့သူကလေးလည်း ဖြစ်သည်။



အသက်(၂၈)နှစ်အရွယ် စစ်သားဖခင် နှင့် အသက်(၃၂)နှစ်အရွယ် မိခင်တို့၏ အထွေးဆုံးသမီးကလေးဖြစ်သောBobbi Boyden တွင် မွေးချင်းငါးယောက်ရှိကြောင်း သိရသည်။


စင်ပေါ်ရောက်ရင် သွက်လက်နေတတ်ပြီး သူမအလှည့်ပြီးလို့ စင်ပေါ်ကဆင်းဖို့ကိုမူ ငိုတတ်တဲ့ Bobbi လေးအား မိခင်က (၅)နှစ်အရွယ်ရောက်သည့်တိုင် မိတ်ကပ်အဖွေးသားလိမ်းဖို့ကို မရှိဘဲ နှုတ်ခမ်းနီပါးပါးနှင့် ဆံတုလေးများသာ ဆင်မြန်းစေပြီး ဒေါ်လာနှစ်ရာခန့်ရှိ ဝတ်စုံဆန်းများ ဝတ်ဆင်ပေးလေ့ရှိကြောင်း သိရသည်။

သီချင်းသံကြားရင် ကတတ်တဲ့ Bobbi ကလေးဟာ ပြီးခဲ့သည့် ဇွန်လမှစ၍ အစ်မများဖြစ်သူ အသက်(၁၀)နှစ်အရွယ်Eleanor နှင့် အသက်(၈)နှစ်အရွယ် Demi တို့နှင့်အတူ အလှပြိုင်ပွဲများဝင်ခဲ့ကာ ဆုများတသီကြီး ဆွတ်ခူးရရှိပြီးဖြစ်ကြောင်း သိရသည်။



ယခုအခါ အရည်အချင်းရှိသူများ မွေးထုတ်ပေးနေသည့် ‘Sara’s Stars’ ဟူသည့် အေဂျင်စီဖြင့်ပင် စာချုပ်ချုပ်ဆိုပြီးဖြစ်သည့် Bobbi ကလေး၏ အောင်မြင်မှုဟာ ခပ်ပေါပေါ ရခဲ့ခြင်းတော့ မဟုတ်ပေ။

Bobbi ကလေးနှင့် သူမအစ်မများ၏ ဝတ်စုံကြေး ၊ ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းကြေးများအတွက် ၎င်းတို့၏မိခင် Stephanie Boyden က စတာလင်ပေါင် ငါးထောင် အကုန်အကျခံခဲ့ပြီး Bobbi ကလေးအောင်မြင်မှုအတွက် ယခုထက် လျှော့သုံးသွားဖို့ အစီအစဉ်မရှိကြောင်းလည်း ဆိုခဲ့သည်။



Source : Dailymail