Showing posts with label ပြည်တွင်းအနုပညာသတင်း. Show all posts
Showing posts with label ပြည်တွင်းအနုပညာသတင်း. Show all posts

အားနည်းချက်တွေကို ပြုပြင်သွားမယ့် ဆောင်းယွန်းစံ


ကာရိုက်တာ အေးအေးလေးတွေနဲ့ တွေ့ရတတ်တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံက ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မှုပိုင်းမှာ အားနည်းနေသေးကြောင်း ပြောပြခဲ့ပါတယ်။ “ညီမကို ပရိသတ် တော်တော်များများက သရုပ်ဆောင် ကောင်းလာပြီလို့ ပြောကြပေမယ့် ညီမဘက်က အိုက်တင်ပိုင်းမှာ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ နောက်ပိုင်း ဘယ်လို အိုက်တင်ပဲ ဖြစ်ပါစေ မျက်နှာအနေအထားက အရမ်းအရေးကြီးလို့ ညီမယူဆတယ်။ အဲဒါကြောင့် ညီမဘက်က အနုပညာတွေကို တင်ဆက်နိုင်အောင် အများကြီး ကြိုးစားနေပါတယ်။ နောက်ပြီး ညီမဘက်က အခြားလိုအပ်တဲ့ သရုပ်ဆောင်ပိုင်းတွေကိုလည်း ပြင်ဆင်သွားမှာပါ။ ရှေ့မှာလည်း သရုပ်ဆောင် ထားတာတွေ ရှိပေမယ့် နောက်ထပ်လုပ်ခွင့်ရမယ့် အရာတွေမှာလည်း ဖြည့်စွက်ပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြောပြခဲ့ ပါတယ်။ လက်ရှိမှာတော့ ဗီဒီယိုကားအချို့ ရိုက်ကူးထားကာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးမယ့် “ချစ်ခြင်းကို မခွဲပါနဲ့” ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အိချောပို တို့နှင့်အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


The Messenger

စင်ကာပူမှာ ကြော်ငြာသွားရိုက်မယ့် ဝင်းသပြေထွန်း


ဝင်းသပြေထွန်းက စိန်မဟာ သဘင်မှ စီစဉ်ရိုက်ကူးနေတဲ့ ‘ခေတ် အဆက်ဆက် အစဉ်’ နှစ်ပါးမှာ ဇံဟိန်းနဲ့ အတူ ဦးရဲစိန်၊ ဦးညီဝင်းစိန် တို့ရဲ့ခေတ်က နှစ်ပါးကို ရိုက် ကူးခဲ့ပါ တယ်။ ဒီနှစ်ပါးရိုက်ကူးအပြီး စက် တင်ဘာ ၁၈ရက်နေ့မှာတော့ ကြော်ငြာ ရိုက်ကူးဖို့အတွက် စင်ကာပူကို ထွက် ခွာသွားခဲ့ ပါတယ်။ ဝင်းသပြေထွန်း အနေနဲ့ စင်ကာ ပူမှာ ကြော်ငြာ ၃ခု ရိုက်ကူးရမှာဖြစ်ပြီး ပြည်ပကြော်ငြာ ရိုက်ကူးမှု အတွေ့အကြုံကို တော့ “ဒါ က ညီမရဲ့ ပြည်ပမှာ ရိုက်ကူးရတဲ့ ပထမဆုံးကြော်ငြာပါ။ ကြော်ငြာက ၃ခု ရိုက်ရမှာပါ။

ကြော်ငြာက စပြီး ရိုက်နေ ပါပြီ။ စင်ကာပူမှာ ရိုက်ဖို့က စီစဉ်နေ တာကြာပါပြီ။ အခုမှပဲ တကယ်ရောက် ဖြစ်တာပါ။ ရိုက်ကူးရေးမှာတော့ အား လုံးကဝိုင်းဝန်းကူညီကြပါတယ်။ ဒါရိုက်တာ ကတော့ ကိုအောင်ပြည့်သျှံ ပါ။ ကြော်ငြာ က ပြေးလွှားခုန်ကျော်တာလေးလည်းပါ
တော့ ခြေထောက် နည်းနည်းတော့နာတယ်။ ဒါပေမဲ့ ကောင်းချင်လို့ ခဏခဏခုန်ကြည့် ဖြစ်တယ်” လို့ ပြောပြပါတယ်။

ဝင်းသပြေထွန်းက စင်ကာပူကနေ စက်တင်ဘာ ၂၄ရက်နေ့ပြန်လည်ရောက် ရှိမှာဖြစ်ပါတယ်။ ဒါရိုက်တာညိုမင်း လွင်ရဲ့ ANANDA RISE of Notra ဇာတ်ကားမှာ လည်း ဝင်းသပြေထွန်း က Agent Rose အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ
Popular

ဝေဖန်မှုလေးတွေ ကြားချင်တဲ့ ရွှေသမီး


ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက် လာပြီဖြစ်တဲ့ သရုပ်ဆောင် ရွှေသမီးက ပရိသတ်ရဲ့ ဝေဖန်သံလေးတွေ နားထောင်ချင် တယ်လို့ ပြောသွားပါတယ်။

““ညီမတို့ အနုပညာရှင်ဆိုတာ ပရိသတ်ရဲ့ အချစ်နဲ့ အလေးထားမှုတွေ လိုအပ်တယ်။ ဒါကြောင့် ပရိသတ်ကြီး စိတ်ပျတ်သွားမှာ ကိုအရမ်းကြောက်တယ်။ အခုဆို ညီမလည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီဆိုတော့ ပရိသတ်ရဲ့အမြင်တွေကို ညီမကြားချင်တယ်။ ပရိသတ်ရဲ့အမြင်တွေရမှလည်း ညီမဘက်က ဘာတွေ လိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ် ဆိုတာ ပြင်ဆင်ဖို့ ကြိုးစားလို့ ရမှာပါ။ ဒါကြောင့် ပရိသတ်ရဲ့ အမြင်ကြားချင်တယ်။ ဝေဖန်မှုလို့ ပြောရင် ပိုမှန်တယ်။ ဒါကြောင့် ဝေဖန်မှုလေးတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြားချင်ပါတယ်””လို့ဖွင့်ဟ သွားပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ခန့်စည်သူနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “သေနတ်တစ်လက်၊ သနားခါးတစ်စက်၊ ဓားတစ်လက်နဲ့ ကျွန်တော်”ဆိုတဲ့ ဟာသကားလေး နောက်ဆုံးထွက်ရှိထားပြီး ပရိသတ်အကြိုက် video တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
The Messenger

မစ္စတာတွေ ကိုလည်း အသိအမှတ် ပြုစေချင်တဲ့ ခါရာ


Mr. Asaia 2014 ပြိုင်ပွဲတွင် ဆုငါးဆု ရရှိခဲ့သည့် ခါရာက လက်ရှိတွင် Miss များသာ ပေါ်ပြူလာ ဖြစ်နေသည့် အတွက် မစ္စတာများ ကိုလည်း အသိအမှတ် ပြုစေချင်ကြောင်း ပြောသည်။ Miss တွေ အရမ်းများတဲ့ အချိန်မှာ ကျွန်တော် M.r(မစ္စတာ) တစ်ယောက် ပေါ်လာတဲ့ အတွက် ပရိသတ်တွေ ကလည်း အားပေးပြီး အသိအမှတ်ပြု ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ Miss တွေလည်း ပြိုင်ရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ မစ္စတာ တွေလည်း သွား ပြိုင်တယ် ဆိုတာ တကယ့်ကို ရုပ်ပိုင်း ဆိုင်ရာရော ကြံ့ခိုင်မှုတွေပါ ပြိုင်ရတဲ့ အတွက် ခက်ခဲပါတယ်။ခက်ခဲတဲ့ အတွက် ဆုကို ရအောင်ယူခဲ့ တာကို ပရိသတ်တွေ ကလည်း နားလည်မှု အပြည့်နဲ့ အားပေးစေချင် ပါတယ်။ နောက်ပြီးတော့ ဒီလိုပြိုင်ပွဲတွေ ကနေ တစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ မစ္စတာတွေက ပြသနိုင်မှာပါ။ ဒီနိုင်ငံမှာ ရှိတဲ့ တော်တော်များများ လူငယ်တွေ ကလည်း ဖြစ်နိုင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ မော်ဒယ်တွေ ထဲမှာ လည်း ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီလို ပြိုင်ပွဲတွေနဲ့ ထိပ်တိုက် တွေ့ဖို့ လိုပါတယ်။ ပြိုင်ပွဲတွေရှိ မှလည်း ကြိုးစားလာ ကြမယ်။ မြန်မာနိုင်ငံရဲ့ မော်ဒယ် အရည်အချင်းတွေ၊ စံချိန်တွေက ပိုပြီးတော့ မြင့်မယ်။

ပိုတိုးတက်မယ် International Beauty Pagent တွေနဲ့ ချိတ်ဆက်ပြီး ပြိုင်ပွဲတွေ များများ လက်ခံဖို့လို ပါတယ်။ ကျွန်တော်တို့ သွားပြိုင်တော့မယ် ဆိုရင် အဓိက ဘာသာစကားနဲ့ သွားပြိုင်မယ့် နိုင်ငံရဲ့ လူနေမှု စရိုက်တွေကို တော့ သေချာ ပြင်ဆင်ထား ဖို့တော့ လိုပါတယ် ဟု ခါရာက ပြောသည်။ ခါရာသည် Mr. Asaia 2014 တွင်ဆုငါး ဆုရရှိခဲ့ကြောင်း၊ အနုပညာ လှုပ်ရှားမှု အနေဖြင့် သရုပ်ဆောင်အဖြစ် ဇာတ်ကားများ ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ပြောသည်။

Credit: Messenger

ထိုင်ဝမ်မှာ ပြိုင်မယ့် Face of Beauty Myanmar အလှမယ်လေး

အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံ ထိုင်ကျုံးမြို့မှာ Face of Beauty International 2014 ကို စတင်ကျင်းပတော့မှာပါ။ 


Miss face of beauty Myanmar 2014 Helen Myo Ko (ဓာတ်ပုံ- Miss Golden Land Myanmar Organization Official Facebook)

ဒီပြိုင်ပွဲဟာ သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။
နိုင်ငံပေါင်း ၇၀ ကျော်ကို ကိုယ်စားပြုမယ့် အလှမယ်တွေထဲမှာ မြန်မာပြည်က အလှမယ် Helen Myo Ko လည်း ပါဝင်ပါတယ်။ 


ဒီပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ပထမဆုံးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာပါ။
အသက် ၂၅ နှစ်ရှိပြီး မန္တလေးသူ အလှမယ် ဟယ်လင်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့က ပြိုင်ပွဲကျင်းပမယ့် ထိုင်ဝမ်နိုင်ငံကို ထွက်ခွာသွားပါပြီ။

Face of Beauty International 2014 Final ပြိုင်ပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမှာပါ။

လောလောလတ်လတ်အနေနဲ့က Missosology အလှစာမျက်နှာမှာတော့ သူမနဲ့ ပတ်သက်တဲ့ အကြောင်း အရာတချို့ကို မိတ်ဆက်ပေးထားရုံပဲ ရှိပါသေးတယ်။ အရင်နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင် 
ခဲ့ဖူးတဲ့ မြန်မာမယ်တွေလို အခုချိန်ထိတော့ ဘယ်ဝက်ဆိုဒ်၊ ဖေ့ဘုတ်စာမျက်နှာမှာမှ ဘယ်လို vote ပေးလို့ရပါပြီ ဆိုတာ ကြေငြာထားတာ မတွေ့ရသေးပါဘူး။
ဒီ အစဉ်အလာကလည်း နိုင်ငံတကာ သွားပြိုင်တဲ့ မြန်မာအလှမယ်တွေရဲ့ ထုံးစံလိုဖြစ်နေတော့ ပရိတ် သတ်များလည်း မကြာမီလာတော့မည် ဆိုတော့ အခုထဲက လက်သွေးထားကြပါလို့..။



သူမရဲ့ အလှပုံလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

သဲသဲ...



Miss face of beauty Myanmar 2014 Helen Myo Ko (ဓာတ်ပုံ- Miss Golden Land Myanmar Organization Official Facebook) 




Miss face of beauty Myanmar 2014 Helen Myo Ko (ဓာတ်ပုံ- Miss Golden Land Myanmar Organization Official Facebook)

Ice Cube ပြောသလို သူ့အသက်အရွယ်နဲ့သူတုန်းကတော့ ချစ်စရာကောင်းတာတွေ ရှိနေတတ်တာမို့ ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် နောင်တမရဘူးလို့ဆိုတဲ့ နေမင်း



အနုပညာလောကထဲကို ၀ါသနာအရင်းခံကာ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေက အချစ် ဖန်စီဇာတ်ကားတွေထက် အကြမ်းအရမ်း ဇာတ်ကားများနဲ့ပိုမိုလိုက်ဖက်တယ်လို့ထင်ကြေးပေးခြင်း ခံရတဲ့ သရုပ်ဆောင်နေမင်းနဲ့ရှုတင်ပေါ်မှာတွေ့ဆုံခိုက် ဇာတ်ကားပိုင်းနဲ့ပတ်သတ်ပြီး အရင်ကလို အသေးစိတ်ဆန်သောဖန်တီးမှုတွေရှိသေးလားလို့မေးကြည့်တဲ့ခါ “ရွှေစင်ဦးက ထုတ်တဲ့အခွေတွေ ဆိုရင်တော့ အင်္ဂလိပ်စာတန်းထိုးတယ်။ သူများတိုက်ကရိုက်တဲ့ ကားဆိုရင်တော့ အဲ့လောက်ထိ လိုက်မလုပ်ပေးဖြစ်ဘူးပေါ့နော်။ ဒ်ီနောက်ပိုင်းတော့ ရွှေစင်ဦးကပဲ ရိုက်ဖြစ်တော့မှာ ဖြစ်တဲ့တွက် တောက်လျှောက် ထိုးဖြစ်တော့မှာပါ။ တခြားတိုက်နဲ့ရိုက်တဲ့ခါမှာ ဇာတ်အနေအထားကွာတယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ ငဲ့ကွက်ရတာတွေရှိတယ်။ နောက်ပြီးတော့ သူတို့ဖက်ကလဲ မင်းသားကြေး အပြည့်အ၀ပေးထားတဲ့အတွက် ကုန်ကျမှုပိုများတယ်။ ကိုယ့်တိုက်က ရိုက်တဲ့ကားကျတော့ မင်းသားကြေးပါဇာတ်ထဲ ထည့်သုံးပြီး ဇာတ်ကို စိတ်ကြိုက်ဖန်တီးတယ်။ လူအင်အား များများသုံးပြီး အကောင်းဆုံး ဖန်တီးတယ်။”လို့ သူက ပြောပြသွားပါတယ်။

ကိုယ်ဖန်တီးခဲ့တဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်မှန်သမျှ နောင်တကင်းကင်းနဲ့ နေတတ်သူ နေမင်းက အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း “ကိုယ်လုပ်ခဲ့တဲ့ ဘယ်အလုပ်မဆို နောင်တမရဖူးဘူး။ ဘာလို့လဲဆိုတော့ လူဆိုတာ သူ့အသက်အရွယ်၊ သူ့အပိုင်းအခြားနဲ့သူရှိခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ သူကျင်လည်ခဲ့တဲ့ အတိုင်းအတာကတော့ ဒီလိုပဲ ရှိခဲ့ကြမှာပဲလေ။ Ice Cube ဆိုတဲ့ ရက်ပါတစ်ယောက် ဖြေခဲ့သလိုပဲ ငယ်ငယ်တုန်းက ဓာတ်ပုံတစ်ပုံကို ပြန်ကြည့်ရသလိုပါပဲ။ သူ့အသက်အရွယ်၊ သူ့အတိုင်းအတာနဲ့ သူ့ရဲ့ချစ်စရာကောင်းမှုလေးနဲ့ပေါ့။ ခုစိတ်နဲ့နှိုင်းယှဉ်ကြည့်ရင်တော့ မပြည့်စုံတာ ရှိရင်ရှိမယ်။ အဲ့တုန်းက ရခဲ့တဲ့ လွတ်လပ်ခွင့် စိတ်အခြေအနေတွေကိုလဲ ဒီချိန်မှာ ပြန်မရနိုင်တော့တာမျိုးလဲ ရှိတတ်တယ်လေ။ အဲ့လိုမျိုးလေးပဲပေါ့။ ပြီးပြီးသား ဘယ်အရာမဆိုတော့ နောင်တမရခဲ့ဘူး။ နောင်တလဲ မရတတ်ဘူး။”လို့ ဆိုပါတယ်။
Trend

ရုပ်ရှင်လောကသားတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေ အရင်ထက်ရှိလာမယ်ဆိုရင် တိုးတက်လာမယ့်အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုလာတဲ့ စိုးရန်အောင်

အနုပညာလောကမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေရင်း သရုပ်ဆောင်ဖက် တစ်ခုထဲကို သာ အားကြိုးမာန်တက် ကြိုးစားပုံဖော်နေတဲ့ စိုးရန်အောင်က ခုလတ်တလော တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းတွဲလေး ရိုက်နေတယ်လို့ သိရတာကြောင့် အဲ့ဒီအကြောင်း မေးကြည့်ဖြစ်တော့ “ဒီကားထဲမှာ ကျွန်တော် တပ်မတော်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်မတော်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံလေးက ရှေ့မှာ ကြယ်စင်မော်ကွန်းမှာလဲ ပါဖူးပြီးသား ဆိုတော့ သိပ်တော့ အထူးအဆန်းကြီး မဟုတ်ဘူးပေါ့။ ဇာတ်လမ်းတွဲ ရိုက်ရတဲ့ပေါ် အရမ်းလဲ ၀မ်းသာမိပါတယ်။ ကဲ ဟုတ်ပြီ။ ဇာတ်လမ်းတွဲရိုက်ပြီဆိုတော့ ကျွန်တော်တို့အဲ့ဒါကို မီဒီယာတွေ ရုပ်သံလှိုင်းတွေ၊ ပုဂ္ဂလိက ရုပ်သံလှိုင်းတွေမှာ အချိန်ပေးပြီး လွှင့်ပေးမယ်ဆိုရင် ဒါတကယ် ကောင်းတာပါ့။ ကျွန်တော်တို့ဒီမှာဆို ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံက ကားတွေက ကျွန်တော်တို့ရဲ့ရုပ်သံတွေမှာ နေရာယူလာကြတယ်။ အဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံက ကားတွေအတွက် နယ်မြေ ကျဉ်းမြောင်းလာကြတယ်။ တကယ်သာနေရာပေးပြီး ပြပေးနိုင်မယ်ဆိုရင် ဒါအများကြီး ကောင်းမယ်လို့မျှော်လင့်နေမိပါတယ်။”လို့ သူက ဆိုပါတယ်။

အရင်ကထက်စာရင် လုပ်ပိုင်ခွင့်၊ လုပ်ခွင့်တွေ ပိုရမရ ဆိုတာနဲ့ ပတ်သက်ပြီး သူပြောပြသွားတာက “ကျွန်တော်တို့ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်မှုတွေမှာ လိုအပ်တဲ့အပိုင်းတွေကို ဘယ်လိုမျိုး အထောက်အပံ့တွေပေးမလဲ ဆိုတဲ့အပိုင်းပေါ့။ ဥပမာ ကျွန်တော်တို့ ရွှေတိဂုံဘုရားရိုက်ချင်ရင် ချက်ချင်းသွားရိုက်လို့မရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ လေဆိပ်ဆိုလဲ ချက်ချင်းရိုက်လို့မရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ အဲ့လို အထင်ကရ နေရာတော်တော်များများက ချက်ချင်းရိုက်မယ်ဆို ရိုက်ခွင့်မပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအနေနဲ့ကလဲ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်ဆိုရင် တိုးတက်မဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာကား တော်တော်များများမှာဆို ဘုရားသွားမယ်ဆို ရွှေတိဂုံဘုရား တွေ့ရတဲ့ကားက တော်တော်လေး နည်းပါတယ်။ ဇာတ်လမ်းတွဲနဲ့ဗီဒီယိုဆို ဘယ်ဟာခက်ခဲတယ်။ ဘယ်ဟာ လွယ်ကူတယ်ဆိုပြီး မရှိပါဘူး။ ကျရာနေရာမှာ သရုပ်ဆောင်နိုင်ဖို့၊ ကိုယ့်ကာရိုက်တာ အံဝင်ခွင်ကျဖြစ်ဖို့ကိုပဲ ဦးစားပေးဖြစ်တယ်”တဲ့။
Trend

နာမည်လေးလုံးပိုင်ရှင် အမျိုးသမီးအဆိုတော်နဲ့ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုသွားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို


ဖက်ရှင်ဒီဇိုင်းဆန်းဆန်းပြားပြားနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်တတ်ပြီး၊ မာန်ပါပါ ဟန်ပါပါအပြည့်နဲ့ တေးသီချင်းတွေကိုသီဆိုတတ်သူ နာမည်လေးလုံးပါ မြန်မာနိုင်ငံရဲ့ လက်ရှိမှာ ထိပ်တန်းစာရင်းဝင် အဆိုတော်တစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ နာမည်ထွက်နေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို ကို ထွက်ရှိနေတဲ့ သတင်းပေါ် မေးမြန်းကြည့်လိုက်တဲ့အခါ “ကျွန်တော်နဲ့ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တောင် အလုပ်ကိစ္စနဲ့ သူနဲ့နှစ်ခါလောက်ပဲ အပြင်မှာဆုံဖူးပါတယ်။ နောက်ပြီး အဲဒီ့လောက်ထိ တရင်းတနှီး ပတ်သက်ရလောက်တဲ့ ခင်မင်ရင်းနှီးမှုမျိုးလည်း မရှိပါဘူး။ ကျွန်တော် တောင် ကြားကြားချင်း အရမ်းအံ့သြသွားတယ်။ ဘာပြောရမှန်းတောင် မသိလောက်အောင်ပါပဲ”လို့ ငြင်းဆိုသွားပါတယ်။

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာလ ၂၇ ရက်တွင် Myanmar Event Park ၌ ကျင်းပမည်


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ် ၊ ရှင်စောပုလမ်း ရှိ Myanmar Event Park ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

" အကယ်ဒမီ အတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှု ကလည်း ပြီးသလောက် ဖြစ်နေပါပြီ ၊ နောက်လထဲမှာ အကယ်ဒမီ စင်မြင့် ဆောက်ဖို့ ၊ အကယ်ဒမီ ဗန်းကိုင်ရွေးဖို့ ကိစ္စတွေ စလုပ်တော့မယ် ၊ ဒီဇင်ဘာလ ၂၇ ရက်ကို ရွေးလိုက် တာကလည်း အဲဒီရက်က စနေနေ့လည် ဖြစ်တယ်။ နေ့ကောင်း ရက်သာလည်း ကျတဲ့အတွက် ရွေးလိုက် တာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 


ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ၂ဝ၁၃ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သော ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံး ပျော်ပျော် ထော်လော် ကန့်လန့်၊ စေတန်ရဲ့ ကချေသည်၊ အလန်းဇယား- ၂၊ နင်စေရင်၊သေးသေးလေး ပဲလား ကြီးကြီးလား၊ ကြယ်စင်မော်ကွန်း၊ ဟတ်ကော့၊ လူရွှင်တော် အိပ်မက်၊ ဆယ့်နှစ်နာရီ သတို့သား၊ စုန်းပြူး၊ ရက်စ်ဘော့စ်၊ အဖြူရောင် ရဲတိုက်၊ အမိုက်စား၊ ကိုယ့်အထာ နှင့်ကိုယ် စသည့် ဇာတ်ကားများ ထဲမှစုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင် ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကား ခြောက်ကားကို နောက်ဆုံး ဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ် ထားကြောင်း သိရသည်။ 


မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ဇူလိုင်လတွင် ဇာတ်ကားများ ကြည့်ရှု ခဲ့ကြပြီး ဆန်ခါတင် ဇာတ်ကား ခြောက်ကားကို ရွေးချယ် ပေးခဲ့သည်။ ယင်း ဇာတ်ကား ခြောက်ကားကို မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ ဒုတိယအဆင့် စိစစ် ရွေးချယ်ရေး အဖွဲ့မှ သြဂုတ် ၁၈ ရက်က စတင် ကြည့်ရှု အကဲဖြတ် ခဲ့ကြောင်း သိရသည်။ 


မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် မှ စတင်ချီးမြှင့် ခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်မြို့ မြို့တော်ခန်းမ၊ ဝိဇယ ရုပ်ရှင်ရုံ၊ ရုပ်ရှင် မြှင့်တင်ရေး၊ စက်မှု အထက်တန်းကျောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံး၊ ဂျူဗလီဟောဝင်း၊ မြန်မာ့အသံ မြက်ခင်းပြင်၊ လဟာပြင် ကဇာတ်ရုံ၊ နဝဒေး ရုပ်ရှင်ရုံ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ တို့တွင် ကျင်းပခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ စပြီး နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ၂ဝ၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲနှင့် ၂ဝ၁၂ ခုနှစ် အတွက် ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲ များကို သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ပထမဆုံး အနေဖြင့် Myanmar Event Park ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇) 
Themyawadadaily