Showing posts with label ပြည်သူဆန္ဒ. Show all posts
Showing posts with label ပြည်သူဆန္ဒ. Show all posts

မန္တလေးမြို့လယ်မှာ တကိုယ်တော်ဆန္ဒပြပြီ

မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့၊ မြို့လယ်မှာ တကိုယ်တော် ဆန္ဒပြမှုတခု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ 


ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ ဧရာဝတီ

ယနေ့ နံနက် ၁၀ နာရီခွဲက တောင်သူလယ်သမား အလုပ်သမားအရေးဆောင်ရွက်သူများအဖွဲ့ (FNIFL)မှ ကိုမျိုးဝင်းက လက်ရှိ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင် ပြိုကွဲပျက်စီးနေမှုနှင့် ဖမ်းဆီးခံတောင်သူလယ်သမား ၅၀၀ ကျော် ပြန်လွှတ်ပေးရေး၊ မြေယာမှုများကို တရားမျှတစွာစီရင်ရေးတို့နှင့် ပတ်သက်ပြီး၊ မန္တလေး လမ်း ၃၀နဲ့၆၅ လမ်းထောင့်မှ ၆၄ လမ်းထိလမ်းလျှောက်ဆန္ဒပြခဲ့ပါတယ် ။ 





မင်းထက်ငြိမ်းချမ်း ~
ဧရာဝတီ 

PR စနစ်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း မဲဆန္ဒရှင်ပြည်သူ ၄၀၀ ကျော်က ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြ



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း ဆန္ဒပြနေသည့် မဲဆန္ဒရှင် ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြို့နယ်မဲဆန္ဒရှင်ပြည်သူ ၄ဝဝ ကျော်ခန့်က စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါ ဆန္ဒပြသူများသည် ပုဇွန်တောင်မြို့နယ် ပန်းခြံရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး “ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ PR စနစ် အလိုမရှိ”၊ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး နှောင့်နှေးစေမည့် PR စနစ် ဖယ်ထုတ်ပစ်”၊ “ပြည်သူ့ဆန္ဒမပါဘဲ PR စနစ် အဆိုတင်သွင်းသူ ဦးအောင်ဇင် အလိုမရှိ”၊ “ပြည်သူ့ဆန္ဒဆန့်ကျင်သူ ဒို့ရန်သူ”၊ “သင့်ကြောင့် ပုဇွန်တောင်သမိုင်း မရိုင်းစေနဲ့” စသည့်တို့ကိုကြွေးကြော်ကာ ပုဇွန်တောင်မြို့နယ်အတွင်း၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင် တစ်ဦးဖြစ်သည့် ဦးကျော်က “ဒီ PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ပြီး ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဘာလို့မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင်ပြီးရောဆိုပြီး ဦးအောင်ဇင်တို့ NDF ပါတီကို မဲပေးခဲ့ကြတာ။ ကိုယ်စားလှယ်စဖြစ်တဲ့ အချိန်ကနေစပြီး မြို့နယ်အတွင်းက လိုအပ်ချက်တွေကိုလည်း ဘာတစ်ခုမှ အကျိုးမဆောင်ရွက်ပေးဘူး။ မြို့နယ်အတွင်းမှာ ရုံးခန်းတောင်မရှိဘူး။ အခုဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ထို့အပြင် ဦးအောင်ဇင်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြမှု ပြုလုပ်မည့်အကြောင်းကိုလည်း မြို့နယ်မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ ၂၆ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၉(ခ)တွင် “သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ပြဌာန်းပါရှိသည်။
Eleven

တကိုယ်တော်ဆန္ဒပြခဲ့သူ


နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လက်ရှိနိုင်ငံရေးအကျပ်အတည် များကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် ABDDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ) ဇော်ကြီး က အပြည်ပြည်ဆိုင်ရာငြိမ်ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန် ၁၅ မိနစ် ဝန်းကျင်အတွင်း ပျဉ်းမနားမြို့မရဲစခန်းက တာဝန်ရှိသူ များက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်အတွက် ထိန်းသိမ်းသွားသည်။

အဆိုပါရဲစခန်းက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို လက်တစ်လော ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။


ဆန္ဒဖော်ထုတ်မှုကို ဗိုတောက်ခင်လမ်း Rain လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လမ်းလျှောက်ခဲ့ပြီး ရွှေချည်နှစ်လမ်းအတိုင်း လမ်းလျှောက်စဉ် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ လမ်းလျှောက်ခြင်းဖြစ်သည်ဟုလည်း ကိုဇော်မြင့်က ဆိုသည်။

Mizzima

အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ ကျောင်းသားတွေ ဆန္ဒပြ


ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၂၀လောက်က အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ဒီနေ့ ဟောပြောခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့ အကြောင်း ဒီနေ့ ဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ မွေးမြူရေး ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုဇေယျာဝင်းထိုက်က အခုလို ပြောပါတယ်။

"အဓိကကတော့ ဆရာနဲ့ သမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေအားလုံးကို လွတ်လပ်စွာဖွဲ့စည်းခွင့် လိုချင်တယ်၊ မိခင်ဘာသာစကားမှာဆိုလို့ရှိရင် တိုင်းရင်းသားဘာသာစကားကို ဖြည့်ဆည်းရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကျောင်းထားရန် လွှတ်တော်ကို ကျနော်တို့ တင်လိုက်တဲ့ သဘောထားမပါသွားဘူး၊ လွှတ်တော်ကပြန်ထွက်လာတဲ့ မူကြမ်းမှာကျတော့ ကျနော်တို့ တောင်းဆိုထားတဲ့တစ်ခုမှ ဘောင်မဝင်လာဘူး၊ ဒီဥပဒေ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာတွေနဲ့ တောင်းဆိုထားတဲ့သဘောထားတွေ မပါဝင်ဘူးဆိုတာတွေ ကျနော်တို့က ဥပဒေစာရွက်ထဲမှာပါတဲ့ ဘယ်အချက်က မကောင်းဘူးဆိုတာတွေ ကျနော်တို့က ဟောပြောတာပါ"

အဲ့ဒီဟောပြောပွဲမှာ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မွေးမြူရေး ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေပါဝင်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

RFA Burmese

ပညာရေးဥပဒေကို တောင်ငူကျောင်းသားများ ဆန္ဒပြ




ဗ.က.သများအဖွဲ့ချုပ် တောင်ငူတက္ကသိုလ်နှင့် တောင်ငူနည်းပညာတက္ကသိုလ်မှ 
ကျောင်းသားကျောင်းသူများသည် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် 
အနေဖြင့် ယနေ့မနက်ပိုင်းက တောင်ငူမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့သည်။


ပြည်ထောင်စုလွတ်တော်၌ အတည်ပြုပြဌာန်းခဲ့သည့် အမျိုးသားပညာရေး 
ဥပဒေကို ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်တွင် ပြည်ထောင်စုလွတ်တော်က 
အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေ ပြဌာန်းပြီး နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ 
ထားဝယ် စသည့်မြို့ကြီးများတွင် ကျောင်းသားများမှ ကန့်ကွက်ဆန္ဒပြမှုများ 
ပေါ်ပေါက်ခဲ့သည်။
The Myanma Age

အမျိုးသားပညာရေး ဥပဒေကြမ်းကို စစ်ကိုင်းမှာ ကန့်ကွက်ဆန္ဒပြ




စစ်ကိုင်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကြမ်းအား ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် ခရိုင် ကျောင်း သားများ သမဂ္ဂ ဦးဆောင်၍ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတက္ကသိုလ်၌ ပြုလုပ် ခဲ့ပါတယ်။

စစ်ကိုင်းတက္ကသိုလ်ရှေ့တွင် ခွပ်ဒေါင်းအလံကို လွှင့်ထူလျက် ပိုစတာများ ကိုင်ဆောင်ကာ ပညာရေးဥပဒေ ကြမ်းကိုဆန့်ကျင် ကျွေးကျော်သံ များ တခဲနက်ဟစ်ကြွေးကြော်ခဲ့ပြီး၊ နည်းပညာတက္ကသိုလ်နှင့် သမ၀ါယမ တက္ကသိုလ်ရှေ့တွင် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီ BLOG

ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ ဧရာဝတီ

အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား ၁၀၀၀ ကျော်က သူတို့နေထိုင်ရာ ကျေးရွာမြေနဲ့ အိမ်ခြေ ၁၅၀ ကျော် မရွှေ့ပြောင်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကျေးရွာမြေပေါ် က ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ အမြန်ဆုံးဖယ်ရှားပေးရေး၊ အိမ်ခြေ ၁၅၀ မရွှေ့ပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေ နဲ့အညီ ဆောင်ရွက်ပေးရေး၊ အမှန်တရားဖော်ထုတ်ပေးရေး၊ ကျေးရွာမြေနယ်နိမိတ် အမြန်ဆုံး သတ်မှတ်ပေးရေး စတဲ့ အချက် ၇ ချက်ကို ကြွေးကြော်ပြီး ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာတွေမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သပိတ်ကျင်းမြို့ကို ဆန္ဒဖော်ထုတ်ဖို့ သွားရောက်စဉ်မှာလည်း မြို့ဝင်မှာ အာဏာပိုင်တို့ဘက်မှ တားဆီးခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာ ၂ ရွာကို တရားဝင်ကျေးရွာအဖြစ် ၂၀၀၇ ခုနစ်မှာ ပြည်ထဲရေး ၀န်ကြီးဌာန ကို တောင်းဆိုခဲ့ရာ ၂၀၁၀ ခုနစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က အဲဒီကျေးရွာတွေ အပါအ၀င် ရွာပေါင်း ၂၄ ရွာကို တရားဝင်ကျေးရွာအဖြစ် ချထားပေးခဲ့ပါတယ်။

ဒါပေမယ့် ကျးရွာပိုင်မြေပေါ်မှာ မြန်မာဂိုးဒန်းပွင့်၊ ရွှေပြည်သာ ထာဝရ စတဲ့ ရွှေနဲ့သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ ၀င်ရောက်လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ

လယ်မြေသိမ်းဆည်းခံရမှုများအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက် တောင်သူလယ်သမား ၁၀၀၀ ကျော် မအူပင်၌ ဆန္ဒပြ


လယ်မြေသိမ်းဆည်း ခံရမှုများအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက် တောင်သူလယ်သမား ၁ဝဝဝ ကျော် မအူပင်မြို့နယ်၌ ဩဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ လပ္ပတာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဇလွန်၊ ဟသာင်္တ စသော ဧရာဝတီတိုင်းမြို့နယ်မှ လယ်သမားများသည် ၎င်းတို့နယ်တွင် ကြုံ တွေ့နေရသော လယ်ယာမြေအခက်အခဲများအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လယ်သမားအင်အား ၁၂ဝဝ ခန့်သည် နံနက် ၉ နာရီခန့်တွင် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် ရေလဲလမ်းဆုံတွင် လူစု၍ ရေလဲလမ်းတစ်လျှောက်မှ မင်းလမ်းနှင့်(၃)လမ်းထိပ်အထိ၊ ကမ်းနားလမ်းမှရေလဲ လမ်းဆုံစုရပ် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးရှေ့) အထိ လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်းဖြစ်ကာ တောင်သူလယ်သမားများ နစ်နာမှုမရှိရေး ဆောင်ရွက်ပေး၊ ဘက်လိုက်သော လယ်/ စီ အလိုမရှိ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရရှိရေး စသောကြွေးကြော်သံများကို ဆန္ဒပြရာလမ်းတစ်လျှောက် ကြွေးကြော်ခဲ့ကြသည်။

အစိုးရ၏ လယ်ယာမြေသိမ်းဆည်းခံရ မှုများအပေါ် စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက် ရည်ရွယ်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကာ မြို့နယ်အသီးသီးမှ လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားများသည် လယ်ယာမြေ ပြန်လည်မရရှိသေးခြင်း၊ ပြန်လည်စွန့်လွှတ်သော ဧရိယာတွင် ပါဝင်သော်လည်း လက်ဝယ်မရရှိသေးခြင်း၊ ကုမ္ပဏီနှင့် ဝန်ကြီးဌာန အသီးသီးက မူလသိမ်းဆည်းခဲ့သော လယ်မြေများကို သီးစားပြန်လည်ချပေးခဲ့ပြီး လယ်ယာမြေပြန်လည်ပေးရာတွင် မူလလယ်သမားများကို ပြန်မပေးဘဲ သီးစားချထားသော လယ်သမားကိုသာ လက်သင့်ရာပေးနေခြင်း၊ ပြည်ထောင်စုအစိုးရက ပြန်လည်စွန့်လွှတ်သော လယ်ယာမြေများကို လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှတစ်ဆင့် ပြုလုပ်နေရာ ယင်းကော်မတီတွင် မူလသိမ်းဆည်းစဉ်က ပါဝင်ခဲ့သော မြို့နယ်ထွေအုပ်များနှင့် မြေစာရင်းဌာနတို့ ပါဝင်နေခြင်းတို့အပေါ် ကန့်ကွက်ဆန္ဒ ပြခဲ့ခြင်းဖြစ်သည်။

“လယ်ယာမြေသိမ်းဆည်းခံရမှုတွေက တစ်ဧကမှဥပဒေနဲ့အညီ သိမ်းဆည်းရယူခဲ့တာမရှိဘူး။ ပြန်ပေးဖို့ကျတော့ဥပဒေနဲ့ အညီဆိုတဲ့စကားကို ထပ်ခါထပ်ခါပြောနေကျ တယ်။ တကယ်ဆို လယ်သမားတွေက စာတွေ၊ ဥပဒေတွေကို နားမလည်ပါဘူး။အဲဒီ အချက်အလက်ကိုအသုံးချပြီး သိမ်းတုန်းကလည်းသိမ်းတယ် ပြန်ပေးမယ့်အခါကျတော့ လည်း အစိုးရကဖွဲ့ပေးထားတဲ့ လယ်/စီက လှည့်ပတ်နေတာတွေ ဧရာဝတီတိုင်းမှာ အများကြီးတွေ့ရတယ်” ဟု ပုသိမ်မြို့နယ်က လယ်သမားအရေး ဆောင်ရွက်သူ ကိုကြည်လွင်က ဟောပြောခဲ့သည်။

လယ်သမားအရေး ဆောင်ရွက်သူများ ဖြစ်သည့် ကိုဇော်ရမ်း၊ ကိုအောင်မြင့်တို့ လည်း ဟောပြောခဲ့ပြီး အဓိကအားဖြင့် နိုင်ငံ တော်သမ္မတနှင့် လွှတ်တော်အပေါ် လယ်ယာ မြေ စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက်ဝေဖန်ခဲ့ပြီး လယ်ယာမြေပြဿနာများ မဖြေရှင်းပေးနိုင်ပါက တိုင်းပြည်တိုးတက်မှု နောက်ကြောင်း ပြန်လှည့်နိုင်သည်ဟု ဟောပြောခဲ့ကြသည်။

ဆန္ဒပြလယ်သမား ၁၂ဝဝ သည် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မအူပင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးရှေ့သို့ရောက်ရှိခဲ့ကြ ပြီး ဆန္ဒပြခြင်းကို အဆုံးသတ်ခဲ့ကြကာ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကလည်း လယ်ယာမြေအခက်အခဲ များအတွက် အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

“လယ်/စီမှာက သိမ်းထားတဲ့သူတွေ ပြန်ပါနေတော့ တရားခံက တရားသူကြီးပြန် လုပ်သလိုဖြစ်နေတယ်။ သူ့တရားသူ အေးဆေးစီရင်လို့ ရတာပေါ့။ အခုမအူပင်မှာတင် အသိမ်းခံမြေဧက ၅ သောင်းကျော်ရှိတယ်။ သိမ်းတာက တပ်မတော်ပါတယ်။ ဝန်ကြီးဌာနတွေပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့သိမ်းထားတဲ့ လယ်တွေကို ပြန်မပေးချင်လို့ အမျိုးမျိုးလှည့်ပတ်နေတယ်။ လျော်ပေးတဲ့ ဧရိယာတွေမှာလည်း လယ်/စီတွေက ကာလ တန်ဖိုးမပေးတာတွေလည်းရှိတယ်။ အဲဒါကိုလည်း လွှတ်တော်မှာ ကျွန်တော်တို့တင်ပြသွားဖို့ စီစဉ်ထားပါတယ်” ဟု မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

မအူပင်တွင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်သော ယခုဆန္ဒပြပွဲသည် တောင်သူလယ်သမားဦးရေ အများဆုံး ပါဝင်သော ဆန္ဒပြပွဲဖြစ်ပြီး၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကလည်း ရန်ကုန်တွင် လယ်သမားဦးရေ ၅ဝဝ ခန့် ဆန္ဒပြခဲ့ဖူးကြောင်း သိရသည်။

လယ်ယာမြေသိမ်းဆည်းခံရမှုအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းဖြင်းအတွက် တောင်သူလယ်

ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်


လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို

ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။


အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိုင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချမှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အခန်း ၁ မှ ၅ အထိ အလုပ်သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင်ထည့်သွင်းထားသည်ဟု ၎င်းက ဆိုသည်။

ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။
mizzima

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟိုဥက္ကဌ နှုတ်ထွက်ပေးရေးမန္တလေးရှိ သဘင်ပညာရှင်များ ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြပါတယ်။



မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟိုဥက္ကဌ နှုတ်ထွက်ပေးရေးမန္တလေးရှိ သဘင်ပညာရှင်များ ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြပါတယ်။
The Modern News Journal

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်


လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီကျော်တွင် ကျောင်းဝင်း အတွင်းရှိ တက္ကသိုလ်အားကစားခန်းမဆောင်မှ ပင်မလေးထပ်ဆောင်ရှေ့၊ ထိုမှတစ်ဆင့် ကျောင်းအနောက် အဝင်အထွက်ပေါက်သို့ လှည့်လည်ကာ အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထို့နောက် ကျောင်းအဝင်အထွက်အ နောက်ပေါက်မှ ကျောင်းအပြင်ဘက်လမ်း တစ်လျှောက်သို့လှည့်လည်ကာ ကျောင်းသား နှင့်ပြည်သူကိုအခြေမခံသော “အမျိုးသား ပညာရေးဥပဒေမူကြမ်းအား အလိုမရှိ”၊ မတရားထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း ဥပဒေများ အမြန်ဆုံးဖျက်သိမ်းပေး၊ အစမ်းသပ်ခံပညာရေးစနစ် လုံးဝအလိုမရှိ၊ အာမခံချက်မရှိသော ပညာရေးစနစ် လုံးဝအလိုမရှိ၊ ကျောင်းသားထု အခွင့်အရေးရရှိရေး စသည့်ကြွေးကြော်သံ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကျောင်းအဝင်အထွက် အလယ်ပေါက်တွင် စုပေါင်းကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတုန်းက ကျောင်းသားထုက ပညာရေးဥပဒေကို ဆန္ဒပြတာတော့သိတယ်။ အမျိုးသားပညာရေးဥပဒေဆိုတာ ဘယ်လိုဟာလဲဆိုတာအ သေးစိတ်မသိကြဘူး။ ကြားထဲမှာ စိတ်ဝင်စားတဲ့ ကျောင်းသားထုက ပညာရေးဥပဒေကို မေးလာကြတယ်။ အဲဒါနဲ့ ပညာရေးဥပဒေကို ရှင်းလင်းတဲ့ ကြေညာချက်တွေ လိုက်ဝေတယ်။ ဒီဥပဒေက ဘာလဲဆိုတာသိတဲ့အခါ တခြားကျောင်းသားထုတွေပါ ပူးပေါင်းပါဝင် ကန့်ကွက်သွားနိုင်အောင်လို့ အခုလို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ဖြစ်တာပါ” ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများ၊ ပြင်ပမှပညာရှင်များ အချိုးအစားမျှတစွာ ပါဝင်ရေးဆွဲစေလိုကြောင်း၊ ရေးဆွဲသည့်အဖွဲ့အနေဖြင့် လွတ်လပ်သော တက္ကသိုလ်များဖြစ်ပေါ်ရေးအား ဦးတည်ကာ ကျောင်းသားအခွင့်အရေး၊ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများနှင့် လွတ်လပ်သော အသင်းအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုကာ အသိအမှတ်ပြုပေးရေး၊ ပညာရေးလွတ်လပ်ခွင့်နှင့် သင်ရိုးညွှန်းတမ်းများ လွတ်လပ်ခွင့်ရရှိရေးတို့အား အလေးထား လုပ်ဆောင်ပေးလိုကြောင်း သိရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားများမှ အဓိကပါဝင်ခဲ့ပြီး ကျောက်ဆည်၊ မုံရွာမှ တက္ကသိုလ်ကျောင်းသားများလည်း လာရောက်ပူးပေါင်းကာ ကျောင်းသားအင်းအား ၇ဝ နီးပါး ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း ဖျက်သိမ်းရေးအတွက် နေရာတစ်နေရာနှင့် အချိန်တစ်ချိန်တည်းတွင် ပြည်သူလူထုနှင့် ကျောင်းသားထုပါဝင်သော စုပေါင်းဆန္ဒထုတ်ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြီးခဲ့သည့် ဇွန်တတိယပတ်၌ အထက်မြန်မာပြည်ရှိ ကန့်ဘလူမြို့တွင်လည်းကောင်း၊ ဇူလိုင် ၇ ရက်က ပြင်ဦးလွင်မြို့တွင်လည်းကောင်း၊ ဇူလိုင် ၂၁ ရက်က မန္တလေးမြို့တွင်လည်း ကောင်း၊ ဇူလိုင် ၃ဝ ရက်က ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ဩဂုတ် ၂၄ ရက်ကမုံရွာမြို့တွင်လည်းကောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှအသီးသီးဆန္ဒဖော်ထုတ်မှုပြုခဲ့ကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ သမ္မတမှ အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း ကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့စဉ်

Eleven Media Group