Showing posts with label ဗိုလ်ချုပ်ဂွမ်မော်သတင်း. Show all posts
Showing posts with label ဗိုလ်ချုပ်ဂွမ်မော်သတင်း. Show all posts

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန်လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ဆွေးနွေးပွဲ (ဓာတ်ပုံ- ကျော်ဇင်သန်း)

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၏ Concept (အယူအဆ)နှင့် Process (လုပ်ငန်းစဉ်)ကို ပြည်သူလူထုအား ချပြရန်လိုအပ်ကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

(ဓာတ်ပုံ- ကျော်ဇင်သန်း)
ယနေ့ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် တတိယမူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တချို့ ခေါင်းဆောင်များနဲ့ ပြည်သူများရဲ့ ပြောဆိုချက်တွေဟာ Single Text ရဲ့ Concept ကို နားမလည်တဲ့ ခေါင်းဆောင်များတွေ့ရပါတယ်။ Single Text လို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အစိုးရဘက်ပါသွားပြီးလားလို့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေရှိပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပြည်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း ‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဆွေးနွေးတဲ့အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်စလုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်’’ဟု ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။

‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်အပေါ်မှာ လူထုကလည်း သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလဲလို့လည်း မေးနေကြတာရှိပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကိုလည်း ပြောနေကြပါတယ်’’ဟူ၍လည်း ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်မူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်များ အစုံအညီတက်ရောက်လျက်ရှိသည်။ ယခုဆွေးနွေးပွဲမှာ UPWC နှင့် NCCT တို့ကြား ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်သည်။
7 Day