Showing posts with label ထူးခြားဆန်းပြားကမ္ဘာတစ်လွှား. Show all posts
Showing posts with label ထူးခြားဆန်းပြားကမ္ဘာတစ်လွှား. Show all posts

စကိတ်စီးပြီး ကား( ၅၃) စီးအောက်ထဲ ဖြတ်သန်းပြခဲ့တဲ့ ကလေးငယ်


အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်ကြောင့် ဂင်းနစ်စံချိန်ဝင်ရန် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံသား ပါရာဆက်သည် မြေကြီးနှင့် ( ၇) လက်မသာ ကွာသည့် ကား( ၅၃) စီးအောက်ကို စကိတ်စီးပြီး ဖြတ်သန်းပြခဲ့သည်။ Limbo စကိတ်စီး ကစားသမား ပါရာဆက်သည် တီယူပါတီ အရပ်ဒေသမှာ နေထိုင်ပြီး မီတာ (၁၀၀) အရှည်ရှိသည့် ကား( ၅၃)စီး တန်းစီရပ်ထားခြင်းကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်သည်။ ယခင်စံချိန်မှာ မီတာ(၃၀)သာ ဖြစ်သည်။ ပါရာဆက်သည် ယင်းသို့ ပြုလုပ်ရန် အတွက် အချိန် ( ၂၂ ဒသမ ၅၉ ) စက္ကန့် အချိန်ယူခဲ့ရသည်။


ပါရာဆက်သည် ငယ်စဉ်ကတည်းက စကိတ်စီးခြင်းကို ၀ါသနာပါခဲ့သည်။ မိသားစုကလည်း အားပေးခဲ့သောကြောင့် ကျောင်းမှ ပြန်ရောက်သည့် အခါတိုင်း လေ့ကျင့်ခဲ့သည်။ ဖခင်ဖြစ်သူက သားဖြစ်သူ ပါရာဆက်ကို သင်ကြားပေးခဲ့ပြီး စွမ်းဆောင်မှုများကို ဗီဒီယိုရိုက်ကာ ပြန်ပြလေ့ရှိသည်။ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ခြင်းကြောင့် ပါရာဆက်သည် စံချိန်များကို ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

The Messenger

ကမ္ဘာ့အကြီးဆုံး စားသောက်ဖွယ်ရာကြီးများ

(အသားညှပ်ပေါင်မုန်ကြီး )


ဒီပုံထဲက အသားညှပ်ပေါင်မုန့်ကြီးဟာ အသားအလွှာပေါင်း ၄၁ လွှာ သွတ်သွင်းထားတဲ့ ပေါင်မုန့်ကြီးပါ။ ဒီအသားညှပ်ပေါင်မုန့်ကြီးကို ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က အင်္ဂလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ပထမ တန်းစား စားကောင်းသောက်ဖွယ်များပြသတဲ့ပွဲအတွက် ပြုလုပ်ခဲ့တာပါ။

ဒီကြီးမားတဲ့ အသားညှပ်ပေါင်မုန့်ကြီးရဲ့ အမြင့်ဟာ ၁၅ လက်မရှိပြီး ၂၄ လက်မ ကျယ်ဝန်းပါတယ်။ ဒီ အသားညှပ်ပေါင်မုန့်ကြီးထဲမှာ ၀က်ပေါင်ခြောက် ၁၄၄၅ ဂရမ်၊ ဆလာမီ၊ ကြက်ဆင်နှင့် ၀က်ဆားနယ်ခြောက် ၂ ကီလိုဂရမ်၊ ၀က်အူချောင်း၊ အမဲအူချောင်း ၁ ကီလိုဂရမ် နှင့် ၀က်အူချောင်းလို အမျိုးအစားတမျိုးဖြစ်တဲ့ chorizo ၇၂၀ ဂရမ်တို့ပါဝင်ပါတယ်။


ဟော့ပ်ပေါ့ပ်အစားအစာ စားသောက်ပွဲတော်


တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ Chongqing မြို့ဟာ ဟော့ပ်ပေါ့ပ် အစားအစာကို စွဲလမ်းမြတ်နိုးဆုံး မြို့တမြို့အဖြစ် လူသိများ ထင်ရှားပါတယ်။ အဲ့ဒီလိုမြို့မှာ လူပေါင်းမြောက်များစွာ ပါဝင်ဆင်နွှဲကြတဲ့ ဟော့ပ်ပေါ့ပ် စားသောက်ပွဲကြီးကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့တာပါ။

ပုံမှာမြင်တဲ့အတိုင်းပါပဲ။ အလွန်ကြီးမားကျယ်ပြန့်သော ဟော့ပ်ပေါ့ပ်အိုးကြီးပုံစံပြုလုပ်ထားတဲ့ အိုးရဲ့ ပတ် ပတ်လည်မှာ မြောက်များစွာသော လူတွေဟာ ဟော့ပ်ပေါ့ပ် အစားအစာကို မြန်ရေယှက်ရေ စားသောက် နေ ကြတာပါ။


ကမ္ဘာ့အကြီးဆုံး ကြက်ဥကြော်


ဒီပုံမှာ မြင်ရတဲ့ ကြက်ဥကြော်ကြီးကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးကြက်ဥကြော်ဆိုရင် မလွဲလောက်ပါဘူး။ ဒီမှာ ကြက်ဥအလုံးပေါင်း ၅၂၁၄ လုံးကို အသုံးပြုထားပြီး ဆီ ၂၀ လီတာ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ၅၀ ကီလိုဂရမ် ပါဝင်ပါတယ်။ ကြီးမားတဲ့ ကြက်ဥကြော်ကြီးကို ပြီးခဲ့တဲ့နှစ်က ပြင်သစ်နိုင်ငံရဲ့ Haux ဆိုတဲ့ မြို့ ငယ်လေးမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်ခြင်းပွဲတော်မှာ လူအယောက်ပေါင်း ၇၀၀ က သုံးဆောင်ခဲ့ကြပါတယ်။


ကြီးမားလှတဲ့ တို့ဖူးပြားကြီး


ဒီပုံမှာမြင်ရတဲ့ တို့ဖူးပြားကြီးကတော့ လူထောင်ပေါင်းများစွာ စားသုံးနိုင်တဲ့ တို့ဖူးကြီးပါ။ အချိန် ၈ တန်ရှိတဲ့ ဒီ တို့ဖူးကြီးကို Anhui ခရိုင်ရှိ Huainan မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့မြင်ခဲ့ရတာပါ။


ကြီးမားသောလမုန့်


တရုတ်ပြည်အလယ်ပိုင်း Xuchang မြို့ရှိ ရှော့ပင်းမော်လ်တခုမှာ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီလယ် ပွဲတော် တခုတွင် အ၀ိုင်းပတ်လည် ၃၁.၄ လက်မရှိကာ ဂျုံမှုန့် ၄၀ ကီလိုဂရမ်ပါဝင်တဲ့ ကြီးမားသော လမုန့်ကြီးကို ပြုလုပ်ခဲ့ကြပါတယ်။


သစ်သီးမျိုးစုံပါဝင်ပြီး ရှည်လျားလှတဲ့ ကိတ်မုန့်ကြီး


တရုတ်ပြည်အရှေ့ပိုင်း Anhui ခရိုင် Huaibei မြို့တော်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောင်စုံ သစ်သီးဝလံများဖြင့် တန်ဆာဆင်ထားသော စတုရန်းပုံ ၂၄ မီတာရှည်လျားတဲ့ ကိတ်မုန့်ကြီးကို ပြုလုပ်ခဲ့ ပါ တယ်။



Ref: CCTV news
ဧရာဝတီ

ရေပန်းစားနေတဲ့ ထိုင်းဆယ်ကျော်သက်တဦးရဲ့ ဟုမ်းမိတ်ဖက်ရှင်

photo - madaew's fashionist

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ ထိုင်းဆယ်ကျော်သက်တဦးဟာ ပစ္စည်းပစ္စယ အစုံအလင်နဲ့ ပြုလုပ်ထားသော ကိုယ်ပိုင်ဒီဇိုင်းဖက်ရှင်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်လိုက်ပြီးနောက်
မကြာခင်မှာပဲ ဖက်ရှင်ပုဂ္ဂိုလ်တဦးဖြစ်လာပါတော့တယ်။



Instagram မှာ သူ့ကိုယ်သူ Thai Ban Fashionist လို့ ခေါ်ထွင်တဲ့ Madaew ဆိုသူဟာ သူ့ကိုယ်ပိုင် ကိုယ်တိုင် တီထွင်ဆင်မြန်းထားတဲ့ စွဲမက်ဖွယ်ကောင်းသော ဒီဇိုင်ပေါင်း မြောက်များစွာရဲ့ ဓာတ်ပုံများကို တင်ခဲ့တာပါ။



သူ့ဖန်တီးထားတဲ့ အ၀တ်အစားပုံသဏ္ဍာန်အင်္ဂါရပ်မှာဆိုရင် သူ့ရဲ့ နေရပ်ဇာတိမှာရှိတဲ့ ပန်းတွေ၊ သစ်ရွက်တွေ၊ အိမ်ထောင်စုတခုမှာ အရေးတကြီး အသုံးပြုရတဲ့ အ၀တ်ချိတ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ စက်ဘီးတာယာတွေ စတဲ့ ပစ္စည်းပစ္စယတွေ အမျိုးမျိုးပါဝင်ပါတယ်။



Madaew ဖန်တီးထားတဲ့ စတိုင်တွေဟာ မြောက်များစွာသော လူတွေကို ဆွဲဆောင်စေခဲ့ပြီး သူ့ရဲ့ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်မှာဆိုရင် follower ပေါင်း ၁ သိန်း ၇ သောင်းကျော်ရှိပါတယ်။



ရေပန်းစားလူကြိုက်များတဲ့ သူ့ရဲ ဒီဇိုင်းတွေဟာ တန်ဖိုးကြီးနဲ့မှ ဖန်တီးနိုင်တယ်ဆိုတဲ့ ဖက်ရှင်လောကကို ဆန့်ကျင်လိုက်သကဲ့သို့ အဲ့လိုမျိုး ဖက်ရှင်လုပ်ငန်းရဲ့ သဘောတရားကိုပါ တော်လှန်ပစ်လိုက်တာပဲလို့ လူတချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။












Ref: CCTV news
ဧရာဝတီ

Flamingo Salad Bar


အနောက်တိုင်းစတိုင် အစားအသောက်တွေကို သင့်တင့်တဲ့ဈေးနှုန်း၊ ကောင်းမွန်သောအရသာနဲ့ အေးအေးလူလူ စားသောက်ချင်သူတွေအတွက် Salad အများအပြား ရနိုင်တဲ့ စားသောက်ဆိုင်ကောင်းတခုကို ရန် ကုန်မြို့မှာ မကြာခင်က ဖွင့်လှစ်လိုက်ပါပြီ။

အဲဒီဆိုင်ကတော့ ရန်ကုန်မြို့ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါမှာ ဖွင့်လှစ်ထားတဲ့ “Flamingo Salad Bar” ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က ဥရောပဆန်ဆန် ခန့်ခန့််ထည်ထည်နဲ့ ဥရောပတေးသွားခပ်တိုးတိုးဖွင့်ထားပါတယ်။ ဆိုင်အတွင်း ထိပ်မှာတော့ ရှေးဓာတ်ပြား ဖွင့်စက်ကြီးတလုံးကို တွေ့နိုင်ပါတယ်။ Flamingo Salad Bar မှာ Appetizer များ, Salad များ၊ Steak နဲ့ Main Dish မီနူးအများအပြားအပြင် Red Wine, White Wine များပါ ရရှိနိုင်မှာဖြစ်ပြီး Salad များကို ဘူဖေး စတိုင်နဲ့လည်း စားသုံးနိုင်ပါတယ်။


သူတို့ဆိုင်မှာ ရရှိနိုင်တဲ့ Salad Menu တွေထဲက တခုဖြစ်တဲ့ Nicoise Salad က ဆလပ်ရွက်၊ အာလူး၊ တူနာငါး၊ အမဲရောင် သံလွင်သီးနဲ့ကြက်ဥတို့ပါဝင်ပြီး Dressing ဆမ်းထားပါတယ်။ အသီးအရွက်ကြိုက်နှစ်သက်ပြီး ဝိတ်ချလိုသူတွေအတွက် အဆင်ပြေနိုင်တဲ့ Salad တမျိုးဖြစ်ပါတယ်။

Menu အတိုင်းမစားချင်တဲ့သူတွေအတွက်လည်း မိမိကြိုက်နှစ်သက်ရာ ဆလပ်ရွက်၊ အသီးအရွက်နဲ့ Dressing တွေကို ရောနှောစားလို့ရအောင် ဘူဖေးပုံစံပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ အဲဒီလို ဘူဖေးစတိုင်စားမယ်ဆိုရင်တော့ တယောက်စာ အဝစားကို ၅၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဘူဖေးမစားဘဲ တယောက်စာပဲ စားချင်ရင်တော့ ၃၀၀၀ ကျပ် ကျသင့်မှာပါ။ Dressings တွေကလည်း Thousand Island, France, Home and Ceaser Dressing စသည်ဖြင့် အစုံရှိတာကြောင့် စားသုံးသူစိတ်ကြိုက် Dressing ကို ယူငင် သုံးဆောင်နိုင်မှာဖြစ်ကြောင်း ဆိုင်မှ ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

ဆိုင်မှာရရှိနိုင်တဲ့ အစားအစာတမျိုးဖြစ်တဲ့ PescadoAsado ကလည်း အရသာကောင်းမွန်တာ တွေ့ရပါ တယ်။ Grilled လုပ်ထားတဲ့ ငါးတန်အသားလွှာကို အာလူးအနှစ်၊ အသီးအရွက်တွေနဲ့ Creamy White Wine ဆော့စ်ဆမ်းပြီး စားရတာဖြစ်ပါတယ်။


Salad များစားသုံးရင်း ဝိုင်သောက်ချင်သူတွေအတွက် Red, White ဝိုင်တွေရရှိနိုင်ပြီး ဝိုင်တခွက်ကို ၃၅၀၀ ကျပ် ကျသင့်ပါတယ်။ တွဲဖက် မြည်းဖို့ သံလွင်သီးကိုလည်း ပွဲတပွဲအနေနဲ့ မှာယူနိုင်ပါတယ်။

“Flamingo Salad Bar”မှာ Salad များအပြင် Main Course အဖြစ် Tortilla Roll, Burrito များ၊ Soup တွေထဲက French Onion Soup နဲ့ mushroom cream soup များနဲ့ Appetizer တွေအဖြစ် buffalo wings, Chicken Kebab အပါအဝင် အမျိုးအစား ၃၀ ခန့် ရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် ၃၀၀၀ ကျပ် ကနေ ၁၅၀၀၀ ကျပ်အတွင်းသာ ရှိတာကြောင့် ကျန်းမာရေး ညီညွတ်သလို အသီးအရွက် ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် စားသောက်ဆိုင်တခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်။


မေစစ်ပိုင်
ဧရာဝတီ