Showing posts with label အမေးအမြေကဏ္ဍ. Show all posts
Showing posts with label အမေးအမြေကဏ္ဍ. Show all posts

ရေပန်းစားနေတဲ့ အရပ်ရှည်ဆေးဆိုတာ တကယ်ပဲ အရပ်ရှည်နိုင်သလား



ဒေါက်တာတင့်ဆွေနှင့် မေးမြန်းခြင်း

လူတွေ ကြားထဲမှာ ရေပန်းစားနေတဲ့ အရပ်ရှည်ဆေးဆိုတာ တကယ်ပဲအရပ်ရှည်နိုင်သလား သိချင်သူတွေအများကြီးရှိမှာပါ။ တ ကယ်တော့ အရပ်ရှည်ဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်ကြောင့် အဲဒီဆေးတွေဟာ လူတွေရဲ့ အရိုးကိုပိုခိုင်မာအောင် လုပ်နိုင်ပေမယ့် အရပ်ကိုတော့ အမှန်တကယ် မရှည်နိုင်စေပါဘူး။ လူတွေအတွက် ကယ်လ်ဆီယမ်ဟာ အများကြီးရှိရင်လည်း ဆိုးကျိုးတွေပေးနိုင်သလို နည်းသွားရင်လည်း မကောင်းပါဘူး။ လူတစ်ယောက်အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့လည်းသက်ဆိုင်သလို ကိုယ့်ရဲ့အနေအထိုင်၊ အစား အသောက်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ အသက် ၂၅ နှစ်ကျော်ရင်တော့ အရပ်ဆက်ရှည်ဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ အရပ်ရှည် ချင်သူတွေအတွက် သောက်သင့်တဲ့ ဆေးတွေနဲ့စားသင့်တဲ့ အစားအစာတွေရှိသလို မှန်ကန်တဲ့အနေအထိုင်တွေရှိမယ်ဆိုရင် အရပ်ဆက် ရှည်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ ကျန်းမာရေးနဲ့ ဆေးပညာ အမေး အဖြေတွေ ဖြေကြားပေး တဲ့ ဒေါက်တာတင့်ဆွေကို မေးမြန်းထားပါတယ်။

အမျိုးမျိုးသော ထွက်ပေါ်နေတဲ့ အရပ်ရှည်ဆေးတွေက တကယ်အရပ်ရှည်နိုင်ပါသလား ဆရာ။

ကြော်ငြာဆေးသာ ဖြစ်တယ်။ ကယ်လ်စီယမ် ကောင်းပါတယ်။ ဒါပေမဲ့ အရပ်မရှည်စေပါဘူး။ မ သင့်သူသောက်ရင် ဆိုးစေနိုင် တယ်။ လူတစ်ယောက်ရဲ့ အရပ်ကို မျိုးဗီဇနောက်ခံနဲ့ ပတ်ဝန်းကျင် အကြောင်းခံတွေကနေ သက်ရောက်တယ်။ လူတစ်ယောက်ဟာ အ ရွယ်ရောက်ချိန်နောက်မှာ အရပ်ပို မရှည်တော့ပါဘူး။ အဲဒီဆေးတွေ က ကယ်လ်စီယမ်ဓာတ်ကို အဓိက ထားတယ်။ အမျိုးသမီးတိုင်း အ သက် ၃ဝ-၃၅ ကျော်ရင် နေ့တိုင်း သောက်ရတယ်။အရိုးပါးမှာကို ကာ ကွယ်ဖို့ပါ။ကလေးငယ်တွေလည်း အရိုးပျော့မရှိအောင် အချိန်အ ဆ နဲ့ သောက်ရတယ်။ လူ့အရပ်ဆိုတာ သူ့အရိုးတည် ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကိုပိုခိုင်အောင် သာဆေးနဲ့လုပ်နိုင်တယ်။ ပို ရှည် စေဖို့မရပါဘူး။ ဒါဟာဆရာဝန်တွေလည်း မတတ်နိုင်တဲ့အရာပါ။

အရပ်ရှည်ဆေးတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ပြောပြပေးပါ ဆရာ။

ကြော်ငြာဆေးတွေမှာ ဘေး ထွက် ဆိုးကျိုးသုတေသန မရှိပါ။ အဲ့အတွက် အရပ်ရှည်တယ်ဆိုပြီး မပြောသင့်ပါဘူး။ အဲဒီဆေးတွေ ထဲမှာ ကယ်လ်ဆီယမ်တွေ အများ ကြီးပါတယ်။

သွေးထဲမှာ ကယ်လ်စီယမ် အရမ်းများနေရင် Hyperparathyroidism လို့ခေါ်တဲ့ ဟော်မုန်းများမယ်။ အဲဒါဆိုကင်ဆာဖြစ်နိုင်ခြေ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းရှိတယ်။ အဆုတ်ကင်ဆာလည်း ဖြစ်နိုင်တယ်။ နောက်ပိုင်းတွေမှာ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေလည်း ဖြစ်နိုင်တယ်။ ကယ်လ်ဆီယမ်အလွန်များခြင်းကြောင့်ဖြစ်တဲ့ Milk-Alkali Syndrome လို့ ခေါ်တဲ့ ရောဂါနဲ့ Sarcoidosis လို့ ခေါ်တဲ့ရောဂါတွေ၊ အရိုးရောဂါတွေ ဖြစ်နိုင်ပါတယ်။

သဘာဝနည်းနဲ့ အရပ်ရှည်ခြင်းကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး တွေ ပြောပြပါဆရာ။

အာဟာရ ပြည့်ပြည့်ဝဝ စား သုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါ တဲ့အားကစားဥပမာရေကူး၊ တင်းနစ် ကစားပေးပါ။ ဘားတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစပြင်ပါ။ ခါး မတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက် ပါ။ တစ်နေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ သောက်ဖို့ ကောင်းတဲ့ဆေးနဲ့ စားဖို့ကောင်းတဲ့ အစာမှာ ဗီတာမင်(ဒီ)၊ ပရိုတင်း၊ ဗီတာမင်(အေ)၊ ကယ်လ်စီယမ်နဲ့ ဓာတ်ဆားတွေ ပါသင့်တယ်။

လူတွေအနေနဲ့ ပျမ်းမျှအရပ် ဘယ်လောက်ထိ ရှည်နိုင်ပါသလဲ ဆရာ။

လူတွေပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေး တွေဟာ သူတို့ရှိနေတော့မယ့် အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီးရောက်လာကြတယ်။ အ ပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ မျိုးဗီဇက အဓိကကျတယ်။ ၆ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းထိက မိဘတွေရဲ့ အ ရပ်နဲ့ ဆက်စပ်တယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့ လည်းဆိုင်တယ်။ ကလေးဘဝမှာ စားတဲ့ အစားအစာနဲ့လည်း ဆိုင် တယ်။ လူ့အရပ်ရှည်မှုဟာ အရိုး ရှည်တွေ (ပေါင်နဲ့ခြေသလုံး) တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက်မ ရှည်တော့ ချိန်မှာ ရပ်တန့်သွားတယ်။ နစငစ့ပျနေူစူအေနျ ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။

လူတစ်ယောက်က ဘယ်အသက် အရွယ်ထိ အရပ်ဆက်ရှည်နိုင်ပါသလဲရှင့်။

အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီအရိုးနုတွေက အရွယ်အလိုက် တဖြည်းဖြည်းမာလာပြီး အရိုးမာ တွေဖြစ်လာ တယ်။ ခြေထောက် ပိုင်းကလူ့အရပ်နဲ့ တစ်ဝက် လောက် ဆိုင်တယ်။ Ossification အရိုးမာတွေဖြစ်လာတဲ့ အသက်အပိုင်း အခြားတွေရှိတယ်။ မိန်း ကလေးက ၅ နှစ်ကနေ ၁၂ နှစ်၊ ယောက်ျား လေးက ၅ နှစ်ကနေ ၁၄ နှစ်တွေ မှာ အများဆုံးသော အရိုးတွေက Hard Bone အရိုး မာေ တွ ဖြစ်နေကြပြီ။၁၇၊ ၂ဝနှစ်ရောက်ရင် လက်နဲ့လက်ပြင် ရိုးတွေမှာ အရိုးမာ ဖြစ်တယ်။ ၁၈၊ ၂၃ နှစ်ရောက် ရင် ခြေေ ထာက် ပိုင်းအ ရိုးတွေ အရိုးမာဖြစ်တယ်။ ၂၃၊ ၂၅ နှစ်မှာ ဆိုရင်တော့ ရင်ညွန့်ရိုး၊ ညှပ်ရိုးနဲ့ ခါးရိုး တွေက အရိုးမာဖြစ်ကြပြီ။ အသက် အစိတ်မှာ အား လုံးပြည့်စုံသွား မယ်။ အသက် ၂၅ကျော်ရင် မရှည် ချင်နဲ့တော့။ ဆက်မရှည်တော့ပါဘူး။ ဒီနောက်ပိုင်းမှာ နည်းနည်းရှည်လာနိုင်တာတော့ ရှိနိုင်ပါ တယ်။ အသက် သိပ်ကြီးချိန်မှာ တော့ဆက်မရှည်တော့တာ သေချာတယ်။ ကျောရိုးမကြီးက အရိုးတွေကြားကအရိုးနုလေးတွေ အပေါ် မှာမူတည်လို့အဲဒီလိုဖြစ်တာ။ အားတက်စရာ ပြောရရင် ကျောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမယ့် ၂၄ ခုကတစ်ခုနဲ့တစ်ခု ဆက်မသွားကြဘဲနေရစ်တယ်။ဒီအချက်ကို အရပ် ရှည်ဖို့ အသုံးချနိုင်တယ်လို့ ဆို တယ်။ ကျောရိုးမကြီးဟာလည်း လူ့အရပ်ရဲ့ ၃၅ ရာ ခိုင်နှုန်းနဲ့ဆိုင်တယ်။

ထပ်မံဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပေးပါဦး ဆရာ။

ဆွီဒင် (အူပန်ဆာလာ) တက္ကသိုလ်က ဒေါက်တာအီဗာက ပြောပါတယ်။ ကယ်လ်စီယမ် သိပ်များသွားရင် ဆိုးကျိုးပေးတယ်တဲ့။ သူ့အဖွဲ့ ကနေ ၁၉၁၄ ကနေ ၁၉၄၈ အတွင်းမှာ မွေးဖွားခဲ့ကြတဲ့ အမျိုး သမီးပေါင်း ခြောက်သောင်းကို လေ့လာပြီးမှ အဲဒီလိုပြောတာပါ။ ၁၉ နှစ် ဆက်တိုက်လေ့လာမှု ပြုခဲ့ တာ ဖြစ်ပါတယ်။ ဒါကြောင့်အရပ် ရှည်ဆေးကိုအလွန်အကျွံမသောက် သုံးသင့်ပါဘူး။ ကယ်လ်ဆီ ယမ် ကများရင်လည်း မကောင်းဘူး။ နည်းလွန်းရင်လည်းမကောင်းပါဘူး။
Popular

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင် နှင့် တွေ့ဆုံခြင်း


စည်ပင်က ပါမစ်တစ်စောင်ကိုလေးလလောက်အထိ ဂရန်ထွက်ဖို့ကြာနေတာ ဘာကြောင့်ကြာတာလဲ

ဖြူသစ်လွင် တွေ့ဆုံမေးမြန်းသည်။

မြန်မာနိုင်ငံ၌ စလစ်မြေများကို အခွန်ကောက်ခံတော့မည်ဟု သတင်းများ ထွက်ပေါ် လာသောကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း အတွင်း ရေးမှူး ဒေါ်မို့မို့အောင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါ သည်။

မေး - စလစ်မြေတွေကို အခွန်ကောက်ခံတော့မယ်လို့ သတင်း တွေထွက်ပေါ်လာပြီး ဒီမြေတွေအပေါ်မှာ အရောင်းအဝယ် အကျိုးသက်ရောက်မှု ဘယ်လိုရှိလာသလဲ။

စလစ်မြေတွေက သန်လျင်အောင်ချမ်းသာရပ် ကွက်ဘက်မှာ ရှိတယ်။ တချို့ မဝတကနေပြီးတော့ ဟို တုန်းက ပြန်ချပေးထားတာတွေလည်း ရှိတယ်။ အဲဒီ စလစ်မြေတွေရဲ့ မူလပိုင်ရှင်တွေကို ချပေးကတည်းကဂရန်လျှောက်ရ 
မ ယ်ဆိုတာ မသိတော့ ဂရန်မလျှောက်ထား တဲ့သူတွေ အများကြီးရှိတယ်။ ၁ဝဝ မှာ ၉၅ ဦးလောက် က ဂရန်မလျှောက်တဲ့လူတွေ။ အဲဒီအပေါ်မှာ အခွန်ဌာန က ဘယ်လိုမျိုးဖြတ်မလဲဆိုတာလည်းရှိတယ်။ အရင်တုန်း ကတော့ သူက ပါမစ်နဲ့စလစ်ကို အခွန်ကင်းလွတ်ခွင့် ပေးထားတာ။ ကင်းလွတ်ခွင့်ပေးထားပြီးမှ အခုကောက် မယ်ဆိုရင် ဘယ်လိုအခွန်နှုန်းထားကောက်မှာလဲ၊ အန်တီ တို့ အခွန်ဌာနကို အကြံÓဏ်ပေးထားတာတော့ ဘယ် နေ့၊ ဘယ်ရက်အထိတော့ စလစ်တွေ၊ ပါမစ်တွေကို ဂရန်လာလျှောက်ပါ။ ဂရန်လျှောက်ပြီး အဲနေ့မှာလျှောက် လို့ရှိရင် နောက်ပိုင်းတွေမှ ဒါတွေကို အခွန်ကောက်မယ် ဆိုပြီး ပြည်သူတွေကို ပြောလို့ရလိမ့်မယ်။ အရင်က ကင်း လွတ်ခွင့်ပေးထားတာကို အခုမှ ကောက်မယ်ဆိုတော့ တော်တော်လေး ပြဿနာတွေများပြီး ရှုပ်ထွေးနိုင်တယ်။

မေး - အရင်တုန်းက ဒီမြေတွေကို အခွန်မကောက်ဘူးလို့ပြော ထားပြီး အခုကောက်မယ်ဆိုတော့ အဓိကက ဘယ်လို အကြောင်းအချက်ကြောင့် ဖြစ်နိုင်ပါသလဲ။

ပြဿနာတွေက များတယ်လေ။ ပါမစ်တွေဆို ရင်လဲ ပျောက်သွားတယ်လို့၊ စလစ်တွေဆိုရင်လဲ မူလ ပိုင်ရှင်တွေ အရင်ရောင်းခဲ့တုန်းကတော့ သိန်း ၃ဝ၊ အခု ကျတော့ သိန်း ၃ဝဝ ဖြစ်သွားတဲ့အခါမှာ အဆပေါင်း များစွာသာတဲ့အခါကျတော့ တချို့လည်း ပျောက်သွား တာ မှန်ကန်တာရှိသလို တချို့လဲ မမှန်ကန်တဲ့နည်းလမ်း တွေ အများကြီးရှိလာတယ်။ 

အဲဒီအတွက်ကြောင့်မို့လို့ တရားရုံးမှာလဲ အမှုတွေ အများကြီးရင်ဆိုင်နေရ တာတွေ ရှိတယ်။ အဲဒီပြဿနာတွေ အေးသွားမယ်။ အရှုပ်အရှင်း တွေလည်းကင်းရှင်းတော့ ဘေးရှင်းသွားမယ်။ အားလုံး ဂရန်တွေ ဖြစ်သွားနိုင်တာပေါ့နော်။ 

မေး - ဒီစလစ်နဲ့ ပါမစ်ကို အခွန်ကင်းလွတ်ခွင့်ပေးထားတာ တော်တော်ကြာပြီ လား။ နောက်ပြီး မြန်မာနိုင်ငံက ဒီ စနစ်ကိုကျင့်သုံးတာ ကြာပြီလား။ ဘာကြောင့်မို့လို့ လူ တိုင်းက ဂရန်အဖြစ်ကို မပြောင်းလဲနိုင်တာလဲ။ 

သူတို့က ဒီပါမစ်တွေပေးတယ်ဆိုတာ မြို့သစ် တွေ ဖော်တဲ့အခါမှာ ပေးတာပေါ့နော်။ အဲဒီအချိန်က တည်းက မူလပိုင်ရှင်ကနေပြီးတော့ ဒီစလစ်၊ ပါမစ်ကို အိမ်ဆောက်ရမယ်ဆိုတာပါပြီးသား။ သူက ဘာမှမလို ရင် ဂရန်ကို ချက်ချင်းလျှောက်ရတာပါ။ တချို့ကျတော့ လဲ ဘာပြဿနာမှမရှိဘူး။ 

နိုင်ငံတော်ကလည်း ဘာမှ မပြောဘူးဆိုတော့ ဂရန်တွေမလျှောက်ဘဲနဲ့ ထားတာ ပေါ့။ မလျှောက်ဘဲနဲ့ထားတဲ့အခါမှာ နှစ်သက်တမ်းတွေ ကြာလာတော့ များသောအားဖြင့် စလစ်ပိုဆိုးတယ်။ ပါမစ်ဆိုရင် ဂရန်လျှောက်ကြသေးတယ်။ စလစ်တွေ က မလျှောက်ဘဲနဲ့ထားကြတာ။ အခုဆို ၁ဝဝ မှာ ၉၅ ရာခိုင်နှုန်းလောက်က စလစ်တွေ မလျှောက်ကြဘူး။ အခုနောက်ပိုင်းမှာမှ အိမ်ရာဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ အိမ်ဈေးတွေ တက်လာတာနဲ့အမျှ ဂျာနယ်၊ အသံ လွှင့်ဌာနတွေကတစ်ဆင့် ရှင်းပြ၊ ပြောပြမှ တချို့တွေက လည်း ကိုယ့်ပိုင်ဆိုင်မှုမြောက်အောင်ဆိုပြီး ပြောင်းလာကြ တာပါ။ အစောကြီးကတည်းက ဂဃနဏ မသိခဲ့လို့ပေါ့။

မေး - စလစ်ကို ဘာကြောင့် ဂရန်မပြောင်းကြတာလဲ။

မပြောင်းဘူးဆိုတဲ့ အဓိပ္ပာယ်က ဘာပြဿနာ မှ မရှိဘူး။ နိုင်ငံတော်က အခွန်ဆောင်ရမယ်တို့၊ မပြောင်း မနေရတို့ မထုတ်ဘူးဆိုရင်တော့ သူတို့က မပြောင်းဘဲ နေတာပေါ့။ အခုအန်တီတို့ အခွန်ကို အကြံပေးထားတာ တော့ ဒီလိုကောက်တယ်ဆိုရင် မူလပိုင်ရှင်ကလည်း ဆောင် နိုင်မှာ မဟုတ်ဘူး။ သူရထားတုန်းက ၅ဝဝဝဝ၊ ၁ဝဝဝဝဝ တည်းနဲ့ရထားတာ။ ဒီပေ ၄ဝ x ပေ ၆ဝ တစ်ကွက်ကို ၅ဝဝဝဝ၊ ၁ဝဝဝဝဝ နဲ့ ရထားတဲ့သူတွေက အခုနှုန်းထားနဲ့ ဆိုရင်တော့ ဆောင်နိုင်မှာမဟုတ်ဘူး။ အဲတော့ ပြည်သူလူ ထုကို အခွန်ဌာနက နဂိုကတည်းက မပြောထား၊ ရှင်းမပြ ထားခဲ့တဲ့အတွက်ကြောင့် ခုချိန်မှာတော့ အချိန်အကန့် အသတ်တစ်ခုတော့ ပေးရမှာပေါ့။ တစ်နှစ်အတွင်း ခြောက် လအတွင်းမှာ ပါမစ်တွေ၊ စလစ်တွေအားလုံးကို ဂရန်အဖြစ် ပြောင်းလဲပါ။ 

မပြောင်းလဲတဲ့လူကို အဲဒီနောက်ပိုင်းမှာ အခွန်ကောက်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်။ ဒီတိုင်းဆိုရင်တော့ ပြေလည်မှာမဟုတ်ဘူး။ နောက်ပြီး တော့ စည်ပင်က အရမ်းကိုကြာတယ်။ ပါမစ်တစ်စောင် ကို လေးလလောက်အထိ ဂရန်ထွက်ဖို့ကြာတယ်ဆိုတာ ဘာကြောင့်ကြာတာလဲ။ သူတို့အခုပြောနေတာ အွန်လိုင်း စနစ်နဲ့တောင် လုပ်ပေးမယ်လို့ပြော နေတဲ့ဟာက လေးလ လောက်ကြာနေတယ်။ အလွန်ဆုံးတစ်လအတွင်းမှာ ဂရန် ထုတ်ပေးနိုင်ရင် ဒီထက်ပြဿနာတွေ အများကြီးအေး သွားမှာပါ။

မေး - အခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့ အခု ၂ဝ၁၄မှာ ထဲထဲ ဝင်ဝင် အရမ်းကိုပြော လာကြပြီ။ ပြည်သူတွေရဲ့ Income Tax တွေမှာဆိုလဲ အခွန်ကိစ္စတွေပါတယ်။ အိမ်ရာမြေ မှာဆိုလဲ အခွန်ကိစ္စကိုပြောတယ်ဆိုတော့ ဒီအခွန်ကိစ္စ ကို မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက်က ဖိဖိစီးစီး ဆောင်ရွက်ခဲ့တာလဲ။

၂ဝ၁၂ နောက်ပိုင်းမှ ဖိဖိစီးစီးလေးလုပ်လာ တာပါ။ ၃၇ ရာခိုင်နှုန်း ဆောင်နိုင်ရင် ဝင်ငွေခွန်မပြနိုင် လည်း နိုင်ငံတော်က ဘာမှစစ်ဆေး မေးမြန်းမရှိဘူးလို့ ပြောထားခဲ့တယ်။ နောက် ၁၅ ရာခိုင်နှုန်းကို ငါးနှစ်တာ ကာလအထိ ပေးခဲ့တယ်။ အဲတော့ မေးစရာတစ်ခုရှိ တယ်။ ရာခိုင်နှုန်း ၃ဝ အစက လုပ်ခဲ့တယ်။ ဘာကြောင့် ၁၅ ရာခိုင်နှုန်းကို ချပေးတာလဲ။

ပြည်သူတွေကို ဆောင် စေချင်လို့လား။ အခုကျမှ အိမ်ခြံမြေဈေးတွေကလဲ ပို ကောင်းလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံတဲ့သူတွေကလဲ များ ပြားလာတာနဲ့အမျှ ဒီအခွန်စနစ်ကို ကျင့်သုံးတာ၊ ဒီ အခွန်စနစ် တစ်ခုတည်းနဲ့တော့ အိမ်ခြံမြေဈေး မကျနိုင် ဘူး။ ဈေးကျချင်ရင် ၁ဝဝ ရောင်းဖို့ရှိလို့ ဝယ်သူက ၉ဝ ပဲ ရှိတယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကျမှာပေါ့။ အဲတော့ နိုင်ငံတော်အနေနဲ့ မြို့သစ်တွေ အများကြီးတည်မယ်။ အငှားချတဲ့နေရာတွေ အများကြီးချဲ့ မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကျသွားနိုင်တယ်။

မေး - ငွေကြေးခဝါချမှုတွေက အိမ်ခြံမြေရောင်းဝယ်မှုနဲ့ နှီး နွယ်မှုရှိနေနိုင်တော့ အခွန်ဆောင်လိုက်မယ်ဆိုရင် ဒီ ပြဿနာ ပျောက်သွားနိုင်သလား။

အစတုန်းက ၃၇ ရာခိုင်နှုန်းသာ အခွန်ဆောင် ရင် ဝင်ငွေခွန် မဖော်ပြနိုင်လည်း သူတို့က ဘယ်ကလဲ ဆိုတာမမေးဘူး။ ဝယ်လို့ရတယ်လို့ ပြောထားတယ်။ 

အခုသိန်း ၁ဝဝဝ အထက်ဆိုရင် သူတို့ကို အကြောင်း ကြားရမယ်ဆိုတဲ့ အချက်ကို သူတို့ပြောလာခဲ့ပြီ။ ဘယ် ကရလဲပေါ့။ မေးချင်တာကတော့ ဘယ်ဥပဒေကအမှန် လဲပေါ့။ ဒါပဲမေးလို့ရမယ်။ အန်တီတို့အနေနဲ့ အိမ်ခြံမြေ ထဲမှာ ရင်းနှီးမြှုပ်နှံကြတဲ့သူတွေ ဝင်လာတယ်ဆိုတာ မှန် ပေမယ့် အခြားနေရာတွေမှာလည်း အများကြီးဝင်လာ တာတွေ ရှိတယ်။ အခုအချိန်မှာ အန်တီတို့နိုင်ငံက ပြု ပြင်ပြောင်းလဲတဲ့ ကာလဖြစ်တယ်။ နိုင်ငံတကာက စိတ် ဝင်စားနေတဲ့ နေရာလည်းဖြစ်တယ်။ နိုင်ငံတစ်ခုဖွံ့ဖြိုးဖို့ မြေကစကြတယ်။ 

မြေမှာ တိုက်ခန်းတွေ၊ ကွန်ဒိုတွေ၊ အိမ် ရာတွေ ဆောက်မယ်။ နိုင်ငံတကာက လာပြီးတော့ ရင်း နှီးမြှုပ်နှံကြတယ်။ နိုင်ငံတကာမှာ ဘဏ်တိုးတွေက မြန် မာပြည်မှာရှိတဲ့ ဘဏ်တိုးတွေလောက် မများဘူး။ အဲတော့ ဘဏ်မှာမထားဘဲ အပြင်မှာ စီးပွားရေးတွေ လုပ်ကိုင်မယ် ပေါ့နော်။ မြန်မာပြည်က လူတွေအားလုံးက ဘဏ်မှာထား ကြတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာကြတော့ အခုနောက်ပိုင်း အိမ်ခြံမြေဈေးက ၉၅ ခုနှစ်နောက်ပိုင်းမှာ တဖြည်းဖြည်း တက်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာက လာပြီးရင်းနှီး မြှုပ်နှံတဲ့သူက ပေ ၄ဝ x ပေ ၆ဝ မြေကွက်လောက်နဲ့တော့ စီးပွားရေးလာလုပ်မှာ မဟုတ်ဘူး။ အဲဒါကို ပြည်သူ တွေသိဖို့လိုတယ်။ ပြည်သူတွေက အခုငါးပွက်ရာ ငါး စာလိုက်ချတဲ့ စီးပွားရေးသမားတွေကြောင့် ဟိုနားမှာ Project ရှိတယ်ဆို တက်သွားတယ်။ ဒီနားမှာ Project ရှိတယ်ဆို တက်သွားတယ်ဆိုတာမျိုးတွေနဲ့ လိုက်ပြီးတော့ လုပ်နေကြတယ်။ 

အဲဒါနိုင်ငံတကာက လာနေတာမဟုတ် ဘူး။ ကိုယ့်လူတွေပဲ အချင်းချင်းဖြစ် နေတာ။ အဲဒါလေး သတိထားဖို့လိုတယ်။ အခုဆို ပဲခူးမှာ ဟံသာဝတီလေ ဆိပ်ဆိုရင် ဈေးတွေတက်တယ်။ နိုင်ငံတကာမှာ ကြည့် လိုက် လေဆိပ်နဲ့နီးတဲ့ အိမ်တွေအားလုံးက ဈေးသက်သာ တဲ့ အိမ်တွေချည်းပဲ။ လေယာဉ်အတက်၊ အဆင်းတွေအမြဲ တမ်းရှိတယ်။ မြန်မာပြည်ကျမှ ထူးထူးဆန်းဆန်း လေ ယာဉ်ကွင်းနဲ့နီးလို့ ဈေးတက်တယ်ဆိုတော့ နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံဖို့ လာကြတာမဟုတ်ဘူး။ မြန်မာပြည်ထဲ ကလူတွေပဲ လှည့်ပတ်ပြီးတော့လုပ်လို့ ကိုယ့်ပြည်သူတွေ ပဲ ပိုနစ်နာနေကြတာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

YangonMediaGroup