Showing posts with label အင်တာနက်သတင်းများ. Show all posts
Showing posts with label အင်တာနက်သတင်းများ. Show all posts

အိမ်ခြေမဲ့များအတွက် ရေမီးဒဏ်ခံနိုင်တဲ့အိပ်ယာကို ၁၅နှစ်အရွယ်ကောင်မလေးတီထွင်


အိမ်ခြေယာမဲ့များအတွက် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးက ရေမီးအာမခံနိုင်တဲ့အပြင်
ဘေးကင်းလုံခြုံမှုကိုပေးနိုင်တဲ့ အိပ်ယာတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ Emily Duffy အမည်ရပြီး အသက်(15)နှစ်အရွယ်သာရှိသေးတဲ့ကောင်မလေးဟာ သူမတီထွင်ထားတဲ့ အိပ်ယာကို အိမ်
ခြေယာမဲ့များအတွက် ရည်ရွယ်တီထွင်လိုက်တာလို့ ဖွင့်ဟခဲ့ပြီး အဆိုပါလုပ်ငန်းအတွက်လည်း
ရံပုံငွေတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။


သူမဟာ အဲဒီလို ရံပုံငွေမြင့်တက်ဖို့အတွက်လည်း ဒပ်ဗလင်မြို့ရဲ့ Limerick လမ်းမပေါ်မှာ တစ်နေ
ကုန် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမတီထွင်လိုက်တဲ့ အိပ်ယာဟာ မီးလောင်မှု
ကို အာမခံနိုင်တဲ့ အလွှာနှစ်ခုကို ထပ်ထားတာဖြစ်ပြီး ၎င်းတို့က အိပ်စက်သူကို မီးလောင်ခြင်းမှ
ကင်းဝေစေသလို၊ ရေစိုခြင်းကိုလည်း အကာအကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်ယာမှာ ရောင်ပြန်ကို သုံးထားတာကြောင့် အလွယ်တကူ မြင်နိုင်ပြီး ကားပါကင်နဲ့ တံခါးဝ
ကဲ့သို့နေရာများမှာ အိပ်တဲ့သူတွေအဖို့တော့ အထူးသင့်တော်ပါတယ်။

ဒါ့အပြင် ဘေးတစ်ဖက်တစ်ချက်မှာ နိုင်လွန်ကပ်စေးနည်းကပ်ခွာကို သုံးထားတာကြောင့်လည်း
သုံးစွဲသူအဖို့ အိပ်ယာထဲကို အလွယ်တစ်ကူ ၀င်လွယ် ထွက်လွယ်ပါတယ်။ သူမရဲ့ တီထွင်မှုကို
ဂျာနယ်နဲ့ သတင်းမီဒီယာတွေက ချီးကျူးခဲ့ကြပြီး “save lives on the streets of Dublin”
(ဒပ်ဗလင်လမ်းမပေါ်က အသက်ကယ်မွေ့ယာ)လို့တောင် တင်စားခဲ့ကြသလို ချစ်စနိုးနဲ့လည်း
‘Duffily Bags’ လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ အိပ်ယာကို အိမ်ခြေယာမဲ့များထံမှာ
အလွယ်တကူ ပေးအပ်သွားမှာမဟုတ်ဘဲ အဲဒီအိမ်ခြေယာမဲ့တွေဟာ လူမှုရေးလုပ်ငန်းတွေ
လုပ်ပေးရာဖြစ်ပြီး ရလာတဲ့ လုပ်ခကို အိပ်ယာအတွက် ပေးချေရမယ်လို့ သိရပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့်လည်း လမ်းမပေါ်မှာရှိတဲ့ အသောက်သမားတွေအတွက် ပြန်လည်ထူ
ထောင်ပေးရာရောက်ပြီး ပြည်သူ့အကျိုးကို တစ်နည်းတစ်ဖုံ သယ်ပိုးရာရောက်နိုင်တဲ့ အစီစဉ်
ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒပ်ဗလင်မှာရှိတဲ့ Mendicity Institute မှ ပြောရေးဆိုခွင့်ရှိသူ
Julian Judge က “မင်းအကောင်းထည်ဖော်ခဲ့တဲ့ အကြံအစည်ဟာ မင်းအတွက် ဂုဏ်ယူစရာ
အချို့ပါဘဲ …. ဒါ့အပြင် မင်းဟာ တစ်စုံတစ်ခုကို စမ်းသပ်တီထွင်နိုင်ခြင်းအတွက်တော့ ဂုဏ်ယူ
စရာအစစ်အမှန်ပါဘဲ ” လို့ ချီးကျူးခဲ့ပါတယ်။
MOM

ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်ကောက်ကြောင်းအလှဆုံးအမျိုးသမီး (၁၀)ဦး


ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်အလှဆုံး အမျိုးသမီး (၁၀)ယောက်ဟာ ဘယ်သူဖြစ်မယ်ထင်ပါသလဲ? အောက်မှာ တော့ ကောက်ကြောင့်အလှဆုံး အမျိုးသမီး (၁၀)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ 
(၁)Kelly Brook Kelly Brooke ဟာ သူမရဲ့ အမတွေလိုပါပဲ ခန္ဓာကိုယ်လှပါတယ်။ သူမဟာ အင်္ဂလန်သူ မော်ဒယ်တစ် ယောက်ဖြစ်ပါတယ်။ 
(၂) Amber Rose Amber Rose ကတော့ အမေရိကန်သူ မော်ဒယ် ၊ဖက်ရှင် ဒီဇိုင်နာ၊နဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။
 (၃) Iggy Azalea Iggy Azalea ကတော့ Australia နိုင်ငံသူ ရပ်ပါတစ်ယောက်ဖြစ်သလို ၊တေးရေး၊ မော်ဒယ်လည်း ဖြစ်ပါတယ်။ 
(၄) Jennifer Love Hewitt Jennifer Love Hewitt ကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာမျိုးပိုင်ဆိုင်ထားတဲ့ အမေရိကန် မင်းသမီး၊ ထုတ်လုပ်သူ၊စာရေးဆရာ၊ တယ်လီဗီရှင်း ဒါရိုက်တာ၊ တေးရေးဖြစ်ပါတယ်။ သူမရဲ့ The Client List ဆိုတဲ့ TV show ကအထူးပဲအောင်မြင်ပါတယ်။
 (၅) Tyra Banks Tyra Banksကတော့ နာမည်ကြီး အမေရိကန်မော်ဒယ်တစ်ယောက်ဖြစ်ပြီး ဒီလိုခန္ဓာကိုယ်မျိုးကို ၁၉ နှစ် မတိုင်ခင်က မပိုင်ဆိုင်ခဲ့ပါဘူး။ ၁၉ နှစ်နောက်ပိုင်းမှ ဒီလိုလှပတဲ့ ဘော်ဒီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 
(၆) Kim Kardashian Kim Kardashian ကတော့ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးတဲ့ Reality Show Star တစ်ယောက်ဖြစ်ပါတယ်။
 (၇) Salma Hayek Salma Hayekကတော့ မက်ဆီကန်မင်းသမီးဖြစ်ပြီး အသက်၄၉ နှစ်ရှိနေပေမယ့် အခုအချိန်အထိလှ နေတုန်းပါပဲ။ 
(၈) Jennifer Lopez J-Lo လို့လည်း ပရိတ်သတ်တွေက ချစ်စနိုးခေါ်တဲ့ သူမကတော့ အမေရိကန် အဆိုတော်၊ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ် ။အသက်၄၆နှစ်ပေမယ့် အခုအချိန်ထိ ခန္ဓာကိုယ်ကို ထိန်းသိမ်းထား နိုင်တုန်းပါပဲ။ 
(၉ ) Scarlett Johansson သူမကတော့ ကမ္ဘာပေါ်မှာ Sexy အဖြစ်ဆုံးမင်းသမီးထဲမှာပါဝင်တဲ့ နာမည်ကျော် အမေရိကန် မင်းသမီး ပဲဖြစ်ပါတယ်။အသက် ၃၁နှစ်ရှိနေပြီဖြစ်ပါတယ်။
 (၁၀) ဘီယွန်းစေး ဘီယွန်စေးကလည်း ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်အလှဆုံးထဲမှာ ပါပါတယ်။ သူကတော့ အရင်တုန်းက ဖက်တီးဖြစ်ခဲ့ပေမယ့် ဒီလိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တာပါ။ 
 Credit :MOM Source: fittips4life


ပေ(40)အမြင့်မှ ပြုတ်ကျသော်လည်း သေကံမရောက်သက်မပျောက်သည့်ကလေးငယ်



 Advertise here Charlotte Cribben အမည်ရတဲ့ အမျိုးသမီးရဲ့ အသက် (1)နှစ်နဲ့ (8)လသာရှိသေးတဲ့ သားငယ်လေးဟာ ပေ(40) အမြင့်ရှိတဲ့ လေးလွှာရှိ ပြူတင်းပေါက်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျခဲ့ပေမယ့် သေကံမရောက်သက်မပျောက်ခဲ့လို့ မိခင်ဖြစ်သူဟာ အတော်လေး အံ့သြ၀မ်းသာနေကြောင်း သိရပါတယ်။ အဲဒီ Joshua လို့ အမည်ရတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(9)ရက်နေ့က ပြုတ်ကျခဲ့တာဖြစ်ပြီး ယခုအခါ ဆရာဝန်တွေက သူ့ရဲ့အသက်ကို ကယ်လိုက်နိုင်ပြီဖြစ်ပြီး ကလေးကိုယ်တိုင်က အောက်ဆီဂျင်အကူအညီမပါဘဲ အသက်ရှူနေနိုင်ပြီလို့ ဆိုပါတယ်။ ပေ(40)အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ဒဏ်ကြောင့် ကလေးငယ်ဟာ ဦးနှောက် ထဲမှာ ခဲနေတဲ့သွေးတွေကို ဖယ်ထုတ်ခဲ့ရပြီး ဦးခေါင်းခွံကြေမွခြင်း၊ ပေါင်ကျိုးခြင်း၊ အဆုတ်ကြေမွခြင်းများ ဖြစ်ခဲ့ ပေမယ့် ဆရာဝန်တွေက အသက်ကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အမေဖြစ်သူက “ကျွန်မကတော့ သူ့ကို သဂြိုဟ်ဖို့ကိစ္စအထိ စဉ်းစားပြီးနေပါပြီ … သူ့ရဲ့ ခွဲစိပ်မှုကိုတောင် ကြည့်မ နေနိုင်တော့ပါဘူး … ဒါပေမယ့် တကယ်ကံထူးခဲ့ပါတယ် … သူဟာ ကျွန်မအတွက်တော့ အလင်းရောင်လေးပါ ဘဲ ”လို့ မျက်ရည်ဝဲ၀ဲနဲ့ ဆိုခဲ့ပါတယ်။ 
Credit to MOM


မိခင်ဖြစ်သူက မိမိမွေးထားတဲ့ ကလေး (၃) ဦးကို အခြား သူများထံ လိုက်ပေးနေတဲ့ အံ့အားသင့်ဖွယ်ဖြစ်ရပ်

မိခင်အရင်း ဖြစ်သူက မွေးထားသည့် ကလေး သုံးဦးကို အခြားသူများထံ လိုက်လံ ပေးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ ယင်းအပြုအမူကို လူစည်ကားရာ အရပ်ဒေသတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသောကြောင့် ကလေးများကို ဆက်မွေးရန် မတတ်နိုင်တော့ပေ။ ယင်းကြောင့် ကလေးငယ် သုံးဦးကို လမ်းမပေါ် ခေါ်ယူ လာပြီး အခြား သူစိမ်းများထံ ပေးရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်သုံးဦးသည် သားယောက်ျားလေးများ ဖြစ်ပြီး အသက်အားဖြင့် (၃)နှစ်၊ (၂)နှစ်နှင့်(၈) လအရွယ်တို့ ဖြစ်ကြသည်။ အမျိုးသမီးသည် အသက် (၂၅)နှစ်သာ ရှိပြီး၊ ကလေးငယ်များကို အပေါ် အ၀တ်အစား မပါဘဲ ခေါ်လာခြင်း ဖြစ်သည်။ ကလေးငယ်များပြီး ငယ်ရွယ်လွန်းပြီး လမ်းမပေါ်တွင် မိခင်ဖြစ်သူက လိုက်လံ ပေးခဲ့ခြင်းကြောင့် လမ်းသွားလမ်းလာများက သတိထား စောင့်ကြည့် ခဲ့သည်။ အမျိုးသမီး ဖြစ်သူတွင် ကလေးငယ်များကို ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများ ပါပြီး အပြီး မွေးစားရန် တောင်းဆို ခဲ့သည်။ တရုတ်နိုင်ငံတွင် တစ်အိမ်ထောင် ကလေး တစ်ယောက်သာ ယူရမည် ဖြစ်သော်လည်း အဆိုပါ အမျိုးသမီးတွင် သုံးယောက် ရှိနေသောကြောင့် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့သည်။ ယင်းသို့ လမ်းတွင် စုဝေးနေစဉ် တာဝန်ရှိသူရဲများ ရောက်လာခဲ့သည်။ ရဲများက ထိန်းသိမ်းရေး စောင့်ရှောက်ရေး စခန်းပို့ ပေးမည်ဟု ဟြေခဲ့သော်လည်း လက်ခံခြင်း မရှိပေ။ ထို့ကြောင့် မည်သို့ ဆက်ဖြစ်သွားသည်ကို မသိရှိရကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။


The Messenger

မင်္ဂလာစုံတွဲတချို့အတွက် အကောင်းဆုံးဓာတ်ပုံတွေပေးခဲ့တဲ့ လေမုန်တိုင်း


Dujuan လေမုန်တိုင်း မနေ့က ၀င်ရောက်ခဲ့တဲ့ တရုတ်ပြည် ရှန်ဒေါင်းခရိုင် Rizhao ရှိ ပင်လယ်ကမ်းခြေဧရိယာတလျှောက်မှာ ကြီးမားတဲ့ လှိုင်းတွေ၊ လေပြင်းတွေ ဖြစ်ပေါ်တိုက်ခတ်ခဲ့ပါတယ်။


ရာနဲ့ချီတဲ့ မင်္ဂလာစုံတွဲတွေဟာ သူတို့ရဲ့ မင်္ဂလာဓာတ်ပုံများကို ကြီးမားပြင်းထန်တဲ့ လှိုင်းကြီးတွေ လာရောက် ရိုက်ခတ်တဲ့ ပင်လယ်ကမ်းခြေကို နောက်ခံထားရိုက်ကူးကြဖို့ ရွေးချယ်လာကြပါတော့တယ်။ ဒါကို ဘေးက ကြည့်ရှုနေကြတဲ့သူများက လှိုင်းတံပိုးဒဏ်ကို သူတို့ရဲ့ ချစ်မြင်းမေတ္တာတွေက ကြံ့ကြံ့ခံနိုင်တယ်ဆိုတာမျိုးကို သက်သေပြချင်တဲ့ ဆန္ဒမျိုးဖြစ်မယ်လို့ မှတ်ချက်ပေးကြပါတယ်။







Ref: CCTV news
ဧရာဝတီ

မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။



သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု ပင် သလဲဆိုတဲ့ လျို့ဝှက်ချက်ကို အလွန်ပင်သိချင်နေကြတာပါ။ ဒါကို သူမက “သူ့မှာ ကြီးကြီးမားမား လျို့ ၀ှက်ချက် မရှိပါဘူး” လို့ Sunday Times’ Style မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။



“အခုလို ခေတ်ဆန်ဆန်လှပနေတဲ့သူဖြစ်မလာခင်မှာ ကျမအနေနဲ့ အော်ဂန်းနစ်အစားအစာမှန်သမျှကို ကြာရှည်စားသုံးလာခဲ့တာပါ။ ကျမရဲ့ ဆံပင်တွေကို မုန်းညင်းဆီ ထည့်ပါတယ်။ တပတ်ကိုတကြိမ် သံလွင်ဆီ နောက်ပြီး ကောင်းမွန်တဲ့ သကြားတို့နဲ့ ကျမရဲ့အသားအရည်ကို ချေးချွတ်တာတို့ ပွတ်တိုက်တာ လုပ်ဖြစ်ပါ တယ်။ နောက် အရေးပြားကိုလည်း အဆီသုတ်လိမ်းပေးပါတယ်။ တနေ့ကို ထောပတ်သီးတလုံး နဲ့ အော် ဂန်းနစ် အသားတွေ ငါးတွေကို စားဖြစ်ပါတယ်” လို့ Rossi က သူ့ရဲ့ လှပခြင်း လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။




Ref: NRJ Lebanon 99.1fm
ဧရာဝတီ

ခေတ်သစ် ဇိမ်ခံမယ်



ရန်ကုန်မြို့ရှိ နာမည်ကျော် ဖက်ရှင်စတိုးဆိုင် တစ်ခု၏ နောက်ပိုင်း အခန်းလေးတစ်ခု အတွင်းမှ ကစားစရာ အရုပ် ရောင်းချနေသည့် မြင်ကွင်းဖြစ်သည်။

စိတ်ရှည်လက်ရှည် ရှင်းပြနေသော အသက်၂၅ ဝန်းကျင် စတိုးဆိုင် အရောင်းဝန်ထမ်း လူငယ်လေး ရှေ့တွင် ထုတ်ပြသည့် ကစားစရာအရုပ်များကို ကိုင်တွယ် ကြည့်ရှုနေကြသူများ ကတော့ အရုပ်ဖြင့် ဆော့ကစားသည့် ကလေးငယ်အရွယ်များ မဟုတ်။ အသက်(၃၀)အရွယ် လူလတ်ပိုင်း နှစ်ဦးသာ ဖြစ်သည်။

အဆိုပါလူလတ်ပိုင်းအရွယ် နှစ်ဦး လာရောက်ဝယ်ယူနေသည်မှာ ယခုနောက်ပိုင်း မြို့ပြနေ လူတန်းစားအကြား တွင်ကျယ်စပြုနေပြီ ဖြစ်သည့် Sex Toy (ခေါ်) လူကြီးကစားစရာ အရုပ်များပင် ဖြစ်သည်။ ထိုလူကြီးကစားစရာ များမှာ လူကြီးများကို လိင်ဖျော်ဖြေရာတွင် အသုံးပြုသော ခေတ်သစ်ဇိမ်ခံမယ်၊ အပျော်မယ်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

မြို့ပြ ရပ်ဝန်းသည် လူဦးရေသိပ်သည်းဆ နှင့်အတူ စားရေးသောက်ရေး မှအစ အခြေခံကျသည့် နေရေးထိုင်ရေး အဆုံး အကျပ်အတည်းများစွာ ဖြစ်လာခဲ့သည်။

လူငယ်လူရွယ်တို့၏ ဝန်းကျင်တွင် အိမ်ထောင်ပြု ခြင်းကို အခက်အခဲကြီး တစ်ခုအဖြစ် ရှုမြင်လာကြပြီး လိင်မှုရေးရာ ကိစ္စအတွက် အလွယ်နည်းလမ်း များဖြင့် ဖြေဖျောက်မှုများ ရှိလာသည်ကို တွေ့ရသည်။ အဆိုပါနည်းလမ်းများ အနက်မှ Sex Toy ဟု ခေါ်သော လူကြီးကစားစရာများဖြင့် စိတ်ဆန္ဒ ဖြေဖျောက်ခြင်းမှာ မြန်မာနိုင်ငံအတွင်း ဈေးကွက်တစ်ခုအဖြစ် စတင်ခဲ့ပြီ ဖြစ်သည်။

ယခင်က အမျိုးသား အင်္ဂါအတုများ၊ အမျိုးသမီး အင်္ဂါအတုများကို ရန်ကုန်မြို့လယ်၊ ပလက်ဖောင်းဘေးရှိ ကာမဆိုင်ရာ ဆေးဝါးများရောင်းချသည့် ဆိုင်လေးများတွင် လက်သိပ်ထိုး မှာယူရသည့် ဈေးကွက် ရှိခဲ့ဖူးသည်။

ယခုအခါတွင်တော့ ပိုမို အဆင့်မြင့်မားသည့် Sex Toy များကို ရန်ကုန်မြို့တွင်းရှိ ဖက်ရှင်ဆိုင်အချို့၏ သီးသန့်ခန်းများအတွင်း သီးသန့် ဈေးဝယ်သူများအား ဝန်ဆောင်မှုအဖြစ် ပေးနေပြီဟု ပြောဆိုလာသူက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဇော်ဇော်လှိုင် ဖြစ်သည်။
“သူငယ်ချင်းတစ်ယောက် ခေါ်သွားလို့ အဲဒါတွေ ရောင်းတဲ့ စတိုင်းဆိုင်ကို ရောက်ဖူးတာ။ အကြောင်း သိတွေချင်း အချက်ပြမှ ဆိုင်က နောက်ဘက်ထောင့်ချိုးမှာ ရှိတဲ့ အခန်းတစ်ခုကို ခေါ်သွားပြီး ထုတ်ပြတာ.. ပစ္စည်း ပုံစံတွေကတော့ မျိုးစုံပဲ” ဟု ၎င်းကဆိုသည်။

ဆိုင်အတွင်းတွင် အမျိုးသမီးများ အသုံးပြုသည့် အမျိုးသားအင်္ဂါအတုများ၊ တုန်ခါစက်များ၊ လျှာတုများ အပြင် အမျိုးသားများ အသုံးပြုသည့် အမျိုးသမီးအင်္ဂါ အတုများ၊ လေမှုတ်ရုပ်များ၊ အသံထွက်သည့် အမျိုးသမီး ပုံစံငယ် ရာဘာအရုပ်မများ အစရှိသည့် နိုင်ငံစုံ၊ အမှတ်တံဆိပ်အစုံ လူကြီးကစားစရာများကို တွေ့ရကြောင်းလည်း ကိုဇော်ဇော်လှိုင်က ဖြည့်စွက်သည်။

အဆိုပါ Sex Toy များမှာ မြန်မာငွေ ကျပ်သုံးသောင်းမှ အများဆုံး လေးသိန်းကျော်အထိ ရှိပြီး အမျိုးသားသုံး ပစ္စည်းများမှာ အမျိုးသမီးသုံးများထက် ပိုမိုရှားပါးကာ ဈေးနှုန်း မြင့်မားကြောင်းလည်း အွန်လိုင်းတွင် လူကြီးကစားစရာစတိုး အမည်ဖြင့် Sex Toy များ ရောင်းချနေသော ကိုထက် (အမည်လွှဲ) က ဆိုသည်။

Sex Toy များမှာ ပြင်ပစတိုးဆိုင်များတွင် လက်သိပ်ထိုး ရောင်းချသည်များ ရှိသကဲ့သို့ ကိုထက်တို့ကဲ့သို့ အွန်လိုင်းရှော့ပင်း များတွင် ရောင်းချရာမှလည်း ယခုအခါ လူကြိုက်များလာပြီ ဖြစ်သည်။

အွန်လိုင်းမှ မှာယူသူများမှာ ယခင်က လိင်တူချစ်သူများ၊ အမျိုးသားများသာ ရှိရာမှ ယခုအခါ အမျိုး သမီးအများစုပင် ရှိလာပြီဟု ကိုထက်က ဆိုသည်။ Sex Toy များကို ယခင်က ထိုင်းနယ်စပ်၊ တရုတ် နိုင်ငံနယ်စပ် လမ်းကြောင်းတို့မှ ကာမစိတ်ကြွဆေး တင်သွင်းသူတို့ထံမှ မှာယူခဲ့ရပြီး ယခုအခါ Sex Toy များကိုသာ သီးသန့် မှာယူလာနိုင်ပြီ ဖြစ်ကြောင်း ကိုထက်ထံမှ သိရသည်။

Sex Toy များမှာ ယခုမှသာ စတင်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ သမိုင်းဦးခေတ် ကပင် စတင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း http://www.alternet.org/sex-amp-relationships/sex-toy အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုအခါ Sex Toy များမှာ အဆင့်ဆင့် တိုးတက်လာပြီး ယခုအခါဂျပန်နိုင်ငံထုတ် အမျိုးသမီး ပုံစံငယ် Sex Toy များမှာ လူသားတစ်ယောက်အလား အထိအတွေ့နှင့် အသံများကိုပင် တုပ ပြုလုပ်နိုင်လာပြီ ဖြစ်ကြောင်းလည်း အင်တာနက် သတင်းများတွင် တွေ့ရသည်။

ယင်းကဲ့သို့ လိင်ကိစ္စအတွက် သုံးပြုသည့် လူကြီးကစားစရာ ဈေးကွက် မြန်မာနိုင်ငံတွင် ရေပန်းစားစ ပြုလာခြင်း အပေါ် အမြင်များကလည်း အမျိုးမျိုး အထွေထွေပင်။

လက်မထပ်ဘဲ အတူနေထိုင်ခြင်းများ၊ ပြည့်တန်ဆာများနှင့် အပျော်အပါး လိုက်စားခြင်းများ ထက်စာလျှင် ကိုယ့်ဘာသာ ကစားစရာနှင့် ဖြေဖျောက်ခြင်းက အန္တရာယ်ကင်းသည်ဟု ဆိုလာသူက အလုံမြို့နယ်နေ အသက်(၃၅) နှစ်အရွယ် နက်ဝပ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုအောင်အောင် ဖြစ်သည်။

“ဒါတွေဟာ နိုင်ငံခြားရုပ်ရှင်တွေကို ကြည့်ပြီး ကလေးတွေ အတုခိုးလာတာပဲ။ သဘာဝနဲ့က ဖီလာ ဆန့်ကျင်တဲ့ ကိစ္စတွေပါ။ အတုမြင် အတတ်သင်ပြီး ဖြစ်လာတာတွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုအရ လုံးဝ တားမြစ်သင့်တယ်လို့ ထင်တယ်” ဟု အသက်(၅၀)အရွယ် အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဖြစ်သူ ဦးစောဦးက တစ်မျိုးဆိုပြန်သည်။

“မာစတာဘေးရှင်း လုပ်တယ်။ ကိုယ့်ဘာသာ စိတ်ဖြေဖျောက်မှု လုပ်တယ်ဆိုတာ သဘာဝတရား တစ်ခုပဲ။ ဆေးပညာအရလည်း ဒါကို မူမမှန်တဲ့ကိစ္စလို့ မသတ်မှတ်ထားဘူး။ ဒါပေမဲ့ စက်နဲ့ ဖြေဖျောက်တယ် ဆိုတာက သဘာဝမကျဘူး။ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ထင်တယ်။ သေချာ သုတေသနပြုချက်တွေ မရှိသေ ပေမယ့် အရမ်းကြီး အားမပေးချင်ဘူး” ဟု မီးယပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအောင်မြင့်က ဆိုသည်။
Sex Toy များမှာ ပလပ်စတစ်၊ ဆီလီကွန်၊ ရာဘာ၊ ဗီနိုင်းလ်(Vinyl) လေးတက်စ်(Latex) စသည်တို့နှင့် ပြုလုပ်ထားလေ့ရှိပြီး ခင်ပွန်းသည် ဇနီးသည်နှင့် ဆက်ဆံသည့်အခါ ပြောင်းပြန် အကျိုးသက် ရောက်မှုများ၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြသနာများ ဖြစ်ပွားလာနိုင်ခြေ ရှိကြောင်း ၎င်းကဖြည့်စွက်သည်။

နိုင်ငံတကာ ကျန်းမာရေး စစ်တမ်းများအရမူ အရွယ်ရောက်ပြီးသူ တစ်ဦးသည် လက်နှင့်ဖြစ်စေ၊ စက်နှင့်ဖြစ်စေ စိတ်ဆန္ဒ ဖြေဖျောက်ခြင်းသည် စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကို ထိခိုက်ဖွယ် မရှိကြောင်း ဆိုကြပြန်သည်။

အဆိုပါ Sex Toy များ အသုံးပြုမှု ရေပန်းစားလာခြင်းနှင့် ဈေးကွက်ဖြစ်ပေါ်လာမှု အပေါ် ကျန်းမာရေး ရှုထောင့်မှ အမြင်ကွဲပြားမှုများ ရှိနေသကဲ့သို့ အဆိုပါ ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခွင့် ရှိမရှိ နှင့် သုံးစွဲသူတို့ အနေဖြင့် မည့်သို့သော ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိကိုလည်း အငြင်းပွားမှုများ ရှိနေပြန်သည်။

“ပုဒ်မ ၃၇၇ မှာ ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံခြင်း တွေကို အရေးယူနိုင်တယ်လို့ ပါပြီးသားပဲ... ဓမ္မတာနဲ့ ဆန့်ကျင်ရင် ရာဇဝတ်မှု မြောက်တယ်” ဟု ရန်ကုန်မြို့ အလုံမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အဆင့်ရှိ အမှုစစ်ရဲအရာရှိတစ်ဦးက ဆိုသည်။

“လက်ရှိဥပဒေအရ တစ်ပါးသူကို ထိခိုက်စေမယ့် မူမမှန်သော လိင်ဆက်ဆံမှုမျိုး ဆိုရင် ပုဒ်မ ၃၇၇ နဲ့ ငြိတယ်။ သို့သော် မိမိဘာသာ အာသာဖြေဖျောက်တဲ့ ကိစ္စ၊ မည်သူ့ကိုမှ မထိခိုက်ဘူး ဆိုရင်တော့ ပြစ်မှုမမြောက်ဘူး။ အရေးမယူနိုင်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ငွေစိုးက ဆိုသည်။

“၂၀၁၀ တုန်းက ယုဇနပလာဇာ နားက ဂိုထောင်တစ်ခုကို ဝင်ဖမ်းဖူးတယ်။ ကာမစိတ်ကြွ ဆေးဝါးတွေနဲ့ Sex Toy တွေ အများကြီး ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ ဆေးဝါးတွေကိုပဲ ဆေးဝါးအက် (၂၆)နဲ့ အရေးယူနိုင်ပြီး Sex Toy တွေကိုကျ ဘာပုဒ်မနဲ့မှ အရေးယူလို့ မရပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုရဲအုပ်အောင်အောင်က ဆိုသည်။

လူငယ်ထုအကြား ရေပန်းစားလာသည့် Sex Toy များ အသုံးပြုခြင်းနှင့်အတူ လူကြီးကစားစရာ ဈေးကွက်ကား တဖြည်းဖြည်း တွင်ကျယ်လာနေပြီ ဖြစ်သည်။ လူမှုရေးရှုထောင့်၊ ကျန်းမာရေးရှုထောင့်၊ ဥပဒေ ရှုထောင့်တို့မှ လူကြီးကစားစရာများ ခေတ်စားလာမှုအပေါ် ဝိဝါဒ ကွဲပြားမှုများ ရှိနေသော်လည်း ကမ္ဘာ့နိုင်ငံ အနှံအပြားတွင်မူ Sex Toy သီးသန့် စတိုးဆိုင်များကား ဆယ်စု နှစ်ပေါင်းများစွာ ကတည်းက ပေါ်ပေါက်နေပြီ ဖြစ်သည်။

ပွင့်လင်းမြင်သာမှု နှင့်အတူ ဖွင့်လိုက်သော တံခါးမှ ဝင်လာသောအရာများတွင် ကောင်းကျိုးဆိုးကျိုး ဒွိဟဖြစ်စေသော ယဉ်ကျေးမှုများစွာ ပါဝင်လာခဲ့ပါသည်။ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားပေးရန် အတွက် မိမိ၏ ပင်ကိုယ်အသိဉာဏ်နှင့် ခွဲခြား စိတ်ဖြာရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ…………….
လူကြီးတို့အတွက် ဆော့ကစားချင်စရာ Sex Toy ခေါ် လူကြီးကစားစရာ အသစ်အဆန်းလေးများ ကတော့ ဈေးကွက်အတွင်း အမျိုးစုံ ကြိုးခုန်လျက် စောင့်ကြိုနေလေပြီ။

ခက်ဇော်(KZ)
thevoice.com

Selfie က ပေးတဲ့ အန္တရာယ်များ


photo - blisstree.com

Selfie ရိုက်ခြင်းဟာ မတော်တဆသေဆုံးခြင်းနဲ့ ဘယ်လို ဆက်စပ်မှုရှိလည်းဆိုတာ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးသော်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပင် Selfie ရိုက်ခြင်းကြောင့် မတော်တဆ သေဆုံးရသော ၀မ်းနည်းဖွယ်ရာ ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့ပါတယ်။

သင်ဟာ ငါးမန်းလိုရေသတ္တ၀ါမျိုးကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပေမယ့် နောက်ပိုင်းထွက်ရှိလာတဲ့
စာရင်းဇယားအချက်အလက်များအရ ငါးမန်းတိုက်ခိုက်လို့ သေဆုံးသူထက် Selfie ရိုက်လို့ သေဆုံးသူက ပိုမိုများပြားလာတယ်လို့ ဖော်ပြထားပါတယ်။ (၂၀၁၅)ခုနှစ် ယခုအချိန်အထိ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးရသူ (၁၂)ဦှးရှိပြီး ငါးမန်းကိုက်လို့ သေဆုံးသူဟာ (၈)ဦးသာရှိပါသေးတယ်။ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးမှုများထဲက အများဆုံးဖြစ်ခဲ့တဲ့အကြောင်းအရင်းဟာ Selfie ရိုက်နေရင်း ပြုတ်ကျသေဆုံးရခြင်းကြောင့်ပါ။ နောက်ထပ်ဖြစ်ရပ်အကြောင်းအရင်းထဲက တစ်ခုကတော့ Selfie ရိုက်နေ ရင်း မောင်းနှင်လာတဲ့ယာဉ်များအတိုက်ခံရမှုကြောင့် ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ Selfie ရိုက်နေရင်းမတော်တဆ သေဆုံးမှုဖြစ်ပွားနှုန်းပိုမိုများပြားလာတာမို့ ရုရှားအစိုးရအနေနဲ့ Selfie ရိုက်နေရင်းမတော်တဆသေဆုံးမှုတွေ မဖြစ်ပွားအောင် လိုက်နာရန်စည်းကမ်းများတောင် ထုတ်ပြန် ထားရပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ၊ မျက်နှာပြင်တွေမှာ Selfie မရိုက်ဖို့နဲ့ ကျည်ဆန်ထည့် မောင်းတင် ထားတဲ့ လက်နက်တွေနဲ့ Selfie မရိုက်ဖို့ စတဲ့အချက်အလက်တွေကို စည်းကမ်းချက်တွေအဖြစ် ထည့်သွင်း ထားရပါတယ်။

Yellowstone အမျိုးသားဥယျာဉ်မှာလည်း အလားတူ ပြသနာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ကျွဲရိုင်းတိရိစ္ဆာန် တစ်မျိုးဖြစ်တဲ့ ပြောင် နဲ့ Selfie ရိုက်ရာမှာ လူငါးဦးလောက် အခွေ့ခံရပြီးနောက်ပိုင်းမှာ အဲဒီသတ္တ၀ါနဲ့ Selfie မရိုက်ဖို့ တားမြစ်ချက် ထုတ်ပြန်ခဲ့ရပါတယ်။ အမျိုးသားတစ်ဦးဟာ ခလောက်မြွေတစ်ကောင်နဲ့ တွဲဖက်ပြီး Selfie ရိုက်ခဲ့လို့ ၄င်းရဲ့လက်တစ်ဖက် ပျက်စီးဆုံးရှုံးသွားမလို ဖြစ်ခဲ့ဖူးသလို ကျည်ဆန်ထည့်မောင်းတင်ထားတဲ့ သေနတ်နဲ့ Selfie ရိုက်ခဲ့လို့လည်း မတော်တဆ ကျည်ဆန်မှန်ပြီး သေဆုံးခဲ့တဲ့သူလည်း ရှိခဲ့ဖူးပါတယ်။ အကြောင်းအရာတွေဟာ Selfie ရိုက်ခြင်းကြောင့် မတော်တဆဖြစ်မှုတွေရဲ့သာဓကများပဲ ဖြစ်ပါတယ်။ ၀ီကီပီးဒီးယား ၀က်ပ်ဆိုက်မှာတော့ Selfie ရိုက်ခြင်းကြောင့် ဖြစ်ခဲ့ရတဲ့ မတော်တဆ သေဆုံးမှုနဲ့ ထိခိုက်မှုများစာရင်းကို အသေးစိတ်သိရှိနိုင်ပါတယ်။ (၂၀၁၄)မှ စတင်မှတ်တမ်းတင်ခဲ့တဲ့ စစ်တမ်းများအရ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့ရတဲ့ မတော်တဆမှုပေါင်း (၁၉)မျိုးအထိရှိပါတယ်။


(၁၈)နှစ်နဲ့ (၂၂)ကြားအသက်အရွယ်တွေမှာ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့တဲ့မတော်တဆမှုများကို အများဆုံးတွေ့ရှိရပြီး Selfie ရိုက်နေရင်း ဓါတ်လိုက်သေဆုံးရခြင်းမှသည် အသေးစား လေယာဉ်ကို မောင်းနှင်ရင်း Selfie ရိုက်မှုကြောင့် မောင်းသူရော လိုက်ပါစီးနင်းသူပါ သေဆုံးရသည်အထိ မတော်တဆမှု များစွာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့အပြင် Selfie ရိုက်နေရင်း မကြာခဏ ဖြစ်ပွားတတ်တဲ့ မတော်တဆမှုကတော့ မောင်းတင်ထားတဲ့သေနတ်နဲ့ Selfie ရိုက်ရင်း ကျည်ဆန်ထိမှန် သေဆုံးရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။
ခင်အေးမြလွင်
ဧရာဝတီ

ရင်သား အသားပေးထားသည့် ဆွဲဆောင်မူရှိသော သတင်း တင်ဆက်သူကြောင့် ကြည့်ရူသူများပြားလာ

အယ်လ်ဘေးနီးယား နိုင်ငံရှိ ရုပ်သံဌာနတစ်ခုသည် ထူးခြားမူတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းမှာ ရုပ်သံသတင်း တင်ဆက်သူကို ဆွဲဆောင်မူရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၁) နှစ်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသူ ဘာရာကာသည် သတင်းတင်ဆက်သူ အလုပ်ကို လျှောက်ထားရာတွင် ပထမဆုံး ကင်မရာစမ်းသပ်မှု ပြုလုပ်ခဲ့ရာ လိင်အသားပေးပုံစံ ၀တ်ဆင်လာခဲ့သည်။ ဘာရာကာ ၀တ်ဆင်ခဲ့သော အ၀တ်အစားသည် ရင်သားများကို အသားပေး ဖော်ထားခြင်း ဖြစ်သည်။ အပေါ်မှ ထပ်ဝတ်ရသော ၀တ်စုံကိုသာ ၀တ်ဆင်ပြီး သတင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တင်ဆက်မှုကို ရုပ်သံဌာနမှ တာဝန်ရှိသူများက နှစ်သက်ခဲ့ပြီး ချက်ချင်းအလုပ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် ဘာရာကာသည် ရုပ်သံဌာနတွင် နိုင်ငံတကာသတင်း တင်ဆက်သူအဖြစ် ခန့်အပ်ခံရသည်။

ဘာရာကာသည် သတင်းများကို တင်ဆက်ရာတွင် ရင်သား အသားပေး ဖော်ထားသည့် ၀တ်စုံကိုသာ ၀တ်ဆင်ခဲ့သည်။ ယင်းသို့ ၀တ်ဆင်ခြင်းကြောင့် ပြိုင်ဘက် ချန်နယ်များကို အပြတ်အသတ် အသာရခဲ့ပြီး ကြည့်ရှုသူ တိုးပွားလာခဲ့သည်။ ဆာဘီးယားနိုင်ငံ ၀န်ကြီးချုပ်သတင်းကိုပါ တင်ဆက်ခဲ့သည်။ ထို့ကြောင့် ဘာရာကာ၏ အကြောင်းကို ဆားဘီးယားနိုင်ငံအထိ သိရှိခဲ့ကြသည်။ ယင်းရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ရုပ်သံတင်ဆက်သူများကို ကိုင်တွယ်ရန် မလွယ်ကြောင်း၊ ယင်းသို့ ၀တ်ဆင်ခြင်းသည် အနှောင့်အယှက် ဖြစ်လိမ့်မည် မပာုတ်ကြောင်း ပြောကြားခဲ့သည်။

ဘာရာကာသည် မိမိအနေဖြင့် အရာရာကို စဉ်းစားပြီးမှ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်ပင်မှုများလည်း ရှိခဲ့ကြောင်း၊ ယင်းသို့လုပ်ရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့ကြောင်း၊ ရုပ်သံဌာန အချင်းချင်း ပြိုင်ဆိုင်မူ မရှိသော်လည်း ချန်နယ်လိုင်းများတွင်မှု ပြိုင်ဆိုင်မူများ ရှိကြောင်း၊ မိမိ၏ ဆောင်ရွက်ချက်ကြောင့် ကြည့်ရှုသူ တိုးလာကြောင်း ပြောကြားခဲ့သည်။
The Messenger

သဲကန္တာရကြီးများ ကျယ်ပြန့်နယ်ချဲ့လာခြင်းကြောင့်ကမ္ဘာ့စီးပွားရေးကို ဒေါ်လာဘီလီယံများစွာထိခိုက်လာ


အော်စလို စက်တင်ဘာ ၂၄

အာဖရိက တိုက်ကြီးတွင် သဲ ကန္တာရကြီးများ ကျယ်ပြန့် နယ်ချဲ့ လာ၍ လူသားများ အတွက် နေထိုင်ရေး နှင့် စီးပွားရေး ကိုပါ ထိခိုက်လာ နေပြီး ကမ္ဘာ့စီးပွားရေး ကြီးအတွက် အမေရိကန် ဒေါ်လာ ဘီလီယံများစွာထိ ကြီးမားလာ နေကာ ဒေသကြီး အတွင်း နေထိုင် လျက်ရှိကြသော လူပေါင်း သန်းချီ နေရာ ရွှေ့ပြောင်း နေထိုင်နေကြ ရကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပံ့ပိုးမှုဖြင့် ကောက်ယူ ခဲ့သော စစ်တမ်းကြီး တစ်စောင်ကို စက်တင် ဘာ ၁၅ရက်က ထုတ်ပြန်လိုက် သည်။ ကမ္ဘာကြီး၏ အတိုင်းအတာနှင့် ပြောရလျှင် ကမ္ဘာပေါ်ရှိ လယ်ယာ လုပ်ငန်း လုပ်ကိုင် နေသော မြေအကျယ်အဝန်း ၏ ၅၂ရာခိုင်နှုန်း ထိ သဲကန္တာရ ကြီးများ၏ နယ်ချဲ့မှု ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရကြောင်း The Economic of Land Degratation(ELD) ၏ ကမ္ဘာ့အနှံ့သုတေသန လုပ်ငန်းကြီး ၃ဝကျော် တို့ကို ပြုစုခဲ့ ရခြင်းမှ သိရသည်။ 

စိုက်ပျိုးမြေများ လက်လွှတ် ဆုံးရှုံးမှု အရ ဆိုပါလျှင် ဒေါ်လာ ၆ဒသမ ၃ဘီလီယံမှ ၁ဝ ဘီလီယံ ထိ တစ်နှစ် အတွင်း ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။ စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ရ၍ လူသားတို့ စားသောက် ကြရသည့် ကောက်ပဲ သီးနှံများ မစိုက်ပျိုးနိုင်ခြင်း၊ သစ်တောကြီး များ ပျက်စီးရခြင်း၊ ဆေးဝါးဖော် စပ်ရာတွင် သုံးရသော သစ်ပင်များ နှင့် ဓာတ်သတ္တုများ ဆုံးရှုံးရခြင်း၊ သောက်ရေသန့်များ ဆုံးရှုံးခဲ့ရ ခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ စုပ်ယူသော ဒေသများ ပျက်စီး ဆုံးရှုံးခဲ့ရ ခြင်း တို့ဖြစ်ရသည်။ထို့ကြောင့် လူသန်းပေါင်း ၅ဝ ခန့် အတွက် နေစရာ အသစ်များ မဖြစ်မနေ ရှာဖွေရသော အခြေ အနေများ ဖြစ်ပွားခဲ့ရပြီး ဝမ်းရေး အတွက် လုပ်ငန်းများ ရှာဖွေခဲ့ရ သည်။ ၄င်း စစ်တမ်းကြီးသည် ၂ဝ၁၂ခုနှစ်က ကုလသမဂ္ဂ အဖွဲ့ ကြီး၏ တွေ့ရှိချက်များကို ထည့်သွင်း ရေးသားထားကြောင်း သိရသည်။
ပြည်ချစ်သား

လိင်တူ ဆက်ဆံမှုကို ပုပ်ရဟန်းမင်းကြီး မည်သို့ သဘောထားပါသနည်း


Photo အင်တာနက်
ကျူးဘားခရီးစဉ် အပြီး အမေရိ ကန်သို့ သွားရောက်မည့် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အား လိင်တူ ဆက်ဆံမှု အပေါ် ယင်း၏ သဘော ထားပြောကြားရန် ဗြိတိန်အခြေ စိုက် လိင်တူချစ်သူ အုပ်စုတစ်စုက တောင်းဆိုလိုက်သည်။ ”ဘုရား သခင်ကို ချစ်တဲ့၊ တရားတော်ကို လည်း မြတ်နိုးတဲ့သူ တစ်ယောက် ယောက် လိင်တူ ချစ်သူဖြစ်နေရင် ရဟန်းမင်းကြီး ဘယ်လို သဘော ထားမှာလဲ ဆိုတာ သိချင်ပါ တယ်” ဟု ‘ဂုဏ်သရေ’အမည်ရ ကက်သလစ် ဘာသာဝင် လိင်တူချစ်သူ အုပ်စု တစ်စုက ဆိုသည်။

ယင်းမှာ လိင်တူ ချစ်သူများ အပေါ်ထားရှိသည့် ပုပ်ရဟန်း မင်းကြီး၏ သဘောထားကို တီးခေါက် ကြည့်ခြင်းဖြစ်ရာ လိင်တူမေတ္တာ ရှင်များ အပေါ်ထားရှိသည့် သဘောထား ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ က ရဟန်းမင်းကြီး သတင်း သုံးရာ ဗာတီကန် နန်းတော် မှ ပြောင်းလဲခဲ့အပြီး ဒုတိယ အကြိမ် မြောက် တောင်းဆိုခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ယခုအပတ် အတွင်း အမေရိကန်ပြည် ထောင်စုသို့ ပထမဆုံး အကြိမ် သွားရောက်ရန် ရှိရာ ယင်းကိစ္စနှင့် ပတ်သက် ၍ လူသိရှင်ကြား ပြောကြားရန် နယူးယောက် စိန်ဂျွန်း ဘုရားရှိခိုး ကျောင်းဝင်း တွင် အခြေပြု၍ လှုံ့ဆော် ဆန္ဒပြ မည်ဖြစ်ကြောင်း ဖော်ပြ ပါ လိင်တူအုပ်စုက ဆိုသည်။


ယင်းတို့မှာ ၄င်းတို့၏ လိင်တူ မေတ္တာ ထားရှိသည့် ဆန္ဒကြောင့် လွန်ခဲ့သည့် ၃ နှစ်ခန့်က ဗာတီကန် အသိုင်းအဝိုင်း မှ နှင်ထုတ်ခံရသူ များဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် ဘုရင်ဂျီခေါ် ကက်သလစ် ဘုရားကျောင်းများ တွင် လိင်တူမောင်နှံများ လက်ထပ် ပေးခြင်း မရှိသော်လည်း လိင်တူ မေတ္တာ ရှင် များ၏ သမုဒယသံယော ဇဉ်ကိုမူ အသိအမှတ်ပြုကြောင်း သိရသည်။


လိင်တူ လိင်ကွဲ ကိစ္စမှာ အာရှ နိုင်ငံ အများစု တွင် စိတ်ဝင်စားလေ့ မရှိသော်လည်း အနောက်နိုင်ငံများ တွင် ထိရှလွယ်သည့် လူမှုရေး ပြဿနာ တစ်ခု အသွင် ဆောင်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် လိင်တူ အခွင့်အရေး အရဆုံးနိုင်ငံမှာ နယူးဇီလန် ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျွန်ကေးမှာ လည်း အိမ်ထောင်ရှိ လိင်တူချစ်သူ တစ်ဦး ဖြစ်သည်။


Ref: BBC News/New Zealand Wikipedia

Popular

ရေခဲထဲမှာ ၂ နာရီကြာနေနိုင်ပြီး ကမ္ဘာ့စံချိန်သစ်ချိုးခဲ့တဲ့ လူသား


photo -fooyoh.com

အသက် ၆၀ အရွယ် ဂျင်ဆောင်ဟိုဆိုတဲ့ တရုတ်အမျိုးသားတဦးဟာ ရေခဲတုံးငယ်လေးတွေ ထည့်ထားတဲ့ မှန်သေတ္တာထဲမှာ နာရီပေါင်း ၂ နာရီ(၁၂၀ မိနစ်) နီးပါးကြာ ရေချိုးပြနိုင်ခဲ့လို့ ကမ္ဘာ့စံချိန်မှတ်တမ်းအသစ်ကို တင်နိုင်သူအဖြစ် ပြီးခဲ့တဲ့တပတ်က သတ်မှတ်ခံရပါတယ်။

၂၀၁၀ ခုနှစ် အစောပိုင်းကာလတွေက ၁၁၈ မိနစ်ကြာ ရေခဲတုံးတွေထဲမှာ နေထိုင်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ထားနိုင်ခဲ့သူက တရုတ်ပြည်မှ ချန်ခီကိုင်ဆိုသူဖြစ်ပြီး သူ့ကို တရုတ် “ရေခဲလူသား” လို့ခေါ်တွင်ခဲ့ကြတာပါ။

အခုတော့ ချန်ခီကိုင်ရဲ့ စံချိန်ကို ဂျင်ဆောင်ဟိုက စံချိန်ချိုးလိုက်နိုင်သွားပါပြီ။

ဂျင်ဟာ အခုလို အအေးဒဏ်ကို ကြာရှည်စွာ ခံနိုင်ဖို့အတွက် ၁၉၈၆ ခုနှစ်ကာလလောက်ကတည်းက စတင် လေ့ကျင့်လာခဲ့တာဖြစ်ပြီး သူ့ရဲ့အိမ်မက်တခုဖြစ်တဲ့ ကမ္ဘာ့အအေးဆုံးဝင်ရိုးစွန်း ဒေသတွေဆီ သွားရောက်နိုင်ဖို့ အတွေ့အကြုံရအောင် ကြိုးစားခဲ့ခြင်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။


Ref: CCTV news
ဧရာဝတီ

ကမ္ဘာ့ ရုပ်ဆိုး မျက်နှာပြိုင်ပွဲ ဘယ်သူဗိုလ်စွဲ သွားသလဲ



နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် စနေနေ့တွင် အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက် ပိုင်းရှိ ကမ်ဘရီယာ စီရင်စုတွင် ကျင်းပပြု လုပ်လေ့ ရှိသည့် ကရကဋ်ရာသီ ပွဲတော်၏ ပွဲစဉ်တစ်ခု ဖြစ်သော ကမ္ဘာ့ရယ်စရာ မျက်နှာပြိုင်ပွဲတွင် ရုပ်အဆိုးဆုံး မျက်နှာပိုင်ရှင် များ က အောင်နိုင် သူများ ဖြစ်ခဲ့ ကြသည်။

ယခုနှစ် အတွက် ချန်ပီယံဆုကို ရရှိသွားသူမှာ ဂေါ်ဒင် ဘလက်လော့ခ် ဆိုသူ ဖြစ်ပြီး ၄င်းက ၁၆ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ သည့် တော်မီ မတ်တင်ဆန်အား ကျော် ဖြတ်ကာ ဗိုလ်စွဲ ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲ အတွက်ကိုမူ ကလဲရီ စပတ်ဒင်က ဒုတိယ အကြိမ်မြောက် အဖြစ် အောင်ပွဲခံနိုင်ခဲ့လေသည်။ ယခုနှစ် ပြိုင်ပွဲတွင် ရုပ်ဆိုးမျက်နှာ အကျော်အမော်ဟောင်း တစ်ဦး ဖြစ်သည့် အန်နီဝုဒ် လည်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာပွဲမှာ မှတ်မှတ်ထင် ထင် ဖြစ်သွားခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ၁၂၆၇ ခုနှစ် ကတည်း ကပင် အစဉ်အလာ မပြတ် ကျင်းပ ခဲ့ကြခြင်းဖြစ်ပြီး ယင်းပွဲတော်တွင် နပန်း သတ်ပြိုင်ပွဲများ၊ ပိုက်တံဖြင့် ဆေးလိပ်ငွေ့မှုတ်ခြင်း ပြိုင်ပွဲများမှာ လည်း နာမည်ကျော် သည့် ပွဲစဉ်များ အဖြစ် ပါဝင်ကြသည်။ သို့ရာတွင် အဆိုပါ ရယ်စရာမျက်နှာ ပြိုင်ပွဲအတွက် စည်းကမ်းချက်များ သတ်မှတ်ထားရာ မိတ် ကပ်ဖြင့် ပုံစံ ဖန်တီး၍မရဘဲ သွားတု များကို တော့ အသုံးပြုခွင့်ပေးထားသည်ဟု ဆိုသည်။

KTZO

Ref:DailyMail

ယာဉ်ထိန်းရဲလာဘ်ငွေတောင်းခံခြင်းအပါအ၀င် ယာဉ်နှင့်ဆိုင်သောကိစ္စများ တိုင်ကြားနိုင်မည့် ဟော့လိုင်းဖုန်းနံပါတ်များထပ်တိုးလိုက်ပြီ

ယာဉ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မန္တလေးတွင် ယာဉ် ထိန်းရဲများ လာဘ်ငွေတောင်းခံ ခြင်းအပါအ၀င် ယာဉ်နှင့်ပတ် သက်သော ကိစ္စများ တိုင်ကြားနိုင် မည့် ဟော့လိုင်းဖုန်းနံပါတ်များကို မြို့နယ်အလိုက် ထုတ်ပြန်ခဲ့ ကြောင်း သတင်းရရှိသည်။

ယခင်က မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်ထိန်းတပ်ဖွဲ့ စု သုံးစုသာရှိရာမှ ယခုအခါ တပ် ဖွဲ့စု ခုနစ်စုအထိ တိုးချဲ့ဖွဲ့စည်းပြီး ဖြစ်၍ တိုင်ကြားရန် ဖုန်းနံပါတ် များ ထပ်တိုးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ် ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်း ကိုကိုကပြောသည်။

‘‘အရင်က နှစ်မြို့နယ်ကို ဟော့လိုင်းဖုန်းတစ်လုံးပဲရှိတယ်။ အခုတစ်မြို့နယ် တစ်လုံးနှုန်းနဲ့ စီစဉ်ပေးထားတယ်’’ဟု ယာဉ် ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်း အရာရှိက ပြောသည်။

လာဘ်ငွေတောင်းခံသည့် ကိစ္စရပ်များအပြင် လိုင်စင်မဲ့ ယာဉ်များ၊ ယာဉ်ကြောရှုပ်ထွေးမှု များ၊ ယာဉ်မတော်တဆမှုများ အစရှိသည့် ဖြစ်စဉ်များနှင့် ပတ် သက်၍ တိုင်ကြားနိုင်သည်ဟု ရဲမှူးက ပြောသည်။

အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး)မှ မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တရားမ၀င်လိုင်စင်မဲ့ ယာဉ် ၇၅ စီးဖမ်းမိခဲ့ပြီး ဖုန်းများ ဖြင့် တိုင်ကြားမှုကြောင့် ဖမ်းဆီး နိုင်ခဲ့သည့် လိုင်စင်မဲ့ယာဉ်များ ပါဝင်ကြောင်း ယာဉ်ထိန်း အရာရှိများက ပြောကြားသည်။

ပြည်သူများအနေဖြင့် တိုင် ကြားလိုပါက တာဝန်မှူး ၀၂ ၆၇၄၂၈၊ အောင်မြေသာစံ အမှတ်(၈၅)၊ ပုသိမ်ကြီးအမှတ် (၈၆)၊ ပြည်ကြီးတံခွန် အမှတ် (၈၇)၊ အမရပူရ အမှတ် (၈၈)၊ ချမ်းမြ သာစည် အမှတ် (၈၉)၊ မဟာ အောင်မြေ အမှတ် (၉၀)၊ ချမ်း အေးသာစံ အမှတ် (၉၁)၊ ကျောက်ဆည် အမှတ် (၉၂)၊ ညောင်ဦး အမှတ် (၉၃)၊ ပြင်ဦးလွင် အမှတ် (၉၄)၊ မြင်းခြံအမှတ် (၉၅)၊ မိတ္ထီ လာအမှတ် (၉၆)၊ ရမည်းသင်း အမှတ် (၉၇)တို့ကို သတ်မှတ် ပေးထားပြီး တိုင်ကြားလိုသည့် မြို့နယ်အမှတ်၏ ရှေ့တွင် ၀၉ ၂၆၅-၈၄၁၃ ခံကာ ဆက်သွယ် ပြောကြားနိုင်ကြောင်း သတင်းရရှိသည်။
7 Day

ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို တိုက်ခိုက်ရန်အတွက် ISIS အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်

ဝါရှင်တန် ၊

ISIS စစ်သွေးကြွ အဖွဲ့သည် လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တန်ပြန် တိုက်ခိုက်ရန် အတွက် အမေရိကန် ပြည်ထောင်စု ၏ မဟာမိတ် နိုင်ငံများက ဖွဲ့စည်း တည်ထောင် ခဲ့သည့် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးက ဝန်ခံ ပြောကြား ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် မိမိတို့ မဟာမိတ် နိုင်ငံများ၏ ငွေကြေး ထောက်ပံ့ ပေးမှုမှ အစပျိုး ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ NATO တပ်ဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝက်စလီကလာ့ခ် က CNN သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသော အဖွဲ့မှာ ISIS စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြောဆို ရခြင်းမှာ စစ်သွေးကြွ အဖွဲ့ နှစ်ဖွဲ့စလုံးသည် ဘာသာရေး၊ နိုင်ငံရေး ဆိုင်ရာတို့၌ တက်ကြွ လွန်းသည့် အဖွဲ့များ ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ကလာ့ခ် က ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ များကို ဖွဲ့စည်း တည်ထောင်ခဲ့ ရာတွင် ပါဝင်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ မဟာမိတ် နိုင်ငံများ အနက် မည်သည့်နိုင်ငံများ ပါဝင်သည် ဆိုခြင်းကို ဗိုလ်ချုပ်ကြီးဟောင်း ကလာ့ခ် က အတိအကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း ISIS စစ်သွေးကြွ အဖွဲ့ ပေါ်ပေါက် လာခြင်းသည် ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့များကို တိုက်ဖျက်နိုင်မည့် မဟာဗျူဟာ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည် ဆိုခြင်းကို အတည်ပြု ပြောကြား ခဲ့သည်။

‪PyiChitThar‬

ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်နိုင်တဲ့ ကောင်မလေး


ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကောင်မလေး တစ်ဦးဟာ ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ် နိုင်စွမ်းရှိ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။ ကင်မ်လူအန်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု တစ်ခုက မွေးဖွားလာသူ ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုကို M Nong လို့ ခေါ်ဆိုကြပါ တယ်။ ထူးခြားတာက အဲဒီ မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ဘယ်လို ပြုလုပ်မရလဲ ဆိုတာ ကောင်းစွာ သိရှိထား ပါတယ်။ ဒါကြောင့် ကင်မ်လူအန် ဟာ ငယ်ရွယ်တဲ့ သူဖြစ်ပေမယ့် ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင် နိုင်စွမ်းရှိ ပါတယ်။ ကင်မ်လူအန်မှာ ဆော့ကစားဖော် ဆင်နှစ်ကောင် ရှိပြီး လိမ္မာ ယဉ်ကျေးလာအောင် သင်ကြားပေးလေ့ ရှိပါတယ်။ အသက် ခြောက်နှစ်သာ ရှိသေးတဲ့ ကင်မ်လူအန်ဟာ သူတို့ မျိုးနွယ်စု အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ကင်မ်လူအန် တို့ရဲ့မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ဆောက်ခြင်း စတာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ကင်မ်လူအန်ရဲ့ ဆင်တွေနဲ့ ဆော့ကစား နေတဲ့ မြင်ကွင်းကို အသက်(၃၅)နှစ်အရွယ်ရှိ ပြင်သစ် ဓာတ်ပုံဆရာ ရီဟန်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ ပါတယ်။ ရီဟန်က M Nong မျိုးနွယ်စုတွေ ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင်တဲ့ မြင်ကွင်းဟာ နိုင်ငံခြားသား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဆင်တွေနဲ့ လူတွေအကြား အပြန်အလှန် လေးစားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ကင်မ်လူအန်ဟာ ဆင်တွေနဲ့ ပိုရင်းနှီးစွာ နေနိုင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီဟန်ဟာ ဗီယက်နမ်မှာ ခုနစ်နှစ် ကြာနေထိုင် ပြီး ဓာတ်ပုံပေါင်း (၄၅၀၀၀) ရိုက်ကူးခဲ့ပေမယ့် ဆင်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ရိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Messenger

selfie ရိုက်ရာတွင် သရဲပုံပါလာ

ဗြိတိန်တွင် အမျိုးသမီး သူငယ်ချင်းနှစ်ဦးမှာ ဘားဆိုင် တစ်ဆိုင်သို့ သွားရောက် ကြစဉ် ယှဉ်တွဲလျက် ရိုက်ကူးခဲ့သည့် selfie ဓာတ်ပုံ နောက် ဖက်၌ လှောင်ရယ် နေသည့် တစ္ဆေသဏ္ဍန် ပုံရိပ်ပါလာ သဖြင့် ကြောက်လန့် တုန်လှုပ်သွား ကြသည်။



ဗစ်တိုးရီးယား ဂရီးစ်နှင့် ကယ်လီ အက်ကင်ဆန်တို့ နှစ်ဦး ညနေခင်း အားလပ်ချိန် ဘားဆိုင် တစ်ဆိုင်သို့ အပျော် သွားရောက်ချိန်က ရိုက်ကူး ခဲ့ သည့် selfie တွင် အသက်ကြီးကြီး အမျိုးသမီး တစ်ဦး၏ ပုံစံမျိုးရှိသည့် ဝိုးတဝါး တစ္ဆေပုံရိပ်က ၎င်းတို့ နောက်တွင် ရပ်လျက် ရယ်မောနေပုံ ပါဝင် လာခြင်း ဖြစ်သည်။

ယင်းညနေက ဗစ်တိုးရီးယားတို့ သူငယ်ချင်း နှစ်ဦးက အဖျော်ယမကာ သောက်စား ထားကြကာ ရီဝေဝေ ရှိလာချိန် ၎င်းတို့ နှစ်သက်သည့် အကျင့်တစ်ခု အတိုင်း selfie ပုံများ ရိုက်ကြခြင်း ဖြစ်သည်။ ပုံဟန်ထား အမျိုးမျိုးဖြင့် နှစ်ဦးအတူ တွဲ၍ ရိုက်ရာ နောက်ဆုံးပုံတွင် ၎င်းတို့ နှစ်ဦး တည်း မဟုတ်တော့ဘဲ နောက်ထပ် တတိယသူ တစ်ဦးပါ ပါလာသည်ကို တွေ့ လိုက်ခြင်းဖြစ်သည်။

ယင်းပုံကြောင့် ကျောချမ်း သွားရသည့် သူနာပြု တစ်ဦးလည်း ဖြစ်သူ့ ဗစ်တိုးရီးယားက ပုံကို ချက်ခြင်း ဖျက်ပစ်လိုက်သည်။ "ကျွန်မတို့ က ထုံးစံအတိုင်း ဘားမှာ ဓာတ်ပုံရိုက် ခဲ့တယ်။ ဒီလို selfie ရိုက်ရတာကို ကျွန်မတို့ နှစ်ယောက်စလုံး သဘောကျတယ်"ဟု ဗစ်တိုးရီးယားက ပြောသည်။

တစ္ဆေပုံ တွေ့ ရှိသည့် အဖြစ်အပျက်ကို ပြန်ပြော ရာတွင်လည်း "ဒီလိုရိုက်နေလို့ မကြာဘူး၊ ကယ်လီက ထိတ်ထိတ် လန့်လန့် နဲ့ ပြောတယ်။ ဓာတ်ပုံ ထဲမှာ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်ပါ ပါနေတယ် ဆိုတာ။ ကျွန်မက ဒီလို ယုတ္တိ မရှိတာ တွေကို ယုံတတ်သူ မဟုတ်ပါဘူး။ ဒါကြောင့် ရယ်တောင် ရယ်လိုက် ပါသေးတယ်။ ဒါပေမယ့် ဓာတ်ပုံကို သေချာ ကြည့်တော့ တကယ်ဟုတ် နေတယ်။ မိန်းမကြီး တစ်ယောက် ကျွန်မတို့ နောက်မှာ ရပ်နေတာ၊ နောက်ပြီးသူက ရယ်လည်း ရယ်နေတယ်"ဟု ဗစ်တိုးရီးယားက ပြန်ပြောင်း ပြောခဲ့သည်။

"ကျွန်တော် ဘားဆိုင်ကို ရောက်သွားတော့ ဆိုင်ပိတ်နေပြီ။ ဒါကြောင့် အိမ်ပြန်ခဲ့တယ်။ ဒီဓာတ်ပုံ အပေါ် ကျွန်တော်တော့ မယုံဘူး"ဟု အာဏာပိုင် အဖွဲ့ အစည်းဝင် တစ်ဦးက ပြောသည်။ ဆိုင်တွင် တစ္ဆေသရဲ တွေ့ သည်ဟု တစ်စုံတစ်ဦး ကမှ ပြောခြင်း မရှိဖူးကြောင်း ဆိုင်ဝန်ထမ်း တစ်ဦးက ပြောသည်။

"ဒီဓာတ်ပုံကို ဖိုတိုရှော့ လုပ်ထားတယ်လို့ ပြောကြတယ်။ ဒါကို ကျွန်မ အပြစ် မပြောချင်ပါဘူး။ ဒီလိုလုပ်တယ် ဆိုတာကို ကျွန်မတို့ လုပ်လည်း မလုပ်တတ်ဘူး။ ဒီဓာတ်ပုံကြောင့် ကျွန်မ ကြောက်နေ မိသလိုပဲ ဗစ်တိုးရီးယား ဆိုရင် ထိတ်လန့် လွန်းလို့ ဓာတ်ပုံကို ဖျက်ပစ်ခဲ့ တာပဲ"ဟု ကယ်လီက ပြောခဲ့သည်။

Ref: Mirror
by Mizzima News

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ကိုရီးယား မင်းသမီးချော Clara Lee ဒုတိယနေရာ ရရှိ




Model Lifestyle မဂ္ဂဇင်း က ယခုနှစ်၏ ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်း ကို ထုတ်ပြန်ခဲ့ရာ ကိုရီးယား မင်းသမီးချော Clara Lee က ဒုတိယနေရာ ကို ရရှိခဲ့ကြောင်း သိရသည်။

Clara Lee ၏ သွယ်လျပြီး ဆွဲဆောင်မှု ရှိသော ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေသည့် အားကစား ၀တ်စုံ ၀တ်ဆင်ထားသည့် ဓာတ်ပုံသည် ပရိသတ်များ အကြားတွင် အလွန် ရေပန်းစား ခဲ့ပြီးနောက် ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ဒုတိယနေရာ ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာရင်း၌ ပထမ နေရာကို ရရှိသူမှာ အမေရိကန် မော်ဒယ်လ် နှင့်သရုပ်ဆောင် တာနီရာ မာရီကာရင်ဂီ ဖြစ်ပြီး ဟောလီးဝုဒ် မင်းသမီးချော ဂျက်ဆီကာ အယ်လ်ဘာ က နံပါတ်လေး နေရာကို လည်းကောင်း၊ စကားလက် ဂျိုဟန်ဆန် က နံပါတ် ခြောက် နေရာကို လည်းကောင်း၊ ဘီယွန်းစေး က နံပါတ်ခုနစ် နေရာကို လည်းကောင်း၊ အေဒရီ ရာနာလိုင်မာ က နံပါတ်ကိုး နေရာကို လည်းကောင်း၊ အိန်ဂျလီနာဂျိုလီ က နံပါတ် ၁ဝ နေရာကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။

ယခုကဲ့သို့ ကမ္ဘာ့အလှဆုံး အမျိုးသမီး ဒုတိယ နေရာကို ရရှိခဲ့သည့် အတွက် မဲပေး ခဲ့ကြသည့် ကိုရီးယား ပရိသတ်များ သာမက နိုင်ငံတကာမှ ပရိသတ်များကို အထူး ကျေးဇူး တင်ရှိကြောင်း Clara Lee က ထုတ်ဖော် ပြောကြား ခဲ့သည်။ 

MODE’s 100 List – 2014

1. Tania Marie Caringi
2. Clara Lee
3. Cristina Maria Saracut
4. Jessica Alba
5. Alessandra Ambrosio
6. Scarlett Johansson
7. Beyonce
8. Candice Swanepoel
9. Adriana Lima
10. Angelina Jolie
11. Kate Beckinsale
12. Keri Russell
13. Eva Mendes
14. Kate Upton
15. Berenice Marlohe
16. Hale Berry
17. Irina Shayk
18. Lake Bell
19. Shakira
20. Rihanna
21. Lupita Nyong’o
22. Jennifer Lawrence
23. Heidi Klum
24. Sofia Vergara
25. Naomi Campbell
26. Claudia Lynx
27. Gwyneth Paltrow
28. Michelle Williams
29. Christina Hendricks
30. Zoe Saldana
31. Rosario Dawson
32. Charlize Theron
33. Natascha McElhone
34. Paula Patton
35. Monica Bellucci
36. Cheryl Ann Fernandez-Versini
37. Penelope Cruz
38. Nicole Scherzinger
39. Taylor Swift
40. Jennifer Lopez
41. Ashley Tisdale
42. Hilary Duff
43. Salma Hayek
44. Vanessa Hudgens
45. Stacy Keibler
46. Queen Rania of Jordan
47. Elisha Cuthbert
48. Du Juan
49. Sophie Marceau
50. Laetitia Casta
51. Kaley Cuoco
52. Katy Perry
53. Catherine, Duchess of Cambridge (Kate Middleton)
54. Jennifer Love Hewitt
55. Katrina Kaif
56. Arianny Celeste
57. Sui He
58. Laura Tanguy
59. Olivia Wilde
60. Emma Stone
61. Demi Lovato
62. Blake Lively
63. Heather Graham
64. Megan Fox
65. Lily Collins
66. Madeleine Stowe
67. Zooey Deschanel
68. Olivia Munn
69. Louise Bourgoin
70. Katrina Bowden
71. Malika Menard
72. Sarah Shahi
73. Freida Pinto
74. Hayden Panettiere
75. Nina Dobrev
76. Kerry Washington
77. Miranda Lambert
78. Ronda Rousey
79. Virginie Fernandez
80. Selena Gomez
81. Emma Watson
82. Leighton Meester
83. Adrianne Palicki
84. Alizee Jacotey
85. Amber Heard
86. Eva Gaelle Green
87. Gabrielle Union
88. Jordana Brewster
89. Miley Cyrus
90. Cara Delevingne
91. Amanda Seyfried
92. Maggie Q
93. Rosie Huntington-Whiteley
94. Julianne Hough
95. Lea Michele
96. Julia Lanski
97. Molly Sims
98. Jenna Dewan-Tatum
99. Malin Akerman
100. Deborah Priya Henry
Themyawadydaily

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့သူ


အမေရိကန်နိုင်ငံ ၊ မီချီဂန်း ပြည်နယ် ၊ ဂျက်ဆင်မြို့လေးမှာ နေထိုင်တဲ့ အသက် အသက် ၁၇ နှစ်သာရှိသေးသော Broc Brown ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှာ တရားဝင် တိုင်းတာကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ အရပ်ကတော့ ၇ ပေ ၊ ၁.၅ လက်မရှိပါတယ်။ 

Ref : GWR

YangonMediaGroup

ယာယီ ယောက်ျားလေးချစ်သူတွေ ရှာဖွေနေတဲ့ ရှန်ဟိုင်း ကျောင်းသူလေး

အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံ ရှန်ဟိုင်းက ကျောင်းသူလေး တဦးဟာ ခရီးသွားဖော် ယာယီ ချစ်သူ 
ယောက်ျားလေးတွေကို ရှာနေပါတယ်တဲ့။ 


ဓာတ်ပုံ- China Topix
ဒီလို ရှာဖွေနေတဲ့နေရာမှာ သူ့မှာလည်း စည်းမျည်းစည်းကမ်းတွေလည်း ပါဝင်တယ်လို့ China Topix လို့ခေါ်တဲ့ တရုတ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 


အဆိုပါ ရှန်ဟိုင်းသူလေးဟာ လူမှု ကွန်ယက် စာမျက်နှာတွေမှာ အဖော်တွေ ရှာတာနဲ့ပတ်သက်ပြီး သူ့ရဲ့ လှပတဲ့ ဓာတ်ပုံ တွေနဲ့ တကွ ပို့စ်တွေ တင်ထားတာပါ။ 

တရုတ်ပြည် တခွင် ခရီးလျှောက်ထွက်တဲ့အခါ သူနဲ့ အတူလိုက်ပါရမှာဖြစ်ပြီး အရပ်အမောင်းက အနည်းဆုံး ၁.၇၅ မီတာ ရှိရ မှာဖြစ်ပြီး အသက်ကလည်း ၃ဝ အောက်ဖြစ်ရပါ့မယ်တဲ့။ 

ဒီအပြင် ငွေကြေးချမ်းသာပြီး ရက်ရော ရပါမယ်တဲ့။ သူ့ရဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကိုလည်း ပေးနိုင် သူဖြစ်ရမှာလို့ ဆိုပြီး ညဘက် အတူ ရှိချိန်တွေ မတိုင်ခင် တနေ့လုံး သူနဲ့ အတူ ခရီးထွက်နေရမှာပါလို့လည်း သူက ဆိုထားပါတယ်။ 

နေရာ တခု၊ မြို့တခုရောက်တိုင်း ယာယီ ယောက်ျားလေး ချစ်သူတဦးစီနဲ့ သူဟာ အတူခရီးသွားဖို့ ဖြစ်ပြီး ညဖက်အချိန်တွေကိုလည်း သူနဲ့ အတူ ဖြတ်သန်းမှာဖြစ်တယ်တဲ့။ 

ရှန်ဟိုင်းသူလေး ရှင်းပြထားတာက သူ့မှာ ဘာဝင်ငွေမှလည်း မရှိတာကြောင့် တရုပ်ပြည်တခွင်ကို ခရီးလျှောက် ထွက်ချင်ခဲ့ လို့ ဒီအစီအစဉ်ကို ကြော်ညာလိုက်တာလို့ ဆိုတယ်။ ခရီးထွက်တဲ့ အခါ ဘာဒုက္ခမှ လည်း သူက မခံစားလိုပါဘူးတဲ့။ 

တရုတ်ပြည် တခွင် ခရီးဆန့်ချင်တဲ့ ရှန်ဟိုင်း ကျောင်းသူလေးဟာ အခုလို ယာယီချစ်သူတွေ တယောက်ပြီး တယောက်နဲ့ ဒေသ တခုစီကို သူတို့ရဲ့ ကုန်ကျခံပေးမယ့် စာရိတ်နဲ့ သွားဖို့ အစီအစဉ် ဘယ်တော့ စဖြစ်မယ် ဆို တာတော့ သတင်းမှာ သေချာ မရေးထားပါဘူး။ 

အခုလို တရုပ်ကျောင်းသူလေးရဲ့ ယာယီချစ်သူ ရှာပုံတော် ကြော်ညာသတင်းဟာ အနောက်ကမ္ဘာက သတင်းဝက်ဆိုက် တွေမှာလည်း အသီးသီး ဖော်ပြလာနေကြပါတယ်။ 

ဒီသတင်းအတွက် လျှောက်ထားကြတဲ့ ယောက်ျားလေးတွေလည်း အသီးသီး ပေါ်လာနေပြီလို့သတင်းတွေ က ရေးနေကြ ပါပြီ။ 

ရှန်ဟိုင်း ကျောင်းသူလေးရဲ့ အခုလို ထူးခြားတဲ့ ကမ်းလှမ်းကြော်ညာမှုအပေါ် ဝေဖန်မှုတွေလည်း အသီးသီး 
ရေးနေကြပါတယ်။ 

အိမ့်သံစဉ် ~ 
ဧရာဝတီ