Showing posts with label ရခိုင်သတင်း. Show all posts
Showing posts with label ရခိုင်သတင်း. Show all posts

မောင်တောနယ်စပ်၌တိုက်ပွဲဖြစ်ပွားမှုမရှိဟုဆို


မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့
နှင့်အာရ်အက်စ်အိုတို့ တိုက်ပွဲဖြစ်ပွားကြသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲစက်
တင်ဘာ ၂၇ ရက် အထိ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း မောင်တောစခန်းမှူး 
ဒုရဲမှူး တင်ဝင်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

မောင်တောနယ်စပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသည့် သောင်းကျန်း
သူများဟု ယူဆရသူများနှင့် ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့ စက်တင်ဘာ 
၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းကို ၎င်းကပြန်
လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိပါဘူး။ ဒီလအတွင်းမှာကို တိုက်ခိုက်မှုတစ်ခါမှ မဖြစ်
ပါဘူး။ကျွန်တော်တို့ကတော့ မြို့ပေါ်မှာပေါ့။ဒါပေမဲ့နယ်ခြားစောင့်တပ်နဲ့အဆက်
အသွယ်ရှိပါတယ်။ ဘာမှမရှိပါဘူး။ မြို့ပေါ်မှာလည်း အေးဆေးပါပဲ"ဟု ဒုရဲမှူးက 
ပြောဆိုသည်။
စံတော်ချိန်

မောင်တောနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဆိုသောသတင်းသည်မှန်ကန်
မှုမရှိဘဲ ကောလာဟလသာဖြစ်ကြောင်း ၎င်းင်းကငြင်းဆန်ခဲ့သည်။နယ်စပ်ကိစ္စ
ရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်
လုံခြုံရေးအရာရှိများ တပ်ရင်းမှူးအဆင့်အစည်းအဝေးကို စက်တင်ဘာ၂၄ ရက်
က နှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားအနီး မောင်တောနယ်စပ်ဒေသ တောင်ပြို
လက်ဝဲရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ခေါင်းတုံးဒေသ၌ ကျင်းပခဲ့သည်။

မြေပုံမြို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမူ ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်

ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဘင်္ဂါလီများtm; ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့် စစ်ဆေးခြင်း လုပ်ငန်းအား ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌဦးလှသိန်းက ထုတ်ဖော်ပြောသည်။

“ဒီလ ၂ဝ ရက်မှာ အပြီးသတ်ပြီးတော့ ဒီကစစ်ဆေးပြီးတာတွေကို ဗဟိုကိုတင်ပြမယ်”ဟု ဦးလှသိန်းက ပြောသည်။

မြေပုံမြို့ရှိဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစိစစ်ခြင်းပြီးစီးသွားပါက ရခိုင်ပြည်နယ်အတွင်းရှိ မည် သည့်မြို့နယ်များကို ဆက်လက်စိစစ်သွားမည်ဆိုသည်ကို သတ်မှတ်မထားဘဲ ပြည်နယ်အတွင်းရှိ မည်သည့် မြို့နယ်ကမဆို ဘင်္ဂါလီလူမျိုးအမည်ခံ၍ နိုင်ငံသားဖြစ်ခွင့်စိစစ်ပေးရန်တောင်းဆိုလာပါက တောင်းဆိုလာသည့် မြို့နယ်များကို ဆက်လက်စိစစ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကဆိုသည်။

မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစစ်ဆေးခြင်းရန် လျှောက် လွှာလက်ခံခြင်းကိစ္စကို ယခုနှစ်၊ ဇွန်လ ၁၅ ရက်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီ ၁ဝ၉၄ ဦး၏ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်း လျှောက်လွှာကို စိစစ် ရေးအဖွဲ့က လက်ခံရရှိခဲ့ကြောင်း သိရသည်။

လျှောက်လွှာလာတင်သည့်ဘင်္ဂါလီ တစ်ထောင်ကျော်ကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိ အောက်ခြေအဆင့် စစ်ဆေးခဲ့ရာ ယင်းတစ်ထောင်ကျော်အနက် ၄ဝဝ ကျော်ကိုသာ နိုင်ငံသားဖြစ်ခွင့် အချက်များနှင့် ကိုက်ညီမှုရှိ သည်ကိုတွေ့ရှိရကြောင်း စိစစ်ရေးအဖွဲ့ဝင်များ၏ပြောပြချက်အရ သိရသည်။

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာသည့်ဘင်္ဂါလီများကို မြို့နယ်အဆင့်စိစစ်ရေးအဖွဲ့၊ ခရိုင်အဆင့်စိစစ် ရေးအဖွဲ့၊ ပြည်နယ်အဆင့်စိစစ်ရေးအဖွဲ့နှင့် ဗဟိုအဆင့်စိစစ်ရေးအဖွဲ့ဟူ၍ အဆင့်ဆင့်စစ်နေခြင်းဖြစ်ပြီး ယခုလျှောက်ထားလာသူများအနက် နိုင်ငံသားဖြစ်ခွင့်ရှိသူ မည်မျှ ရှိမည်ဆိုသည်ကိုမှာ ဗဟိုစိစစ်ရေးအဖွဲ့၏ စစ်ဆေးမှုအပေါ်တွင်မူတည်ကြောင်း ဦးလှသိန်းက ဆိုသည်။

“ဗဟိုကဆုံးဖြတ်ပြီးမှ သက်သေခံလက်မှတ်တို့ ဘာတို့ထုတ်ပေးမယ်”ဟု ယင်းက ဆက်ပြောသည်။

ဘင်္ဂါလီများကိုနိုင်ငံသားဖြစ်ခွင့်စိစစ်ရာတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ၏ မျိုးဆက်ဟုတ်/မဟုတ်၊ ရူးသွပ်သူ၊ အသက် ၁၈ နှစ်ပြည်ပြီးသူ၊ ဘိုးဘွားများ နေထိုင်ခဲ့မှု အထောက်အထား များကို စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့စစ်ဆေးပြီးနောက် ဥပဒေနှင့်ညီပါက အဆိုပါဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးနိုင်သော် လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း ယခုလ ၈ ရက်က နယ်သာလန်နိုင်ငံသို့ ရောက်ရှိခဲ့ သော နိုင်ငံတော်သမ္မတဦးသိန်းစိန်က နယ်သာလန်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပါလီမန် အမတ်များနှင့်တွေ့ ဆုံစဉ် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ထုတ်ပြန်ထားချက်အရ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော်ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဘင်္ဂါလီလူမျိုးအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်တောင်းလာမည့်သူများကို နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အချိန်ကြန့်ကြာမှုမဖြစ်ပေါ်စေရန် ယခုအခါ မြေပုံမြို့တွင် နိုင်ငံသားဖြစ် ခွင့်စိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို လက်တွေ့ သင်တန်းများ ပို့ချက်လျက် ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။
နိရဉ္စရာ

မောင်တောရှိ အရေးကြီး အဆောက်အအုံများ ဗုံးခွဲမည့်သတင်း ရထားကြောင်း အစိုးရဌာနများကို သတိပေး


အယ်လ်ကေဒါအဖွဲ့က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့သည့် သတိပေးစာအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြု လှုပ်ရှားနေသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့သည် အကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါနှင့် ပူးပေါင်းကာ ယင်းသို့ လုပ်ဆောင်ရန် သတင်းရထားသည်ဟု ဆိုကာ စက်တင်ဘာလ ၅ ရက်နေ့က အစိုးရဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့သည့် သတိပေးစာတွင် ဖော်ပြသည်။
RSO များသည် ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်က အရေးကြီးသော အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော တိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးရန် လုပ်ဆောင်မည်ဟု သတင်းများ ရရှိထားကြောင်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။
အယ်လ်ကေဒါက မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ပြောဆိုပြီးနောက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အရေးကြီးတဲ့ နေရာတွေကို အားဖြည့်ရွှေ့ပြောင်း လှုပ်ရှားကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တွေရဲ့ လုပ်ထုံးလုပ်နည်း အရပေါ့” ဟု ၎င်းကဆိုသည်။
အယ်လ်ကေဒါအဖွဲ့က အကြမ်းဖက်မည်ဆိုသည့် သတင်းများ မထွက်ပေါ်ခင်ကပင် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ထားပြီး အရေးကြီး အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးရေးရုံး အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လုံခြုံရေး ချထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောဆိုသည်။
“အုပ်ချုပ်ရေးမှူးရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ကျောင်းဆရာ ကျောင်းဆရာမများ အတွက်လည်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလောတွင် အယ်လ်ကေဒါ၊ RSO အဖွဲ့များ လှုပ်ရှားမှု မရှိသေးကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆက်လက် ပြောကြားသည်။
(LC၊ ခင်မောင်အေး)
The Voice Weekly

စစ်တွေမှာ ညမထွက်ရအမိန့် ရုပ်သိမ်း


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို ဒီကနေ့ ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းတာကို ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့ပေါ် ရပ်ကွက်တွေမှာ လှည့်လည် ကြေညာမယ်လို့ သူကဆိုပါတယ်။

စစ်တွေမှာ ဒေသအခြေအနေ တည်ငြိမ်အေးချမ်းသွားပြီ ဖြစ်တဲ့အတွက် ရုပ်သိမ်းလိုက်တာလို့ ဦးဝင်းမြိုင်က ရှင်းပြပါတယ်။ 

စစ်တွေမြို့မှာ ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့တာပါ။

The Voice Weekly

အကြမ်းဖက်အဖွဲ့များသတင်းအရ မောင်တောနယ်စပ်လုံခြုံရေးအတွက် အသင့်အနေအထားပြင်ဆင်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီး မြန်မာဘက်အခြမ်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်၊ မောင်တော)

အယ်လ်ခိုင်ဒါအဖွဲ့နှင့် သောင်းကျန်းသူအဖွဲ့များ အကြမ်းဖက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် မောင်တောနယ်စပ်လုံခြုံရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

အယ်လ်ခိုင်ဒါအဖွဲ့မှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင်ဝင်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုများကိုပြုလုပ်သွားမည့်သတင်းနှင့် အာရ်အက်စ်အိုအဖွဲ့များဝင်ရောက်ရန်ကြိုးစားနေသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် နယ်စပ်လုံခြုံရေးအတွက် အထူးအလေးထားကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးကဆိုသည်။

ယင်းအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလည်း ယခင်ကထက် သတိနှင့်သွားလာကြရန် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာ ၅ ရက်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများဝင်ရောက်မည့် သတင်းများထွက်ပေါ်နေသည့်အတွက် နယ်စပ်တစ်လျှောက်ဌာနဆိုင်ရာများသွားလာမည်ဆိုပါက သက်ဆိုင်ရာဌာနအကြီးအကဲ(သို့မဟုတ်) သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိပေးသွားလာကြရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ညွှန်ကြားချက်တွင် သတိပေးဖော်ပြထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် သောင်းကျန်းသူအဖွဲ့များ မောင်တောနယ်စပ်သို့ဝင်ရောက်မည်ဆိုသည့်သတင်းများ စက်တင်ဘာလဆန်းပိုင်းက ထွက်ပေါ်လာခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့်လှုပ်ရှားမှုမျိုးမှမတွေ့ရသေးကြောင်း တပ်မတော်မှအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မေလအတွင်းက မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်မိုင်တိုင်အမှတ်(၅၂) တွင် တစ်ဖက်နိုင်ငံမှ သောင်းကျန်းသူလက်နက်ကိုင်များ၏ ချုံခိုပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ရကြောင်းနှင့် ဒေသခံနှစ်ဦးကိုပါ ခေါ်ဆောင်ခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရကြောင်း သိရသည်။ 
By...EMG

ဘင်္ဂလာတွင်တူးဖေါ်ထားသော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးဟောင်လှေ ထိမ်းသိမ်းမှုအားနည်း၍ ပျက်စီးနေ


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘောရီချာခေါ် အ၀ကျွန်းဒေသတွင် တူးဖော်ရရှိထားသည့် နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်အမျိုးသားတို့ အသုံးပြုခဲ့သော ရှေးဟောင်းလှေမှာ ယခုအခါ ထိမ်းသိမ်းမှုအားနည်းနေသည့်အတွက် ပျက်စီးနေကြောင်း သိရသည်။


အဆိုပါ ရှေ့ဟောင်းလှေကို ပင်လယ်ကမ်းခြေဒေသ တစ်ခုတွင် နစ်မြုပ်နေရာမှ ဘင်္ဂလာဒေ့ခ်ျ စစ်တပ် အကူအညီဖြင့် ရှေ့ဟောင်းသု တေသနဌာနမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အ၀ကျွန်းဒေသမှ ကူဝါကာတာရွာအနီးရှိကုန်းပေါ်သို့ ပြောင်းရွေ့လာခဲ့ပြီး အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြသထားသည်။

ယင်းရှေးဟောင်းလှေကို လူအများအပြား လာရောက်လည့်ပတ်သော ပင်လယ်ကမ်းခြေအနီးတွင် ပြသထားသဖြင့် ကြည့်ရှု့သူ များပြားသော်လည်း လှေကိုအမိုးအကာမဲ့ ထားရှိသည့်အတွက် ပျက်စီးမှုများရှိ နေကြောင်း ဒေသခံများကပြောသည်။

အစိုးရအနေဖြင့် အဆိုပါလှေအား မပျက်စီးရအောင် ချက်ချင်းကာကွယ်ပေးသင့်သည့်ဟု ဒေသခံများက တောင်းဆိုနေကြသည်ဟုလည်း ဘင်္ဂလာသတင်းများတွင် ဖေါ်ပြသည်။

ရှေ့ဟောင်းသုတေသန လက်ထောက်ဒါရိုက်တာဖြစ်သူ Afroza Khan Mitaက အဆိုပါ ရှေ့ ဟောင်း လှေကြီးအား အမိုးလုပ်ပေးရန် စီစဉ်နေကြောင်းနှင့် အောက်တိုဘာလအတွင်း စတင်လုပ် ဆောင်နိုင် မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု Dailystar သတင်းစာတွင် ရေးသားထားသည်။

ယင်းရှေ့ဟောင်းလှေမှာ အလျှား ၅၂ ပေ၊ အနံ ၂၂ ဒသမ ၅ ပေရှိကြောင်းသိရသည်။

အဆိုပါလှေကို ဒေသခံများက ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် နစ်မြုပ်နေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၁၇၈၄ ခုနှစ်တွင် ဘိုးတော်ဘုရားမှ ရခိုင်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ယခုတွေ့ရှိထားသည့် လှေအမျိုးအစား အများအပြားဖြင့် ရခိုင်အမျိုးသားများက အ၀ကျွန်းဒေသသို့ လာရောက်အခြေချ နေထိုင်ခဲ့ကြသည်ဟု ကူဝါကာတာရွာမှ အသက် ၇၀ ခန့်ရခိုင်လူကြီး တစ်ဦးမှ ပြောဆိုကြောင်း သတင်းတွင် ရေးသားသည်။

by burma news international