Showing posts with label ဖြစ်ရပ်မှန်သတင်းများ. Show all posts
Showing posts with label ဖြစ်ရပ်မှန်သတင်းများ. Show all posts

သတ်မှတ်ထားသော အရောင်းစံချိန် မရလို့ ၀န်ထမ်းများကို လေးဘက် ထောက်သွားခိုင်းတဲ့ ရက်စက်တဲ့ ဖြစ်ရပ်

တရုတ်နိုင်ငံ ဟီနန်ဒေသတွင် ကုမ္ပဏီ တစ်ခုသည် သတ်မှတ်ထားသည့် အရောင်း စံချိန် မပြည့်ခဲ့သောကြောင့် ၀န်ထမ်းများကို ဆိုးရွားသည့် ပြစ်ဒဏ် ချမှတ် ခဲ့သည်။ ယင်းမှာ ၀န်ထမ်းများကို လူမြင်ကွင်းတွင် လေးဘက်ထောက် သွားလာ စေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရပ်ဒေသရှိ ရေကန်ဝန်းကျင်တွင် ၀န်ထမ်းများကို လေးဘက်သွား ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် ၀န်ထမ်းများသည် အရှက်ရစရာ ဖြစ်ခဲ့ပြီး၊ အနာတရ ဖြစ်မှုများလည်း ရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို လူမူကွန်ရက်များတွင် ဖော်ပြခဲ့ရာ ကုမ္ပဏီ၏ လုပ်ရပ်ကို အပြင်းအထန် ဝေဖန်ခဲ့သည်။ လူမူကွန်ရက် အသုံးပြုသူ တစ်ဦးက ၀န်ထမ်းများ၏ ဂုဏ်သိက္ခာကို စဉ်းစားပေးခြင်း မရှိခြင်းကြောင့် စိတ်ပျက်စရာ ဖြစ်ကြောင်း ရေးသားခဲ့သည်။ ၀န်ထမ်းများကို ကြမ်းတမ်းသည့် အပြစ်ပေးခြင်းသည် ခေတ်သစ် စီးပွားရေးတွင် မရှိသင့်တော့ကြေင်း၊ မည်သည့် အတွက်ကြောင့် ပြုလုပ်ခဲ့သည်ကို နားမလည်ကြောင်း အလုပ်သမားများကိုလည်း လေးစားရန် လိုအပ်ကြောင်း စသည်ဖြင့် ဝေဖန် မှတ်ချက် အမျိုးမျိုး ပေးခဲ့သည်။

တရုတ်နိုင်ငံတွင် အလုပ်ရှင်များသည် အလုပ်သမားများ အပေါ် မတရား စေခိုင်းမူများ၊ နှိပ်စက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
The Messenger

မှိုစားမိ၍ မိသားစု တစ်စုတည်းမှ ကလေးနှစ်ဦးသေဆုံး ခဲ့ရသည့် ရင်နင့်ဖွယ်ဖြစ်ရပ်


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် စက်တင်ဘာ ၂၆ ရက်က ဖခင်ဖြစ်သူ ယူလာ ချက်ကျွေးသော မှိုနှစ်မျိုးကို စားမိရာမှ ကလေးငယ် နှစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ မှာလည်း အစာ အဆိပ်သင့် မှုကြောင့် လားရှိုး ပြည်သူ့ဆေးရုံ သို့ တင်ပို့ထား ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၁)နယ်မြေ (၉) နားမခေါ်ရွာ တွင် နေထိုင်သူ ဦးဂျိုးဇက် သည် စက်တင်ဘာ၂၅ ရက်က လားရှိုးမြို့ ကုံးမုံရွာတွင် အလုပ်လုပ်ပြီး အိမ်အပြန်တွင် မှိုနှစ်မျိုးကို ခူးလာပြီး ညစာဟင်း ချက်ကာ သားဖြစ်သူ မောင်အာပေလှ နှင့် သမီးဖြစ်သူ မရို့မေရီ တို့နှင့်အတူ စားသောက်ပြီး အိပ်ရာဝင် ခဲ့ကြသည်။

မကြာမီ ရို့မေရီ ကဗိုက်နာ ကြောင်း အော်ဟစ် ညဉ်းညူ နေသဖြင့် ဦးဂျိုးဇက် က သမီးဖြစ်သူကို ပြုစုရန် အလို့ ငှာ ထရန် ကြိုးစား သောအခါ မလှုပ်ရှား နိုင်တော့ဘဲ အော်ဟစ်ရန် ကြိုးစားသော အခါလည်း အသံမထွက် နိုင်တော့ သဖြင့် မိမိ အစာအဆိပ်သင့် နေပြီဆိုသည် ကိုသတိထား မိပြီး သမီးဖြစ်သူ သည်လည်း အစာ အဆိပ်သင့် နေပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်ပြီး သားကြီး ဖြစ်သူ မောင်အာပေလှ သည်လည်း အလားတူ ခံစား နေရသည်ကို ဝမ်းနည်းဖွယ် တွေ့ လိုက် ရသည်။

သို့ သော် သားနှင့် သမီး နှစ်ဦးလုံး ဝေဒနာ ခံစား နေရသည်ကို မကယ်နိုင် ဖြစ်ရုံမှအပ မည်သို့မျှ မတတ်နိုင် ဖြစ်နေပြီး ည ၁၂ နာရီ ခန့်တွင် သမီးဖြစ်သူ ရို့မေရီ မှာ သေဆုံး သွားခဲ့ပြီး စက်တင်ဘာ ၂၆ ရက် နံနက် ၄ နာရီ ခန့်တွင် သား ဖြစ်သူ မောင်အာပေလှ လည်း သေဆုံးသွား ခဲ့ရသည်။

ထို့ကြောင့် နားမခေါ် ရပ်ကွက် လူငယ်အဖွဲ့က ဦးဂျိုးဇက် ကိုလားရှိုး ပြည်သူ့ဆေးရုံ သို့ တင်ပို့ ပေးခဲ့ပြီး အခင်း ဖြစ်ပွားမှုကို ၄င်းနယ်မြေမှူး ဦးဇော်လွင် က သက်ဆိုင်ရာ နယ်မြေ ရဲကင်းအမှတ် (၄) ထံ သတင်းပေးပို့ ခဲ့ရာ ရဲကင်းမှူး ဒုတိယ ရဲအုပ်ဝင်းနိုင် နှင့် အဖွဲ့က မောင်အာပေလှ နှင့် မရို့မေရီ သေဆုံးရမှု ကို ဆေးရုံသို့ သေမှုသေခင်း နှင့်အတူ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

ဆင်တူ ၊ မျောက်တူ ၀က် လားရှိုး၌ မွေးဖွား



" ငါးကောင်မွေးတာ လေးကောင်မြောက်ထွက်လာတဲ့ အကောင်က ဆင်နှာမောင်းရယ် ဆင်နားရွက် နောက်ဆင်အမြီးနဲ့။ နောက်ပြီးပါးစပ်ကနေ မျက်စိပြူးထွက်နေတာပါ။ မွေးပြီးသုံးမိနစ်လောက်မှာ သေဆုံးသွားတာပါ။ နောက်တစ်ကောင်ကတော့ မျောက်ခေါင်းနဲ့ တူတဲ့တစ်ကောင်ပါ။ အဲ့ဒီ တစ်ကောင်ကတော့ အခုထိအသက်ရှင်နေပါတယ်။’’


ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ် ၁၂ ၌ ဆင်နှာမောင်းနှင့် ဆင်နားရွက်ပါ သတ္တ၀ါနှင့်မျောက်နှင့်တူသော ၀က်သားပေါက်လေး ၂ ကောင်အား စက်တင်ဘာ ၂၀ ရက်နေ့ည(၈း၀၀)နာရီဝန်းကျင်၌ မွေးဖွားခဲ့သည်ဟု သိရှိရသည်။

Shwe Myitmakha Media Group

ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ်

ကာမဂုဏ် ကိုးကွယ်သည့် မာရ်နတ်ဂိုဏ်း တစ်ဂိုဏ်း၏ လိင်အစေအပါး အဖြစ် လုပ်ကျွေး ပြုစုခဲ့ရသူ အန်နာဘယ်လ် ဖော့ရပ်စ်ဆိုသူ အမျိုးသမီးကသူငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် ၁၁ နှစ်တာအမှောင်ကာလများ အကြောင်းကို စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့ပြီး ယင်းမကောင်းဆိုးဝါး ဂိုဏ်းဝင်များ လက်တွင်း သူ့ အား ၁၁ နှစ်လုံးလုံး လိင်ကျေးကျွန် အဖြစ် ငရဲကျ စေခဲ့သည့် မိစ္ဆာဒိဌိ အယူလွဲ မိခင်ဖြစ်သူအား ၎င်းအနေဖြင့် မည်သည့် အချိန်တွင်မျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရင်ဖွင့် ပြောကြား ခဲ့သည်။

အန်နာဘယ်လ် ဖော့ရက်စ် ကိုယ်တိုင် ရေးသားထားသည့် ဖြစ်ရပ်မှန် စာအုပ်၏ မျက်နှာဖုံး။

ထို လိင်အယူလွဲ မိစ္ဆာဂိုဏ်းသို့ ခုနစ်နှစ်သမီး အရွယ်လေးမှာပင် မိခင်ရင်း ဖြစ်သူ ကိုယ်တိုင်၏ သွတ်သွင်းခြင်းကို ခံခဲ့ရသည်ဟု အန်နာဘယ်လ်က ပြောသည်။ ကာမ မာရ်နတ် ကိုးကွယ်သည့် ယင်းဂိုဏ်း၏ ဂိုဏ်းချုပ် အကြီးအကဲ ကော်လင်း ဘတ္တလေး၏ အမိန့် ကို နာခံပြီး အန်နာဘယ်လ် အနေဖြင့် လူမမည် ကလေး အရွယ်မှာပင် မိခင်၏ အယူမှားကြောင့် ကာမဒုက္ခ သားရဲတွင်းထဲ သက်ဆင်း ခဲ့ရခြင်းဖြစ်သည်။


ထိုကဲ့သို့  မိစ္ဆာဂိုဏ်း၏ ကာမ သားကောင်ဘဝသို့ သက်ဆင်းရသူများ အနေဖြင့် ရင်ဖွင့် တိုင်ကြားမှုများ ရှိလာရန် လက်ရှိ အချိန်တွင် ဗြိတိန်တစ်နေရာတွင် မိသားစု ဘဝဖြင့် ပျော်ရွှင်လျက် ရှိနေပြီဖြစ်သည့် အန်နာဘယ်လ်က အရှက်အကြောက်များကို ခဝါချကာ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော် ရင်ဖွင့် လာခြင်းဖြစ်သည်။

၎င်း ခုနစ်နှစ်သမီး အရွယ်တွင် မိစ္ဆာဂိုဏ်းချုပ်ကြီး ဘတ္တလေးနှင့် သူမိခင်တို့  သွေးသားနှီးနှော ကာမဂုဏ်ခံစား နေသည်ကို အတင်းအဓမ္မ ကြည့်ရှုခိုင်းစေ ခံခဲ့ရ သည်က လိင်အစေအပါး အဖြစ် လုပ်ကျွေး ပြုစုရမည့် အမိုက်မှောင် အစပျိုး ဖြစ်ကြောင်း သူမ၏ စာအုပ်တွင် ရေးသားထားသည်။

၎င်း ဆယ့်တစ်နှစ်သမီး ရွယ်တွင် နေအိမ်၌ပင် မိစ္ဆာ ဂိုဏ်းချုပ်ကြီး ဘတ္တလေး၏ အဓမ္မ ခြေတော်တင် အသုံးတော် ခံရကာ ပန်းဦး ဆက်သလိုက် ရသည်။ နောက်သုံးနှစ်ခန့် အကြာတွင် ယင်းဂိုဏ်း၏ ကိုးကွယ်ရာ ဓလေ့ထုံးစံ အယူဝါဒ အရ တစ်ဂိုဏ်းလုံး၏ ကာမ ဆက်ဆံခြင်းကို ခံခဲ့ရသည်။

ဘတ္တလေးက ကလေးများ အနေဖြင့် စမ်းသပ်မှုများကို အောင်မြင် ကျော်လွှား နိုင်ခြင်း အားဖြင့် ဘုရားသခင် ထံပါး ကိုယ်တိုင်ကိုယ်ကျ ခစား ဝင်ရောက် နိုင် မည်ဟု ယုံကြည် သက်ဝင် စေအောင် အယူဝါဒ ဖြန့်သည်။ စမ်းသပ်မှုများ ဆိုသည် ကလည်း ၎င်းနှင့်ဖြစ်စေ ဂိုဏ်းသားများနှင့် ဖြစ်စေ ကာမမွေ့လျော် ပျော် ပါး ခြင်းများ သည်လည်း အပါအဝင် ဖြစ်သည်။

ဘတ္တလေးကို ၂၀၁၁ ခုနှစ်တွင်းက ပြည်သူ့ လုံခြုံရေး အကာအကွယ် ပေးနိုင်ရေး အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းအနေဖြင့် ထောင်ဒဏ် အနည်းဆုံး ၁၁ နှစ် ခန့် အပြစ်ပေး ခံသွားရဖွယ် ရှိသည်။ အန်နာဘယ်လ်၏ မိခင်ဖြစ်သူ ဂျက်ကာလိုင်း မာလင်းကိုလည်း အုပ်စုလိုက် ရာဇဝတ်မှုများ ကျုးလွန်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ သို့ သော်လည်း မိခင်မာလင်း ကြောင့် ကလေးဘဝ တွင်ပင် ကာမ အစေအပါး ဖြစ်ခဲ့ရသူ၊ ယခုထိ အမည်ရင်း ထုတ်ဖော် မပြော ဝံ့ ဖြစ်နေရသူ အန်နာဘယ်လ်က သူ့ အား ကပ်ဘေး ဆိုးကြီး ယူဆောင်လာခဲ့သူ မိခင်ကို မည်သည့် အခါမျှ ခွင့်မလွှတ် နိုင်ကြောင်း ပြောခဲ့သည်။


အန်နာဘယ်လ် အသက် ၁၈ နှစ်အရွယ်တွင် ဘတ္တလေး၏ ကလေးကို မွေးဖွားပေးပြီး ၃ ရက်အကြာမှာပင် ပြည့်တန်ဆာ ပြုလုပ်ရန် စေခိုင်းခြင်း ခံခဲ့ရသည်။ ဘတ္တလေး၊ သူမ၏ မိခင် မာလင်း အပါအ၀င် အခြားသူများကို ၂၀၁၁ ခုနှစ်တွင် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ရာ လွတ်မြောက်ချိန် အထိ အန်နာဘယ်လ် သည် ယောက်ျား ၁၈၀၀ ခန့်အား ဖျော်ဖြေခဲ့ရသည်။
အဆိုပါ အယူလွဲ ဂိုဏ်း အတွင်းက ကလေးငယ်များသည် အခြားသော ကလေးများနှင့် ဆက်ဆံခြင်း မပြုလုပ်ရကြောင်း၊ ဘတ္တလေး၏ ဝတ်ကျောင်းတွင် ရေ ရှည် ခစား အမှုထမ်းရပြီး ဘတ္တလေး၏ အမိန့် မှန်သမျှ တစ်သွေမသိမ်း နာခံရကြောင်း အန်နာဘယ်လ်က ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။

"ဘယ်တော့မှ သူမျက်လုံးကို မျက်လုံးချင်းဆိုင် ကြည့်ခွင့် ဘတ္တလေးက ခွင့်မပြုဘူး။ ကျွန်မတို့ ကလေးတစ်သိုက် အပေါ် တင်းမာတဲ့ စိတ်ထားနဲ့ အုပ်ချုပ် တယ်။ နောက်ပြီး ဘုရားသခင် စိတ်ငြိုငြင်ခြင်း မရှိဖို့  သူခိုင်းသမျှ လုပ်ရမယ်လို့ အမိန့် ထုတ်ထား ပါတယ်" ဟု အန်နာဘယ်လ်က ဖော်ပြထားသည်။

Ref: Mirror
Mizzima News Daily

အမှုမှပျောက်ဆုံးသူအား တွေ့ရှိပါက ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း



ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နိုင်တိုးသည် မိသားစုနှင့်အတူ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit ကုန်စုံဆိုင်သို့ရောက်ရှိပြီး သမီး မဟံသာထွန်း၊ (၁၃)နှစ်အား ကားအတွင်း၌ထားခဲ့ကာ ဆိုင်အတွင်းသို့
ဈေးဝင်ဝယ်ပြီး ပြန်ထွက်လာစဉ် ကားအတွင်း၌ သမီးဖြစ်သူကိုမတွေ့ရှိဘဲပျောက်ဆုံးနေသဖြင့် ကူညီ စုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပါသည်။


၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းလူပျောက်အမှတ်စဉ် (၂၁/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး ဆက်စပ်မြို့နယ်များနှင့်ချိတ်ဆက်၍ ပူးပေါင်းကူညီစုံစမ်းလျက်ရှိပါသည်။

ပျောက်ဆုံးသူ မဟံသာထွန်းမှာ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၂၆)လမ်း၊ အမှတ်(၆၀)၊ (ပ)ထပ်၌ နေထိုင်သူဖြစ်ပြီး အထက(၁)ဒဂုံ၌ န၀မတန်းတက်ရောက်နေသူဖြစ်ပါသည်။

ပျောက်ဆုံးသူ၏ပုံသဏ္ဍာန်မှာ ဆံပင်ကုတ်ဝဲ၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊နှာတံပေါ်၊ ပါဝါမျက်မှန်တပ်၊ မျက်နှာသွယ်၊ အသားဖြူ၊ အရပ်(၄)ပေ(၈)လက်မခန့်ရှိသူဖြစ်ပါသည်။

အဆိုပါလူပျောက်မှုအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာတွင် မိဘပြည်သူများမှလည်း မဟံသာထွန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်တစ်စုံတစ်ရာရရှိပါက အမြန်ဆုံးစုံစမ်းတွေ့ရှိနိုင်ရေးအတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံ ဖော်ပြအပ်ပါသည်-

၀၁ ၂၃၀၀၇၄၇ ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၃၀၁၆၄၆ ရဲမှူး(ဦးစီး)၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၄၅၂၆၀ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
၀၁ ၅၃၅၉၀၅ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
၀၁ ၅၃၅၁၈၄ စမ်းချောင်းမြို့မရဲစခန်း

သားငယ် သေဆုံးမှုမှာ မိခင်ဖြစ်သူ ပတ်သက် ခဲ့သလား


၂၂ လသားသာရှိသေးတဲ့သားဖြစ်သူကို အပူလွန်ကဲတဲ့ကားထဲမှာ ခုနစ်နာရီကြာ
ထားခဲ့ပြီးအလုပ်ဆင်းခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်ကြောင့် ကလေးငယ်သေဆုံးသွားချိန် မှာတော့ ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူဂျက်စတင်ရော့ဟာရစ်ကို လူသတ်မှု နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ဟာရစ် အမှုအတွက် National Enquirer က စုံစမ်းဖော်ထုတ်လာချိန်မှာတော့ လူမဆန် တဲ့လုပ်ရပ်အတွက် သံသယရှိသူတစ်ယောက် ထပ်တိုး လို့ လာပြန်ပါတယ်။ Enquirer က သေဆုံးသွားတဲ့ ကော့ ပါးအမှုအတွက် တာဝန်ရှိရဲအရာရှိတစ်ဦးကို မေးမြန်းခဲ့ ရာမှာတော့ ကော့ပါးလေးသေဆုံးမှုမှာ မိခင်ဖြစ်သူကိုပါ သေကြောင်း ကြံစည်မှုထဲပါဝင်သူအဖြစ် တာဝန်ရှိသူတွေ က သံသယရှိနေတယ်လို့ ဆိုပါတယ်။

အကြောင်းက တာဝန်ရှိသူတွေဟာ ကော့ပါး သေဆုံးမှုကို မိခင်ဖြစ်သူ လီနာဟာ ရစ်ကို အကြောင်း ကြားခဲ့တဲ့အချိန်မှာ လီနာက ကလေးအကြောင်းကိုမမေး မြန်းခဲ့ဘဲ ခင်ပွန်းဖြစ်သူအကြောင်းကိုသာ မေးမြန်းခဲ့ တယ်လို့ ဆိုပါတယ်။ ယင်းအတွက် ရဲဝန်ထမ်းတွေက လီနာကိုစစ်ဆေးတဲ့အခါ လီနာက သူမရဲ့သားသေဆုံး အောင် ဘာကြောင့်ခင်ပွန်းဖြစ်သူက အခုလိုထားခဲ့ရ သလဲဆိုတာ သိချင်နေတဲ့အတွက်ကြောင့်ပါလို့ ဖြေကြား ခဲ့ပါတယ်။

တာဝန်ရှိသူတွေက လီနာရဲ့အဖြေဟာ သား ဖြစ်သူ ပူလောင်နေတဲ့ကားထဲ ထားရစ်ခံရမှာကိုသာ စိုးရိမ်နေပြီး သေဆုံးမှုကို စိုးရိမ်ခြင်းမရှိဘူးလို့ အဓိပ္ပာယ် သက်ရောက်နေတယ်လို့ ယူဆကြပါတယ်။ တာဝန်ရှိ သူတွေ သံသယရှိစေတဲ့နောက်တစ်ချက်ကတော့ လီနာ တို့လင်မယားဟာ သားငယ်လေးကော့ပါး သေဆုံးမှု အတွက် အသက်အာမခံကြေး ဒေါ်လာ၂၇ဝဝဝကို ထုတ် ယူခဲ့ပြီးပါပြီ။ ဖခင်ဖြစ်သူဟာရစ်ကလည်း ထောင်ကျ နေချိန်မှာ မိသားစုဝင်တွေကို ကော့ပါးရဲ့အသက်အာ မခံကြေးရရှိဖို့အတွက် ခေါ်ယူဆွေးနွေးတိုင်ပင်ခဲ့တယ် လို့ဆိုပါတယ်။

ကော့ပါးလေးရဲ့နာရေးမှာလည်း မိခင်လီနာ က သူ့ရဲ့သားငယ်ကို အသက်ပြန် ရှင်ဖို့ သူမတတ်နိုင် ရင်တောင် ပြန်မလိုချင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ် လို့လည်း သိရပါတယ်။

ခုချိန်ထိတော့ တရားဥပဒေကြောင်းအရ လီ နာကို တရားစွဲဆိုခြင်းမရှိသေးပေမယ့် တာဝန်ရှိသူတွေ က ကော့ပါးသေဆုံးမှုမှာ ပါဝင်ပတ်သက်မှုရှိတဲ့သက် သေ အထောက်အထားတွေကို စစ်ဆေးရှာဖွေနေတယ် လို့ သိရပါတယ်။

Yangon Media Group

ကျန်းမာအမြင်နဲ့တင်ပေးလိုက်တာပါ (အထူးဂရုစိုက်ရန်)




ပြီးခဲ့တဲ့နစ်လကျော်က ဒီပစ္စည်းပရိုမိုးရှင်းပွဲလာတော့ ကျွန်မဝယ်သုံးပါတယ်။ငါးဗူး တစ်ဆင် စာကိုနစ်သိန်းခွဲ ဝန်းကျင် ပေးရပါတယ်။ကျွန်မမျက်နာပျက်စီးသွားပါတယ်။ဈေးတန်ဖိုးကမြင့်ပေမဲ့ယုံကြည်စွာ သုံးစွဲခဲ့ပါတယ်။မျက်နာပျက်စီးသွားတော့ သူတို့ကုမ္ပဏီကဆေးတွေသုံးသိန်းကျော် ဖိုးတိုက် ပါတယ်။ကျွန်မကရှစ်သိန်းကျော်ဝယ်သောက် ရပါတယ်။ဒါ့အပြင် ကျွန်မအပြင် မထွက် ရဲလို့ ဆရာဝန် အိမ်ခေါ်ပြီးဆေးထိုးရပါတယ်။သူတို့ဆေး သုတို့ပစ္စည်းတွေမသုံး တာကြာပါပြီ။အခုလက်ရှိသမားတော်နင့်ပြနေဆဲပါ။ဆေးကုရတာကုန်တဲ့အကြောင်းသူတို့ကိုအကိုအကျိုးအကြောင်းပြောပြပါတယ်။ဆေးစစ်ထားတဲ့အဖြေ စာရွက်တွေလည်းရှိပါတယ်။သူတို့ကသိပေမဲ့လည်းယခုအချိန်ထိ မဖြေရှင်းပေးခဲ့ပါဘူး။ယခုဒီစာတင် ပြီးအချိန်မှစ၍ လကုန်အထိစောင့်ပါမယ်။လကုန်လို့မှဘာမှမဖြေရှင်းပေးနိုင် ရင်ဆိုင် ရာနင့် စကားပြောပြီး ဂျာနယ်များမှာထည့်မည် ဆိုသည့်အကြောင်းကြိုတင် ပြောလိုက်ပါတယ်။ှ

ပထမကောင်းမလေးကို FACEBOOK မှာတွေ့ ပြီး ဒုတိယကောင်းမလေးကို KTV မှာ တွေ့လို့ ယူလိုက် တဲ့ကုလားဇာက်လမ်း

8.9.2014 ည အမရပုရမြို့၊ ဆုတောင်းပြည့်တရားပွဲမှ ကျောင်းကိုပြန်ရောက်တော့ ကျောင်းရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်ထားသည်ကို တွေ့ရ၏။ တပည့်တွေ မတ္တရာမှပန်လာမှန်း သိလိုက်ရ၏။
ရွတ်လက်စ ပဋ္ဌာန်းတရားအပြီးမသတ်သေး၍ ကျောင်းပေါ် မတက်ဖြစ်သေး။

ကျောင်းပေါ်ရောက်တော့ ကုလားရယ်၊ မယားရယ်၊ ကုလားယောက္ခမ အတော်မခံချင်သူရယ်၊ လူတွေရယ်၊ ဦးဇင်းတွေရယ် စုံလင်နေပြီဖြစ်၏။

ကုလားက မတ္တရာမှာနေသည်။ နွားမှောင်ခိုကူးသည်။ အမဲလိုင်စင်ဆွဲသည်။ ကားမောင်းသည်။ လုပ်ငန်းစုံ လုပ်၏။

မတ္တရာမှာ မယားကြီးနှင့်အတူနေသည်။ မယားကြီးက ဗမာ/ဗုဒ္ဓ။ ကုလားနှင့်ညားမှ ဗမာ/အစ္စလာမ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

မယားလတ်ကို မန္တလေးအောင်ပင်လယ်မှာ အိမ်ငှားနှင့်ထားသည်။ တစ်ပတ်တစ်ခါမှ ကုလားက မယားလတ်ထံ ပြန်လာသည်။ မယားလတ်က ဗမာ/ဗုဒ္ဓ။ မယားလတ်ကိုတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ပေးထားသည်။

နောက်ဆုံးမယားက နောင်ချိုသူ။ ရှမ်း ဗမာ-ကပြား။ ပထမအကြိမ် ခိုးပြေးပြီး ပေါင်းသင်းတာ ခြောက်လကြာမှ ရှာတွေ့သွား၍ ကုလားနှင့်သွေးသားမတော်စပ်လိုသော မိဘများက ပြန်ခေါ်သွားခဲ့သောကြောင့် ကောင်မလေး နောင်ချိုပြန်လိုက်သွားခဲ့ရ။

နောင်ချိုသူလေးကိုလည်း ကုလားက မန္တလေးမှာ တိုက်ခန်းငှားပေးထား၏။ ကောင်မလေးကို မိဘတွေက ပြန်ခေါ်သွားသည့်အခါ ရေခဲသေတ္တာအပါအဝင် ပရိဘောဂများကို မယားလတ်အိမ်မှာ ယူထားရ။ မယားလတ်သိအောင် သူငယ်ချင်းပစ္စည်းတွေဟု လိမ်ညာထားခဲ့ခြင်းဖြစ်သည်။

နောင်ချိုသူလေးကလည်း တစ်လင်ကွာ တစ်ခုလပ် ကလေးတစ်ယောက်မိခင်။ နောင်ချိုမှာ ဗြူတီပါလာလုပ်သည်။ တစ်လဝင်ငွေ သိန်း(၂၀)ကျပ် ရှိသည်ဆို၏။

ကုလားနှင့် FB မှာ စတင်တွေ့ရှိသည်ဟု ကောင်မလေးက ဆို၏။ သူမမိခင်ကမူ နောင်ချိုသို့ နွားမှောင်ခို လာကူးရာမှ တွေ့ကြသည်ဟုဆို၏။

ဤသို့ဖြင့် နောင်ချိုသူလေးက အဖမ်းကြမ်းကြမ်း၊ အနမ်းစုတ်စုတ် ကုလားယုတ်ကို မခွဲနိုင်သောကြောင့် ဒုတိယ အကြိမ်ထွက်ပြေးပြန်၏။

ကုလားက ပြင်ဦးလွင်သို့ သွားကြိုသည်။ အောင်ပင်လယ်မှာ အိမ်ငှားပေးထားသည်။ ကောင်မလေးနှင့် တစ်ညသာအတူနေပြီး မတ္တရာမှာ မူဟန်မပျက် ပြန်နေပြသည်။

မိဘများလိုက်လာ၍ မေးသော်လည်း မဖြေ။ မသိ၊ မရှိ၊ မဟုတ်၊ မလုပ်ဟုသာ ငြင်းဆန်တင်းခံနေတော့၏။ ကုလားက ဘူးခါနေသော်လည်း ကောင်မလေးမှတ်ပုံတင် ကုလားဆီမှာရှိမှန်း မိဘတွေက သတင်းရသွား၏။ ထုံးစံအတိုင်း အိပ်စိုက်လူမိုက်အဖွဲ့ထံရောက်လာသည်။

နယ်မြေခံ အာဏာပိုင်များ၊ သံဃာတော်များနှင့် ပူးပေါင်းလုပ်ဖို့ မှာကြားလိုက်သည်။ ကုလားက တစ်နေကုန် ဘူးခါနေသည်။ မတ္တရာ-တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လူတွေက ရုန်းရုန်း။

ကုလားက ဗုဒ္ဓဘာသာ ယောင်ဆောင်ထား၍ အချဉ်ဖြစ်နေသော ဆရာတော် တစ်ပါးက ကုလားဘက်က။ အခြေအတင်း ဖြစ်ကြသော် အဖြေမှန်မထွက်၍ ဘုန်းကြီးရော ကုလားပါ ကျောင်းခေါ်လာခြင်းဖြစ်၏။

ကျောင်းရောက်မှ ကုလားက အမှန်အတိုင်း ဖွင့်ပြောသဖြင့် မယားလတ်ရှိမှန်းသိကြရ။ မယားလတ်ရောက် လာတော့ ငိုပါလေရော။ လေးနှစ်သမီးလေးကို ရင်ခွင်ပိုက်လျက် ကလေးတစ်ယောက်လို ရှိုက်ဖိုငိုကြွေး နေသည်မှာ သနားစရာ။

(သြော်……ကုလားမယားဘဝ)
နောင်ချိုသူလေးကို အိမ်ငှားထားသော်လည်း နေရပ်လိပ်စာပြောမပြတတ်၍ ရှာရခက်နေ။ ရဲတပ်ဖွဲ့က ရှာမတွေ့၍ ကုလားကို ဖုန်းဖြင့် လှမ်းဆူနေ၏။ ၁၂း၀၀ နာရီထိုးမှ ရှာတွေ့သည်။

နောင်ချိုသူလေးရောက်လာသည်။ ဆဲပင်နီနီနှင့် နီနီခင်ဇော်မှ တကယ့် နီနီခင်ဇော်အတိုင်းပင်။ မယားလတ်ကလည်း နောင်ချိုသူလေးကို တွေ့ချင်သည်ဆို၍ စောင့်နေရာ မိန်းမသားချင်း စကားပြော ကြသည်။ ၄င်းနောက် နီနီခင်ဇော်က ကုလားနှင့် နှစ်ယောက်တည်း ပြောပါရစေ ခွင့်တောင်းပြီး နှစ်ကိုယ်ကြား အပိုစကားဆိုကြသည်။

ထိုစဉ် မိခင်ကြီး သတိလစ်မေ့မျောသွားသည်။ လူတွေ သံဃာတွေက ဝိုင်းဝန်း နှူးနှပ်လေခတ်ပေးကြသော် လည်း နီနီခင်ဇော်က ကုလားနှင့် စကားပြောမပြတ်။

နောက်ဆုံးတော့ ကုလားကိုယ်တိုင်က လုံးဝလက်မခံတော့ကြောင်း လုံးဝ မဖြစ်နိုင်တော့ကြောင်း ပြောလိုက်မှ သတိလစ်နေသော မိခင်ကို ရပ်ကြည့်ဖော်ရ သွားတော့၏။ သို့သော် ကူးခြင်း၊ ထူခြင်း၊ ပြုစုခြင်း လုံးဝမရှိပေ။

နီနီခင်ဇော်တို့မိသားစုကို နောင်ချိုပြန်လွှတ်လိုက်သည်။ ကုလားနှင့် ကုလားဆရာ ဘုန်းကြီးကို မတ္တရာ ပြန်လွှတ်လိုက်သည်။ မယားလတ်နှင့် သမီးငယ်လေးကို အောင်ပင်လယ်လိုက်ပို့ခိုင်းလိုက်သည်။
ည ၁၂း၃၀ နာရီမှ အိပ်ရာဝင်ရ၏။ မနက် ၅း၀၀ နာရီ လေဆိပ် သွားရမည်ဖြစ်သောကြောင့် အမြန်လူစုခွဲလိုက် ရခြင်းဖြစ်၏။ ဆရာတော် ဦးဥတ္တမအခမ်းအနားအတွက် ဘာတစ်ခုမျှ မပြင်ဆင်ရသေးပေ။


နီနီခင်ဇော်ကလည်း သံဃာတွေကို ရှိခိုးတောင်းပန်၏။ ကုလားကလည်း ရှိခိုးတောင်းပန်၏။
ကုလားက ဘုန်းကြီးနှင့်ပေါင်းသင်းတတ်ပုံရ၏။ ဗုဒ္ဓဘာသာ စိတ်ဝင်စားကြောင်း မက်လုံးပေးထား၍ အခွင့်အရေးတော်တော်ရနေ၏။ သိမ်တောင်ဘုန်းကြီးက ဖုန်းတစ်လုံး ဝယ်ပေးထားသည်။ အကာအကွယ် လည်း ပေးထားသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်က တံငါရွာမှာ ကုလားတစ်ယောက်က ကောင်မလေး တစ်ယောက်ကို မုဒိမ်းကျင့်ရာမှ လူစိမ်းကုလားတွေအားလုံး နှင်ထုတ်ခံရ၏။ သို့သော် ကုလားကျော်ဇောမပါ။ ဗုဒ္ဓဘာသာယောင်ဆောင်ထား သောကြောင့်ဖြစ်၏။ အခုတော့ ကုလားမှန်း ဘူးပေါ်သလို ပေါ်သွားသဖြင့် ရွာသူ/ရွာသားတွေ ဘယ်လို ဆုံးဖြတ်ကြမည်မသိပေ။

ကုလားကျော်ဇောပြောသည့် စကားက စိတ်ဝင်စားစရာကောင်းသည်။
ဒုတိယမယားကို KTV မှာ တွေ့တာပါတဲ့။ သနားလို့ ယူလိုက်တာပါတဲ့။

နောင်ချိုသူလေးကျတော့ကောမေးတော့။ နောင်ချိုသူလေးကို မိဘတွေက အမြဲနှိပ်စက်တယ်။ ဒါကြောင့် သနားလို့ ယူလိုက်တာပါတဲ့။ ဒီလိုနဲ့ သနားလို့ သနားလို့ ဆိုပြီး ယူလိုက်တာနဲ့ မိန်းမ သုံးယောက် ဖြစ်သွားတာ ပါတဲ့။

ကောင်မလေးပြောသလို မိဘကနှိပ်စပ်သည် မနှိပ်စက်သည်တော့ မပြောတတ်။ မိခင်က သမီးဇောနှင့် မအိပ်နိုင် မစားနိုင်ဖြစ်ကာ သတိလစ်မေ့မျောသွားသည်မှာတော့ လက်တွေ့ပင်ဖြစ်၏။
နိုင်ဂရု(ပ်)မှ ကုလားကျော်နိုင်ဦး ပြောသည့် စကားတစ်ခွန်းရှိသည်။

“အမျိုးဖျက်ချင်ရင် ငွေနှင့်ဖျက်ရတယ်ကွ။ အဲဒါကို -ီး စစ်ဆင်ရေးလို့ခေါ်တယ်။”
ကုလားတွေက မိန်းမကြောသိသည်။ အညှာကိုင်တတ်သည်။ အထာပိုင်တတ်သည်။ ကုလားဦးရေ တိုးပွားရေး အတွက် မိန်းကလေးတွေက ကုလားတွေရဲ့ ပစ်မှတ်ဖြစ်နေတာဟာ အမျိုးဘာသာ သာသနာအတွက်တော့ အန္တရာယ်အချက်ပါပဲ။

ဝီရသူ(မစိုးရိမ်)
WEB စာမျက်နှာကူးယူဖော်ပြသည်။






ဖခင်ဖြစ်လာတဲ့ လူငယ်လေးတစ်ဦးရဲ. ကြံရာမရသဖြင့်လုယက်မှုကျူးလွန်မတတ် ဖြစ်ခဲ့ရသူမိသားစုလေးရဲ.နောက်ဆက်တွဲ သတင်းလေး









(၂၉-၈-၂၀၁၄)နေ့ ည ၈ နာရီအချိန်တွင်ဖြစ်ပွားခဲ့သော ငမိုးရိပ်ရပ်ကွက် ရွှေရည်လမ်းမကြီးပေါ်၌ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးဆီမှလူငယ်တစ်ဦး ပိုက်ဆံအိတ်လု၍ထွက်ပြေးသွားခဲ့သည်။အနောက်မှသူခိုး ခိုးဟုအော်ဟစ်အကူအညီတောင်းခံ ရာ လမ်းအတွင်းမှ လူငယ်နှစ်ဦး ဝိုင်းဝန်း ထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။


လူငယ်လေး၏ အမည်မှာ ကိုဖိုးလုံးအသက်(၁၉)နှစ် ဇနှီးဖြစ်သူ မဇင်မာထွေး
အသက်(၁၇)နှစ် တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းတွင် နေထိုင်ပြီး
အိမ်ထောင်သက် ၉ လခန့် သာရှိသည်။ဖိုးလုံး၏ အလုပ်အကိုင်မှာ စည်ပင်လမ်း
တံတား ဗိုလ်တထောင်မြို့နယ်တွင်ပန်းရံအလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း
ပြုသည်။

ဇနှီးဖြစ်သူမီးဖွားမည့်အတွက် အလုပ်မှတပတ်ခန့် အနားယူခဲ့ပြီး ဆေးရုံတွင်ဇနှီးနှင့်
အတူရှိနေခဲ့သည်။ဖြစ်စဉ်နေ့ တွင်ဆေးဝယ်ရန် တာဝန်ရှိဆရာမ မှ ဆေးစာရေးပေး
ခဲ့ပါတယ်။ဆေးစာအားယူဆောင်၍ ဖိုးလုံးတစ်ယောက် စိတ်အားငယ်ခဲ့ရသည်။
ဘာလုပ်၍ဘာကိုင်ရမှန်မသိခဲ့ပါ။သိုနှင့် ဆေးစာကိုင်၍ထွက်မည့်ထွက်ရာ လျှောက်လာ
ခဲ့၏။မိုးလေးက တဖွဲဖွဲရွာနေပြီး လမ်းသွားလမ်းလာ အနည်းငယ် ရှင်းနေသည်။
ထိုစဉ် အမျိုးသမီးနှစ်ဦးစကားပြော၍ လမ်းလျှောက်လာသည်ကိုမြင်လိုက်ရပြီး
လက်တွင် ပိုက်ဆံအိတ်အား အမှတ်မထင် တွေ့မြင်လိုက်ရသည်။ချီတုန်ချတုန်
အတွေးများဖြင့် ကြောက်ရွံ့နေစဉ် သမီးလေး၏ မျက်နှာအား ပြန်ပြေးမြင်မိ၏။
နောက်ဆုံးကြံရာမရ ဖြစ်ကာ ထိုအမျိုးသမီးလက်မှ ပိုက်ဆံအိတ်အား လုယူ
ထွက်ပြေးခဲ့လေသည်။ဖမ်းမိစဉ်ကြောက်ရွံ့တုန်လှုပ်နေမိပါသည်။အကယ်၍များ
ဖမ်းဆီးခံရမည်ဆိုလျှင်ဇနှီးနှင့်သမီးလေးဘယ်သို့ ဘယ်ပုံများဆက်လက် ဖြစ်
လာမည်ကို တွေးရင်းဝိုင်းထားသော လူများအား လက်အုပ်ချီကတော့၍ ဖြစ်စဉ်
အား ပြောပြမိခဲ့သည်။

အဖမ်းခံရသူ ထိုလူငယ်မှ လက်အုပ်ချီ၍တောင်းပန်စကားပြောကြားခဲ့သည်။ထိုလူငယ်
မှ တုန်လှုပ်ခြောက်ခြားနေသည်ကို သတိထားမိကြသည်။လမ်းမိသားစုမှ စံပြဆေးရုံသို့  လိုက်ပါသွားခဲ့ပြီး ဖြစ်စဉ်အမှန်ကို သိရှိလာခဲ့ရသည်။လူငယ်လေး၏ ဖခင်စိတ်ထားရှိပုံ
ကို လွန်စွာမှ လေးစားခဲ့ပါသည်။မိမိတတ်နိုင်သောအဝတ်အစားများ လမ်းမှစုပေါင်း
ပေးလှူကြသော ငွေကျပ်၆၀၀၀၀အား ဆေးရုံတွင် မီးဖွားနေသောထိုလူငယ်လေး၏
ဇနှီးဖြစ်သူ အား ကိုယ်ထိလက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။

(၃၀-၈-၂၀၁၄) နေ.တွင် ထိုလူငယ်လေးမိသားစုမှာ စံပြဆေးရုံမှ ဆင်းသွားကြသဖြင့်
သူတို.နေထိုင်ရာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းသို. လိုက်လံရှာဖွေခဲ့ပြီး
အမှန်တကယ် ဆင်းရဲကျပ်တည်းနေကြသည့် လူငယ်မိသားစုလေး(၃)ဦးအား တာမွေ
မြို့နယ်မှ စေတနာရှင် Romeo Ted မိတ်ဆွေနှင့်မိသားစုဝင်များ ထပ်မံ၍ သွားရောက်
လှူဒါန်းခဲ့ကြပါသည်။

အသက်(၁၉)နှစ် နှင့် အသက် (၁၇) နှစ်အရွယ် ကိုဖိုးလုံး + မဇင်မာထွေး တို.မိသားစု
လေးလို ဘ၀မျိုးတွေအတွက် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ.အလုပ်အကိုင်အခွင့်
အလန်းတွေ အမြန်ဆုံးပေါ်ပေါက်ပြီး ဘယ်တော့များမှ ငြိမ်းချမ်းတဲ့မြန်မာ့လူ.အဖွဲ.အစည်း
ဖြစ်လာလေမလဲလို. ဆုတောင်းမိနေရင်း

သတင်းဓါတ်ပုံ- ကိုမင်း