Showing posts with label IS အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုများ. Show all posts
Showing posts with label IS အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုများ. Show all posts

အီရတ်တွင် အိုင်ဆစ်များက စပိုင်များကို သတ်ဖြတ်သည့်ပုံများ ထွက်ပေါ်လာပြန်





အီရတ်၊ ဆလာဟူဒင်ပြည်နယ်တွင် အိုင်ဆစ်များက လူလေးယောက်ကို သတ်ပစ်လိုက်သည့် ရွံရှာဖွယ် ဓာတ်ပုံများ ထွက်ပေါ်လာသည်။ ထိုသူများမှာ အိုင်ဆစ်အဖွဲ့တွင်းဝင်ရောက်ပြီး စပိုင်လုပ်သည့်အတွက် ယခုကဲ့သို့ သုတ်သင်ခံရခြင်းဖြစ်သည်ဆိုသည်။ ထိုသူများမှာ လိမ္မော်ရောင် ထက်အောက်ဝမ်းဆတ် ဝတ်ဆင်ထားပြီး သတ်ကွင်းဆီသို့ ဦးတည်လျှောက်လာရသည်။ အိုင်ဆစ် စစ်သွေးကြွများက ထိုသူတို့ကို ဒူးထောက်စေပြီး နောက်တည့်တည့်မှနေ၍ နောက်စေ့တည့်တည့်ကို ပစ်သတ်လိုက်သည်။ ယင်း သွေးအေးအေးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်မှု ဓာတ်ပုံများမှာ အိုင်ဆစ်၏ အာဏာပါးကွက်သား ဂျီဟာ့ဒီဂျွန်ဆိုသူမှာ လန်ဒန်မြို့သား၊ ဝတ်စ်မင်စတာတက္ကသိုလ်မှ ကွန်ုပြူတာပရိုဂရမ်မင်း ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ မိုဟာမက် အမ်ဝါဇီဖြစ်ကြောင်း ပေါ်ပေါက်ပြီး နာရီပိုင်းအကြာ၌ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 
OE

http://www.dailymail.co.uk/…/Hours-CAGE-blame-Jihadi-John-b…

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်




အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဟစ်မြို့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အီရတ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ISIS တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးသည် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်းက အီရတ်အစိုးရနှင့် ISIS ဆန့်ကျင်ရေးအုပ်စုများဘက်သို့ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်ကြောင် ဟစ်မြို့ဒေသခံများ၏ပြောကြားချက်အရသိရသည်။


ISIS များ သေဆုံးခဲ့သူ လူ ၃၀ ခန့်ကို မြို့၏ ထင်ရှားရာ လမ်းမကြီဖြစ်သည့် အယ်ဘာကာ တွင်စီတန်းစေပြီး သေနတ်ဖြင့် ပစ်ခတ်မှုမပြုခင် မြို့အတွင်းသို့ စီတန်းလှည့်လည်စေမှုပြုခိုင်းခဲ့ပြီး ISIS ကိုဆန့်ကျင်သူများအနေဖြင့် ၎င်းတို့ကဲ့သို့ သေပွဲဝင်ရမည်ဖြစ်ကြောင်း မြို့သူမြို့သားများအား ခြောက်လှန့်မှုများလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆွန်နီလူမျိုး ၃၀ ဦးခန့်နှင့် ပတ်သက်ပြီး အီရတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ယခင်က အီရတ်အစိုးရတပ်ဖွဲ့ဝင်များဖြစ်ခဲ့ဖွယ်ရှိသည်ဟု သိရသည်။

အောင်ဟိန်းခိုင် ( ref : dailymail)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဆီးရီးယားတွင် IS အဖွဲ့မှ လူ ၇ ဦး နှင့် အမျိုးသမီး ၃ ဦး ကို ခေါင်းဖြတ်သတ်


IS အဖွဲ့ ချီတက်ရာလမ်းကြောင်း၌ ခုခံသူများကို ခြောက်လှန့်ပြသည့် သဘောဖြင့်IS အဖွဲ့မှ ဆီးရီးယား၊ ကာ့ဒ်မြောက်ပိုင်း နယ်မြေ၌ လူ (အမျိုသား) ၇ ဦး နှင့် အမျိုးသမီး ၃ ဦး ကို ခေါင်းဖြတ်သတ်လိုက် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အုပ်စုတစ်ခု မှ ဗုဒ္ဓဟူး (အောက်တိုဘာ ၁) နေ့က ပြောကြားသည်။


တူရကီ နှင့် နယ်စပ်၊ ကာ့ဒ်မြို့ ကိုဘာနီ၏ အနောက်ဘက် ၈ မိုင်အကွာ၌ IS မှ အမျိုးသမီး ၃ ဦး အပါအဝင် ကာ့ဒ်တပ်ဖွဲ့ဝင် ၅ ဦး နှင့် ဆီးရီးယား အာရပ်သူပုန် ၄ ဦးကို ဖမ်းဆီးထားခဲ့ပြီး အင်္ဂါ (စက်တင်ဘာ ၃၀) နေ့က ခေါင်းဖြတ်သတ်ပစ်လိုက်သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ရာမီ အဗ္ဗဒူလ် ရာမန်က ပြောကြားသည်။

ကာ့ဒ်အရပ်သားအမျိုးသားတစ်ယောက်လည်း ခေါင်းဖြတ်အသတ်ခံရသေးသည်ဟု ၎င်းက ပြောကြားသည်။
IS အဖွဲ့မှ အီရတ် နှင့် ဆီးရီးယားတွင် ၎င်း၏ ရန်သူများ နှင့် အရပ်သားများအား ခေါင်းဖြတ် သတ်ပစ်လေ့ ရှိသည်။

IS အဖွဲ့မှ နိုင်ငံခြားသား သတင်းထောက်များနှင့် ကူညီရေးလုပ်သားတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်သည်။

မျိုးမင်းသန့် ဘာသာပြန်ဆိုသည်

ရွှေမြန်မာမီဒီယာ

IS က ရက်ကာတွင် ကလေးစစ်သားများစုဆောင်း။

IS စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့ ကိုထိန်းချုပ်ထားပြီး ကလေးငယ်များကို မိဘများထံမှ အတင်း အကြပ်ဆွဲခေါ်ကာ IS တပ်ဖွဲ့ ဝင်အဖြစ်သွတ်သွင်းပြီး ဂျီဟာဒ်တိုက်ပွဲ ဆင်နွဲစေခြင်း၊ သတင်းစုဆောင်းစေခြင်း များ ကို အတင်း အဓမ္မပြုလုပ်နေကြောင်း ရက်ကာမြို့ မှထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက နိုင်ငံတကာ သတင်း မီဒီယာများကို ယနေ့ ပြောပြသည်။ 

၁၆ နှစ်အောက်ကလေးငယ်များအတွက် လေ့ကျင့်ရေးစခန်းသီးသန့် ရှိပြီး မိဘများထံမှ အတင်းအဓမ္မခေါ်ဆောင် ခြင်း၊ လမ်းပေါ်မှဆွဲခေါ်ခြင်းဖြင့် စုဆောင်းထားသော ကလေးဦးရေအမြောက်အများကို လူသားဗုံးများသဖွယ်ဖြစ် လာအောင် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ 

IS သည် သောကြာနေ့ ဝတ်ပြုချိန်အပြီးတွင် လူသတ်မှုများစွာကျူးလွန်လေ့ရှိပြီး အချို့ ကိုမမြင်ကွယ်ရာတွင် သတ် ဖြတ်သော်လည်း အချို့ ကိုမူ လူပုံအလယ်တွင်သတ်ပြခြင်း၊ ခေါင်းဖြတ်ပြခြင်း၊ ကားစင်တင်ထားခြင်းတို့ ကို ပြုလုပ် လေ့ရှိပြီး အဆိုပါကလေးငယ်များကိုလည်း လူသတ်ပွဲကြီးအား ကြည့်ခိုင်းကြောင်း သိရသည်။ 

အမေရိကန်နှင့်မဟာမိတ်တို့ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ နေလူထုလည်းထိခိုက်ဒဏ်ရာရရှိရာဝယ် လူထု က နေအိမ်များတွင်ဖွင့်လှစ်ထားသော ယာယီဆေးခန်းများတွင် ဖြစ်သလိုဆေးကုရပြီး IS များကမူ သီးခြားဆေးရုံဖြင့် မိမိလူများကိုဆေးကုကာ အရပ်သားများအား လုံး၀၀င်ခွင့်မပေးကြောင်း သိရသည်။ 

ရက်ကာတွင် ပညာရေးသင်ကြားမှု လုံးဝရပ်ဆိုင်းသွားပြီး မြို့ နေလူထုမှာလည်း အစာရေစာရှားပါးမှုနှင့် ကြုံတွေ့ နေ ရကာ အိမ်အများစုကိုလည်း IS တို့ ကသိမ်းပိုက်ထားသည့်အတွက် လူထုမှာ လမ်းပေါ်ရောက်ကာ အတိဒုက္ခနှင့် ကြုံ တွေ့ နေရကြောင်း သိရသည်။ 

ပညာတတ်လူငယ်များက IS ၏ ရက်စက်ရမ်းကားနှိပ်စက်မှုကို ဓါတ်ပုံ၊ဗီဒီယိုများရိုက်ကူးကာ Facebook ပေါ်တွင် Raqqa is being silently slaughtered အမည်ဖြင့်စာမျက်နှာဖွင့်လှစ်ဖော်ပြနေရာ IS ကစုံစမ်းဖော်ထုတ်ပြီး အသတ်ခံရသူ တစ်ဦးရှိကြောင်း သိရသည်။ 

ရက်ကာမြို့ စောင့် လွတ်လပ်သောဆီးရီးယားတပ်မတော် (FSA) မှာ ဆုတ်ခွာခဲ့ရပြီး သမ္မတအာဆာဒ်တပ်ဖွဲ့ နှင့် IS နှစ်ဖွဲ့  လုံးအားတိုက်ခိုက်နေရသော FSA အဖို့  မဟာမိတ်တပ်ပေါင်းစုက အာဆာဒ်တပ်ဖွဲ့ ကိုချေမှုန်းလိုက်လျင် IS တစ်ဖွဲ့ နှင့်သာရင်ဆိုင်ရမည်ဖြစ်သည့်အတွက် IS ကိုတိုက်ထုတ်နိုင်လိမ့်မည်ဟု ရက်ကာလူထုက မျှော်လင့်နေ ကြောင်း အဆိုပါလွတ်မြောက်လာသူ က ပြောပြသည်။ 

IS တို့ က ရက်ကာသည် နတ်ဘုံနတ်နန်းဖြစ်သည်ဟု ကြွေးကြော်နေကြသော်လည်း လူထုမှာ အသက်မသေ အောင် နည်းမျိုးစုံဖြင့် ရုန်းကန်နေရပြီး အချိန်မရွေး အသက်သေဆုံးနိုင်သည်ကို သိသည့်ကြောက်စိတ်ဖြင့် အစဉ် တုန်လှုပ်ခြောက်ခြားနေရကြောင်း သိရသည်။

Lashio News Diary

အမေရိကန်သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ ကူညီပေးရေး ၀န်ထမ်းတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုပြကွက်၌ ပါဝင်သူကို FBI ဖော်ထုတ်

ISIS EXECUTIONER IDENTIFIED, FBI CHIEF SAYS


ဝါရှင်တန် ၊ ၂၇-၉-၂၀၁၄

အမေရိကန် သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး ဝန်ထမ်းတစ်ဦး ကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယို ပြကွက်၌ ပါဝင်သည့် စစ်သွေးကြွမှာ မည်သူ ဖြစ်ကြောင်းကို အက်ဖ်ဘီအိုင် အဖွဲ့က ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် သတင်းထောက် နှစ်ဦးကို သတ်ဖြတ်သည့် ဗီဒီယို ပြကွက်တွင် ပါဝင်သည့် စစ်သွေးကြွသည် ဗြိတိန် လေယူလေသိမ်း ဖြင့် အင်္ဂလိပ်စကားကို ပြောကြား လေ့ရှိပြီး ၄င်း ပြောကြားသည့် လေယူလေသိမ်း အရ အဆိုပါ စစ်သွေးကြွမှာ ဗြိတိန်နိုင်ငံ တောင်ပိုင်းမှ ဖြစ်ဟန်ရှိကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေ က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ စစ်သွေးကြွ ၏ အမည်နှင့် နိုင်ငံသားကိုမူ ၄င်းက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ဥရောပနိုင်ငံ တစ်နိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများ အရ ဗီဒီယိုပြကွက် တွင် ဓားကိုင်လျက် ရပ်နေသည့် စစ်သွေးကြွမှာ လန်ဒန်မြို့မှ ဖြစ်နိုင်ဖွယ် ရှိသည့်အပြင် အာရှနိုင်ငံ တစ်နိုင်ငံမှ ဗြိတိန်နိုင်ငံ အတွင်းသို့ ဝင်ရောက် အခြေချ နေထိုင်သည့် မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

အမေရိကန် အာဏာပိုင် များသည် အဆိုပါ စစ်သွေးကြွမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဗြိတိန် ထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင် ပြီးနောက် ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ယင်း စစ်သွေးကြွ အဖွဲ့သည် အမေရိကန် သတင်းထောက် နှစ်ဦးအပြင် အရှေ့ အလယ်ပိုင်းဒေသ တွင်း၌ အကူအညီ ပေးရေး လုပ်ငန်းများတွင် ပါဝင်လျက် ရှိသည့် စကော့တလန် မှ ဒေးဗစ်ဟိန်းစ် ကို သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

PyiChitThar

IS စစ်သွေးကြွများက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် ကွပ်မျက်လိုက်ပြန်ပြီ

အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်တွင် ISIS အကြမ်းဖက် သမားများက ဘာသာရေး အထိမ်းအမှတ် များကို ဖျက်ဆီးလျက် ရှိကြောင်း ဖေ့ဘုတ်ပေါ် တွင် ရေးသားခဲ့သူ လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် သတ်ဖြတ် ခဲ့သည်။



ဆာမီရာ ဆာလစ် အယ်လ်နူအီမိ ဆိုသူ ယင်းအမျိုးသမီးက မြို့ ၏ ဘာသာရေး နေရာများကို IS တို့ ဖျက်ဆီး နေသည်ဟု ဖေ့ဘုတ် ပေါ်တွင် ရေးသား ခဲ့ပြီး အချိန် မကြာမီမှာပင် စက်တင်ဘာ ၁၇ ရက်က အိမ်သို့ လာရောက် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

နူအီမီကို ရှာရီယာ ဥပဒေ (မွတ်စလင် ဘာသာရေး ဥပဒေ) အရ အရေးယူ ခဲ့ခြင်း ဖြစ်ပြီး ငါးရက်ကြာ ညှင်းပန်း နှိပ်စက်ခဲ့ကာ နောက်ဆုံးတွင် ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် အရ သိရသည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့ များက IS ပစ်မှတ်များကို လေကြောင်း ထိုးစစ် သုံးညမြောက် ဆင်နွှဲပြီး အချိန်တွင် နူအီမီ သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ နူအီမီကို တနလာင်္နေ့က ကွပ်မျက် ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖေ့ဘုတ် အကောင့် ကိုလည်း ဖျက်ပစ် ခဲ့ကြောင်း မစ်ရှင်က ထုတ်ပြန် ခဲ့သည်။

IS တပ်များက ဇွန်လမှ စကာ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ အနှံ့ ထိုးစစ်များ ဆင်နွဲခဲ့သည်။ အီရတ် နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်လည်း ၎င်းတို့ လက်အောက် ကျရောက် နေသည်။ ယင်းတို့သည် သြဂုတ်လ အတွင်း မြို့ ရှိ သမိုင်းဝင် အထင်ကရ နေရာများ အပြင် ဗလီများနှင့် သချိင်းဂူများ ကိုပါ ဖျက်ဆီး ခဲ့ကြသည်။
by Mizzima News