Showing posts with label ပြည်တွင်းအားကစားသတင်း. Show all posts
Showing posts with label ပြည်တွင်းအားကစားသတင်း. Show all posts

သန်းသန်းထွေးနှင့် စန်းစန်းမော် လက်ရွေးစင်ဘောလုံးသမားဘ၀မှ အနားယူယူလိုက်ပြီ





မန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတွင် ကွင်းလယ်ဗိုလ်ချုပ်ဟု လူသိများ သည့် လက်ရွေးစင်ကစားသမား သန်းသန်းထွေးနှင့် အသင်းခေါင်း ဆောင် စန်းစန်းမော်တို့နှစ်ဦးသည် တရုတ်(တိုင်ပေ)အသင်းနှင့် အိုလံပစ်ခြေစစ်ပွဲအပြီးတွင် လက်ရွေးစင် အားကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်လိုက် ကြောင်း သတင်းရရှိသည်။


စန်းစန်းမော်နှင့် သန်းသန်း ထွေးတို့သည် ၂၀၀၁ ဆီးဂိမ်းပြိုင် ပွဲမှစတင်ကာ အမျိုးသမီး လက် ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ ပြီး အအောင်မြင်ဆုံးအဖြစ်၂၀၀၄ နှင့် ၂၀၀၇ တို့၌ အသင်းနှင့်အတူ အာဆီယံအမျိုးသမီးချန်ပီယံ ဆု ဖလားရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သည်။

မြန်မာအမျိုးသမီးလက်ရွေး စင်အသင်းတွင် နှစ်ပေါင်း ၁၄ နှစ် ကျော် လက်ရွေးစင်အဖြစ် ကစား ခဲ့သည့် ကွင်းလယ်ကစားသမား သန်းသန်းထွေးသည် အိုလံပစ်ခြေ စစ်ပွဲမတိုင်မီ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ကာလရှည်အနား ယူခဲ့ရသည်။ ယင်းပြိုင်ပွဲနှင့် လွဲချော်ရန် အခြေအနေများရှိခဲ့ကာ ပြိုင်ပွဲမတိုင်မီ ဒဏ်ရာပြန်လည်သက်သာလာ၍ ခြေစစ်ပွဲဝင်ပြိုင်မည့် လူစာရင်းတွင် ပါဝင်လာခဲ့သော်လည်း လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရသည်။

‘‘လက်ရွေးစင်ကစားသမား ဘ၀က အနားယူဖို့အတွက် ဆုံး ဖြတ်လိုက်ပါပြီ။ ဒဏ်ရာအခြေအနေနဲ့ အသက်အရွယ်ကြောင့် ဘောလုံးသမားဘ၀က အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘောလုံးသမားဘ၀က အနားယူပြီးရင် နည်းပြသင်တန်းတွေတက်ပြီး နည်းပြလုပ်ဖို့ အစီအစဉ်ရှိပါတယ်’’ဟု သန်းသန်းထွေးကပြောသည်။

အမျိုးသမီးလက်ရွေးစင် က စားသမား သန်းသန်းထွေးသည် အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ် ပြီး အမျိုးသမီးဘောလုံးအသင်း အောင်မြင်မှုရရှိရေးနှင့် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာရန် အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပသင့်ကြောင်း ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်း၏ အဓိကစားသမား စန်းစန်းမော်သည်လည်း အသက် အရွယ်ကြောင့် လက်ရွေးစင်ကစား သမားဘ၀မှ အနားယူမည်ဖြစ်ပြီး စန်းစန်းမော်သည် အသက်(၃၆) နှစ်ရှိပြီဖြစ်သည်။

သန်းသန်းထွေးနှင့် စန်းစန်း မော်တို့သည် အိုလံပစ်အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲ တရုတ်(တိုင်ပေ) အသင်းနှင့်ပွဲတွင် လူစားဝင်ကစားခဲ့ကာ သန်းသန်းထွေးက ၇၉ မိနစ်၌ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် မြန်မာအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
7 Day

အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် အဆင်သင့် ဖြစ်နေစေရမယ်ဆိုတဲ့ ဖရိုင်းဒရစ်


စက်တင်ဘာ ၃၀ ရက်တွင် အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၁၉ အသင်း အနေဖြင့် ပြိုင်ပွဲမတိုင်မီ တစ်ပတ်အတွင်း အဆင်သင့် ဖြစ်နေစေရမည်ဟု မြန်မာ ယူ-၁၉ အသင်းနည်း ပြချုပ် ဂတ်ဆီဇီဖရိုင်းဒရစ်က ဆိုသည်။


မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဖရိုင်းဒရစ်က တာဝန် ယူ ဆောင်ရွက်ကာ ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိကာ ပြီးခဲ့သည့် ထိုင်း ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲ၌ ဂိုးမရှိ သရေကျအောင် ယှဉ်ပြိုင် ကစားနိုင်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းနှင့် ပတ်သက်၍ ‘‘ ပြိုင်ပွဲကျင်းပဖို့ တစ်ပတ်လို ပါသေးတယ်။ ကြားရက်မှာ အားနည်းချက်တွေ ကို ပြင်ဆင်ပြီး ပြိုင်ပွဲ ဝင်သွားမှာပါ။ ပြိုင်ပွဲမတိုင်မီတော့ ကျွန်တော်တို့အသင်းက အသင့် ဖြစ်နေမှာပါ။ ထိုင်းအသင်းကို အသာ မရခဲ့တာကလည်း သူတို့က ထိုင်းပရီးမီးယားလိဂ်မှာ ဝင်ကစားနေတဲ့ သူတွေ ပါ။ ကျွန်တော်တို့ ကစားသမားတွေမှာတော့ မြန်မာလိဂ် အတွေ့အကြုံရှိ ကစားသမား တစ်ဦးပဲ ရှိပါ တယ်။ ဒါပေမယ့် အသင်းက ကစားပုံ တိုးတက်လာပါတယ် ’’ ဟု ဂတ်ဖရိုင်းဒရစ် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) အဖွင့်ပွဲစဉ်အ ဖြစ် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ဘရူနိုင်း ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။

သို့သော် မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခဲ့သည့်အတွက် အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် အိမ်ကွင်း တစ်ပွဲ ကွင်းပိတ်ပြစ်ဒဏ် ခံထားရသဖြင့် ဘရူနိုင်း ယူ-၁၉ အသင်းနှင့် ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် မြန်မာ ယူ-၂၃ အသင်း လူစာရင်းထုတ်ပြန်



တရုတ်(တိုင်ပေ) နိုင်ငံတွင် (၂၃.၃.၂၀၁၅) ရက်နေ့မှ (၃၁.၃.၂၀၁၅) ရက်နေ့အထိ ကျင်းပမည့် ၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ (AFC U-23 Championship 2016 Qualifier) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမားများ စာရင်းကို ယနေ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။


မြန်မာ ယူ၂၃ အသင်း အုပ်ချုပ်/ နည်းပြအဖွဲ့
-------------------------------
အုပ်ချုပ်သူ - ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး ၀န်ကြီးဌာန)

နည်းပြချုပ် - ဦးကြည်လွင် (မကွေးအသင်း)

လက်ထောက်နည်းပြ - ဦးကျော်လွင် (ဧရာဝတီ ယူနိုက်တက် အသင်း) ၊ ဦးမြင့်ကို (ရတနာပုံအသင်း)

ဂိုးနည်းပြ ၊ ဦးအောင်သက် (ဟံသာဝတီ အသင်း)

ဆရာဝန် ၊ ဒေါက်တာ အောင်ကျော်ဦး (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

Physiotherapist ၊ ဦးထွန်းဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

သတင်းနှင့် ပြန်ကြားရေး အရာရှိ ၊ ဦးဇော်မင်းထိုက် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

ကစားသမား စာရင်း
---------------------

ဂိုး 
****
ကျော်ဇင်ဖြိုး (မကွေးအသင်း) ၊
ဇော်ဇော်နိုင် (ဇေယာရွှေမြေ အသင်း) ၊ 
ရန်အောင်လင်း (ဟံသာဝတီ အသင်း)

နောက်တန်း
*************
ကျော်ဇင်လင်း (မကွေးအသင်း) ၊
ဇော်ဝင်း (ရန်ကုန်အသင်း) ၊
တောင်ဖွက်ထန် (ချင်းအသင်း) ၊
ကိုကိုဟိန်း (ဇွဲကပင် ယူနိုက်တက် အသင်း) ၊
ဇော်ရဲထွန်း (ရတနာပုံအသင်း) ၊
ဖြိုးကိုကိုသိန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊
စည်သူအောင် (ရတနာပုံ အသင်း) ၊
ဟိန်းသီဟဇော် (ဧရာဝတီ ယူနိုက်တက် အသင်း)

အလယ်တန်း 
*****************
နေလင်းထွန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊
ချစ်စုမိုး (ချင်း အသင်း) ၊ 
လှိုင်ဘိုဘို (ရတနာပုံ အသင်း) ၊
အောင်ရှိုးသာမောင် (မကွေး အသင်း) ၊
ရဲကိုဦး (ရတနာပုံ အသင်း) ၊
ဇွန်မိုးအောင် (ရန်ကုန်အသင်း) ၊
မျိုးမင်းဇော် (မကွေး အသင်း)

ရှေ့တန်း
**********
ကောင်းဆက်နိုင် (မကွေး အသင်း) ၊ 
ရှိုင်းသူရ (ရတနာပုံ အသင်း) ၊ 
သန်းထက်အောင် (ရန်ကုန် အသင်း) ၊
ဒွေးကိုကိုချစ် (ရတနာပုံ အသင်း) ၊ 
သီဟဇော် (ဧရာဝတီ အသင်း) တို့ ဖြစ်ကြသည်။

မြန်မာ ယူ-၂၃ အသင်းသည် ၂၀၁၆ အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (စ)တွင် ပါဝင်နေပြီး 
မတ်လ(၂၇)ရက်နေ့တွင် တိုင်ပေ ယူ-၂၃အသင်း ၊
မတ်လ ၂၉ ရက်နေ့တွင် ဟောင်ကောင် ယူ-၂၃ အသင်း ၊
မတ်လ ၃၁ ရက်နေ့တွင် သြစတြေးလျ ယူ-၂၃ အသင်း များနှင့်ယှဉ်ပြိုင် ကစား မည် ဖြစ် သည်။

မြန်မာ ယူ၂၃ အသင်းသည် အဆိုပါ အာရှ ယူ၂၃ ခြေစစ်ပွဲ အတွက်သာမက ၂၀၁၅ ဆီးဂိမ်းစ် အတွက်ပါ ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ ခြေစမ်းပွဲများ သွားရောက် ကစား မည် ဖြစ်သည်။

မြန်မာ ယူ၂၃ အသင်းနှင့် ဂျပန် ယူ၂၃ အသင်းတို့သည် မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ ချီဘားမြို့၌ လည်းကောင်း မြန်မာ ယူ၂၃ အသင်းနှင့် တောင်ကိုရီးယား နိုင်ငံမှ ကလပ်အသင်း အချို့သည် မတ်လ ၁၃-၁၅ ရက်နေ့များ တွင်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Credit : MFF

မြန်မာယူ-၂၀ အသင်း ပြိုင်ဘက်အသင်းများကို စတင်လေ့လာ

မြန်မာ ယူ-၂၀ အသင်းကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဗိုလ်ဗိုလ်ဝင်း)

၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ အိမ်ရှင်အသင်း နှင့် တစ်အုပ်စုတည်းကျရောက် လျက်ရှိသည့် မြန်မာအသင်းမှာ ပြိုင်ဘက်အသင်းများ၏ ကစားပုံ ကို စတင်လေ့လာနေပြီး အမေရိကန်အသင်း၏ ကစားပုံကို အတော်အတန် သိရှိနေပြီဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာဂတ်ကပြောသည်။

မြန်မာယူ-၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန် အပါအ၀င် ယူကရိန်း၊ အမေရိကန်အသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုတွင်းပြိုင်ဘက် အသင်းများ၏ ခြေစွမ်းနှင့် ကစား ကွက်ပိုင်းကို လေ့လာနေပြီဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အုပ်စုတွင်းပြိုင်ဘက် အ သင်းတွေရဲ့ ခြေစွမ်းနဲ့ နည်းစနစ် ပိုင်းကို စတင်လေ့လာနေပြီ။ အ မေရိကန်ရဲ့ ခြေစွမ်းကို အတော် အသင့်သိရှိပြီးပြီ။ ကျန်တဲ့အသင်း တွေရဲ့ ကစားပုံကိုလည်း ဗီဒီယို မှတ်တမ်းတွေကတစ်ဆင့် လေ့ လာနေတယ်’’ဟု မစ္စတာဂတ်က ပြောသည်။

မြန်မာအသင်းသည် တူရကီ နိုင်ငံသို့ သွားရောက်လေ့ကျင့်စဉ် အမေရိကန်နှင့် သြစတြေးလျတို့ ၏ ခြေစမ်းပွဲကို တိုက်ရိုက်ကြည့် ရှုခွင့်ရခဲ့သည့်အတွက် အမေရိ ကန်အသင်း၏ ခြေစွမ်းကို လေ့ လာခွင့်ရခဲ့ကြောင်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများအနေဖြင့် မြန်မာအသင်းထက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းပြီး ကြံ့ခိုင်မှုပိုကောင်းသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် က ပြောသည်။

မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုအဖြစ် ဂျာမနီနှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မည်ဖြစ် ပြီး ခြေစမ်းပွဲများကစားရန်စီစဉ် ထားကြောင်း ဥရောပ ယူ-၂၀ လက်ရွေးစင်အသင်း (သို့) အင်္ဂ လန် လူငယ်ကလပ်အသင်းတစ် သင်းနှင့် မြန်မာနိုင်ငံတွင် ခြေစမ်း ပွဲကစားရန် အဖွဲ့ချုပ်သို့ တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။
7 Day

မြန်မာ ယူ - ၁၉ အသင်း ဂုဏ်ပြုပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်


၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာ ယူ - ၁၉ အသင်းအား ဂုဏ်ပြုပွဲ ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အထူးသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်သွားမည် ဖြစ်သည်။
ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်းအား နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဂုဏ်ပြုပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ မော်တော်ယာဉ် များဖြင့် လှည့်လည် အောင်ပွဲခံရန် စီစဉ်ထားသည်။ ယင်းအစီအစဉ်များ၏ အသေးစိတ်အစီအစဉ်များကို ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားမည်ဖြစ်သည်။
MOI Webportal Myanmar

မြန်မာယူ-၁၉တိုက်စစ်မှူး အောင်သူနှင့်တွေ့ဆုံခြင်း


မြန်မာ ယူ-၁၉ တိုက်စစ်မှူးအောင်သူဟာ မန္တလေးဘောလုံးအကယ် ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ မြန်မာအသင်းအတွက်ဂိုးတွေ ပုံမှန်သွင်းယူခဲ့တဲ့တိုက်စစ် မှူးတစ်ဦးပါ။ 

လက်ရွေးစင် ယူ-၁၆ ကစားသမားအဖြစ်၂ဝ၁၁မှာ စတင်ရွေး ချယ်ခံခဲ့ရပြီးမြန်မာယူ-၁၉၊ ယူ-၂၂အသင်းတွေနဲ့အတူ နိုင်ငံတကာပြိုင် ပွဲ ၂၆ပွဲခန့်ကစားခဲ့ပြီး ၁၂ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူဟာကမ္ဘာ့ဖလားဝင်ခွင့်ရရှိစေခဲ့တဲ့အာရှယူ-၁၉ပြိုင်ပွဲမှာလည်းထိုင်း နဲ့ပွဲစဉ်မှာ တစ်ဂိုး၊ ကာတာနဲ့ပွဲစဉ်မှာတစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ 

ဒါကြောင့် အောင်သူရဲ့ဘောလုံးသမားအစက နေယူ-၂ဝ ကမ္ဘာ့ဖလားအထိ သူ့ရဲ့အမြင်၊ မျှော်လင့်ချက်တွေကိုမေးမြန်းထားပါတယ်။

- ဘယ်အချိန်က ဘောလုံးကို စကစားခဲ့တာလဲ။

ကစားတာကတော့ ငယ်ငယ်ကတည်းကပါ။ တကယ်ကစားဖြစ် တာကတော့ ၂ဝဝ၉ခုနှစ် ကျွန်တော့်အသက် ၁၄နှစ်မှာ ဘောလုံးအဖွဲ့ချုပ် ကရွေးတဲ့လူရွေးပွဲကနေအရွေးခံရပြီး မန္တလေးဘောလုံးအကယ်ဒမီမှာ တက်ရောက်သင်ကြားခွင့်ရတယ်။ နှစ်နှစ်လောက်အကြာ ၂ဝ၁၁မှာ ၁၆ နှစ်လက်ရွေးစင်အသင်းမှာ အရွေးခံရတယ်။ လာအိုမှာကျင်းပတဲ့ ယူ-၁၆ ပြိုင်ပွဲကိုပထမဆုံးသွားပြိုင်တယ်။ အဲဒီကနေစပြီးယူ-၁၉အသင်းမှာစပါ တယ်။

- ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့နေရာမှာ ဘယ်အချက်တွေက အဓိကကျလဲ။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက မြန်မာ့သမိုင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကဝင်ပြိုင်ခွင့်ရတယ်ဆိုတော့ အများ ကြီးဂုဏ်ယူမိပါတယ်။ အဲဒီအတွက်လည်းရလဒ်ကောင်းတစ်ခုရအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းတစ်ခုတည်းနဲ့တော့ မဟုတ်ဘူး။ ပရိသတ်အား၊ စည်းကမ်းစိတ်ဓာတ်၊ စည်းလုံးမှုအားလုံးကောင်း လို့ဒီလိုအောင်မြင်မှုမျိုးရတာပါ။

- ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းက ချေပဂိုးသွင်းတဲ့ပုံစံက ဘရူနိုင်းဘုရင့်ဖလား ဖိုင်နယ်မှာ ဗီယက်နမ်ဘက်ကိုလည်းသွင်းခဲ့တယ်ဆိုတော့ သေချာလေ့ ကျင့်ထားတာလား။

ဒီကစ်ချက်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော့်ရဲ့အကျင့်ပေါ့။ အကျင့်ဆိုတာက ထရိန်နင်ကွင်းမှာဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှအား ထည့်ပြီးသိပ်မကန်ဘူး။ အဝေးတိုင်ကိုလှမ်းပွတ်တာ။ နည်းပြတွေကလည်း ဒါကိုသိတယ်။ ဘောလုံးကိုတစ်ချက်ထုတ်ပြီး အဝေးတိုင်ကိုပဲကန်ခိုင်းတာ။ အဲဒီပွဲမတိုင်ခင်ကလည်းအဲဒီလိုဘောလုံးကိုတစ်ချက်ထုတ်ကန်ဖို့ နည်းပြကြီး ကမှာခဲ့တယ်။

- ဒီလိုကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအခက်အခဲမျိုး တွေကြုံရလဲ။

အခက်အခဲတွေကတော့အများကြီးပေါ့။ ၂ဝ၁၁ ယူ-၁၉စဖွဲ့ စည်းတဲ့ အချိန်မှာခက်ခဲမှုတွေအများကြီးရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဘော လုံးကို ဝါသနာပါတာတစ်ခုတည်းနဲ့ပဲကြိတ်မှိတ်ပြီးနေခဲ့တယ်။ ပံ့ပိုးမှုတွေ ဘာတွေကိုတော့ သိပ်စိတ်ဝင်စားမနေတော့ဘူး။ ဘောလုံးကန်နေရရင်ပြီး ရောဆိုပြီးတော့ပဲနေခဲ့တယ်။ အိမ်ကလာခေါ်ရင်လည်း ဒီအတိုင်းပဲပေကပ် နေခဲ့တယ်။ အဓိကကတော့ ဘောလုံးကိုဝါသနာပါတာကြောင့်ပဲဒီလိုဖြစ် လာတာပါ။

လက်ရှိအသင်းမှာ ဘယ်လိုအားနည်းချက်အားသာချက်တွေရှိလဲ။

လက်ရှိအသင်းမှာ အားနည်းချက်ကတော့ ခွန်အားနဲ့ပတ်သက် ပြီး နိုင်ငံတကာနဲ့ ယှဉ်ရင်ဘယ်လိုမှမရဘူး။ တွန်းတွန်းတိုက်တိုက်ကစား နိုင်ဖို့လိုပါတယ်။ ဒီပြိုင်ပွဲမှာတောင် ကျွန်တော်တို့က ပရိသတ်အားနဲ့အတင်း လိုက်ကစားခဲ့လို့သာ အောင်မြင်မှုတွေရခဲ့တာ။ အားပိုင်းဆိုင်ရာမှာနည်း နည်းလိုသေးတယ်။ ကြံ့ခိုင်မှုအပါအဝင်အရပ်အမောင်းမှာလည်း ကွာခြား တယ်။ 

ဒီအားပိုင်းဆိုင်ရာကိုပဲကျွန်တော်တို့ သေသေချာချာလုပ်ရမယ်။ 

စိတ်ဓာတ်ပိုင်းကတော့ ကျွန်တော်တို့အသင်းကတစ်သင်းလုံးနီးပါးကောင်း တယ်။ ဘယ်ပွဲမဆို'ချ'မယ်ဆိုပြီးအတူတူစည်းစည်းလုံးလုံးနဲ့ကစားကြတယ်။ ကျွန်တော်ပြောခဲ့တဲ့ အားပိုင်းဆိုင်ရာကိုသာ ကောင်းကောင်းလုပ်နိုင်ရင် ရလဒ်တော့ဆိုးမှာမဟုတ်ဘူး။

- နည်းပြကြီးက ကစားသမားသစ်တွေထပ်စည်းမယ်လို့ ပြောတဲ့အပေါ်မှာ ရောဘယ်လိုမြင်လဲ။ ကစားသမားသစ်ထပ်ခေါ်သင့်မသင့်ပေါ့။

ဒါကတော့ နည်းပြကြီးရဲ့အတွေးပေါ့။ သူကဒီအသင်းကိုတာဝန် ယူထားတာဆိုတော့ သူမကြိုက်ဘူး၊ အသင်းလူစာရင်းကအားနည်းတယ် ဆိုရင်တော့ထပ်ဖြည့်ပေါ့။ ကျွန်တော်တို့ဘက်ကဝေဖန်လို့တော့ မရဘူး ပေါ့။ ဘယ်ကစားသမားကိုထပ်ဖြည့်ပါလို့လည်း ကျွန်တော်တို့ကသွားပြော လို့မရဘူးလေ။ သူတာဝန်ယူထားဆိုတော့ သူကြိုက်တဲ့သူထပ်ခေါ်ပါလိမ့် မယ်။ ကျွန်တော့်အနေနဲ့တော့ဘာမှပြောစရာမရှိပါဘူး။

- ကမ္ဘာ့ဖလားကျရင်ရော ဘယ်အဆင့်ထိရောက်မယ်လို့မျှော်လင့်ထားလဲ။

ကမ္ဘာ့ဖလားမှာရောက်နိုင်တဲ့အဆင့်အထိ ရောက်နိုင်ဖို့ကျွန် တော်တို့ကြိုးစားမယ်။ ဘယ်အဆင့်အထိရောက်ရမယ်လို့တော့တွေးမထားဘူး။ အတတ်နိုင်ဆုံးအမြင့်ဆုံးအထိ ရည်မှန်းပြီးတော့ကစားမှာပါ။

- လက်ရွေးစင်အသင်းကြီးက အောင်သူကိုခေါ်မယ်ဆိုရင်ရော။

ဘယ်အသင်းမှာပဲ ကစားရကစားရ အားလုံးက ကိုယ့်နိုင်ငံအ တွက်ပဲ ကစားရတာဆိုတော့ လက်ရွေးစင်အသင်းကြီးကခေါ်လည်းသွား ကစားရ မှာပေါ့။ ယူ-၁၉နဲ့ပဲတွဲဆိုလည်းတွဲရမှာပေါ့။ ဒါကတော့ နည်းပြ တွေလွှတ်တဲ့အတိုင်းသွားရမှာပါ။

- နည်းပြကြီးဂတ်ဖရိုင်းဒရစ်ကိုရောဘယ်လိုမြင်လဲ။

ဂျာမနီနည်းပြကြီးရဲ့နည်းစနစ်တွေက တကယ်ကောင်းပါတယ်။ သူ့ရဲ့နည်းစနစ်နဲ့လေ့ကျင့်မှုတွေကြောင့်ပဲ ကျွန်တော်တို့အသင်းကကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်လာတာပဲလေ။ အရမ်းကောင်းပါတယ်။

- အာရှပွဲမှာအောင်သူရဲ့ခြေစွမ်းကိုရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိရဲ့လား။

ဒီပြိုင်ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းကို သိပ်အားမရ ဘူး။ ဘရူနိုင်းဖလားကလောက် အားမရဘူး။ ကျွန်တော် လိုနေတာကလည်းခွန်အားပဲ။ ပွဲချိန်ပြည့်မပြေးနိုင်သေး ဘူးလို့ဆိုရမှာပေါ့။

- ကာတာနဲ့ပွဲတုန်းကပြီးခါနီးမှာ အောင်သူ့ကိုလူစားလဲတုန်းကကွင်းထဲက မထွက်ချင်သေးတဲ့ပုံစံက ဘာကြောင့်လဲ။

ကာတာနဲ့ပွဲတုန်းက ကျွန်တော်က ကစားချင်သေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပွဲကပြီးခါနီးနေပြီ။ ပြီးခါနီးအချိန်မှာထုတ်လိုက်တော့ အရှိန်ကကျသွားမယ်။ အချိန်လည်းကုန်သွားမယ်။ အဲဒီမှာ ဘယ်သူ့ကို စိတ်တိုလို့ တိုရမှန်းမသိဖြစ်သွားတယ် (ရယ်လျက်)။ နည်းပြကြီးကတော့ ဘာမှမပြောပါဘူး။ ကောင်းပါတယ်လို့ပဲ ကျွန်တော့်ကိုပြောတယ်။

- အောင်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်လဲ။

သွားပြိုင်ရမယ့် နယူးဇီလန်အထိတော့ ပရိသတ်တွေမလိုက် နိုင်ဘူးပေါ့(ရယ်လျက်)။ 

ဒီတော့မြန်မာနိုင်ငံကနေပဲ အမြဲတမ်းအားပေး ပါဦးလို့ပြောချင်ပါတယ်။

Yangon Media Group

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

မြန်မာယူ-၁၉အသင်း ကာတာအသင်းကိုရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ်
ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။

‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

မြန်မာယူ-၁၉ အသင်းသားများ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်လည်း ပရိသတ်များက ဂုဏ်ပြုစာများရေးသားခဲ့ကြသည်။ မြန် မာအသင်း၏ ဒုတိယဂိုးရှင်ငြိမ်းချမ်းအောင်၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်‘‘Eiphwe Eiphwe’’ အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ‘‘ဆင်းရဲပြီးအမြဲအနှိမ်ခံနေရတဲ့ မြန်မာ U 19 ရေ မင်းတို့ မြန်မာ ပြည်မှာ မွေးဖွားခဲ့ရလို့ စိတ်မကောင်းပေမယ့် မင်းတို့နဲ့အတူ မြန်မာပြည်မှာ လူဖြစ်ခွင့်ရလို့အရမ်းကို ဂုဏ်ယူမိပါတယ်။ အရှုံး ကို ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူသန်းငါးဆယ်ရဲ့ ရင်ထဲမှာမင်းတို့က အမြဲအနိုင်ပါပဲ’’ဟုရေးသားဂုဏ်ပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးလည်းဖြစ်၊ Hmuu Zaw အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် ဦးဇော်ဌေးကလည်း ‘‘ပွဲကို ကြည့်နေကြတဲ့ တစ်နိုင်ငံလုံးကို ကျေနပ်စိတ်တွေ၊ ဂုဏ်ယူစိတ်တွေ ကြည့်နေရင်း တဖွားဖွားပေါ်ပေါက်လာစေအောင် ကစားပြခဲ့တဲ့ ယူ-၁၉ ညီငယ် အားလုံးအတွက် လေးစားဂုဏ်ယူမိပါကြောင်း အသိပေးလိုပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ မြန်မာယူ-၁၉အသင်းသည် ရီးရဲလ်မက်ဒရစ်ဂန္ထ၀င်ကစားသမားရာအူးလ်ဂွန်ဇာလက် နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာရှအင်အားကြီး ကာတာအသင်းကို နောက်ဆုံးမိနစ်အထိ ခြိမ်းခြောက် ကစားနိုင်ခဲ့သည်။

‘‘ရှုံးပေမယ့် နိုင်ပါတယ်။ ပရိသတ်တွေ။ ဒီနေ့ စည်းကမ်းရှိ တယ်။ ဆက်လက် ချီတက်ဂုဏ်ယူပါတယ်။ ရွှေမြန်မာ’’ဟု အဆို တော် သျှီကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ သည်။ ထို့အတူ အရှေ့တောင်အာရှတွင် ဗီယက်နမ်ဘာသာဖြင့်လွှင့် တင်ထားသည့်Vietnam Football ဖေ့စ်ဘွတ်ခ်စာမျက်နှာကမြန် မာအသင်း၏ ပွဲရလဒ်ကိုဖော်ပြခဲ့ပြီး ဗီယက်နမ်ပရိသတ်များကလည်း မြန်မာအသင်းအား ချီးကျုးခဲ့သည်။

7Day

မြန်မာအသင်း UAE ကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီ


AFC U 19 ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတာမှာ မြန်မာ အသင်း ဟာ UAE ကို ၁ ဂိုး သုညနဲ့ ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အနိုင်ရ လိုက်တဲ့ အတွက် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ခွင့် ရသွားပြီဖြစ်သလို မြန်မာ ယူ ၂ဝ အနေနဲ့ ကမ္ဘာ့ဖလားကို ဝင်ခွင့်ရ သွားခဲ့ပါတယ်။ 

သမိုင်းဝင် အနိုင်ရလိုက်မှုကြောင့် မြန်မာနိုင်ပြီဆိုတဲ့ ကြွေးကြော်သံက သုဝဏ္ဏအားကစားကွင်းအတွင်းမှာ ဘဝဂ်ညံနေခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ဖေ့စ်ဘုတ်ပေါ်က ပြန်ကြားရေး ဝန်ကြီးကို တောင်းဆိုခဲ့ကြလို့ မြန်မာ့ အသံ က ပြန်လည် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါပြီတဲ့။




သန်း ၅ဝကျော်သော ပြည်သူများ၏ မျှော်လင့်ချက်အတွက် လက်ကျန် မိနစ် ၉ဝ



မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက် 
ခံကျင်းပလျက်ရှိသည့် AFC U-19 Championship 2014 ပြိုင်ပွဲကား အုပ်စုပွဲ စဉ်များပြီးဆုံး၍ ကွာတားဖိုင်နယ်ပွဲစဉ်များ ကို အောက်တိုဘာ ၁၇ရက် (ယနေ့)တွင် ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။ 

အာရှအဆင့် ပြိုင်ပွဲတစ်ပွဲအား ပထမဆုံးအကြိမ်လက်ခံ ကျင်းပခွင့်ရရှိခဲ့ပြီး အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည်မှာလည်း သက်ဆိုင်ရာကဏ္ဍအ သီးသီးအလိုက်တာဝန်ယူဆောင်ရွက်မှုများ ကြောင့်ဆိုလျှင်လည်း ပို၍မှန်ကန်ပေလိမ့်မည်။

ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အာရှတစ်လွှားမှ နိုင်ငံပေါင်း ၁၆နိုင်ငံဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်နှင့် နေပြည်တော်တို့ ၌ အုပ်စုနှစ်ခုစီယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း ၌ မြန်မာအသင်းပါဝင်သည့် အုပ်စု(က)နှင့် အုပ်စု(ခ)ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် အုပ်စု(ဂ)နှင့် အုပ်စု(ဃ)မှ အသင်းများ၏ ပွဲစဉ်များ ကစားခဲ့ကြသည်။ ထူးခြားမှုမှာ အုပ်စုနောက် ဆုံးပွဲစဉ်များကို တစ်ပြိုင်နက်ကျင်းပရာ၌ နေ ပြည်တော်နှင့် ရန်ကုန်တို့တွင် ကစားရခြင်းဖြစ် သောကြောင့် ရန်ကုန်မှ နေပြည်တော်သို့ သွား ရောက်ကစားခဲ့ရပြီး အုပ်စု(ဂ)နှင့်(ဃ)မှ အသင်း တချို့သည်လည်း ရန်ကုန်သို့လာရောက်ကစား ခဲ့ရသည်။ 

အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့်အာရှယူ-၁၉ ချန်ပီ ယံရှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတိုင်းအတွက် မျှော်လင့်ချက် ကိုယ်စီရှိနေကြသည်။ အကြောင်း မှာပြိုင်ပွဲ၌ဆီမီးတက်ရောက်နိုင်သည့်အသင်း သည် ၂ဝ၁၅ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပ မည့် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ခြင်းကြောင့်ပင်။ 

ထို့အ တွက်ကြောင့်ပင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပ ခွင့်ရရှိရန် ကြိုးစား ခဲ့ပြီး လက်ခံကျင်းပ ခွင့်ရရှိသည့် အချိန် တွင်တော့ ယူ -၁၉ အသင်းကို ကမ္ဘာ့ ဘောလုံးလောက စင်မြင့်ထက်၌ လူ သိများ လာစေရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ သည်။ 

ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအနေ ဖြင့် ယူ-၁၉အသင်းကို ဂျာမနီနိုင်ငံသို့စေလွှတ် ကာ တစ်လကြာ လေ့ကျင့်စေခဲ့သည့် အပြင် ဘရူနိုင်းဘုရင်ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ကာ ခြေစွမ်းကိုစမ်းသပ်ခဲ့ သည်။ နည်းပြအဖွဲ့နှင့် သုံးနှစ်ကြာတည်ဆောက် ထားပြီးဖြစ်သည့် မြန်မာအသင်းသည်ဘရူနိုင်း မြေတွင် ပြိုင်ဘက်အသင်းများကို ဖြိုခွင်းကာ ဗိုလ်စွဲခဲ့ပြီး မြန်မာဘောလုံးလောကကို အောင် မြင်မှုတစ်ခေတ်ဆန်းစေခဲ့သည်။ 

ထို့နောက် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင် ကစားခဲ့ရာတွင် ဆီမီးအဆင့်သို့ တက်လှမ်း လာနိုင်ခဲ့သော်လည်း အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဗိုလ်လုပွဲ တက်ရောက်ခွင့် နှင့် ဝေးကွာခဲ့ရပြီး တတိယ နေရာလုပွဲ၌ ဒေသ တွင်း ပြိုင်ဘက်ထိုင်းကို ရှုံးနိမ့်ကာ စတုတ္ထနေ ရာသာ ရရှိခဲ့သည်။ 

အာရှယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှု လုံလောက်နေသည့် မြန်မာလူငယ်အသင်း သည် ပြိုင်ပွဲစတင်ချိန်၌ အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ယီမင်နှင့်ရင်ဆိုင်ခဲ့ရပြီး ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးစေခဲ့သည်။ ပရိသတ် ၂၅ဝဝဝ ကျော် လာရောက်ကြည့်ရှုခဲ့သည့် ယီမင်နှင့်ပွဲ စဉ်၌ မြန်မာအသင်းသည် မိမိပရိသတ်ရှေ့ တွင် ပထမဆုံးစတင်ကစားခဲ့ရခြင်းကြောင့်နှင့် ပထမပွဲစဉ်ဖြစ်နေခြင်းကြောင့် ကစားကွက်တည် မရခဲ့ဘဲ ရရှိသည့် အခွင့်အရေးများကို ဂိုးအ ဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ကာ သရေရလဒ် ဖြင့် ပြီးဆုံးခဲ့ရခြင်းဖြစ်သည်။

ယီမင်ကို သရေ ကစားခဲ့ခြင်းကြောင့် အားမလိုအားမရဖြစ်နေ သော ပရိသတ်များအတွက် ထိုင်းအသင်းနှင့် ပွဲစဉ်တွင်မူ မြန်မာအသင်း အကောင်းဆုံးခြေ စွမ်းပြကစား သွားခဲ့ကာ (၃-ဝ)ဂိုးဖြင့်အနိုင်ရရှိ ခဲ့သည်။ ကွင်းလယ်တွင်ပင် ထိုင်းတိုက်စစ်ကို ဖြတ် ထုတ်ကာ ရလာသည့်အခွင့်အရေးများ ကို ငြိမ်းချမ်းအောင်၊ အောင်သူတို့ အသုံးချ နိုင်ခဲ့၍လည်း ထိုင်းအသင်းကို မြန်မာတို့အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲကစားပြီးချိန်တွင် ရမှတ် လေးမှတ်ရယူထားနိုင်ခဲ့ခြင်းကြောင့် အုပ်စုတွင်း ရလဒ်များအရ မြန်မာအသင်း ကွာ တားတက်ရောက်ရန် အခွင့်အရေးများသွားခဲ့ သည်။ 

အာရှတွင် အဆင့်-၄ နေရာရှိ အီရန် အသင်းနှင့် ပွဲစဉ်တွင်မြန်မာအသင်းအနေ ဖြင့် သုံးဂိုးနှင့်အထက်ရှုံးနိမ့်မှသာ အုပ်စုမှထွက် ရမည်ဆိုသောအချက်က မြန်မာကစားသမား များအပေါ် ဖိအားလျော့စေခဲ့ပြီး အီရန်ကိုယှဉ် ပြိုင်ကစားသွားခဲ့သည်။ 

ထို့ကြောင့်ပင် ရှေ့နှစ်ပွဲ ၌ မထင်မှတ်ဘဲခြေချော်ကာ ရှုံးပွဲတွေ့ခဲ့သည့် အီရန်အသင်းသည် မြန်မာအသင်းကို ကစားကွက် အသာဖြင့် ကစားခဲ့ကာ အနိုင်ရရှိခဲ့သည်။ အဆို ပါပွဲ၌ မြန်မာကစားပုံမှာ အားရဖွယ်မရှိဘဲ ကစားသမားအချို့ယုံကြည်မှုပျောက်ဆုံးနေ ခဲ့ကာ ခြေစွမ်းပိုင်းတွင်လည်း အီရန်ကို မယှဉ် နိုင်ခဲ့ပေ။ တစ်ပွဲနှင့် တစ်ပွဲခြေစွမ်း မတည် ငြိမ်သော မြန်မာအသင်း ကစားပုံနှင့်ပတ်သက် ၍'' ယီမင်နဲ့ အီရန်ပွဲတွေမှာ မြန်မာအသင်းက ကစားချင်သလို၊ မကစားချင်သလို စိတ် မပါတာတွေ့ရတယ်။ ထိုင်းနဲ့ပွဲမှာတော့ ခြေ စွမ်းတည်တည်ငြိမ်ငြိမ် ကစားသွားခဲ့တာကို တွေ့ရပြီး ယူအေအီးနဲ့ပွဲမှာ အဲဒီလိုခြေစွမ်းမျိုး ပြန်ရဖို့လိုပါတယ်။ ဒီလိုဆိုရင်တော့ မြန်မာအ သင်းနိုင်ပွဲရရှိဖို့ အတွက် အခွင့်အရေးတွေရှိနေ ပါတယ်'' ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား)က သုံးသပ်ပြော ကြားခဲ့သည်။

ကွာတားအဆင့်သို့ တက်ရောက်လာ သည့် မြန်မာလူငယ်အသင်းသည် ယူအေအီး နှင့် ဆုံတွေ့ရမည်ဖြစ်ပြီး ထိုပွဲအပေါ်မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက''ယူအေအီးက အရှေ့အလယ် ပိုင်းအသင်းတွေရဲ့ ပုံစံအတိုင်း ကစားပုံမာ တယ်။ မြန်တယ်။ အင်အားသုံးကစားနိုင်တယ်။ အီရန်လို အာရှထိပ်သီးအသင်းမဟုတ်ပေမယ့် ထိပ်ဆုံးအဆင့်မှာရှိတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ထက်ပါဝါသာတယ်။ ဘောလုံး အဆင့်အတန်းလည်းမြင့်တယ်။ဘောလုံးကျွမ်း ကျင်မှုနဲ့ ကစားအားမှာတော့ အီရန်နဲ့ ဥဇဘက် လောက်မကောင်းဘူး။ မြန်မာက ပါဝါနဲ့ကစား တဲ့ အသင်းတွေဆိုရင် စိတ်ကြိုက်မကစားနိုင် ဘူး။ ကစားသမားတွေနိုင်လိုစိတ်အရမ်းများနေ တယ်။ အဲဒါက တစ်ခါတလေဖိအားဖြစ်နိုင် တယ်။ ထိုင်းနဲ့ ဗီယက်နမ်လိုအသင်းမျိုးကို ဖွင့်ကစားလို့ရပေမယ့် အရှေ့အလယ်ပိုင်း အသင်း တွေကိုတော့ မလွယ်ဘူး။ မြန်မာအသင်းအား ထားရတဲ့ မောင်မောင်စိုးယုံကြည်မှုပျောက်ဆုံး နေသလိုဖြစ်နေတာက အသင်းအတွက် အရမ်းနစ်နာတယ်။ အခုပွဲက ရှုံးထွက်ဖြစ်လို့ အရမ်းကိုအရေးကြီးတယ်။ အီရန်လိုတိုက် စစ်ဖွင့် ကစားလို့မရဘူး။ နောက်တစ်ချက်က ကိုယ်က ပြိုင်ဘက်ကိုတိုက်တယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်ရာ လုပ်လို့မရတော့ရင် အသင်းက ပြန်မစုနိုင်ဘဲ ကစားကွက်ဖရိုဖရဲဖြစ်သွားတာ က အန္တရာယ်ရှိတယ်။ ကိုယ့်ထက်သာတဲ့အ သင်းတွေက အခွင့်အရေးယူသွားနိုင်တယ်။ အီရန်နဲ့ပွဲကို ကြည့်ပြီး အကျဉ်းချုပ်ပြောရရင် ယူအေအီးနဲ့ပွဲမှာ နည်းပြအနေနဲ့ဖွင့်မတိုက်ဘဲ စုစုစည်းစည်းနဲ့သွားသင့်တယ်။ ကစားသမား တွေကလဲ နည်းပြပြောတဲ့အတိုင်း တသွေမတိမ်း ကစားဖို့လိုတယ်။ နိုင်လိုဇောအရမ်းမကြီးသင့် ဘူး'' ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သုံးသပ်ပြောကြားသွားခဲ့သည်။

တစ်ပွဲနှင့် တစ်ပွဲခြေစွမ်းချင်း မတူညီ သည့် မြန်မာယူ-၁၉ အသင်းအပေါ် ဝေဖန်မှု များရှိခဲ့ပြီး သရုပ်ဆောင် တစ်ဦးဖြစ်သူ ဖိုးချစ်က ''မြန်မာအသင်းက ခြေမမှန်ဘူးလို့ ပြောလို့ရတယ်။ ယီမင်နဲ့ပွဲမှာ အရမ်းပေါ့တယ်။ ထိုင်းနဲ့ပွဲမှာကျတော့ အပြစ်ပြောစရာ မရှိအောင် ကောင်းတယ်။ အီရန်နဲ့ပွဲလဲ ကျရော ခြေစွမ်းက ပြန်ကျသွားပြီး ထိုင်းနဲ့ ကစားသွားတဲ့ပုံစံတွေ ထွက်မလာဘူး။ ကစားကွက်သေသွားတယ်။ မြန်မာအသင်းရဲ့ အားနည်းချက်က ပေါ့ဆ တယ်။ ကစားကွက်နဲ့ သေချာမကစားနိုင်ဘူး။ လိုက်ကစားတာလဲ အားနည်းတယ်။ ဂိုးဖန်တီး မှုမလုပ်နိုင်ဘူး လို့မြင်တယ်။ ယူအေအီးအသင်း ရဲ့ခြေစွမ်းကို မကြည့်ရသေးတော့ မမှန်းနိုင် သေးဘူး။ ဒါပေမဲ့ တကယ်ရုန်းမယ်ဆိုရင်တော့ မြန်မာ ယူ-၁၉ အသင်းပဲအနိုင်ရမယ်ထင်ပါ တယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာယူ-၁၉အသင်းသည် ကိုယ့်ထက် သာနေသည့် ယူအေအီးနှင့် ဆုံတွေ့ရာတွင် အုပ်စုတွင်း ပွဲစဉ်များကဲ့သို့ တိုက်စစ်ကိုဖွင့် ကစားခြင်းမရှိဘဲ ခံစစ်ကိုလုံခြုံအောင် တည် ဆောက်ကာ ရင်ဆိုင် ကစားသင့်ကြောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါ ရိုက်တာ ဦးဝင်းသူမိုးက ယခုကဲ့သို့သုံးသပ် ပြောကြားခဲ့သည်။

''ပွဲကစားချိန်အတွင်းမှာ မြန်မာနိုင်ဖို့မလွယ်ဘူး။ သရေကစားဖို့တော့ လိုတယ်။ အရင်ပွဲတွေလို ဖွင့်တိုက်ရင်တော့ ရှုံးသွားနိုင်တယ်။ ကွင်းလယ်ကနေ ယူအေ အီးတိုက်စစ်ကို စတင်ဖြတ်ထုတ်တဲ့ ခံစစ် ကြောင်းနှစ်ကြောင်း ကစားပုံနဲ့ကစားပြီး ပြိုင် ဘက်အသင်းကို စိတ်အနှောင့်အယှက်ဖြစ် အောင်လုပ်ဖို့လိုတယ်။ မိနစ် ၉ဝအထိဆွဲ ကစားသွားပြီး တန်ပြန်တိုက်စစ်ကနေ ယူ အေအီးကို ဖိအားပေးမယ်ဆိုရင်တော့ အသာ ရဖို့ရှိတယ်။ တန်ပြန်တိုက်စစ်ကစားပြီဆို ရင် သုံးစက္ကန့်အတွင်း အပေးအယူလုပ်ပြီး ထိုးဖောက် ကစားနိုင်မယ်ဆိုရင် မြန်မာအသင်းဂိုးရဖို့ရှိမယ်ထင်တယ်။ အချိန်ပို ကစားမယ်ဆိုရင် တော့ နှစ်ဖက်စလုံးအင်အားချွေ ကစားတတ် တော့ ပင်နယ်တီအဆုံးအဖြတ် အထိရောက် အောင် ကစားသင့်တယ်။ သန်းပိုင်၊ အောင်သူတို့ ခြေစွမ်းပြနိုင်မယ်ဆိုရင် အများကြီးမျှော်လင့် လို့ရတဲ့အခြေအနေပါ။ မြန်မာအသင်း ဆီမီး တက်ဖို့ မျှော်လင့်ချက် အများကြီးရှိနေပါ တယ်'' ဟု ဦးဝင်းသူမိုးက ဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာယူ-၁၉ အသင်းသည် အာရှအဆင့် ကစားသမား အနည်းဆုံးပါဝင် သည့် အသင်းဖြစ်နေသော်လည်း ကစားပုံမှာ ပြိုင်ဘက် အသင်းနည်းပြများကို အထင်ကြီး လေးစားစေခဲ့သည်။ 

ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲဝင်ရောက်ကစားပြီးနောက် ဒေသတွင်း ပြိုင်ဘက်အသင်းများ၏ ချီးကျူးမှုကို ခံခဲ့ရပြီး ယခုပြိုင်ပွဲတွင်လည်း ပြိုင်ဘက် နည်းပြများ ၏ ချီးကျူးမှုကိုခံခဲ့ရပြန်သည်။

မြန်မာအသင်း ကိုအနိုင်ရခဲ့သည့် အီရန်နည်းပြကပင် မြန် မာယူ-၁၉ အသင်းမှာ မြန်မာဘောလုံးလောက အတွက် အောင်မြင်မှုများဆောင်ကြဉ်းပေး နိုင်သည့် အသင်းဖြစ်ခြင်းကြောင့် မီဒီယာများ အနေဖြင့် အသင်းအကြောင်းကို စာမျက်နှာ များထက်တွင် ရေးသားဖော်ပြသင့်ကြောင်း ဟု သူ၏နှုတ်မှ ဖွင့်ဟချီးကျူးခဲ့သည်။

မှန်ပေသည်။ မြန်မာယူ-၁၉ အသင်း ကစားပုံမှာ လက်ရှိ လက်ရွေးစင် အသင်းများ ၏ ကစားပုံထက်ပင်ကောင်းမွန်နေပြီး အပေး အယူအချိတ်အဆက် မိမိကစားနိုင်ခဲ့သည့်အပြင် ကစားသမားများသည် ဦးနှောက်ကိုအသုံး ချကာ ပြိုင်ဘက်များကို ယှဉ်ပြိုင်ကစားနေခြင်း ကြောင့် မြန်မာဘောလုံး ပရိသတ်များအတွက် ဖျော်ဖြေမှုပေးနိုင်သည့်အသင်းဖြစ်နေခဲ့သည်။ 

ထို့ကြောင့်ပင် ပရိသတ်များသည် မြန်မာယူ-၁၉အသင်းအပေါ် မျှော်လင့်ချက်များစွာ ထား ရှိပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်သို့ရောက်ရှိ ရန်များစွာ မျှော်လင့်နေကြခြင်းဖြစ်သည်။ 

မြန်မာအသင်းနှင့် ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့် ယူအေအီးအသင်းသည် အုပ်စု (ခ)တွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ အင်ဒိုနီးရှားတို့နှင့်အတူ ယှဉ်ပြိုင်ကစားခဲ့ရ ပြီး ရမှတ်ငါးမှတ်ဖြင့် အုပ်စုပထမနေရာရရှိ ကာ ကွာတားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ပြိုင်ဘက်ယူအေအီးအသင်းအ ပေါ် ဦးဝင်းသူမိုးက ''ကစားသမားချင်းယှဉ် မယ်ဆိုရင် ယူအေအီးက သာတယ်။ နေရာ အလိုက် ကစားသမားချင်းကို ယှဉ်ကြည့်တာ ပေါ့နော်။ အင်အားသုံး ကစားနိုင်တယ်။ အ လွတ် တည်ကန်ဘောတွေကနေ ဂိုးသွင်းနိုင် တဲ့အသင်းဖြစ်ပြီး တောင်ပံကစားသမားတွေ လဲ ဂိုးသွင်းယူနိုင်လို့ အဆုံးသတ်ကောင်းမွန်တဲ့ ကစားသမားတွေကြောင့် နေရာစုံကနေ ဂိုး သွင်းယူနိုင်စွမ်းလဲရှိတာကို တွေ့ရတယ်။ ဒါတွေ က သူတို့ရဲ့အားသာချက်ပေါ့လေ။ အားနည်း ချက်က ဘာဖြစ်နိုင်လဲဆိုရင်တော့ ပရိသတ် အားပေါ့။ ပရိသတ်များများ လာရောက်အားပေး မယ်ဆိုရင် အနည်းငယ်တော့ သူတို့လန့်ပြီး ဖိအားဝင်သွားမယ်ထင်တယ်။ လက်ရှိယူအေအီး ခြေစွမ်းက မြန်မာ နဲ့ယှဉ်မယ်ဆိုရင် ၆ဝ-၄ဝ လောက်ရှိမယ်။ အကြိတ်အနယ်ရှိမယ့်ပွဲပါပဲ'' ဟု သုံးသပ်ခဲ့ခြင်းကြောင့် မြန်မာအသင်းအ တွက် အလွယ်တကူ ရလဒ်ကောင်းရယူရန်ခက် ခဲဖွယ်ရှိနေပြီး အကြိတ်အနယ်ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပေသည်။

အာရှအဆင့်ပြိုင်ပွဲကို လက်ခံကျင်းပ ခွင့်ရရှိချိန်တွင် မြန်မာဘောလုံးပရိသတ်များ အနေဖြင့်လည်း အိမ်ရှင်မြန်မာတို့၏ အဆင့် အတန်းမြင့်မားမှုကို ပြသရပေမည်။ 

ပြီးခဲ့ သည့် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်ပရိသတ်များ အားပေးပုံကို အတုယူသင့်ပြီး စည်းကမ်းကျနစွာဖြင့် မိမိအသင်း ကို အားပေးရမည်ဖြစ်သည်။ ပရိသတ်တို့၏ အားသည် ကစားသမားများအတွက် ဖိအား တစ်ရပ်ဖြစ်မလာစေဘဲ တွန်းအားတစ်ရပ်ဖြစ် လာစေရန်မှာ ပရိသတ်များတွင်လည်း တာဝန် ရှိပေသည်။ 

ဗီယက်နမ်နှင့် မြန်မာတို့ ဆုံ တွေ့ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီယက် နမ်ပရိသတ်များ၏ အားပေးမှုကြောင့် မြန်မာ အသင်းကစားကွက်ပျက်သွားပြီး မထင်မှတ်ဘဲ ရှုံးနိမ့်သွားသည်ကို သာဓကယူကာ မြန်မာ နိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာတ်ကို ကမ္ဘာက သိအောင်ပြသရပေမည်။ ကိုယ့်မြေကိုယ့်ကွင်း တွင် မြန်မာအသင်းအတွက် အရေးကြီးဆုံးပွဲစဉ်ဖြစ် သည့် ယူအေအီးနှင့် ကွာတားဖိုင်နယ်ပွဲစဉ် တွင် ပရိသတ်၏အားပေးမှုမှာ အလွန်အရေး ပါနေပေသည်။ 

''မြန်မာယူ-၁၉ အသင်းဟာ အကောင်း ဆုံး အနေအထားမှာရှိနေပြီး တောင့်တင်းခိုင် မာတဲ့အသင်းကောင်းတစ်သင်းပါ။ တကယ် ကြိုးစားရင် အောင်မြင်မှုရနိုင်တယ်။ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်နဲ့ ကစားတဲ့ပွဲမှာ မြန်မာယူ-၁၉ အသင်းအနေနဲ့ ကြိုးစားသွားနိုင်ဖို့ မျှော်လင့် တယ်။ ကမ္ဘာ့ဖလားဝင်ခွင့်ရရေးက သူတို့အခွင့် အရေးပါပဲ။ သူတို့ကြိုးစားမှုပေါ်မှာ မူတည် နေတယ်'' ဟု စည်းကမ်း ထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲ အတွက် လက်မှတ်များ ရောင်းချရာတွင်မှောင်ခို စနစ်များ ပပျောက်စေရန် စနစ်တကျဆောင် ရွက်နေခြင်းကြောင့် ဘောလုံးပရိသတ်များ အဆင် ပြေစွာဖြင့် ကြည့်ရှုနိုင်ပြီလည်း ဖြစ်သည်။

''မြန်မာ ပွဲတွေ အားလုံးသွားကြည့် ဖြစ်တယ်။ မြန်မာ ယူ-၁၉ ကစားပုံက တော်တော်လေးကောင်း မွန်တာ တွေ့ရတယ်။ လက်ရွေးစင်အသင်း ကစား ပုံထက်တောင်ပိုကောင်းနေတယ်။ ဒါကြောင့် အာရှဖလားပြိုင်ပွဲမှာ ဗိုလ်မစွဲရင်တောင် ဆီမီးအဆင့်ကို တက်ရောက်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြန်မာကစားတာကို မြင်ချင်ပါတယ်'' ဟု မြန်မာအသင်း ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များအား သွားရောက်အားပေးသည့် တောင်ဥက္ကလာပမှ မပိုးပိုးက သူ၏ခံစားချက် ကို ပြောပြခဲ့ပြီး ယူအေအီးနှင့်ပွဲကိုလည်း ကွင်း အတွင်းသွားရောက်အားပေးဖို့ အဆင်သင့် ဖြစ်နေပါပြီဟု ဆက်လက်ဆိုသွားခဲ့သည်။

''အိမ်ရှင်ပရိသတ်အားက ပြိုင်ဘက်အ တွက်ပဲ ဖိအားဖြစ်တာ ကောင်းတယ်။ ကိုယ့် အတွက်ပါ ဖိအားဖြစ်နေရင် ပြဿနာရှိတယ်။ ဒီပွဲက ခက်မယ်။ ဒါပေမဲ့ နည်းဗျူဟာနဲ့ ချဉ်း ကပ်ပုံမှန်ပြီး ကစားသမားတွေ ပုံမှန် ခြေစွမ်း ရရင် ယူအေအီးကို မရှုံးလောက်ဘူး။ အိမ်ရှင် ပရိသတ်အားနဲ့ ဆီးမီးတက်မယ်လို့ မျှော်လင့် ပါတယ်။ ကစားသမားတွေကိုလဲ မိနစ် ၁၂ဝ Game အတွက်၊ ပင်နယ်တီအတွက် ကြိုပြင် ထားစေချင်ပါတယ်'' ဟု မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေးတာဝန်ခံ ဦးရဲမျိုးဟိန်း က ပရိသတ်များ၏ အရေးပါပုံနှင့် ပွဲစဉ်အပေါ် သူ၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

အီရန်နှင့်ပွဲစဉ်တွင် မြန်မာအသင်းရှုံး နိမ့်မှုကြောင့် အားမလိုအားမရ ဖြစ်ခဲ့သော ပရိသတ်အချို့သည် ပွဲကြည့်စင်ပေါ်ရှိ ဆိုင်း ဘုတ်များအား ရိုက်ချိုးဖျက်ဆီးမှုများ ရှိခဲ့ပြီး ထိုသို့သောဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် မှာ ပရိသတ်များတွင်သာ တာဝန် ရှိပေသည်။ 

တာဝန်ရှိသူများ ထိန်းချုပ်ခြင်းထက် ကိုယ့်အချင်း ချင်းထိန်းထားခြင်းက ပိုပြီးထိရောက်သည့် နည်းလမ်းဖြစ်ပေသည်။ ဒေါ်လာတစ်သန်းကျော် အကုန်အကျခံကာ အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှ အဆင့်ပြိုင်ပွဲကို မိမိကြောင့် အကျည်းတန် ခြင်း မဖြစ်စေရန်မှာ ပရိသတ်များ၏ တာဝန်သာ ဖြစ်သည်။ 

ပရိသတ်များအနေဖြင့် ယူအေအီး နှင့်ပွဲတွင် မြန်မာအသင်းမည်သည့်ရလဒ်ပင် ထွက် ပေါ်စေကာမူ လက်ခံရမည်ဖြစ်ပြီး ကစား သမားများကိုလည်း အမြဲ အားပေးနေရပေ မည်။ 

အောက်တိုဘာ ၁၇ရက်(ယနေ့)တွင် အာရှ ယူ-၁၉ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲ စဉ်များကို ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ယူအေအီးပွဲစဉ်ကို ညနေ၃နာရီခွဲတွင် ယှဉ် ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းမှနည်းပြနှင့် ကစားသမားများသည် မြန်မာဘောလုံးလောကကို တစ်ခေတ်ပြောင်း လဲစေမည့်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် လက်မှတ် အတွက် ကျန်ရှိနေသည့် မိနစ် ၉ဝကို ကျား ကုတ်ကျားခဲဖြင့် အားကုန်ထုတ်ကစားကာ သန်း ၅ဝကျော်သော ပြည်သူများ၏ မျှော်လင့် ချက်နှင့် ပျော်ရွှင်မှုများအား ဆောင်ကြဉ်း နိုင်သော ကစားသမားများဖြစ်ပါစေကြောင်း ဆန္ဒပြုရေးသားတိုက်တွန်းလိုက်ရပေသည်။ 

Democracytoday

သမိုင်းဝင်အောင်ပွဲတခုအတွက် ဖောင်ဖျက်ကစားမယ့် မြန်မာ


မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ အဆင့်ပြိုင်ပွဲ တခုဖြစ်သော AFC-U19 Championship ပြိုင်ပွဲကြီးကို အောက်တိုဘာ ၉ ရက်နေ့မှ စတင်၍ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့ရာ အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက် အသင်းအားလုံးအတွက် အရေးကြီးဆုံးဖြစ်သည့် ကွာတား ဖိုင်နယ်ပွဲစဉ် (၄)ပွဲကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ရန်ကုန် သုဝဏ္ဏကွင်းနှင့် နေပြည်တော် ၀ဏ္ဏသိဒ်္ဓိကွင်းတို့တွင် ပွဲအားလုံး တနေ့တည်းအပြီး ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက် အုပ်စု(က)မှ ထိုင်းနှင့်မြန်မာ၊ အုပ်စု(ခ) မှ ယူအေအီးနှင့် ဥဇဘတ်ကစ္စတန်၊ အုပ်စု(ဂ) မှ ဂျပန်နှင့်တရုတ်၊ အုပ်စု(ဃ)မှ ကာတာ နှင့် မြောက်ကိုရီးယားတို့ တက်ရောက်ခဲ့ ပြီး နာမည်ကြီး လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျနှင့် အီရန်တို့ အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရခြင်းက ပြိုင်ပွဲ၏ အကြိတ်အနယ်ရှိပုံကို ဖော်ပြခဲ့သည်။

““ဒီပြိုင်ပွဲက ဆုကြေးလုံးဝ မချီးမြှင့် ပါဘူး။ ဒါပေမဲ့ အခုကန်မယ့် ကွာတား (၄)ပွဲမှာ အနိုင်ရပြီး ဆီမီးတက်မယ့် (၄)သင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိမှာပါ။ ဒါကြောင့် ကွာတားဖိုင်နယ်ပွဲတွေဟာ အသင်းအားလုံး အတွက်ကတော့ ဗိုလ်လုပွဲပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကတော့ သမိုင်းဝင်အောင်ပွဲတခု ဖြစ်သွားနိုင်ပါတယ်””ဟု မြန်မာ ယူ-၁၉ အသင်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးမိုးက ပြောသည်။

ကွာတားပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၇ ရက် ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယူအေအီးနှင့် မြန်မာ၊ ည ၇း၀၀ နာရီ၌ ထိုင်းနှင့် ဥဇဘက် ကစ္စတန်၊ နေပြည်တော် ၀ဏ္ဏသိဒ်္ဓိကွင်းတွင် ညနေ ၃း၃၀ နာရီ၌ ဂျပန်နှင့် မြောက်ကိုရီးယား၊ ည ၇း၀၀ နာရီတွင် ကာတာ နှင့်တရုတ်တို့ အကြိတ်အနယ် ယှဉ်ပြိုင် သွားမည်ဖြစ်ကာ လက်ရှိကွာတားအတွဲ အဖက်များမှာလည်း တသင်းနှင့်တသင်း ကွာခြားချက်မကြီးမားသောကြောင့် ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးနိုင်မည် ဖြစ်သည်။

““ပြိုင်ပွဲ အတွေ့အကြုံအရရော၊ ကစားသမားအတွေ့အကြုံအရပါ မြန်မာအသင်းက ကျန်အသင်းတွေထက် အား နည်းနေပါတယ်။ မြန်မာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ အဝေးဆုံး အနေအထားမှာရှိနေပေမယ့် အခုအချိန်မှာတော့ လက်တကမ်းအကွာကိုရောက်နေပါပြီ။ ကျွန်တော်တို့အတွက် ကွာတားဖိုင်နယ်ဟာ ဗိုလ်လုပွဲတခုလို ကစားရမှာပါ။ ပရိသတ်တွေလည်း ရင်ခုန်နေမယ်။ ကျွန်တော်တို့လည်း ရင်ခုန်နေမယ်။ သေချာတာက တနိုင်ငံလုံးစိတ်လှုပ်ရှားနေမယ်။ ကွာတားဖိုင်နယ်ဆိုတဲ့ အတားအဆီးတခုကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ မြန်မာနိုင်ငံ ပြည် သူတွေအတွက် သမိုင်းဝင်အောင်ပွဲကြီးတခု ဖြစ်လာမှာ သေချာပါတယ်။ သေချာတာ တခုက ယူအေအီးကို အကောင်းဆုံး ယှဉ် ပြိုင်သွားမယ်ဆိုတာပါပဲ””ဟု မြန်မာယူ -၁၉ နည်းပြချုပ် ဂက်ဇ်ဖရိုင်းက ပြောသည်။

မြန်မာအသင်းအနေဖြင့် ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက် မည်ဆိုပါက အခြားကွာတားပွဲစဉ်တခုဖြစ်သည့် ကာတာနှင့် တရုတ်အသင်းတို့မှ အနိုင်ရသည့် အသင်းနှင့် တွေ့ဆုံမည်ဖြစ် ပြီး ဂျပန်နှင့် မြောက်ကိုရီးယားတို့ပွဲစဉ်တွင် အနိုင်ရသည့်အသင်းက ထိုင်းနှင့် ဥဇဘက် ကစ္စတန်တို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည်ဖြစ်ကာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ယှဉ်ပြိုင် မည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယခင်က အာရှ၏ ထိပ်တန်းအသင်း တသင်းဖြစ်ပြီး ကမ္ဘာ့အဆင့် အိုလံပစ် ပြိုင်ပွဲများတွင်ပါ ၀င်ဆံ့ခဲ့သည့် မြန်မာအသင်းအနေဖြင့် ယခုတဖန် ကမ္ဘာ့အဆင့် ပြိုင်ပွဲတခုကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရန်အတွက် ယူအေအီးဆိုသည့် နောက်ဆုံး အတားအဆီးတခုကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ကိုယ့်အိမ်၊ ကိုယ့်ကွင်းနှင့် ထောင်ပေါင်းများစွာသော မိမိ ပရိသတ်တွေရှေ့မှာ သမိုင်းတင်မည့် အောင်ပွဲတခုအတွက် မြန်မာအသင်းသား တွေ ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲ ဆိုတာကတော့ အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ပွဲပြီးချိန်မှာ ပရိသတ်တွေ ရင်ခုန်စွာနဲ့ သိရှိရတော့ မှာပါ။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ယနေ့မြန်မာစံတော်ချိန် ၆ နာရီတွင် မြန်မာအသင်းနှင့် ဘရူးနိုင်းအသင်းတို့ယှဉ်ပြိုင်မည်


ယနေ့ မြန်မာစံတော်ချိန် ၆ နာရီမှာ မြန်မာအသင်းနဲ့ ဘရှုနိုင်းအသင်းတို့၏
ဆူဇူကီးဖလားခြေစစ်ပွဲ ပွဲစဉ်ရှိပါသည်။ အဆိုပါ ပွဲစဉ်ကို MRTV နှင့် SkyNet Sports 1, SkyNet Sports HD တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာယူ ၁၉အသင်း ရှုံးထွက်အဆင့်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ရမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် အာရှ ယူ ၁၉ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် ရှုံးထွက် အဆင့်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု (က) တွင်ပါဝင်ပြီး ယီမင်အသင်းကို ဂိုးမရှိသရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ် နိုင်ခဲ့ပြီး အီရန်အသင်းကို နှစ်ဂိုးပြတ် ရှုံးခဲ့သောကြောင့် ရမှတ်လေးမှတ် ရရှိကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အုပ်စု (ခ) မှ အာရပ်စော်ဘွားများ ပြည်ထောင်စုအသင်း၊ အုပ်စု (က) ပထမ ထိုင်းအသင်းသည် အုပ်စု (ခ) တွင် ဒုတိယနေရာ ရခဲ့သည့် ဥဇဘက်ကစ္စတန် အသင်းတို့ သုဝဏ္ဏကွင်း၌ ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

ရှုံးထွက်အဆင့် ပြိုင်ပွဲများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အုပ်စု (ဂ) တွင် အုပ်စုဗိုလ် ဖြစ်သည့် ဂျပန်အသင်းက အုပ်စု (ဃ) မှ ဒုတိယနေရာမှ အီရတ်အသင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင်လည်းကောင်း၊ အုပ်စု (ဃ) တွင် ပထမနေရာ ရခဲ့သည့် ကာတာအသင်းက အုပ်စု (ဂ) တွင် ဒုတိယနေရာမှ တရုတ်အသင်းနှင့် ယင်းကွင်း၌ ည ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အာရှဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သည့် အီရန်၊ အာရှယူ ၁၉ လက်ရှိ ချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ ဘောလုံး အင်အားကြီး စာရင်းဝင် ဗီယက်နမ် အသင်းတို့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရှုံးထွက်အဆင့် ပြိုင်ပွဲတွင် အနိုင်ရသည့် လေးသင်းသည် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
The Voice Weekly

မြန်မာတွင် ကျင်းပမည့် ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ဆူပူပါက အိမ်ထိလိုက်ဖမ်းပြီး အရေးယူမည်



ကျင်းပပေးမည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆူပူသောင်းကျန်းသူများအား ဓာတ်ပုံမှတ်တမ်းများကြည့်၍ အိမ်တိုင်ရာရောက် ဖမ်းဆီးမည်ဟုဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ ”လုံခြုံရေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာကတော့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲ သိမှာပါ။ ပြောနိုင်တာကတော့ ဆီးဂိမ်းရဲ့အတွေ့အကြုံတွေ ရထားတဲ့အ တွက် လုံခြုံရေးအပိုင်းကို အဆင့်ဆင့် စနစ်တကျစီစဉ်ထားပါတယ်” ဟု စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ဘောလုံးအဖွဲ့ချုပ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲ တွင် ဘောလုံးအဖွဲ့ချုပ်မှ ဦးအေးချိုက ပြောသည်။ 

ယင်းအပြင် အရက်သေစာသောက်စားထားသူများကိုလည်း ရုပ်လက္ခဏာအခြေအနေကို ကြည့်ပြီးမှသာ ကြည့်ခွင့်ပြုမပြုကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေး အဆင့်ဆင့်လုပ်ဆောင်ထားကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။ ”လက်မှတ်ပါတယ်ဆိုတိုင်း ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး၊ ကောင်းကောင်းမွန် မွန်ပုံစံရှိမှ ဝင်ခွင့်ပြုမှာပါ။ လက်မှတ် ဘယ်လောက်ပဲပါလာလာ သရုပ်ပျက်ပုံစံနဲ့ မူးပြီးလာရင်တော့ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ကွင်းအတွင်း ဝင်ရောက်မည့် ဂိတ်တံခါးများကိုလည်း နေ့လယ် ၁ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာအသင်းယှဉ်ပြိုင်သည့်ပွဲ ပထမပိုင်းအပြီးတွင် လုံခြုံရေးအရ ဂိတ် တံခါးပိတ်မည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း မည်သူမျှ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။ဘောလုံးပွဲကြည့်ရာတွင်လည်း သတ်မှတ် ထား သည့်ဝင်ပေါက်၊ သတ်မှတ်ခုံနံပါတ်နှင့်သာ ကြည့်ရှုရမည် ဖြစ်ပြီး ခုံနံပါတ်ပြောင်းလဲထိုင်ခြင်းများ ပြုလုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ဘောလုံးပွဲနှင့် မသက်ဆိုင်သည့် အပြုအမူများ၊ လှုံ့ဆော်မှုများကို မပြုလုပ်မိစေလိုကြောင်း၊ စည်းကမ်းရှိရှိအားပေးစေလိုကြောင်း ၎င်းကဆက် ပြောသည်။ 

ဘောလုံးပွဲကို အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ရိုးရိုးတန်း ၂ဝဝဝ ကျပ်ဖြင့် ပြိုင်ပွဲမတိုင်ခင် ၁ ရက်အလိုတွင်ရောင်း ချပေးသွားမည်ဖြစ်သည်။ Special Package တစ်စောင်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဂျာစီ၊ လည်စည်းပဝါနှင့် Ooredoo ဆင်းကတ်များလက်ဆောင်ပေး သွားမည်ဖြ စ်ကြောင်း ၎င်းကဆက် ပြောသည်။ 

လက်မှတ်ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာထောက်ခံချက်ဖြင့် ဝယ်ယူရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ပြုမည် ဖြစ်ကြောင်း၊ အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံကွင်းရှေ့တွင် ရောင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ပြိုင်ပွဲအား လာရောက်မကြည့်ရှုနိုင်သူများကိုလည်း Free to Air ရုပ်သံလိုင်းဖြစ်သည့် MRTV မှ ပြသနိုင်ရန် ကြိုးစားနေကြောင်းညှိနှိုင်းမှုအဆင်ပြေပါက မကြာမီထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Popular Myanmar

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေနှစ်ခုဆွတ်ခူးပေးလိုက်ပြီ

မြန်မာနိုင်ငံအတွက် အာရှရွှေတံဆိပ်ရယူပေးခဲ့သော အမျိုးသားပိုက်ကျော်ခြင်းအဖွဲ့ (ဓာတ်ပုံ - အေအက်ဖ်ပီ)



တာင်ကိုရီးယား နိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက်အင်ချွန်း အာရှအား ကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ်နှစ် ခုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။


စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်တောင်ကိုရီးယား အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ (အမျိုးသမီး)ဗိုလ်လုပွဲ စဉ်တွင် မြန်မာအသင်းက လာအို အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိကာ ရွှေတံဆိပ် ဆုများ ရယူခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားပိုက်ကျော် ခြင်းအသင်းသည် အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည်လည်း အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ အားကစားနည်းများကို (ဘောလုံးမှလွဲ၍) စက်တင်ဘာ ၂၀ ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ရယူပေးသည့် ရွှေတံဆိပ်နှစ်ခုမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရယူခဲ့သည့် ရွှေတံဆိပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင်လည်း နှစ်ယောက်တွဲ (အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးခဲ့ ပြီး နှစ်ကြိမ်ဆက်ရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် အင်ချွန်းအာရှအားကစားပြိုင်ပွဲတွင် အသင်းလိုက်နှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အနေဖြင့် အားကစားနည်း ၁၀ မျိုးတွင် အားကစားသမား ၆၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။
By 7 Day

AFC U19 Championship ပြိုင်ပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်


မြန်မာနိုင်ငံမှာ အာရှအဆင့် ဖိုင်နယ်ပွဲစဉ်များကို ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့ အနေနဲ့ AFC U19 Championship MYANMAR 2014 ပြိုင်ပွဲကြီးကို လာမဲ့ အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုအေမှာ အိမ်ရှင် မြန်မာ၊ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပြီး အုပ်စုဘီတွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားအသင်း၊ အုပ်စုစီတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်အသင်း၊ အုပ်စုဒီတွင် မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနဲ့ အိုမန်အသင်းတို့ ဖြစ်ပါတယ်။

အုပ်စု အေနဲ့ဘီ ပွဲစဉ်များကို ရန်ကုန်တွင် လက်ခံ ကျင်းပမည် ဖြစ်ပြီး အုပ်စု စီနဲ့ ဒီ ပွဲစဉ်များကို နေပြည်တော် ဇေယျာသီရီအားကစားကွင်းမှာ ကျင်းပမှာပါ။

ဒီပြိုင်ပွဲအတွက် တောင်ကိုရီးယား ယူ ၁၉ အသင်းဟာ ရန်ကုန်မြို့ကို အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခွဲမှာ ရောက်ရှိလာမှာဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ပြိုင်ပွဲကျင်းပမယ့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားမှာဖြစ်ပါတယ်။
By ဒီဗွီဘီ

AFF Championship U19 တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲ


AFF Championship U19 ရဲ့ တတိယနေ့ရာ လုပွဲနဲ့ ဗိုလ်လုပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ သွားမှာ ဖြစ်ပါတယ်။ AFF Championship U19 တတိယနေ ရာ လုပွဲကို ၁၃-၉-၂၀၁၄ ရက်နေ့ ညနေ ၄ နာရီတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ တို့ကလည်းကောင်း၊ ညနေ ၆ နာရီ ၃၀ တွင် အိမ်ရှင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ဂျပန် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
MOI

ဗီယက်နမ်ကို မြန်မာ ဂိုးပြတ်ရှုံးနိမ့်

၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအ ကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာယူ- ၁၉အသင်းသည် အိမ်ရှင်ဗီယက် နမ်ယူ-၁၉အသင်းကို ၄-၁ဂိုး ဖြင့်​ဂိုးပြတ်ရှုံးနိမ့်ခဲ့ သည်။ 

စက်တင်ဘာ ၁၁ရက်က ဗီ ယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မိုင်း ဒင်းအားကစားကွင်း၌ ကျင်းပခဲ့ သည့် ယင်းပွဲတွင် အိမ်ရှင် ဗီ ယက်နမ်အသင်းက ပရိသတ်လေး သောင်းကျော်ရှေ့၌ ခြေစွမ်းပြ ပြီး မြန်မာအသင်းကို ဂိုးပြတ်အ နိုင်ယူကာဗိုလ်လုပွဲသို့ တက် ရောက်သွားပြီဖြစ်သည်။ 

ဗီယက်နမ်ယူ-၁၉အသင်း သည် လွန်ခဲ့သော ရက်ပေါင်း ၂၀ သြဂုတ် ၂၃ရက် ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲတွင် မြန်မာယူ-၁၉အသင်းအား ရှုံးနိမ့်ခဲ့သောရှုံးကြွေးကို အိမ်ကွင်း၌ ပြန်ဆပ်သွားခဲ့ခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် လျင် မြန်မှုပိုင်းတွင်အိမ်ရှင်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခြင်းမ ရှိဘဲ အ ဆုံးသတ်ပိုင်း အားနည်းခဲ့သလို ပွဲစဉ်တစ်ခုလုံး အမှားများခဲ့သည်။ 

ပထမပိုင်းတွင် ဗီယက် နမ်အသင်းက နှစ်ဂိုးသွင်းယူသွား ပြီး မြန်မာအသင်း အတွက်ရရှိခဲ့ သည့် အကောင်းဆုံးအခွင့်အရေး နှစ်ကြိမ်ကိုမောင်မောင်စိုးကဖြုန်း တီးခဲ့သည်။ 

ဒုတိယပိုင်းတွင် အိမ်ရှင်အ အသင်းကသာပိုမိုဖိအားပေးနိုင်ခဲ့ ပြီး အနိုင်ဂိုးနှစ်ဂိုးထပ်မံသွင်းယူခဲ့ သည်။ မြန်မာယူ-၁၉အသင်းအ တွက် တစ်လုံး တည်းသောနှစ်သိမ့် ချေပဂိုးကို ပွဲချိန် ၅၅မိနစ်တွင် အောင်သူကသွင်းယူပေးခဲ့သည်။ 

အခြားအကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်ယူ-၁၉အသင်းကထိုင်း ယူ-၁၉အသင်းကို ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် တတိယလုပွဲအဖြစ် မြန်မာနှင့်ထိုင်း၊ ဗိုလ်လုပွဲအဖြစ် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

7Day Daily

အာဆီယံယူ-၁၉ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်း အိမ်ရှင် ဗီယက်နမ် အသင်းနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၉။ မြန်မာယူ-၁၉အသင်းသည် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် အိမ် ရှင်ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။



မြန်မာ အသင်းနှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့် အိမ်ရှင် ဗီယက်နမ် အသင်း။

မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ် အပြီးတွင် ဆက်လက် ကစားခဲ့သည့် ဂျပန် အသင်းနှင့် ဗီယက်နမ်တို့၏ ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်မှာ အာရှထိပ်သီး ဂျပန်ကို အကြိတ်အနယ် ကစားနိုင်ခဲ့ သော်လည်း ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောကြောင့် အုပ်စု(က)မှ အုပ်စုဗိုလ် ဖြစ်လာသည့် မြန်မာ အသင်းနှင့် တွေ့ဆုံလာခြင်း ဖြစ်သည်။

မြန်မာယူ-၁၉အသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်း၊ အင်ဒိုနီးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် အင်ဒိုနီးရှားအသင်းကို (၃-၀)ဂိုး၊ ထိုင်းအသင်းကို (၂-၁)ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စုပထမအဖြစ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်းနှင့် တွေ့ဆုံရမည့်ဗီယက်နမ်အသင်းမှာ အုပ်စု(ခ)တွင် ဂျပန်၊ သြစတြေးလျ အသင်းတို့ဖြင့် ရင်ဆိုင်ကစားခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းသည် သြစတြေးလျ အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဂျပန်အသင်းအား (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး အုပ်စုဒုတိယအဖြစ် ဆီမီး ဖိုင်နယ်သို့ တက်ရောက်လာ ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်(၁)အဖြစ်လည်းကောင်း၊ ဂျပန်နှင့် ထိုင်းအသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်(၂)အဖြစ်လည်း ကောင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်နှင့် တတိယနေရာ လုပွဲကို စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။
Mizzima

အာဆီယံယူ-၁၉ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်း အိမ်ရှင် ဗီယက်နမ် အသင်းနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၉။ မြန်မာယူ-၁၉အသင်းသည် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် အိမ် ရှင်ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။



မြန်မာ အသင်းနှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့် အိမ်ရှင် ဗီယက်နမ် အသင်း။

မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ် အပြီးတွင် ဆက်လက် ကစားခဲ့သည့် ဂျပန် အသင်းနှင့် ဗီယက်နမ်တို့၏ ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်မှာ အာရှထိပ်သီး ဂျပန်ကို အကြိတ်အနယ် ကစားနိုင်ခဲ့ သော်လည်း ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောကြောင့် အုပ်စု(က)မှ အုပ်စုဗိုလ် ဖြစ်လာသည့် မြန်မာ အသင်းနှင့် တွေ့ဆုံလာခြင်း ဖြစ်သည်။

မြန်မာယူ-၁၉အသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်း၊ အင်ဒိုနီးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် အင်ဒိုနီးရှားအသင်းကို (၃-၀)ဂိုး၊ ထိုင်းအသင်းကို (၂-၁)ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စုပထမအဖြစ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်းနှင့် တွေ့ဆုံရမည့်ဗီယက်နမ်အသင်းမှာ အုပ်စု(ခ)တွင် ဂျပန်၊ သြစတြေးလျ အသင်းတို့ဖြင့် ရင်ဆိုင်ကစားခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းသည် သြစတြေးလျ အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဂျပန်အသင်းအား (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး အုပ်စုဒုတိယအဖြစ် ဆီမီး ဖိုင်နယ်သို့ တက်ရောက်လာ ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်(၁)အဖြစ်လည်းကောင်း၊ ဂျပန်နှင့် ထိုင်းအသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်(၂)အဖြစ်လည်း ကောင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်နှင့် တတိယနေရာ လုပွဲကို စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။Mizzima