Showing posts with label ဦးဝီရသူသတင်း. Show all posts
Showing posts with label ဦးဝီရသူသတင်း. Show all posts

မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်ဦးဝီရသူက မိန့်ကြားပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ အထက်ဗမာပြည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စတုတ္တအကြိမ် စုပေါင်း စုံညီတွေ့ဆုံပွဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မပြဋ္ဌာန်းပေးရင် ဒီဇင်ဘာ ၂ ရက်နေ့မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားတယ်ဆိုတဲ့ ရေးသားချက်တွေ လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

“ပြောတာလည်း မဟုတ်ပါဘူး။ ရေးတာလည်း မဟုတ်ပါဘူး။ မဟုတ်တဲ့အကြောင်းကို သူတို့သတင်းက ရေးလာတာနဲ့ တပြိုင်နက် ဦးဇင်းအကောင့်ကနေ ပြန်ချေပထားပါတယ်” လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

အရင်က သုံးခဲ့တဲ့လူမှုရေးအကောင့်တွေက တိုက်ခိုက်ခံထားရတဲ့အတွက် မြန်မာလို ၀ီရသူ (မစိုးရိမ်) ဆိုပြီး အကောင့်တခုနဲ့ ထပ်မံဖွင့်ထားပြီး အဲဒီမှာ ရှင်းလင်းထားတယ်လို့ သူက ပြောပါတယ်။
By ဒီဗွီဘီ

ဆရာတော်ဦးဝီရသူကိုမပင့်ဖိတ်ရေးသီရိလင်္ကာမွတ် စလင်ကောင်စီတောင်းဆိုခဲ့သော်လည်းသံဃာ့ ညီလာခံကြီးတက်ရောက်ရန်ဖိတ်ကြားခံရ








သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့သို့မဟာသံဃာ့ညီ
လာခံကြီးတက်ရောက်ရန်ရောက်ရှိနေသော
မန္တလေးမြို့မစိုးရိမ်တိုက်သစ်နာယကဆ
ရာတော်ဦးဝီရသူသည်ကိုလံဘိုမြို့သို့  ရောက်
ရှိသွားပြီးဖြစ်ကြောင်းသတင်းရရှိသည်။

ကျောင်းတိုက်အသီးသီးနှင့်ဒေသခံများကြည်ညိုပူဇော်ခံကြွရောက်ပါရန်ပင့်လျှောက်လာသူဒါယကာဒါယိကာမများထံသို့ယခုလိုကြွရောက်ခဲ့ပါသည်သတင်းရှိသည်။

သီရိလင်္ကာမွတ်စလင်ကောင်စီက မန္တလေးမြို့မစိုးရိမ်တိုက်သစ်နာယကဆရာတော် ဦးဝီရသူအား မတက်ရောက်ဖို့  ကန့်  ကွက်ခဲ့ပေမယ့် သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့သို့မဟာ သံဃာ့ညီလာခံကြီး ကိုတက်ရောက်ဖို့  ဖိတ်ကြားခံခဲ့ရသည်။


သီရိလင်္ကာမွတ်စလင်ကောင်စီက မန္တလေးမြို့မစိုးရိမ်တိုက်သစ်နာယကဆရာတော် ဦးဝီရသူအား စိုးရိမ်ပူပန်ကြောင်း ယမန်ေ့ က ပြောကြားလိုက်သည်။

သတင်း ။ ခိုင်မောင်ဦး
ဓါက်ပုံ ။ Dhamma Wizaya

ဦးဝီရသူကို သီရိလင်္ကာကို လာခွင့် မပေးဖို့ ကန့်ကွက်လိုက်ပြီ

                 ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် Time မဂ္ဂဇင်း မှာ ဖေါ်ပြထား

သီရိလင်္ကာ နိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် သံဃာ့ ကောင်စီ အစည်းအဝေး တခုကို မန္တလေးမြို့ မစိုးရိမ်တိုက်က ဆရာတော် ဦးဝီရသူ ကို တက်ဖို့ ဖိတ်ကြား ထားရာမှာ ဦးဝီရသူကို သီရိလင်္ကာ ကို လာခွင့် မပေးဖို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီက ကန့်ကွက် လိုက်ပါတယ်။

ဦးဝီရသူကို အစည်းအဝေး တက်ဖို့ သီရိလင်္ကာ နိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena အဖွဲ့က ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင် လပိုင်းတွေ တုန်းက ဗုဒ္ဓဘာသာဝင် တွေနဲ့ မွတ်ဆလင် တွေအကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာမို့ ဦးဝီရသူ လာရင် ရှုပ်ထွေးမှာ စိုးတဲ့အတွက် သူ့ကို ပြည်ဝင်ခွင့် မပေးဖို့ အာဏာပိုင် တွေကို ကန့်ကွက်ထားတယ်လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ယာယီ ခေါင်းဆောင် ဟီလ်မီ အာမက် က ပြောပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှု တွေ အတွက် လှုံ့ဆော် ပေးခဲ့သူ ဖြစ်ပြီး သူလာရင် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေရဲ့ လုံခြုံမှု အတွက် စိုးရိမ်ရကြောင်း မစ္စတာ အာမက်က ပြောပါတယ်။

Bodu Bala Sena အဖွဲ့ အတွင်းရေးမှူးချုပ် Gala Goda Athe Gnanasara ကတော့ ဦးဝီရသူ သာမက နိုင်ငံ အတော်များများက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို ဒီအစည်းအဝေး တက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝီရသူဟာ ဘာပြစ်မှု မှုခင်းနဲ့မှ ငြိစွန်းနေတာမျိုး မရှိတာမို့ ဦးဝီရသူ လာရင် ကြိုဆိုဖို့ ရှိကြောင်း၊ ဗုဒ္ဓဘာသာမှာ အကြမ်းဖက် ဝါဒဆိုတာ မရှိကြောင်းနဲ့ ဦးဝီရသူ လာမယ့် အတွက် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေအနေနဲ့ စိုးရိမ် ကြောက်လန့်ဖို့ မရှိကြောင်း အရှင် Gnanasara က မိန့်ပါတယ်။

ဦးဝီရသူဟာ သီရိလင်္ကာ သံဃာ့ အစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၆ရက်နေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်လာသည့် မစ္စဟန်နာဘိခ်ျအပေါ် စိတ်ထဲမှာမရှိတော့ဟု ဦးဝီရသူမိန့်ကြား


မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ် မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျသည် ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး နှစ်ရက် တာကျင်းပခဲ့သည့် မြန်မာမီဒီယာ ကွန်ဖရင့် သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီး ၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံး ဆောင်းပါးအဖြစ်ွှ့The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျ ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ် ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မစ္စဟန်နာဘိခ်ျသည် ၂ဝ၁၂ ခုနှစ် တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်မှ ဆရာတော်ဦးဝီရသူကို တွေ့ဆုံမေး မြန်းခဲ့ပြီး ရေးသားဖော်ပြခဲ့ရာ ဆောင်းပါးမှ ခေါင်းစဉ်စကားလုံး အသုံးအနှုန်းကြောင့် မြန်မာအစိုးရက နိုင်ငံတွင်း အဆိုပါဆောင်း ပါးပါဝင်သည့်မဂ္ဂဇင်း ရောင်းချခွင့်၊ ဖြန့်ဝေ ခွင့်များကို ပိတ်ပင်ခဲ့သည်။

အဆိုပါဆောင်း ပါးကြောင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ၏ ကန့်ကွက်မှုများကို ခံခဲ့ရသူဖြစ်သည်။

''ကြာတာတွေလဲ ကြာခဲ့ပါပြီ။ ဦးဇင်းတို့က အမျိုးဘာသာအတွက် လုပ် ဆောင်နေတာတွေ အများကြီးရှိပါတယ်။ ဒါလေးက အသေးအဖွဲ့ပါ။ စိတ်ထဲမှာမရှိ တော့ပါဘူး''ဟု ဟန်နာဘိခ်ျ၏ ဆောင်းပါး နှင့်ပတ်သက်၍ ဆရာတော် ဦးဝီရသူက မိန့် ကြားသည်။

မစ္စဟန်နာဘိခ်ျ၏ ယခုခရီးတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပြုလုပ် နေသော မြန်မာမီဒီယာညီလာခံတွင် တက် ရောက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နှင့်တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့ ကြောင်း သိရသည်။

မစ္စဟန်နာဘိခ်ျအနေဖြင့် ရန်ကုန် မြို့တွင် မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပ သော ၂ဝ၁၄ ခုနှစ် နိုင်ငံတကာသတင်းမီဒီ ယာညီလာခံသို့ တက်ရောက်ခွင့်မရခဲ့ဘဲ ယခု အကြိမ်မှ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

TheFlowerNes‬

Yangon Media Group

သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို


လူမှုကွန်ရက် စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူကို သီတဂူ ဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။ 

“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝ မှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာ စိုးတဲ့အတွက် ဖော်ပြတဲ့ မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။ 

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သည့် Myanmar News Update တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။ မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင် ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။ 
The Voice Weekly