Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန် စီစဉ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူဖမ်းဆီးနိုင်ခဲ့


စင်ကာပူ၊ ဇန်န၀ါရီ ၂၀ ။ ။ ဘင်္ဂလားဒေ့ရှ်အပါအ၀င် အခြားနိုင်ငံများရှိ အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန် စီစဉ်နေပြီး စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၂၇ ဦးကို စင်ကာပူပြည်တွင်းလုံခြုံရေးဋ္ဌာနက ဖမ်းဆီးလိုက်သည်။ စင်ကာပူတွင်မူ အကြမ်းဖက်မှုများပြုလုပ်ရန် စီစဉ်ထားခြင်းမရှိဟု အာဏာပိုင်များက ပြောသည်။

အဆိုပါ ၂၇ ဦးကို ၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၆နှင့် ဒီဇင်ဘာ ၁ ကြားက ပြည်တွင်းလုံခြုံရေးအက်ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဇန်န၀ါရီ ၂၀တွင် ထုတ်ပြန်ခဲ့သည်။ တစ်ယောက်မှလွဲ၍ အားလုံးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာမူ စင်ကာပူမှ တရားမ၀င်ထွက်ခွာရန် ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံပြီးမှ ပြန်ပို့ရန် စီစဉ်ထားသည်။


ဖမ်းဆီးခံရသူများအနက် ၂၆ ဦးမှာ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်တို့ကဲ့သို့ လက်နက်ကိုင်ဂျီဟတ်သဘောတရားရေးကို ထောက်ခံသည့် ဘာသာရေးလေ့လာသည့်အုပ်စုတစ်ခုမှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဆိုသည်။

ကျန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှာ ယင်းအုပ်စုအဖွဲ့ဝင်မဟုတ်သော်လည်း အစွန်းရောက်ဖြစ်လာမည့် လုပ်ငန်းစဉ်ထဲတွင် ရှိနေသည်ကို တွေ့ရသည်ဆိုသည်။ ထို့အပြင် ၄င်းသည် အစွန်းရောက် ဘာသာရေးဆရာများကို ထောက်ခံသည့်အပြင် ဂျီဟတ်နှင့် ပတ်သက်သည့်အရာများပိုင်ဆိုင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြည်ထဲရေးဋ္ဌာနက ဆိုသည်။

Mizzima

တရုတ်နိုင်ငံ တောင်ပိုင်းသို့ မူဂျစ်ခ်ျမုန်တိုင်း ဝင်ရောက်ရာ လေးဦးသေဆုံး၊ ၈ဝ ဦးဒဏ်ရာရ


ပေကျင်း ၊ ၅-၁ဝ-၂ဝ၁၅

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တစ်ခုဖြစ်သည့် မူဂျစ်ခ်ျမုန်တိုင်း သည် အောက်တိုဘာ ၄ ရက်က တရုတ်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ရာ လေပြင်း တိုက်ခတ်မှု များနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ လေးဦး သေဆုံးကာ ၈ဝ ဦးဒဏ်ရာ ရရှိထားကြောင်းနှင့် ငါးဖမ်းသမား ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ မုန်တိုင်းသည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီကျော်တွင် ကွမ်တုံပြည်နယ် ကျန့်ကျောင်းမြို့ သို့ စတင်ဝင်ရောက် ခဲ့ရာဒေသခံ ၂ဝဝဝဝဝ ကျော်ကို တာဝန်ရှိ သူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာန မှ ပြောကြား ထားသည်။

ထို့နောက် ည ၇ နာရီအချိန် တိုင်းထွာချက် အရ မုန်တိုင်း၏ ဗဟိုချက်သည် ဟောင်ကောင်မြို့ အနောက်ဘက် ၂၈၅ မိုင်တွင် တည်ရှိနေပြီး ကုန်းတွင်းပိုင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လျက် ရှိကြောင်းသိရသည်။ 

အဆိုပါ မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် တိုက်ခတ်လျက် ရှိပြီး မုန်တိုင်းမှာ နိုင်ငံ အနောက် မြောက်ပိုင်းသို့ တစ်နာရီလျှင် ၁၂ မိုင်နှုန်းဖြင့် ရွေ့လျားလျက် ရှိကြောင်း မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ထားသည့်အပြင် မုန်တိုင်းကို အနီရောင် အဆင့် သတ်မှတ်ကာ အမြင့်ဆုံး အဆင့် သတိပေးမှုများ လုပ်ဆောင် ထားကြောင်း သိရသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ၂၂ ခုမြောက် ဝင်ရောက် တိုက်ခတ်သော မုန်တိုင်း ဖြစ်သည့် မူဂျစ်ခ်ျ မုန်တိုင်းသည် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ ရေလွှမ်း မိုးမှုများနှင့် မြေပြိုမှု အနည်းငယ်တို့ အပြင် ငါးဖမ်းသမား ၁၅၀ ကျော် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကွမ်တုံပြည်နယ် ဖန်းဂျီကျွန်းရှိ ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၅ဝဝ ကျော်မှာ သောင်တင်လျက် ရှိကြောင်း သိရသည်။

PyiChitThar

လန်ဒန်မြို၏့ အကြီးဆုံး ဗလီမီးလောင်မှု ဖြစ်ပွား သံသယ တရားခံ နှစ်ဦးကို ဖမ်းဆီး





လန်ဒန် စက်တင်ဘာ ၂၈

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တောင်ဘက်ရှိ အကြီးဆုံး ဗလီ တစ်ခု ဖြစ်သော Baitul Futuh ဗလီ၌ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ် သမား၇ဝ ဦးဖြင့် မီးငြှိမ်း သတ်ခဲ့ ရကြောင်း သိရသည်။ယင်းမီးလောင်မှု သည် ဗလီ၏ မြေညီထပ်နှင့် ပထမထပ် တို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မီးရှို့တိုက်ခိုက် သည်ဟု သံသယ ရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ဖမ်း
ဆီး နိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီး ခံရသူများ မှာ အသက် ၁၄ နှစ်နှင့်၁၆ နှစ်အရွယ် ဆယ်ကျော်သက် များဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ဗလီ မီးလောင်မှုကြောင့် မီးခိုး မွှန်သူ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ဗလီ အတွင်း ပျက်စီးသွား သည့်အရာများ ကို ပြန်လည် ဆောက်လုပ်ရန် အတွက် ဒေသ တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗလီ တာဝန်ရှိ သူတစ်ဦးက ပြောကြား ထားသည်။

၂၀၁၅ ခုနှစ်အာဏာရှင်များ စာရင်းတွင် သမ္မတဦးသိန်းစိန် ပါဝင်လာ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လက်ရှိအုပ်ချုပ်ဆဲ အာဏာရှင်ခေါင်းဆောင်များ၏ ၂၀၁၅ ခုနှစ် အမည်စာရင်းကို Freedom House အဖွဲ့ကြီးက ထုတ်ပြန်လိုက်ရာ ယင်းအမည်စာရင်းများ၏ နံပါတ် ၂၃ နေရာ တွင် မြန်မာ နိုင်ငံ၏ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတဦးသိန်းစိန်၏ အမည်အား ၀န်ကြီးချုပ်ရာထူးအမည် တပ်လျက် ပါဝင်လာသည်။

သမ္မတဦးသိန်းစိန်မှာ Freedom House အဖွဲ့ကြီးက ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင် ၁၀ဦးစာရင်းတွင် တစ်ကြိမ်ပါဝင်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်တွင် မပါဝင်ဘဲ ယခုနှစ် ၂၀၁၅ ခုနှစ်တွင်မှ ပြန် လည်ပါ ၀င်လာခြင်းဖြစ်သည်။

Freedom House အဖွဲ့ကြီးက ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းတွင် နံပါတ်တစ်အဖြစ် ဗဟိုအာဖရိကနိုင်ငံမှ အလက်ဇန္ဒား နုရင်ဒက်ဖြစ်ပြီး ရုရှားသမ္မတဗလာ ဒီမာပူတင်၊ ကျူးဘား သမ္မတရာအူးလ်ကက်စထရို၊ အာဖဂန်နစ္စတန် သမ္မတအာရှရက်ဖ်ဂနီ၊ ဘီလာရုစ် သမ္မတအလက်ဇန္ဒား လူကာ ရှန်ကိုတို့မှာ နံပါတ်စဉ် ၂ မှ ၅အထိ အစဉ်လိုက်ပါဝင်ပြီး သမ္မတဦးသိန်းစိန်မှာ နံပါတ် ၂၃နေရာတွင် နိုင်ငံတော် ၀န်ကြီးချုပ်ဟူသော အသုံးအနှုန်းဖြင့် ပါဝင်လာခြင်း ဖြစ်သည်။…

အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်မှာ နံပါတ် ၁၈နေရာတွင် လည်းကောင်း၊ ထိုင်းနိုင်ငံဝန်ကြီး ချုပ်ပရာယွတ် ချန်အိုချာမှာ နံပါတ် ၂၁နေရာတွင် လည်းကောင်း၊ မြောက်ကိုရီးယားသမ္မတ ကင်ကျုံအန်းမှာ နံပါတ် ၂၇ နေရာမှ လည်း ကောင်းအသီးသီးပါဝင်ခဲ့သည်။

Freedom House အဖွဲ့ကြီးမှာ ကမ္ဘာအနှံ့ရှိလွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို စောင့်ကြည့်နေသည့် လွတ်လပ်သည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ယင်းအဖွဲ့ကြီးမှာ လွတ်လပ်ရေးအတွက် စိန်ခေါ်ခံရမှုများ၊ ပိုမို ကျယ်ပြန့်သော နိုင်ငံရေး အခွင့်အလမ်းများကို ဦးဆောင်ဦးရွက်ပြုနိုင်ရန်နှင့် အရပ်ဘက် ဆိုင်ရာအခွင့် အရေးများ၊ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်မှုများနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများကို မြှင့်တင်ပေးသည့် လုပ်ငန်းစဉ်များကို ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်လျက်ရှိသည်။

ယင်းအဖွဲ့ကြီးအနေဖြင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းသည်သာလျှင် ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိနိုင် မည် ဖြစ်ကြောင်း အသိအမှတ်ပြုထားသည်။ ယင်းအဖွဲ့ကြီးကို အမေရိကန်တွင် အခြေစိုက်ကာ ၁၉၄၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခုအခါ ၇၅ သက် တမ်းရှိပြီဖြစ်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်း၏သက်တမ်းအတွင်း ဒီမိုကရေစီ အရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ထိရောက်စွာ စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း ပြည်တွင်းပြည်ပအခြေစိုက် အရပ်ဘက် ဆိုင်ရာလူ့အဖွဲ့ အစည်းများက သုံးသပ်မှုများရှိနေပြီး သမ္မတဦးသိန်းစိန်အစိုးရ၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု မူဝါဒမှာလည်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

ခင်မောင်လင်း
မြန်မာသံတော်ဆင့်သတင်းဌာန

နျူကလီးယား လက်နက် ထပ်မံစမ်းသပ်လျှင် မြောက်ကိုရီးယား ပေးဆပ်ရမည်ဟု တောင်ကိုရီးယား သမ္မတ သတိပေး


မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ရပ် ပြုလုပ်ပါက ယင်းအတွက် ထိုက်တန်သည့် ပေးဆပ်မှုနှင့် ကြုံရလိမ့်မည်ဟု တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သတိပေး ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ပိတ်ဆို့မှုများကို ဖီဆန်ကာ နိုင်ငံ၏ စတုတ္ထ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ရန် အစီအစဉ် ရှိနေကြောင်း ခြိမ်းခြောက်ထားရာ ယင်းနှင့် ပတ်သက်၍ ပက်ခ်က ယခုလို မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၅ ရက်တွင် ဆိုးလ်မြို့တော်မှ မထွက်ခွာမီ Bloomberg သတင်းဌာနက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအပေါ် သူမ၏ သဘောထားကို မေးမြန်းရာ ပက်ခ်က “ဒီလို ရန်လိုလှုံ့ဆော်တဲ့ လုပ်ဆောင်မှုမျိုး မြောက်ကိုရီးယားက ဆက်လုပ်မယ် ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ချိုးဖောက်လိုက်တာပဲ။ ဒီအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ကြုံရမှာ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

သူမက ဆက်လက်၍ “တောင်ကိုရီးယား အစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားရဲ့ နောက်ထပ် လက်နက် စမ်းသပ်မှုမျိုး ဖြစ်မြောက်မလာအောင် သံတမန် နည်းလမ်းအရ ဖြစ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေတာပါပဲ။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရယ်၊ နိုင်ငံတကာ အသိုက်အဝန်းရယ်ရဲ့ ပူးပေါင်း ကူညီမှုတွေနဲ့ပေါ့”ဟုလည်း ဆိုသည်။

တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာသူ ပက်ခ်သည် သူမ၏ အာဏာသက်တမ်းအတွင်း မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ ကိုင်တွယ် ဆောင်ရွက်ပုံများတွင် ချီးကျူး အသိအမှတ်ပြု ခံထားရသူလည်း ဖြစ်သည်။ 

_Ref: Bloomberg

ကျောင်းကားနှင့် အပျော်စီး ခရီးသည်တင် Ducks boat တိုက်မိ ၍ နိုင်ငံတကာ ကျောင်းသား ၄ဦးသေဆုံး ၅၁ ဦးဒဏ်ရာရ

on September 25, 2015 at 10:38 PM

အမေရိကန်ပြည်ထောင်စု ရှိ North Seattle College မှ တက္ကသိုလ်ကျောင်းကျောင်းသားများ တင်ဆောင်လာသည့် ကားနှင့်အပျော်စီး ခ၇ီးသည် များ တင်ဆောင်လာသည့် (Ducks boat ဘဲကား ကုန်း-ရေ နှစ်မျိုး မောင်းနှင့်ရသည့် ကား)တို့  Aurora Bridge အာရိုရာ တံတာကြီးပေါ်မှာ ယနေ့  တိုက်မိခဲ့ကြောင်းသိရပါတယ်။

အခင်းဖြစ်တဲ့နေရာမှာဘဲ နိုင်ငံတကာကျောင်းသားလေးဦးသေဆုံးခဲ့ပြီး တခြားကျောင်းသားနှင့် ခရီးသည်ပေါင်း ၅၁ ဦးမှာ လည်း ဆေးရုံမှာ အတွင်လူနာတွေအဖြစ် ပို့ ဆောင်ကုသနေပါတယ်။

ယခုလို ကြောက်စရာကောင်းတဲ့ ယာဉ်တိုက်မှုမှာ ကားပေါ် လိုက်ပါလာတဲ့ကျောင်းသားတွေ တခါးပေါက်တွေကနေ လွှင့်ကြတာ ကို မြင်ရပြီး ကားေ၇ှ့ ပိုင်းတခုလုံးကြေသွားခဲရတဲ့ အကြောင်း မျက်မြင်သက်သေများက ပြောပြကြပါတယ်။

By The Associated Press
Social Action for Women - SAW

ဆော်ဒီတွင် ဟာ့ဂ်ျ၌ လူစုပြုံ တိုးဝှေ့မှုကြောင့် လူ ၅၀၀ နီးပါး သေဆုံး

စက်တင်ဘာ ၂၃ ရက်က ဆော်ဒီနိုင်ငံ အာရာဖတ်မြို့ရှိ နာမီရာဗလီ အပြင်ဘက်၌ ထောင်နှင့်ချီသော မွတ်စလင် ၀တ်ပြုသူများကို တွေ့ရစဉ်


ဆော်ဒီအာရေဗျတွင် နှစ်စဉ်ပြုနေကျ ဟာ့ဂ်ျ၌ စက်တင်ဘာ ၂၄ ရက်က ၀တ်ပြုသူများ စုပြုံတိုးမှုကြောင့် လူပိမှု ဖြစ်ပွားခဲ့ပြီး လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့်အပြင် လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟာ့ဂ်ျ၏ နောက်ဆုံးအဆင့် ထုံးတမ်းစဉ်လာကို ၀တ်ပြုသူ နှစ်သန်းနီးပါးက ဆောင်ရွက်နေကြစဉ် မီနာမြို့၌ လူစုပြုံလဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက် လာနိုင်ကြောင်း ဆော်ဒီပြည်သူ့ ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

လူပြိုလဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရသေးပေ။ စေတန်ကို ကိုယ်စားပြုသော နံရံသုံးခုအနက် တစ်ခုကို ကျောက်စရစ်ခဲများဖြင့် ပစ်လွှတ်ရန် မက္ကာအပြင်ရှိ မီနာတွင် ၀တ်ပြုသူများ စုဝေးနေစဉ် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့် နှိမ်နင်းသည့် သင်္ကေတကို ဆောင်ရွက်ကြခြင်းသည် ဟာ့ဂ်ျ၏ နောက်ဆုံးနေ့တွင် ဆောင်ရွက်သည့် ထုံးတမ်းစဉ်လာဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင် ၁ ဒသမ ၅ ဘီလျံသည် စက်တင်ဘာ ၂၄ ရက်တွင် အစ္စလာမ္မစ်ပြက္ခဒိန်၏ အရေးကြီးဆုံး နေ့ရက်ဖြစ်သော အိဒ်နေ့ကို ဆင်နွှဲနေကြသည်။ ဟာ့ဂ်ျသည် အစ္စလာမ်ဘာသာ၏ မဏ္ဍိုင်ကြီး ငါးရပ်အနက် တစ်ရပ်ဖြစ်သည်။ ဟာ့ဂ်ျပြုနေကြစဉ် လူစုပြုံတိုးမှုများ၊ မီးလောင်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသော်လည်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများကြောင့် မတော်တဆမှု ကင်းစင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပြီဖြစ်သည်။

ယခုနှစ်တွင် ဟာ့ဂ်ျအတွက် ပြင်ဆင်နေကြစဉ် စက်တင်ဘာ ၁၁ ရက်က မက္ကာ၏ Grand ဗလီတွင် ၀န်ချီစက် ပြိုကျမှုကြောင့် လူ ၁၀၉ ဦး သေဆုံးခဲ့သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့်ပစ်သည့် နေရာအနီး လမ်းကြောင်း တစ်ခုကို အကျိုးအကြောင်း မသိရဘဲ ပိတ်ခဲ့သည့် အတွက်ကြောင့် လူတိုးဝှေ့မှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း အီရန်က ဆော်ဒီကို စွပ်စွဲပြောကြားခဲ့သည်။ 

ဟာ့ဂ်ျကာလအတွင်း ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများ

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ဆော်ဒီရှိ မက္ကာနှင့် မီနာမြို့များ၌ ဟာ့ဂ်ျ ၀တ်ပြုကာလ ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများမှာ-

၂၀၀၆ ဇန်န၀ါရီ ၆ - မက္ကာမြို့လယ်ရှိ ဟိုတယ်တစ်လုံး ပြိုကျမှုကြောင့် လူပေါင်း ၇၆ ဦး သေဆုံးခဲ့ရသည်။

ဇန်န၀ါရီ ၁၂ - မက္ကာမြို့အနီးရှိ မီနာမြို့တွင် ပြုလုပ်သော နတ်ဆိုးနှင်သည့် ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံ တိုးမှုကြောင့် ၀တ်ပြုသူ ၃၆၄ ဦး သေဆုံးခဲ့ရသည်။

၂၀၀၄ဖေဖော်ဝါရီ ၁ - မီနာမြို့တွင် ပြုလုပ်သည့် နတ်ဆိုးနှင်သော ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့်ပင် လူပေါင်း ၂၅၁ ဦး သေဆုံးခဲ့ရသည်။

၁၉၉၈ ဧပြီ ၉ - မီနာမြို့မှ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ရသည်။

၁၉၉၇ ဧပြီ ၁၅- မီနာမြို့ရှိ ၀တ်ပြုသူများနေ ထိုင်သောစခန်းတစ်ခုတွင် ဂက်စ်မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၄၃ ဦးသေဆုံးကာ သေဆုံးသူ ၁၅၀၀ ၀န်းကျင် ရှိခဲ့သည်။

၁၉၉၅ မေ ၇- မီနာရှိ ၀တ်ပြုသူ စခန်းတစ်ခု၌ မီးလောင်မှုကြောင့် လူပေါင်း ၉၉ ဦး သေဆုံးခဲ့ရသည်။

၁၉၉၄ မေ ၂၄- မီနာရှိ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၂၇၀ သေဆုံးခဲ့ရသည်။

၁၉၉၀ ဇူလိုင် ၂ - မီနာရှိ လိုဏ်ခေါင်းတစ်ခုအတွင်း လေ၀င်လေထွက်စနစ် ပျက်သွားပြီးနောက် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ရာ ၀တ်ပြုသူပေါင်း ၁၄၂၆ ဦး သေဆုံးခဲ့ရသည်။

Ref : AFP

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်သူ ရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


ကွာလာလမ်ပူ စက်တင်ဘာ၂၄ 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဟိန္ဒူ ဘာသာရေး အဆောက်အအုံ အနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု နှင့် ဆက်စပ်သည့် လူရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိထားကြောင်း ဒေသတွင်းရှိ သတင်းဌာန တစ်ခုက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံ ထားရသူများ အနက်လေးဦးမှာ နိုင်ငံခြားသား များဖြစ်ပြီး အခြားလေးဦးမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြောင်း၊ ၄င်းတို့ကို အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား လက်ထောက် ရဲချုပ် ဒါတွတ် ဆီရီနျူးရာရှစ် အီဘရာဟင်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ကိုခံထားရ သူများမှာ အသက်၃ဝနှစ် ဝန်းကျင်ရှိကြောင်း ၊ ဖမ်းဆီးခံ မလေးရှားနိုင်ငံ သားများသည် နိုင်ငံအတွင်းသို့ ပြည်ပ နိုင်ငံသားများ ကို တရားမဝင် ကုန်ကူးသူများ ဖြစ်ကြောင်း အီဘရာဟင်က ဆက်လက် ပြောကြားထားသည်။


သို့သော် အခြား အသေးစိတ် အချက်အလက် များကို မလေးရှား အာဏာပိုင်များ က ထုတ်ပြန် ခဲ့ခြင်း မရှိသေး ကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဧရာဝဏ် နတ်ကွန်းတွင် သြဂုတ် ၁၇ ရက်ကဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု တွင် မလေးရှား နိုင်ငံသားများ အပါအဝင် လူပေါင်း ၂ဝသေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ထိုင်းအာဏာပိုင်များက အပူတပြင်း စုံစမ်း လျက်ရှိကြောင်း သိရသည်။
ပြည်ချစ်သား

ကမ္ဘာအနှံ့ မှာ ငါးမန်းကိုက်မှုကြောင့် သေဆုံးသူထက် Selfie တွေကြောင့် သေဆုံးသူ ဦးရေပိုများ


ယခုနှစ်အတွင်းမှာ Selfie ရိုက်ကူးရင်း တာ့ခ်ျမဟာ အဆောက်အဦးပေါ်က ပြုတ်ကျသေဆုံးရသူ၊ တံတားပေါ်ကပြုတ်ကျသူတွေ ၊ အမိုက်စား selfie ရိုက်ဖို့ ကြိုးစားရင်း ဓာတ်လိုက်သေဆုံးရသူတွေ တပုံတပင် ရှိခဲ့ပါတယ်။

ဓမ္မဓိဌာန်ကျကျ တွက်မယ်ဆိုရင်၊ ကမ္ဘာနဲ့ တစ်လွှားမှာ ယခုနှစ်အတွင်း Selfie နဲ့ ဆက်စပ်သေဆုံးမှုဟာ ငါးမန်းကြောင့်သေဆုံးရသူဦးရေထက် ပိုများတယ်လို့ ဆိုပါတယ်။ တရားဝင် စာရင်းဇယားတွေအရ ကမ္ဘာအနှံ့ မှာ selfie ရိုက်ကူးရင်း အသက်ဆုံးရှုံးရသူ ၁၂ ဦးရှိခဲ့ပြီး ငါးမန်းတိုက်ခိုက်မှုကြောင့်သေဆုံးသူက ရှစ်ဦးသာရှိခဲ့ပါတယ်။

Selfie ရူးသွပ်မှုဟာ အမြင့်ဆုံးအမှတ်ကို ရောက်ရှိနေတာကြောင့် တစ်ချို့ အစိုးရအာဏာပိုင်တွေဟာ Selfie မတော်တဆ အန္တရာယ်ကို လျော့ချဖို့ အတွက် စီမံချက်တွေတောင် ထုတ်ပြန်ခဲ့ရပါတယ်။ရုရှားမှာ သေနတ်ကိုင်ဆောင်ထား တုန်း Selfie ရိုက်ကူးခြင်းလို အန္တရာယ်ရှိတဲ့ အပြုအမူတွေ မလုပ်ကြဖို့ အစိုးရက ပိုစတာကပ်ခဲ့ရပါတယ်။

သိပ်မကြာခင်ကတင် အသက် ၂၁ နှစ်အရွယ်၊ ဆယ်ကျော်သက်တစ်ယောက်ဟာ သေနတ်နဲ့ Selfie ရိုက်ကူးရင်း မိမိကိုယ်ကို မတော်တဆပြန်ပစ်ခတ်မိကာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

Ref: Metro
Trend

စားသောက်ဆိုင်မှာ အ၀တ်အစားတွေချွတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရှုပ်ပွေခဲ့တဲ့ အစိုးရ၀န်ထမ်းကို အရေးယူ

တရုတ်နိုင်ငံမှ အစိုးရ၀န်ထမ်း တစ်ဦးသည် စားသောက်ဆိုင် တစ်ခုတွင် အမျိုးသမီးတစ်ဦးနှင့် ရူပ်ပွေခဲ့သောကြောင့် အရေးယူ အပြစ်ပေးခံရကြောင်း ဆင်ပွာာ သတင်းတွင် ဖော်ပြထားသည်။

ယင်း အစိုးရ၀န်ထမ်းမှာ ကျေးရွာတစ်ရွာ၏ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ဒေသတွင်း စားသောက်ဆိုင် တစ်ခုတွင် စားသောက်ရင်း အမျိုးသမီးတစ်ဦး၏ အ၀တ်အစားတွေ ချွတ်ကာ ပျော်ရွှင်စွာနေထိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၀န်ထမ်းသည် အသက် အလယ်အလတ်တွင်ရှိပြီး မိတ်ဆွေများနှင့် စားသောက်နေစဉ် အမျိုးသမီးတစ်ဦးနှင့် အကြည်ဆိုက်နေခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၀န်ထမ်းကို ထောင်ချောက်ဆင်ပြီး ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းဝန်ထမ်းသည် အမျိုးသမီးတစ်ဦးကို ပေါင်ပေါ်တွင် ထိုင်စေပြီး မဖွယ်မရာများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၀န်ထမ်းနှင့်အတူ ပါလာသော သူငယ်ချင်းမျာရှေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမျိုးသမီး ဖြစ်သူမှာ ကြည်ဖြူစွာ ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ ရွှေရောင်နာရီ၊ ရွှေလက်စွပ် ၀တ်ဆင်ထားသော တာဝန်ရှိသူ၏ အပြုအမူသည် တရုတ်အစိုးရ အကောင်အထည် ဖော်နေသော လမ်းစဉ်နှင့် ဆန့်ကျင်နေသောကြောင့် တာဝန်ရှိ သူများက ယင်းဝန်ထမ်းကို ရာထူးဆိုင်းငံ့ပြီး အရေးယူနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

The Messenger

ဆန္ဒပြည့်ဝသွားတဲ့ ကင်ဆာရောဂါသည် ကလေးငယ်

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရှိ ကင်ဆာရောဂါသည် အသက်ငါးနှစ် အရွယ် ကလေးငယ်သည် ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ချင်ခဲ့ရာ ၎င်း၏ အိပ်မက်လက်တွေ့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မိုဟမ္မဒ် အူဇာရီ အမ်ဇာနူး အက်ဇ်လန်သည် သငံရည် အကြိတ်များတွင် ဖြစ်ပွားသော ကင်ဆာရောဂါ ရှိနေပြီဖြစ်ကြောင်း ယမန်နှစ်တွင် စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော် ၎င်းသည် ကြာသပတေးနေ့တွင်မူ စုံစမ်းစစ်ဆေးရေး အရာရှိအဆင့် ရဲတပ်ဖွဲ့ဝတ်စုံ၊ အမည်ကတ်ပြားကို ၀တ်ဆင်ခွင့်ရရှိပြီး ရဲတပ်ဖွဲ့များ၏ လုပ်ငန်း တာဝန်များကို လေ့လာခွင့် ရရှိခဲ့သည်။

ဆီဘဲရန် ပဲရိုင် ဆီလာတန် ခရိုင်ရဲတပ်ဖွဲ့ ရုံးချုပ်တွင် ကလေးငယ်၏ ဆန္ဒပြည့်ဝခဲ့ကြောင်း ပီနန်ပြည်နယ် ရဲမှူး ဒါတတ်အက်ဘ်ဒူ ရာမင် ဟာနာဖီက ပြောဆိုခဲ့သည်။ ““ဒီနေ့မှာတော့ မိုဟမ္မဒ် အူဇာရီဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်ချင်တဲ့ ဆန္ဒပြည့်ခဲ့ပါပြီ၊ ရဲတပ်သားတွေရဲ့ အလေးပြုတာကို ခံယူခဲ့ရပါတယ်၊ ပတ္တရောင် ကားထဲမှာလည်း လိုက်ပါခွင့် ရပါတယ်””ဟု ၎င်းက သတင်းထောက်များအား ပြောဆို ခဲ့သည်။

သားသမီး သုံးဦးအနက် အငယ်ဆုံး ဖြစ်သော မိုဟမ္မဒ်အူဇာရီသည် ကလေးငယ် ဘ၀ကတည်းက ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့ပြီး မလေးလိုဂီရက်ခါစ်( အထူးရဲတပ်ဖွဲ့) အမည်ရှိ ဇာတ်လမ်းကို အမြဲလိုလို ကြည့်ရှုလေ့ ရှိကြောင်း ဖခင်ဖြစ်သူ အသက် (၄၆) နှစ်အရွယ် မိုဒ်နူးအက်ဇ်လန် အာမတ်က ပြောဆိုခဲ့သည်။

သားဖြစ်သူသည် ကွာလာလမ်ပူ ဆေးရုံကြီးတွင် တစ်လလျှင် တစ်ကြိမ် ကုသမှု ခံယူနေကြောင်း ၎င်းက ပြောသည်။ မိုဟမ္မဒ် အူဇာရီက ရဲတပ်ဖွဲ့ဝင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး တစ်ရက်သာ ရဲတပ်ဖွဲ့ဝင် ဖြစ်ခွင့် ရရှိခဲ့သော်လည်း တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

Source:Bernama
The Messenger

စက်တင်ဘာ ၂၈ စူပါမွန်းဖြစ်မည်၊ လကြတ်မည်
















လာမယ့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက် (တနင်္လာနေ့)၊ တော်သလင်းလပြည့်နေ့မှာတော့ စူပါမွန်းဖြစ်စဉ် နှင့်အတူ လကြတ်ခြင်း (လငပုပ်ဖမ်းခြင်း) ဖြစ်စဉ် ဖြစ်ပေါ်မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လကြတ်ခြင်းကို မြင်တွေ့ရမှာ မဟုတ်ပါ။

လကြတ်ခြင်းဟာ လပြည့်နေ့များမှာ ဖြစ်တတ်ပြီး နေကြတ်ခြင်းကတော့ လကွယ်နေ့များမှာ ဖြစ်တတ်ပါတယ်။ နေ၊ ကမ္ဘာ၊ လ တို့ တစ်တန်းတည်း အနေအထား ကျရောက်ချိန်မှာ ဖြစ်ပါတယ်။


ယခုဖြစ်ပေါ်တဲ့ စူပါမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် ဒုတိယအကြိမ် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဝါခေါင်လပြည့်နေ့က စူပါမွန်းဖြစ်ခဲ့သလို.. နောက်ထပ် လာမယ့် သီတင်းကျွတ်လပြည့်နေ့မှာလည်း စူပါမွန်း ထပ်ဖြစ်ဦးမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် စူပါမွန်းဟာ သုံးလ ဆက်တိုက်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီရေ အတက်၊ အကျ နဲ့ ရေကြီး ရေလျှံခြင်းများ ကမ္ဘာတဝှမ်းမှာ ဖြစ်လာနိုင်ပါတယ်..။

လငပုပ်ဖမ်းခြင်းကတော့ လ ဟာ ကမ္ဘာရဲ့ အရိပ်တည့်တည့် ကျရောက်တဲ့ Umbra ဆိုတဲ့ နေရာကို ဖြတ်တဲ့အခါမှာ နေရဲ့ အလင်းရောင်ကို ကွယ်သွားတဲ့အတွက် လ ဟာ ပထမဆုံး မှောင်သွားပါတယ်။ အဲ့ဒီ့နောက်မှာ ကမ္ဘာစက်ဝန်းရဲ့ ပတ်လည်မှာ ရှိနေတဲ့ အနီရောင် နေရောင်ခြည် ကျရောက်မှုကြောင့် လဟာ သွေးနီရောင် သန်းသွားပါတယ်။ ဒါကို လ အပြည့်ကြတ်ခြင်း (သို့) လ ငပုပ်ဖမ်းခြင်း လို့ ခေါ်ပါတယ်။

ဒီတစ်ခေါက် လကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရမယ့် နိုင်ငံများကတော့ အမေရိက တိုက် (တောင်၊ မြောက်)၊ ဥရောပ၊ အာဖရိက နဲ့ အာရှတိုက် အနောက်ပိုင်း ဒေသများပဲ ဖြစ်ပါတော့တယ်..။ (ပုံ)

လငပုပ်ဖမ်းခြင်းဟာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့လည်း တိုက်ဆိုင်တတ်ပါတယ်..။

အနာဂတ် လူငယ်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

ဗုံးပေါက်ကွဲမှုကြားက မွေးလာတဲ့ ကလေးငယ်




ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ Aleppo မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပွား ပါတယ်။ ယင်းဗုံးပေါက်ကွဲမှုမှာ မွေးရန် နေ့စေ့လစေ့ ခါနီး အမျိုးသမီး ပါဝင်ပါတယ်။ ကလေးငယ်ကို မမွေးထုတ်ရင် သေနိုင်ဖွယ်ရှိတာကြောင့် Aleppo မြို့က ဆေးရုံ တစ်ရုံမှာပဲ ကြိုးစားမွေးရ ပါတယ်။


ကလေးငယ်ဟာ ပုံမှာ မြင်တွေ့ရသလိုပဲ ခေါင်းနဲ့ ကိုယ်ပေါ် အချို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ပါဝင်နေပါတယ်။ မိခင်ကိုယ်တိုင်ဟာလည်း အသက်သေလုနီးနီးအခြေအနေမှာ ရှိနေပေမယ့် ဆရာဝန်များရဲ့ ကြိုးစား ကုသမှုကြောင့် အသက်ပြန်ရှင်ခဲ့ပါတယ်။ မိခင်နဲ့အတူ ကလေးငယ် ၂ ဦးလည်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ပါဝင်တာကြောင့် ဒဏ်ရာများ ရရှိထားပါတယ်။ သူတို့ကိုလည်း ဆေးရုံပေါ် တင်ထားရ ပါတယ်။ ဆီးရီးယားမှာ လက်ရှိ ပြည်တွင်းစစ် ဖြစ်နေပြီး အစိုးရတပ်နဲ့ အစိုးရဆန့်ကျင့်ဘက် တပ်များ တိုက်ခိုက်လျက် ရှိရာ ဒုက္ခသည်များ ဥရောပဘက် ပြေးကြသလို အချို့ကျတော့ တိုက်ပွဲတွေကြားမှာပဲ အောင့်အီးနေထိုင်ကြ ပါတယ်။

မွေးဖွားစဉ်မှာ လူတိုင်းဟာ ပြန်မမှတ်မိနိုင်တဲ့ နာကျင်မှု ဝေဒနာ တစ်မျိုးကို ခံစားရလေ့ ရှိပြီး ပုံမှာ မြင်တွေ့ရတဲ့ ကလေးငယ်ကတော့ မွေးဖွားစဉ် နာကျင်မှုအပြင် ဗုံးပေါက်ကွဲမှုဒဏ်ရဲ့ နာကျင်မှုဒဏ်ကိုပါ ရောနှော ခံစားခဲ့ရ ပါတယ်။ အနည်းဆုံး သူကလေး အသက်ရှင်လာမှုကတော့ ဘဝပေး ကုသိုလ်ကံကောင်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။
.
Ref: CCTVnews
အောင်ခမ်း (ရိုးရာလေး)

နမ်းခြင်းဖြင့်ယားရံသည့် ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း လေ့လာတွေ့  ရှိခဲ့သည့် ဆရာဝန် ဆုရရှိ


၈ျပန် နိုင်ငံမှ ဆရာဝန် Hajime Kimata ဟာဂျီမီ ကီမတ သည် အနမ်းဖြင့် တစ်စုံတစ်ရာနှင့် (ဓာတ်) မတည့်၍ ယားရံမှုဖြစ်နေသည့် ဝေဒနာရှင်များအား ကုသပျောက်ကင်းနိုင်ကြောင်း စမ်းသတ်တွေ့ ရှိခဲ့သဖြင့် ၂၀၁၅ ခုနှစ် Ig Nobel Prize သာမန်မဟုတ်သည့် လေ့လာတွေမှု့  ဆိုင်ရာဆုရရှိခဲ့ပါသည်။

မဖြစ်န်ုင်သည့် အရာဟု အများထင်နေကြတဲ့ အရာကို ဟာဂျီမီ က
သူ့ ဆေးခန်းမှာ ဓါတ်မတည့်လို့  ယားရံ တတ်သည့် allergic ရောဂါဝဒနာခံစားနေရသူ ၃၀ ကို အခန်းတခုအတွင် သာယာတဲ့ တေးသံဖွင့်၍ မိနစ်သုံးဆယ်ကြာ မနားတမ်း နမ်းခိုင်းခဲ့ရာမှာ ယားရံ ရောဂါရှင်အများစုမှာ ဝေဒနာ တဖြေးဖြေး လျှော့ပါးလာခဲ့ကြောင်း 
ရှာဖွေတွေ့ ရှိခဲ့သည် ၊


"လူတွေက ဒီလို ရှာတွေ့ တာကို ရီစရာလို့  ထင်ကောင်းထင်မှာပေါ့ 
တဦးနဲ့ တဦး နမ်းကြတာဟာ နှလုံးခုံနုံးတွေနဲ့  သွေးလည်ပါတ်ခြင်းကို သိသိသာပြောင်းလဲစေနိုင်မယ် ပြီးရင် ဖြစ်နေတဲ့ ရောဂါတွေသက်သာလာစေတာ လက်တွေ့ ပါ"
ဆုရရှိသူ ဟာဂျီမီက ပြောကြားခဲ့ခြင်းပါ။

Kyodo news agency.
SAW

တပ်မတော်သားတွေအတွက် အလှူငွေလိုက်လံကောက်ခံပေးမယ့် ထိုင်းမင်းသမီး

ထိုင်းမင်းသမီး ကရာဗီ (photo - talksthattalk.com)

ထိုင်းသရုပ်ဆောင် မင်းသမီး ကရာဗီဟာ လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ တပ်မတော်သား မိသားစုတွေ ဒုက္ခရောက်ပြည်သူတွေအပါအ၀င် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် We are one Myanmar အဖွဲ့နဲ့အတူ မန္တလေးမြို့မှာ လိုက်လံအလှူခံမယ်လို့ သိရပါတယ်။

မင်းသမီး ကရာဗီဟာ မကြာသေးခင်က ထိုင်းနဲ့ မြန်မာ ပူးပေါင်းရိုက်ကူးခဲ့တဲ့ “ဘယ်လိုအချစ်မျိုးလဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသမီးနေရာက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ထက် ဒီဇာတ်ကားမှာ မင်းသားသရုပ်ဆောင်အဖြစ် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးနဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဘယ်လိုအချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ လည်း ပြသခဲ့ပါတယ်။ 

“ကရာဗီကတော့ အလှူငွေကောက်ခံမယ့်နေ့မှာ မန္တလေးကို ဘန်ကောက်ကနေ လေယာဉ်နဲ့ တိုက်ရိုက် လာမယ်။ နောက် မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မြန်မာအနုပညာရှင်တွေနဲ့အတူတူ လိုက်ပြီးကောက်ခံမယ်။ ပြီးရင် ပြန်မယ်” လို့ အလှူခံပွဲကို စီစဉ်တဲ့ Myanmar Media 7 က တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

Myanmar Media 7 က ဦးစီးပြီး မြန်မာအနုပညာရှင်အများအပြားပါဝင်မယ့် We are one Myanmar အဖွဲ့မှာ အနုပညာရှင်ပေါင်း ၅၄ ယောက်ပါဝင်မှာဖြစ်ကာ ဒီအလှူခံပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးမြို့မှာရှိတဲ့ လူစည်းကားရာနေရာတွေမှာ လိုက်လံ အလှူခံသွားမှာဖြစ်ပါတယ်။

ဘိုကိုဟာရမ် စစ်သွေးကြွများကို ငါးနိုင်ငံ ပေါင်းတိုက်မည်

5 African countries are sending 8,700 troops after Boko Haram

အဘူဂျာ ၊ ၂၇-၂-၂၀၁၅

အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ ဘိုကိုဟာရမ် ကို ပူးပေါင်း တိုက်ခိုက် ချေမှုန်းရန် နိုင်ဂျီးရီးယား၊ ချက်ဒ်၊ ကင်မရွန်း၊ ဘီနင်၊ နိုင်ဂျာ တို့၏ စစ်ဦးစီးချုပ် များက စစ်ဗျူဟာကို အပြီးသတ် ရေးဆွဲနေပြီး အင်အား ၈၇၅ဝ ရှိသော တပ်ပေါင်းစုကြီးဖြင့် ရန်သူကို အပြီးသတ် ချေမှုန်း သွားရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
.
ဤနိုင်ငံပေါင်းစုံ တပ်ပေါင်းစုကြီးသည် ပြီးခဲ့သော ရက်သတ္တပတ် များကလည်း နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ သိမ်းပိုက် ထားသော မြို့ အများအပြားကို ပြန်လည် သိမ်းပိုက် ခဲ့ပြီး မတ်လအတွင်း အဆုံးအဖြတ် ပေးနိုင်မည့် ထိုးစစ်ကြီးကို မြေပြင် နှင့် ဝေဟင် ပေါင်း၍ ဆင်နွှဲသွားရန် ယခု ရက်သတ္တပတ် အတွင်း ချက်ဒ် နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်သည်။
.
တိုက်ပွဲကို နိုင်ဂျီးရီးယား ကွန်မင်ဒါ က စတင် ဦးဆောင်ပြီး ကျန်အဖွဲ့ဝင် နိုင်ငံများမှ ကွန်မန်ဒါ များက အလှည့်ကျ ဦးဆောင် သွားမည် ဖြစ်သည်။ ပြီးခဲ့သော တိုက်ပွဲများ အတွင်း ဤ တပ်ပေါင်းစု သည် ဘိုကိုဟာရမ် တို့ကို နိုင်ဂျီးရီးယား တပ်မတော် ထံမှ သိမ်းပိုက်ခဲ့သော စစ်လက်နက် ပစ္စည်း အများအပြား ကိုလည်း ပြန်လည် သိမ်းဆည်း နိုင်ခဲ့သည်။
.
နိုင်ဂျီးရီးယား သည် အိမ်နီးချင်း နိုင်ငံများနှင့် သင့်မြတ် လှသည် မဟုတ်သော်လည်း အိမ်နီးချင်း နိုင်ငံများ အတွက် ဘိုကိုဟာရမ် သည် ဘုံရန်သူ ဖြစ်လာသည့် အတွက် စစ်ရေး လိုအပ်ချက်အရ ခေတ္တမျှ မဟာမိတ် ဖွဲ့ကြခြင်း ဖြစ်ပြီး ဘိုကိုဟာရမ် ကို ဖြိုခွဲပြီး သည့်နောက် နိုင်ဂျီးရီးယား သည် အိမ်နီးချင်း နိုင်ငံများနှင့် များစွာ အပေးအယူ လုပ်ရန်ရှိကြောင်း စစ်ရေး နှင့် နိုင်ငံရေး ကျွမ်းကျင်သူ များက သုံးသပ်ခဲ့ သည်ဟု သိရှိရသည်။
.
PyiChitThar

ဟစ်တလာ၏ MEIN KAMPF စာအုပ် ဂျာမနီနိုင်ငံတွင် ပြန်လည် ထုတ်ဝေမည်

Hitler’s Mein Kampf Will Be Reprinted in Germany for the First Time Since World War II

မြူးနစ် ၊ ၂၇-၂-၂ဝ၁၅

ဂျာမနီနိုင်ငံမှ သုတေသန ပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၉ဝ ခန့်က ပထမဆုံး အကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့သည့် ဂျာမနီ ခေါင်းဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာ ၏ MEIN KAMPF အမည်ရှိ စာအုပ်ကို အသွင်သစ်ဖြင့် ပြန်လည် ထုတ်ဝေရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
.
ဟစ်တလာ၏ နိုင်ငံရေး အတွေးအခေါ် များနှင့် ဂျာမနီနိုင်ငံ၏ အနာဂတ် အစီအစဉ် များကို ရေးသားထားသော အဆိုပါ စာအုပ်၏ မူပိုင်ခွင့်မှာ ၁၉၄၅ ခုနှစ် နွေဦးရာသီက ဟစ်တလာ သေဆုံးခဲ့ ပြီးနောက် နှစ်ပေါင်း ၇ဝ ကြာ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
.
ထို့ပြင် ဂျာမနီနိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် နာဇီခေတ် က စာအုပ်စာတမ်း များကို ဆက်လက် ပြဋ္ဌာန်းခြင်း မပြုဘဲ တားမြစ် ထားသော်လည်း အဆိုပါ စာအုပ် ပြန်လည် ထုတ်ဝေခြင်းကိုမူ တားမြစ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
.
ယခု ထုတ်ဝေမည့် ဟစ်တလာ၏ MEIN KAMPF စာအုပ်တွင် မူဝါဒ ကြေညာ စာတမ်းမူရင်း စာမျက်နှာ ၇ဝဝ အပါအဝင် စာမျက်နှာပေါင်း ၂ဝဝဝ ပါရှိမည် ဖြစ်ပြီး ယင်းစာအုပ် ပုံနှိပ် ထုတ်ဝေမှု ကို ဇန်နဝါရီလမှ စ၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
PyiChitThar

ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံများ ၀န်ခံ



ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅

ဖေဖော်ဝါရီ ၂၃ ရက်က ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။


အလောင်းတွေ့ရှိတဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာဘဲ ကော့စမွီမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ မချောငယ်ငယ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စောင့်ကြည့်ကင်မရာ ၆ လုံး အပြင် လူသက်သေတွေပါ မေးမြန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ဆို ၀န်ခံသွားတာလို့ ကော့စမွီမြို့မ ရဲစခန်းက ဒုရဲမှူး ဒင်ဒုန်းထောင်း ဆရီးဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုမှာ အဓိကသံသယရှိခံရသူက မချောငယ်ငယ်ကို တဖက်သတ် ကြိုက်နေသူ မြန်မာနိုင်ငံသား
ယာက်ျားလျာ နန်းဖွန် ဖြစ်ပြီး မချောငယ်ငယ်က သူ့ကို ပြန်မကြိုက်ဘဲ မောင်ဖြစ်သူကို ပြန်ကြိုက်တဲ့အတွက် စိတ်နာလို့ ဘတ်ငွေ ၃ သောင်းပေးပြီး လည်ပင်းညှစ် သတ်ခိုင်းတယ်လို့ ထွက်ဆိုကြောင်း ဒုရဲမှူးက ပြောပါတယ်။

မချောငယ်ငယ်ကို လုပ်ကြံဖို့အတွက် မသန်းသန်းစိုးနဲ့ မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းခဲ့ကြောင်း၊ အခင်းဖြစ်တဲ့ညမှာ သူ့ကို စားသောက်ဆိုင်ကနေ တဘက်လှည့်နဲ့ ခေါ်ထုတ်ခဲ့ပြီး ဗျူးပွိုင့် (ရှုခင်းမျှော်နေရာ) အရောက် ကြိုးတုတ်ပြီး မအော်နိုင်အောင် တိပ်နဲ့ ပါးစပ်တွေ၊ နှာခေါင်းတွေ ပိတ်ခဲ့ကြောင်း၊ အဲဒီနောက် ကိုဇော်က လည်ပင်းညှစ် သတ်ခဲ့ကြောင်း ၀န်ခံကြတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒါ့အပြင် နန်းဖွန်က ဒီအမှုကို မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ဖို့ မချောငယ်ငယ်ရဲ့ ခန္ဓာကိုယ်ကို သွားနဲ့ကိုက် အ၀တ် အစားတွေကို ချွတ်လိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ၀န်ခံသွားတယ်လို့ ဆိုပါတယ်။မုဒိမ်းမှုမြောက်၊ မမြောက်ကိုတော့ ဆေးရုံက ဆေးစစ်ချက်တွေ ထွက်ပေါ်လာမှ အတည်ပြုနိုင် မယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ မချောငယ်ငယ်ဟာ ကော်စမွီကျွန်းကို လွန်ခဲ့တဲ့ ၁ ပတ်ကမှ ရောက်လာတာ ဖြစ်ပြီး သူငယ်ချင်း အဆက်အသွယ်နဲ့ အိမ်ဖော်အလုပ်လုပ်နေကြောင်း၊ အဓိက သံသယရှိသူ နန်းဖွန်မှာလည်း ကော်စမွီ ဟိုတယ်တခုမှာ အလုပ်လုပ်နေသူလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒေးလီးနယူးစ်သတင်းမှာလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ယောက်ျားလျာတစ်ဦးတို့ကို ကော့စမွီရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်း ထားတယ်လို့ ဖော်ပြထားပါတယ်။

Rachanok Min Burma

ထိုင်းတွင် ဘုရင်စနစ်ကို စော်ကားမှုဖြင့် လူ (၂) ဦး ထောင်ဒဏ် (၂) နှစ်ခွဲစီ ချမှတ်ခံရ



ထိုင်းတရားရုံး တစ်ခုသည် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ပြဇာတ်ကပြပြီး ဘုရင်စနစ်ကို စော်ကားမှုဖြင့် ထောင်ဒဏ် နှစ်နှစ်ခွဲစီ ချမှတ် လိုက်ကြောင်း သိရသည်။

ပတီဝပ်ဆာရိုင်ယိမ် (၂၃)နှစ်နှင့် ပုန်သစ်မန်ခွန် (၂၆) နှစ် တို့သည် နိုင်ငံတွင် ပြဋ္ဌာန်းထားသော တင်းကျပ်သည့် တော်ဝင် အက်ဥပေဒေကိုချိုးဖောက်မှု အရ အပြစ်ရှိကြောင်း ထင်ရှား၍ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ နှစ်ဦးအား စွဲချက်များမှာ ပြီးခဲ့သည့် ၂၀၁၃ တွင် တက္ကသိုလ် တစ်ခု၌ ပြဇာတ် ကပြစဉ် ဘုရင်စနစ်အား စော်ကားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးမှာ ထောင်ဒဏ် (၁၅) နှစ် အထိ ချမှတ်နိုင်သည့် တော်ဝင်အက် ဥပဒေနှင့် ငြိစွန်းခဲ့ပြီး နှစ်ဦးစလုံးက ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့သဖြင့် ပြစ်ဒဏ် လျှော့ပေါ့ခံရကာ နှစ်နှစ်ခွဲ အထိသာ ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

တရားရုံးတွင် စီရင်ချက်အား ဖတ်ပြရာ၌ ပုန်သစ်မန်ခွန်၏ မိခင်ပြဇာတ် ဒါရိုက်တာမှာ မျက်ရည်များကျပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့သည်။ ပုန်သစ်က သူမသည် စီရင်ချက်ကြောင့် ထောင်ကျရမည်ကို မကြောက်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး သရုပ်ဆောင် ပါဝင်ခဲ့သည့် ထိုပြဇာတ်မှာ စိတ်ကူးယဉ် ဘုရင့် နိုင်ငံတော် တစ်ခုအကြောင်း ဖြစ်ပြီး ဘုရင်တစ်ပါးနှင့် ၎င်း၏ အကြံပေး အမတ်တို့ အကြောင်း ဇာတ်လမ်း ဆင်ထားခြင်း ဖြစ်သည်။ 

အဆိုပါ ပြဇာတ်ကို သွန်မာဆတ် တက္ကသိုလ်တွင် ကပြသည့် အချိန်မှာ ထိုင်းတွင် ကျောင်းသားများ ဦးဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်အစိုးရက ဖြိုခွင်းခဲ့သည့် နှစ်(၄၀) မြောက် အထိမ်းအမှတ် အချိန်ဖြစ်သည်။

ထိုစဉ်က ဘန်ကောက်ရှိ သွန်မာဆတ် တက္ကသိုလ်တွင် ပြဇာတ် ကပြချိန်၌ မစ်္စတာ ပတီဝပ် ဆာရာယိမ်မှာ ကျောင်းသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ မစ္စပုန်သစ်မန်ခွန်မှာ ဘွဲ့ရ တစ်ဦးဖြစ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပြဇာတ် ကပြပြီးနောက် ထိုနှစ် သြဂုတ်လတွင်မှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး၊ ယခု ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

ထိုင်းတွင် စစ်အစိုးရ တက်လာပြီး နောက်ပိုင်း အတိုက်အခံများ၊ အစိုးရကို ဝေဖန်သူများစွာမှာ တင်းကျပ်သည့် တော်ဝင်အက် ဥပဒေဖြင့် ထောင်ချ ဖမ်းဆီးခံရမှုများ ပိုများလာနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ဖော် ဝေဖန်ထားသည်။

ပြီးခဲ့သည့် နှစ် မေလတွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ထိုင်းတွင် တော်ဝင် ဥပဒေဖြင့် တရားစွဲ ခံထားရသူ ဦးရေ (၁၅) ဦး ရှိသည်။ ထို့ပြင် ထိုဥပဒေဖြင့် စုံစမ်း စစ်ဆေးမှု လုပ်နေသည့် အမှု (၉၀) ခန့်ရှိပြီး၊ ရဲတပ်ဖွဲ့သည် ယင်းအမှုများမှ တစ်ဝက်ခန့်ကို တရားစွဲဆိုရန် ရည်ရွယ်နေကြောင်းလည်း သိရသည်။

Source: BBC

ISIS တိုက်ဖျက်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ပြင်သစ်နိုင်ငံက လေယာဉ်တင် စစ်သင်္ဘောတစ်စီးကို စစ်ဆင်ရေးတွင် စတင်အသုံးပြု

ပါရီ ၊ ၂၄-၂-၂၀၁၅

ပြင်သစ်နိုင်ငံ သည် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ဆောင်ချက် များကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် ၄င်းတို့၏ လေယာဉ်တင် စစ်သင်္ဘော တစ်စီးကို ယမန်နေ့တွင် ပင်လယ်ကွေ့ ဒေသ၌ စစ်ဆင်ရေး အတွင်း စတင် အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြင်သစ် အစိုးရသည် နိုင်ငံအတွင်း လူ ၁၇ ဦး သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ရက်သတ္တ ခုနစ်ပတ် အကြာတွင် နိုင်ငံကို ခြိမ်းခြောက် နေသည့် ISIS စစ်သွေးကြွ များ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်နိုင်ရေး အတွက် အမေရိကန် ဦးဆောင်သည့် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး တွင် ပိုမိုပါဝင် နိုင်စေရန် ၄င်းတို့၏ ချားလ်စ်ဒီဂေါလ် လေယာဉ်တင် စစ်သင်္ဘောကို စစ်ဆင်ရေး အတွင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ အများအပြားကို သိမ်းယူပြီး နောက်ပိုင်း တွင် ပြင်သစ်နိုင်ငံ က အမေရိကန် ဦးဆောင်သည့် အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ်တွင် အမေရိကန်
စစ်သင်္ဘောတစ်စီး ဖြစ်သည့် USS ကားလ်ဗင်ဆင် နှင့်အတူ ပင်လယ်ကွေ့ အတွင်း ကင်းလှည့်ရန် အတွက် တူလွန်ဆိပ်ကမ်း မှ ဇန်နဝါရီလ အတွင်းက စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်း နောက်ပိုင်းတွင် ပြင်သစ် လေယာဉ်တင် သင်္ဘောသည် အိန္ဒိယနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံက ၄င်းတို့၏ လေယာဉ်တင် သင်္ဘောကို ယခုကဲ့သို့ စစ်ဆင်ရေးတွင် ဖြန့်ကြက် အသုံးပြုခြင်း သည် ညွန့်ပေါင်း တပ်ဖွဲ့များ အနေဖြင့် ယူအေအီး နိုင်ငံအတွင်းရှိ အခြေစိုက် စခန်းများ မှတစ်ဆင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရာတွင် အချိန် ပိုမိုသက်သာ စေမည် ဖြစ်ကြောင်း သိရသည်။

‎PyiChitThar‬