Showing posts with label MPTသတင်း. Show all posts
Showing posts with label MPTသတင်း. Show all posts

MPT ဆင်းမ်ကတ် တစ်လအတွင်း တစ်သန်းကျော်ရောင်းချပြီးဟုဆို



ဓာတ်ပုံ - FB.com/MPT



မန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စက်တင်ဘာ ၂၇ ရက်တွင် ဆင်းမ်ကတ်ပေါင်းနှစ်သိန်းခွဲကိုထပ်မံရောင်းချပေးခဲ့ပြီး တစ်လအတွင်း ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်အထိရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ပဲ နှစ်သိန်းခွဲထပ်ပြီးတော့ချပေးတယ်။ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် တိုက်ရိုက်ရောင်းချပေးတဲ့ကိုယ်စားလှယ်အသစ်တွေထပ်ပြီးတိုးသွားဖို့လည်းလုပ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒါရိုက်တာဦးစောထူးသာကပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိတွင်၎င်းတို့၏ ဆင်းမ်ကတ်များအား တိုက်ရိုက်ရောင်းချပေးသည့်ကုမ္ပဏီပေါင်း ၂၂ ခု၊ ဖြန့်ချိရေးကိုယ်စားလှယ် ကုမ္ပဏီ ၁၃ခုတို့ဖြင့် နိုင်ငံတစ်ဝန်းတွင် ရောင်းချလျက်ရှိပြီး ကုမ္ပဏီဆယ်ခုနှင့် စာချုပ်ဆို၍ ထပ်မံတိုးချဲ့သွားရန် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ MPT ဆင်းမ်ကတ်များမှာဆိုင်အနည်းစုတွင်သာဝယ်ယူ၍ရသည့်အတွက် မှောင်ခိုဈေးကွက်များဖြစ်ပေါ်လျက်ရှိပြီး ကိုယ်စားလှယ်ဆိုင်များထပ်တိုးလာမည်ဆိုပါက ဈေးတင်ရောင်းချမှုများအနည်းငယ်လျော့လာနိုင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်ကို လေးကြိမ်ခွဲ၍ချထားပေးခဲ့ပြီး စက်တင်ဘာ၂၃ ရက်အထိ ဆင်းမ်ကတ်များကို Activate ပြုလုပ်၍ အသုံးပြုသူပေါင်းကိုးသိန်းအထိရှိပြီဖြစ်သည်ဟုဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၄ ခုနှစ်သြဂုတ် မတိုင်မီအထိ ဆင်းမ်ကတ် ပေါင်းဆယ်သန်းကျော် ရောင်းချ ပေးထားပြီး ယခုလအတွင်း ရောင်းချပေးခဲ့သည့် တန်ဖိုးနည်း ဆင်းမ်ကတ်များ အပါအ၀င် ၁၁ သန်းကျော်အထိရှိပြီဖြစ် သည်။
7 Day

MPT က လာမည့် တစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ဆင်းမ်ကတ်များ ချပေးမည်



ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးရာတွင် စက်တင်ဘာလ အတွက် ၁.၁ သန်းကျော်ကို ရောင်းချပေးထားပြီး ဖြစ်ပြီး ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ထပ်မံရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။


ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ ELITEIT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များကို စက်တင်ဘာ ၀၁ ရက်က စတင်ရောင်းချနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

ဦြး့မင့်သိန်းထွန်းက “ဒီလ (စက်တင်ဘာ) အထိတော့ ဆင်းမ်ကတ်တွေ တစ်သန်းကျော်အထိ ချထားပေးနိုင်ခဲ့ပါပြီ။ လာမည့် လမှာလည်း ဆက်လက်ချထားပေးသွားမှာပါ။ ရှေ့လအတွက် ရောင်းချမယ့် ဆင်းမ်ကတ်အရေအတွက်ကို အတိအကျ ပြောလို့ မရပေမယ့် မိုဘိုင်းကွန်ယက် အခြေအနေပေါ်မှာ မူတည်ပြီး ချထားပေးဖို့ ရှိပါတယ်” ဟုပြောသည်။

လက်ရှိတွင် MPT၏ ဆင်မ်းကတ်များကို ဆက်လက်ချထားပေးနိုင်ရန် ပြင်ဆင်နေသည်ဟုလည်း မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

ဦးအောင်ကျော်သက်က “နောက်ထပ်လည်း ရန်ကုန်မှာလည်း ဆက်လက်ချထားပေးနိုင်ဖို့ လုပ်နေတယ်” ဟုပြောသည်။

အခြားအော်ပရေတာတစ်ခုဖြစ်သော တယ်လီနောကလည်း စက်တင်ဘာ ၂၇ တွင် မန္တလေးတိုင်း အတွင်း ဆင်းမ်ကတ်များ စတင်ချထားပေးမည်ဖြစ်သဖြင့် အော်ပရေတာများ၏ မိုဘိုင်းဆင်းမ်ကတ် ဈေးကွက်သည်လည်း အပြိုင်အဆိုင် ဖြစ်လာပြီး သုံးဆွဲသူများ စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

မိုဘိုင်းဆင်းမ်ကတ်အသုံးပြုခဈေးနှုန်းများကို ယှဉ်ကြည့်လျှင် MPTက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၅၀ကျပ်၊ SMS တစ်စောင် ၂၅ ကျပ်နှင့် အင်တနက်အသုံးပြုခ တစ်မိနစ် နှစ်ကျပ်နှင့် လေးကျပ်ဖြစ်ပြီး တယ်လီနောဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊ SMS တစ်စောင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1M လျှင် ၆ကျပ်နှင့် ၁၀ ကျပ်ဖြစ်သည်။ အလားတူပင် အူရီးဒူးဆင်းမ်ကတ်၏ မိုဘိုင်းခေါ်ဆိုခမှာတစ်မိနစ် ၂၅ ကျပ် နှင့် ၃၅ ကျပ် ၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခမှာ 1Mb လျှင် ၁၀ ကျပ် ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် ၂၀၁၄ ခုနှစ်အတွင်း MPT မိုဘိုင်းဆင်းမ်ကတ်ပေါင်း ငါးသန်းကို ရောင်းချပေးသွား မည်ဟုလည်း ဆိုထားသည်။
မဇ္ဈိမ

MPT ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက် ပပျောက်အောင်လုပ်ပြီ


MPT ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက်တွင် ပပျောက်စေရေးအတွက် အစီအစဉ်များ ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

MPT ဆင်းမ်ကတ်များအား ယခင်ခွဲတမ်းစနစ်မှ ဈေးကွက်ဖွင့်၍ ရောင်းချခဲ့ကြောင်း၊ ပါတနာများနှင့် ပူပေါင်းကာ ဆင်းမ်ကတ်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ လက်ကားဆိုင်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း ပြောကြားသည်။


"ဒီနှစ်ထဲမှာ ဆင်းမ်ကတ် ငါးသန်းကို ရောင်းချသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်ဟာ မှောင်ခို ဈေးကွက်ပျောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာ
သချာပါတယ်"ဟု ဦးခင်မောင်ထွန်းကပြောသည်။


အများပြည်သူအားလုံး ဆင်းမ်ကတ်တစ်ကတ်အား ၁,၅၀၀ ကျပ်ဖြင့်ပင် ဝယ်ယူနိုင်အောင် ဆောင်ရွက်မည်ဟုဆိုသည်။ လက်ရှိတွင် MPT ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာ ငါးထောင်ကျပ်မှ တစ်သောင်းခွဲကျပ် ဝန်းကျင် ရှိကြောင်းသိရသည်။

Internet Journal

MPT ဆင်းကဒ်တွေ ဘယ်ရောက်ကုန်ပြီလဲ


အခုချပေးလိုက်တဲ့ဆင်းကဒ်(7)သိန်းအတွက်ဂျပန်ပညာရှင်တွေကိုယ်တိုင်မျက်
လုံးပြူသွားရသော MPT ရဲ့မျက်လှည့်ပြကွက်။


မြန်မာ - ဂျပန် သဘောတူညီမှုနဲ့ ဆင်းမ်ကတ် ၇ သိန်းကို ၈ ရက်အတွင်း ဈေးကွက်ထဲကို ထည့်လိုက်ပါတယ်။ ဆင်းမ်ကတ် ၇ သိန်းလည်း ဈေးကွက်ထဲရောက်ရော Activate
( လက်တွေ့အသုံးပြုသူ ) ဖြစ်တဲ့ အရေအတွက်ကို စစ်လိုက်တဲ့အခါ ၃.၈ သိန်းပဲရှိတော့တယ်။
ကျန်တဲ့၃.၂သိန်းကဘယ်သူတွေမျက်လှည့်ပြလိုက်လဲမသိဘူး ပျောက်သွားပါလေရော့။
မြန်မာတွေ ပြလိုက်တဲ့ မျက်လှည့်ကြောင့် ဂျပန်တွေ အံ့သြပြီ သေတော့မလိုဖြစ်နေပါတယ်။ သူတို့တွေဖင်ပိတ်ပြီး အော်နေတာကတော့ဒီဇင်ဘာမတိုင်ခင်ဆင်းမ်ကတ်၅သန်းရောင်းမယ်
ဆိုတာပါပဲ။
စက်နဲ့ပြန်စစ်လိုက်တဲ့အခါမှာတော့အခုချပေးလိုက်တဲ့ဆင်းကဒ်(၇)သိန်းအနက်တကယ်အ
သုံးပြုနေတာက(၃.၈)သိန်းပဲ့ရှိတယ်တဲ့............။
ဒါနဲ့ကျန်နေတဲ့(၃.၂)သိန်းကတော့ ဘယ်ရောက်ကုန်ပြီလည်းလို့ဂျပန်ပညာရှင်တွေစဉ်းစား
လို့ကိုမရဘူးဆိုပဲ့။
ကဲကဲ...မစဉ်းစားနေနဲ့ဂျပန်ကြီးတို့ရေ..........
ကျန်တဲ့စင်းကဒ်တွေကတော့.......
-ငွေဖြည့်ကဒ်သုံးကဒ်နဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်နဲ့ဖုံးနဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်ကိုဈေးတင်ရောင်းမဲ့မှောင်ခိုလက်ထဲ
ကို..MPT ကတရားဝင်ထည့်ပေးလိုက်တာပါပဲ့နော်။(ဒါကြောင့်တရားဝင်အသုံးပြုနေတာ
ကိုစက်ထဲမပေါ်သေးတာပါ)ဗျာ...ခိုးတဲ့နေရာမှာအလွန်တော်တဲ့ MPT ပါဂျပန်ကြီးတို့ရာ။

facebook.com/internatnews

မြန်မာ့ဆက်သွယ်ရေး အမှတ်တံဆိပ်သစ်ပြောင်းလဲ


မန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမို တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးက
ထုတ်လုပ်တဲ့ ဖုန်းဆင်းကဒ်လိုဂိုတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ပြောင်းလဲ မိတ်ဆက်လိုက်ပါတယ်။ 

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမိုတို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအရ အခုလို လိုဂိုသစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ ဆင်းကဒ်လိုဂိုကို လက်ရှိမှာ MPT အနေနဲ့ ထုတ်ဝေနေတာဖြစ်ပြီး အနာဂါတ်မှာတော့ MPT Moving Forward အနေနဲ့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။ 


အမှတ်တံဆိပ်အသစ် မိတ်ဆက်မှု အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ GSM/ WCDMA ဖုန်းကိုင်းဆောင်ထားသူတွေအတွက် စက်တင်ဘာလ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့ အတွင်း ဖုန်းငွေဖြည့်ကဒ် ငွေကျပ် (၅၀၀၀)တန် ငွေဖြည့်ပါက (၄၀)ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းတန်ငွေဖြည့်ပါက (၆၀) ရာခိုင်နှုန်းအထိ အပိုဆောင်းပေးအပ်နေပါတယ်။ ဂျပန် ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမိုတို့ဟာ ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။